၆.၃.၂၀၁၄၊ ကြာသပတေးနေ့
နိုင်ငံတွင်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများ ရောင်းရငွေ သို့မဟုတ် ၀န်ဆောင်မှုလုပ်ငန်းများမှ ရငွေသည် ဘဏ္ဍာနှစ်တစ်နှစ်အတွင်း စုစုပေါင်း ၀င်ငွေကျပ်သိန်း ၂၀၀ အထိ ကုန်သွယ်လုပ်ငန်းခွန် စည်းကြပ်မှုကို ကင်းလွတ်ခွင့်ပေးပြီး ၎င်းထက်ပိုသည့် ၀င်ငွေမှသာ စတင်၍ ကုန်သွယ်လုပ်ငန်းခွန် စည်းကြပ်ရန် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက အဆိုပြုတင်သွင်းသည်။
မတ် ၄ ရက် ပြည်ထောင်စုလွှတ်တော်တွင် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာ တင်သွင်းစဉ် ထိုသို့ဖော်ပြခဲ့ခြင်းဖြစ်သည်။
ကုန်ချောပစ္စည်းများ ထုတ်လုပ်ရောင်းချသူသည် မူလကုန်ကြမ်း ၀ယ်ယူစဉ်က ယင်းကုန်ကြမ်းပစ္စည်းများ အပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန်ဆောင်ပြီးေ
ထို့အပြင် ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့၊ ကျွန်း၊ အခြားသစ်၊ သစ်လုံးများနှင့် ခွဲသားများ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်၊ အဖိုးတန် ကျောက်မျက်ရတနာများ၊ တွင်းထွက်သတ္တရိုင်းများမှလွဲ၍ ပြည်ပသို့ တင်ပို့သော ကုန်စည်များနှင့် ၀န်ဆောင်မှုလုပ်ငန်းများ အပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
Eleven Media Group
No comments:
Post a Comment