၆.၃.၂၀၁၄၊ ကြာသပတေးနေ့
တာဝေးပစ်ဒုံးကျည်များနှင့် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ရန် ကြိုးပမ်းမှုများကြောင့် မြောက်ကိုရီးယား နိုင်ငံသည် အမေရိကန် ပြည်ထောင်စုအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေကြောင်း ပင်တဂွန်စစ်ဌာချုပ်၏ နောက်ဆုံးထုတ်ပြန်လိုက်သော မဟာဗျူဟာမှတ်တမ်းတွင် ဖော်ပြခဲ့သည်ဟု မတ်လ ၅ ရက်က အေအက်ဖ် ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားအစိုးရအဖွဲ့ကို ပွင့်လင်းမှုကင်းမဲ့သည့် အာဏာရှင်များအဖြစ် ကင်ပွန်းတပ်ခဲ့ပြီး အမေရိ ကန် စစ်တပ်၏ လုံခြုံရေးဌာနအနေဖြင့် ဒေသတွင်း စစ်အင်အားချထားမှုနှင့် ဒုံးကျည်များအတွက် ရင်းနှီး မြှုပ်နှံမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ကိုရီးယားကျွန်းဆွယ်နှင့် အရှေ့မြောက် အာရှဒေသ အတွက်အရေးပါသော ခြိမ်း ခြောက်မှုတစ်ခု ဖြစ်နေပြီး အမေရိကန် ပြည်ထောင်စုအတွက် တိုးပွားလာသော တိုက်ရိုက်ခြိမ်းခြောက်မှု ကြီးတစ်ခုဖြစ်ကြောင်း သုံးလတစ်ကြိမ် ထုတ်ပြန်သည့် ကာကွယ်ရေးရီဗျူးဂျာနယ်၏ အမေရိကန်စစ်တပ်၏ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာအမြင်ကဏ္ဍတွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား၏ ရန်စခြိမ်းခြောက်မှုများကို ဟန့်တားကာကွယ်ရန် အမေရိကန်တပ်ဖွဲ့ဝင်များအနေဖြင့်
တာတိုပစ်ဒုံးကျည်များကို ပင်လယ်တွင်းသို့ ပစ်လွှတ်ခြင်းအားဖြင့် မြောက်ကိုရီးယားအစိုးရသည် ယခင် အပတ်အတွင်း စစ်အင်အားပြသမှုကို သုံးကြိမ်ပြုလုပ်လိုက်ပြီးနောက်
Mizzima - News in Burmese
No comments:
Post a Comment