Pages
▼
16.2.14
ကိုကိုးကျွန်းတွင် တရုတ်ရေတပ်စခန်းရှိသည် ဟူသော သတင်း မဟုတ်မှန်ကြောင်း ကိုကိုးကျွန်းဒေသခံများပြောပြပြီ
Sunday, February 16, 2014
ယခုအပတ်အတွင်း ထုတ်ဝေခဲ့သည့် ဧရာဝတီသတင်း Website နှင့် သူရိယနေ၀န်း သတင်းစာပါ မြန်မာ နိုင်ငံပိုင် ကိုကိုးကျွန်းတွင် တရုတ်ရေတပ်အခြေစိုက်စခန်းများရှိပြီး လေယာဉ်ကွင်းများအား တိုးချဲ့ဖောက်လုပ် နေသည့် သတင်းနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်မှ အရာရှိကြီးတစ်ဦးမှ ငြင်းဆိုသွားခဲ့သည်။ ၎င်းမှ “အဲဒီ သတင်း လုံးဝမမှန်ပါဘူး၊ ကိုကိုးကျွန်းမှာ ဘယ်နိုင်ငံခြားသား စစ်အခြေစိုက်စခန်းမှ မရှိပါဘူး၊ ကိုကိုးကျွန်းမှာ ရှိတဲ့ လေယာဉ်ကွင်းကလဲ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာထဲက တည်ဆောက်ထားတာပါ၊ အရင်တုန်းက ပြေးလမ်း တိုတဲ့အတွက် လေယာဉ်လေးတွေသာ ဆင်းသက်လို့ရပါတယ်၊ အခု ကိုကိုးကျွန်းမှာရှိတဲ့ ဒေသခံပြည်သူလူထုနဲ့ ၀န်ထမ်းတွေ အဆင်ပြေစွာ သွားလာနိုင်စေဖို့ ATR-72 လေယာဉ်တွေ
ပြိုင်ကားအုပ်စုမှ ၀ိုင်းဝန်းရိုက်နှက်သဖြင့် အငှားယာဉ်မောင်းနှင့် ခရီးသည်တို့ဒဏ်ရာရသည့်အပြင် အငှားယာဉ်ပျက်စီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
၁၆.၂.၂၀၁၄ ရက်နေ့ ၀၁၁၅ အချိန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ အငှားယာဉ်မောင်း ကိုသက်ဇင်ဝင်းသည် ၎င်း၏ စူပါရုဗင်အငှားယာဉ်ဖြင့် ခရီးသည်အမျိုးသား(၃)ဦးအား တင်ဆောင်ကာ မင်္ဂလာဒုံမြို့နယ်မှ လသာမြို့နယ် သို့ ပို့ဆောင်ရန်အတွက် ပြည်လမ်းအတိုင်းမောင်းနှင် လာခဲ့ပါသည်။
၁၆.၂.၂၀၁၄ ရက်နေ့ ၀၁၁၅ အချိန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ အငှားယာဉ်မောင်း ကိုသက်ဇင်ဝင်းသည် ၎င်း၏ စူပါရုဗင်အငှားယာဉ်ဖြင့် ခရီးသည်အမျိုးသား(၃)ဦးအား တင်ဆောင်ကာ မင်္ဂလာဒုံမြို့နယ်မှ လသာမြို့နယ် သို့ ပို့ဆောင်ရန်အတွက် ပြည်လမ်းအတိုင်းမောင်းနှင် လာခဲ့ပါသည်။
‘အ’ သုံးလုံး အဖွဲ့ဝင်ဟောင်းများ မင်းကင်းဒေသခံ ၈၀၀ ကျော်ကို ဆေးဝါးကုသ
Sunday, February 16, 2014
၁၉၆၄-၁၉၈၄ တက္ကသိုလ် ကောလိပ် သိပ္ပံကျောင်းပေါင်းစုံမှ ‘အ’ သုံးလုံး အဖွဲ့ဝင်ဟောင်းများ ဦးစီးသော စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှု ကူညီရေးအဖွဲ့မှ အငြိမ်းစား ပါမောက္ခများနှင့် ဆေးရုံအုပ်ကြီးများ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ဆရာဝန်များနှင့် အငြိမ်းစား ပညာရှင်များ ပါဝင်သော အဖွဲ့ဝင် ၁၅ ဦးသည် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ စစ်ကိုင်းတိုင်း ဒေသကြီးရှိ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော မင်းကင်းမြို့နယ်သို့ သွားရောက်၍ ဒေသခံ ပြည်သူ ၈၀၀ ကျော်အား အခမဲ့ ဆေးဝါးကုသ ပေးခဲ့ကြကြောင်း အဆိုပါ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
WU-14 အမည်ရှိ အသံထက် မြန်သည့် ဒုံးကျည်ယာဉ်တစ်စင်း တရုတ် စမ်းသပ်မောင်းနှင်
တရုတ်နိုင်ငံသည် အသံထက် အဆပေါင်းများစွာ သွားနိုင်ရန် ဒီဇိုင်းထွင် ထုတ်လုပ်ထားသော မြန်နှုန်းမြင့် ဒုံး ကျည်ယာဉ်တစ်စင်းကို ပထမဆုံးအကြိမ် စမ်းသပ် မောင်းနှင်ခဲ့ကြောင်း ဇန်နဝါရီ ၁၅ ရက်တွင် ပင်တဂွန်စစ် ဌာန ချုပ်ကပြောကြားသည်။ အဆိုပါ
စမ်းသပ်မောင်းနှင်မှုသည် မြန်နှုန်းမြင့် ယာဉ်များနှင့်အတူ စမ်းသပ်ပျံသန်းမှုများ လုပ်ဆောင်ခဲ့သည့် အမေရိကန် ပြည်ထောင်စု ပြီးနောက်တွင် တရုတ်နိုင်ငံကို မြန်နှုန်းမြင့်ယာဉ် စမ်းသပ်မောင်းနှင် သည့် ဒုတိယမြောက် နိုင်ငံ ဖြစ်စေခဲ့သည်ဟု သိရသည်။
