တိုကျိုတွင် အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်မှုအတွက် မဲပေးမှုများ
ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင်
ဖော်ပြထားသည်။
ယှဉ်ပြိုင်သူ ၁၆ ယောက်က နေထိုင်သူ ၁၃ သန်းရှိသော
တိုကျိုမြို့၏ အမှုဆောင် ဥက္ကဋ္ဌဖြစ်လာရန် နှစ် ပတ်ကြာ စည်းရုံးလှုံ့ဆော်မှုများ
ပြုလုပ်ခဲ့ကြသည်။
တိုကျိုမြို့တွင် ဆယ်စုနှစ်အတွင်း အမြင့်မားဆုံးေ
သာ နှင်းမုန်တိုင်းကျရောက်မှုများကြောင့်
မဲပေးမှုများကို ထိခိုက်နိုင်ကြောင်း စောင့်ကြည့်လေ့လာသူများမှ ဆိုသည်။
မဲပေးမှုများအတွက် ယခင် တီဗွီအ စီအစဉ် ကြေညာသူနှင့် ၀န်ကြီးအဖွဲ့ဝင်ဖြစ်သော
ယိုချီမာဆူဇို (၆၅နှစ်)က ဦးဆောင်လျက် ရှိသည်။
မဲပေးမှုများအတွက် ဦးဆောင်ပြုလုပ်နိုင်ခြင်းမှာလည်း
အစိုးရအဖွဲ့၏ ပေါ်လစီဖြစ်သော ဂျပန်နိုင်ငံ နျူကလီး ယား ဓာတ်ပေါင်းဖိုများ
ပြန်လည် တည်ဆောက်ခြင်းအား ထောက်ခံမှုကြောင့် ဖြစ်သည်။ ယိုချီမာဆူဇို သည်
လက်ရှိအာဏာရပါတီဖြစ်သော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ ထောက်ခံအားပေးမှုကိုလည်း
ရထားသူ ဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment