၆.၃.၂၀၁၄၊ ကြာသပတေးနေ့
သန်းခေါင်စာရင်းကောက်ယူခြင်းနှင
အဆိုပါထုတ်ပြန်ချက်တွင် လူ့အခွင့်အရေးဦးစားပေး သန်းခေါင်စာရင်းကောက်ရန် နိုင်ငံတကာထောက်ပံ့ငွေကိုလက်ခြံ
ယင်းနှင့်ပတ်သက်၍ RNDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက “ဒါဟာ နိုင်ငံရေး ပရိယာယ်တစ်ခုသာ ဖြစ်တယ်။ နောက်ပြီး နိုင်ငံတကာအင်အားစုအနေနဲ့လည်း ဘင်္ဂါလီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုနည်းလမ်းမျိုးကို သွားမလဲဆိုတာလည်းပါမယ်။ အခုလည်း လူမျိုးအမည်မှာ အခြားဆိုပြီး ထည့်ရေးရမယ့်နေရာမှာ ရိုဟင်ဂျာလို့ထည့်ရေးဖို့ တပ်လှန့်နေတာတွေကိုလည်း သိနေရတယ်။ တကယ်ဆို တရားဝင် နာမည်ပဲဖြစ်ရမယ်။ တရားဝင် မဟုတ်တဲ့နာမည်ကို သုံးမယ်ဆိုရင် ကျွန်တော်တို့ လုံးဝခွင့်မပြုဘူး။ နောက်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ ၁၃၀၂ ဦးကို စာရင်းကောက် ဖို့အတွက် လ၀က မသိဘဲ ဘင်္ဂါလီတွေကို ရွေးချယ်တာဝန်ပေးထားတာဟာ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ နိုင်ငံသားမဟုတ်သူတွေ ကောက်တဲ့ စာရင်းဇယားဟာ ဘယ်လောက် တိကျမှန်ကန်မလဲ၊ တိကျမှုမရှိဘူး။ သူတို့ကောက်ရင်လည်း ကျွန်တော်တို့ အသိအမှတ်မပြုနိုင်ဘူး။ ပြီးတော့ ၁၉၈၂ ဥပဒေအရ စစ်ဆေးပြီးမှသာ လုပ်သင့်တယ်လို့ သုံးသပ်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကို ပြင်ဆင်ပေးဖို့ တောင်းဆိုတာဖြစ်တယ်။ ပြည်ထောင်စုအဆင့်အထိ တင်ပြသွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
အလားတူစွာပင် ရခိုင်ပြည်နယ် ၁၀ မြို့နယ်အတွင်းရှိ ဘင်္ဂါလီများအား စာရင်းကောက်ယူရန် ဘင်္ဂါလီလူမျိုးစာရင်းကောက် စာရင်းစစ် ၁၃၀၂ ဦးကို လက်သိပ်ထိုး တာဝန်ပေးထားသည်ဟု သိရှိရကြောင်း၊ ထိုကဲ့သို့ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှု မသေချာသူများက ကောက်ယူပြုစုပေးသည့် ဘင်္ဂါလီလူဦးရေ စာရင်းကို RNDP ပါတီက လုံးဝ အသိအမှတ်ပြုလိမ့်မည် မဟုတ်ကြောင်း၊ ခိုးဝင်ဘင်္ဂါလီများနှင့် ပတ်သက်၍ နိုင်ငံတော်က လုပ်ဆောင်ရမည့်တာဝန်မှာ ရခိုင်ပြည်သူများနှင့် ပြည်ထောင်စု မြန်မာနိုင်ငံရှိ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးက တောင်းဆိုထားကြသည့်အတိုင်း ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့် စစ်ဆေးပြီး နိုင်ငံသားဖြစ်ခွင့်မရှိသူများက
ထိုကဲ့သို့ လုပ်ဆောင်အရေးယူရန် အလေးအနက် တိုက်တွန်းကြောင်း၊ ထိုကဲ့သို့ လက်မခံနိုင်သည့်နည်းစနစ်များဖြင
Eleven Media Group
No comments:
Post a Comment