တရုတ်ကို ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို လျော့ချရန် ဂျွန်ကယ်ရီ ပြောဆို
Sunday, February 16, 2014
တရုတ်နိုင်ငံ မြို့တော် ပေကျင်းကို အလည်အပတ်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တရုတ်နဲ့ အမေရိကန်ဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို လျော့ချဖို့ အလုပ်
အတူတွဲလုပ်ဖို့ တရုတ်ခေါင်းဆောင်တွေကတိပြုခဲ့ပြီးပြီလို့ ဖေဖော်ဝါရီ
၁၅ ရက်နေ့က ပြောလိုက်ပါတယ်။
ဆော်ဒီမင်းသားနဲ့ ကာကွယ်ရေးဝန်ကြီးတို့ ပါကစ္စတန်နိုင်ငံကို သွားရောက်လည်ပတ်
16/2/2014
ဆော်ဒီအာရေဗျနိုင်ငံရဲ့ အိမ်ရှေ့စံနဲ့ ကာကွယ်ရေးဝန်ကြီး မင်းသား ဆယ်လ်မန် ဘင် အဗ်ဒူလာဇစ် အယ်ဆာအိဟာ ပါကစ်စတန်နိုင်ငံကို ၀န်ကြီးချုပ် နာဝပ်ဇ် ရှရစ်ဖ် ရဲ့ ဖိတ်ကြားချက်နဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရောက်လာပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်တွေ့ဆုံကာ အခြေခံဥပဒေ ပုဒ် ၄၃၆ကို ပြင်ဆင်ရေးဆွေးနွေးခဲ့
16/2/2014
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်များ ဖေဖော်ဝါရီလ ၁၆ရက် နံနက်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံကာ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
မလေးရှားနိုင်ငံ Multi Media Group မှ မြန်မာ့ ဆန်စပါး ထုတ်လုပ်မှုကို မှတ်တမ်း ရိုက်ကူး
မလေးရှားနိုင်ငံရှိ Multi Media Group မှ ရုပ်သံရိုက်ကူးရေး အဖွဲ့သားများသည် မြန်မာ နိုင်ငံရှိ ဆန်စပါး ထုတ်လုပ်မှု အခြေအနေများကို ''Rice Bowl of Asia" အမည်ဖြင့် မှတ်တမ်း လာရောက် ရိုက်ကူးလျက် ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းမှ သိရသည်။
ထိုင်းနိုင်ငံ ရွေးကောက်ပွဲအား ဧပြီလထဲမှာ ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတကာ သံအမတ်များအား အသိပေး
Sunday, February 16, 2014
ပြီးခဲ့သော ဖေဖော်ဝါရီလ(၂)ရက်နေ့က ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့
သည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ယမန်နေ့က ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လပ် ရှင်နာဝပ်တရာ နှင့် ၀န်ကြီးဌာနအဖွဲ့ဝင်များသည် ထိုင်းနိုင်ငံအတွင်း တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံတကာ သံအမတ်များကို ဖိတ်ခေါ် တွေ့ဆုံ၍ အစည်းအဝေး တစ်ရပ်ကို သတင်းမီယာများအား တက်ရောက် သတင်းယူခွင့်မပြုပဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိနိုင်ငံရေးအခြေအနေထက် ပိုမိုကောင်းမွန်အောင် ရှေ့သို့သာချီတက်လျှောက်လှမ်းမည်
လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဖေဖော် ဝါရီ ၁၄ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် လာအိုသမ္မတနန်းတော်၌ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမတ္တ H.E.Mr. Choummaly SAYASONE အား သွားရောက်တွေ့ဆုံသည်။
ဖွဲ့စည်းပုံပြင်ဆင်မှု ကြီးလေးကြီး ဆွေးနွေးရန် မွန်ပြည်နယ်တွင် ဆန္ဒထုတ်ဖော်
16/2/2014
ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းနှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးပေးရန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ် ပေါင်မြို့တွင် လူဆယ်ဦးဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း )တို့၏ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပူးတွဲကြေညာချက် ထုတ်ပြန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း
