၆.၃.၂၀၁၄၊ ကြာသပတေးနေ့
အရှေ့တောင်အာရှ၏ အကြီးဆုံး ဈေးကွက်တွင် ခေါက်ဆွဲ၊ ကိတ်မုန့်နှင့် ဘီစကစ်ဝယ်လိုအား မြင့်မားလျက် ရှိခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ဂျုံတင်သွင်းမှုသည် ငါးနှစ်တာအတွင်း တစ်နှစ်လျှင်တန်ချိန် ၁၀သန်းကျော် သို့ ရောက်ရလာနိုင်ပြီး အီဂျစ်နိုင်ငံပြီးနောက် ဒုတိယဂျုံအများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်လာနိုင်သည်ဟု ဘလွန်းဘတ် သတင်းဌာနက မတ်လ ၅ ရက်တွင် ရေးသားဖော်ပြသည်။
အင်ဒိုနီးရှား၏ ဂျုံတင်သွင်းမှုများမှာ ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခုတွင်း သုံးဆ ကျော်တိုးတက်ခဲ့ရာ ၂၀၁၂ - ၂၀၁၃ ခုနှစ် တွင်မက်ထရစ် တန်ချိန် ၇ ဒသမ ၁ သန်း အထိရှိခဲ့သည်။ ရာသီဥတု ပူပြင်းစိုထိုင်းလွန်း၍ ဂျုံမဖြစ်ထွန်းနိုင်သော အင်ဒိုနီးရှား နိုင်ငံသည် ဂျုံတန်ချိန် ၁၀ သန်းကျော်အထိ တင်သွင်းရမည်ဖြစ်ရာ လက် ရှိကမ္ဘာတွင် ထိပ်တန်းဂျုံတင်သွင်းသည့် အီဂျစ်နိုင်ငံနှင့် တန်းတူလိုက်လာနိုင်သည်ဟုလည်း အထက်ပါ သတင်းတွင် ရေးသားထားသည်။
အင်ဒိုနီးရှားဂျုံတင်သွင်းမှု တိုးပွားလာခြင်းက ကမ္ဘာ့စတုတ္ထအများဆုံး ဂျုံတင်ပို့သည့် သြစတြေးလျနိုင်ငံအပါ အ၀င် အမေရိကန်နှင့် ကနေဒါနိုင်ငံတို့ကိုပါ အကျိုးဖြစ်ထွန်းစေနိုင်မည် ဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံသည် ၂၀၀၇ ခုနှစ်မှစ၍ စီးပွားရေး နှစ်ဆကျော် တိုးတက်လာခဲ့ကာ လယ်ယာထွက်ကုန်ပစ္စည်းများ ပိုမိုတင်သွင်း လာနိုင်ခဲ့သဖြင့် ကမ္ဘာပေါ်တွင် သကြားအများဆုံး တင်သွင်းသည့်နိုင်ငံ၊ စားသုံးဆီအများဆုံး တင်သွင်းနိုင် သောနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဂျုံတင်သွင်းမှု မြင့်တက်လာခြင်းကြောင့်နိုင်ငံ၏
Mizzima - News in Burmese
No comments:
Post a Comment