လူ့အဖွဲ့အစည်း )တို့၏ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ
ပူးတွဲကြေညာချက်
စစ်တွေမြို့တွင် ဓမ္မာရုံပြိုကျရာမှ တစ်ဦး သေဆုံး၍ လေးဦး ဒဏ်ရာရရှိ
စစ်တွေမြို့တွင် ဓမ္မာရုံပြိုကျရာမှ တစ်ဦး သေဆုံး၍ လေးဦး ဒဏ်ရာရရှိ
ပြိုကျခဲ့သော စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ ဇေယျရန်အောင် ဓမ္မာရုံအရှေ့ပိုင်းအား ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင် (စစ်တွေ) )
စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ ဇေယျရန်အောင် ဓမ္မာရုံအရှေ့ပိုင်းအား ပြုပြင်နေစဉ်အတွင်း ရှေ့ပိုင်းမှ မထင်မှတ်ဘဲ ပြိုကျခဲ့သဖြင့် ပန်းရန်လုပ်ငန်းလုပ်ကိုင်နေသူများအနက် တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိကာ စစ်တွေပြည်သူ့ဆေးရုံတွင် နှစ်ဦးတက်ရောက် ကုသမှုခံယူနေရမှုတစ်ရပ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖြစ်ပွားကြောင်း သိရသည်။
၂၀၁၄ ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု
16-2-2014
တောထဲက အဆိပ်ပြင်းတဲ့အကောင်တွေကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာ အမေရိကန်မရိန်းတပ်သားတွေဟာ ထိုင်းစစ်သားတွေဆီကနေ သင်ယူခဲ့သလို ကင်းမြီးကောက်တွေကိုလည်း စားကြည့်ခဲ့ကြပါတယ်။ ကြာသပတေးနေ့က ထိုင်းနိုင်ငံ၊ ချန်တာဘူရီ ပြည်နယ်မှာ လက်တွေ့ သင်တန်း လေ့ကျင့်ခန်းတစ်ခုအတွင်း အဲဒီလို သင်ယူခဲ့ကြတာပါ။
ထမင်း စားပြီးလျှင် ရှောင်ကြဉ် သင့်သည့် အချက်များ
မြန်မာ လူမျိုးတို့၏ အဓိက အစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် စားနေကြသည် ဖြစ်ရာ ထမင်းစားပြီး ရှောင်ကြဉ် သင့်သော အချက်(၇)ချက်ကို ကျန်းမာရေး အသိ ရှိစေရန် ဖော်ပြ လိုက်ရ ပါသည်။
ခုံးကျော်တံတားများ တည်ဆောက်ထားသော်လည်း ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာအား ဖြေရှင်းနိုင်ခြင်း မရှိသေး
Sunday, February 16, 2014
ရန်ကုန်မြို့အတွင်း ခုံးကျော်တံတားများ တည်ဆောက်ထားသော်လည်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာအား ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူအချို့နှင့် ခရီးသွားပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။
ဗင်နီဇွဲလား နိုင်ငံရေးတင်းမာမှု မြင့်မားလာ
၁၆.၂.၂၀၁၄၊ တနင်္ဂနွေနေ့
ဗင်နီဇွဲလားနိုင်ငံမှာ ဆက်ဖြစ်နေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တန်ပြန်တဲ့အနေနဲ့ သမ္မတ Nicolas Maduro က သူ့ကို ထောက်ခံသူ ထောင်ပေါင်းများစွာကို ဦးဆောင်ပြီး စနေနေ့က ဆန္ဒပြပွဲတစ်ခု လုပ်ခဲ့ပါတယ်။
ဖြူး ခေါင်းဖြတ်အသတ်ခံရမှု တရားခံမိပြီ
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၁၃၉/၁-၂)အကြား၊ တံတားအမှတ် (၁၄၀/၁)ဇဟားချောင်းတံတားအနောက်ဘက်ချောင်းဘေးတွင် သွေးစွန်းနေသောပီနံအိတ် အထုပ်(၁)ထုပ်အား တွေ့ရှိရသဖြင့် ဖြူးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ဦးခေါင်းမပါ ကိုယ်လုံးတီးအမျိုးသမီးအား ခြေလက်များကြိုးတုတ်လျက်တွေ့ရှိသဖြင့် ဖြူးမြို့မရဲစခန်း(ပ)၃၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပြီး အဆိုပါအမှုအား မှုခင်းရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးခဲ့သည်။