Pages
▼
18.2.14
အရေးကြီးသော ကျန်မာရေး လျှို့ဝှက်ချက်များ
(၁) ဖုန်းပြောရင် ဘယ်ဘက်နားက ပြောပါ။
(၂) အရမ်းအေးတဲ့ ရေတွေကို မသောက်ပါနှင့်။
(၃) လူကို ဝစေမည့် အရေများ သောက်ခြင်းကို ရှောင်ကြင်ပါ။
(၄) ညနေ ၅ နာရီကျော်လျှင် အစားအသောက်များကို လျော့စားပါ။
(၅) မနက်ခင်းမှာ ရေကို များများသောက်ပြီး ညနေမှာ လျော့သောက်ပါ။
(၆) ည ၁၀ နာရီနှင့် မနက် ၄ နာရီဟာ အိပ်စက်ရန်အတွက် အကောင်းဆုံး အချိန် ဖြစ်ပါတယ်။
(၇) မှန်ကန်သော ဆေးဝါးများကို မှီဝဲပါ။
ခြင်ကိုက်တာတာကို ကာကွယ်နိုင်မယ့် LG လေအေးပေးစက် မတ်လတွင် လာမည်
ကမ္ဘာကျော် အီလက်ထရောနစ်ပစ္စည်းတွေထုတ်တဲ့ LG Electronics က မီးအားမမှန်တဲ့ မြန်မာပြည်လိုနိုင်ငံတွေမှာ Safeguard မလိုဘဲ သုံးနိုင်မယ့် လေအေးပေးစက်နဲ့ ခြင်ပြေးစေတဲ့ လေအေးစက်တွေကို မိတ်ဆက်လိုက်ပါတယ်။
Auto Voltage Switcher AVS စနစ်ပါ လေအေးပေးစက်ဟာ အာရှတိုက်အနေနဲ့ မြန်မာပြည်မှာ ပထမဆုံး စတင်မိတ်ဆက်လိုက်တာဖြစ်ပြီး ဗို့အား ၁၆၅အောက်နဲ့ ၂၉ဝအထက်ကို ရောက်ခဲ့ရင် ဒီစနစ်က အလိုအလျောက် စတင်လုပ်ဆောင်မှာဖြစ်တယ်လို့ဆိုပါတယ်။
အိုင်ဝေေ၀ လက်ရာ ဒေါ်လာ တစ်သန်းတန် အိုးကို ချခွဲသူ အရေးယူခံရ
၁၈.၂.၂၀၁၄၊ အင်္ဂါနေ့
ကမ္ဘာကျော် တရုတ် အနုပညာရှင် အိုင်ဝေေ၀ရဲ့ လက်ရာဖြစ်တဲ့ ဒေါ်လာ တသန်းလောက် တန်တဲ့ အိုးတလုံးကို တမင်ချခွဲခဲ့တဲ့ ဖလော်ရီဒါက အနုပညာရှင် တဦးကို ရာဇ၀တ် မှုမြောက်တဲ့ ဖျက်လိုဖျက်ဆီး ပြုမူမှုနဲ့တရားစွဲထားပါတယ်။
အီရတ်ဗုံးကွဲမှုတွေတိုးလာ အများအပြားသေဆုံး
၁၈.၂.၂၀၁၄၊ အင်္ဂါနေ့
အီရတ် နိုင်ငံမှာ ကားဗုံးခွဲ တိုက်ခိုက်မှုတွေ တိုးပွားလာနေပြီး ဘဂ္ဂဒက် မြို့တော်နဲ့ ဟေလာမြို့တွေမှာ အဓိက ပစ်မှတ်ထား တိုက်ခိုက်ခံနေရပါတယ်။
ဘဂ္ဂဒက် တောင်ဘက်မှာ တည်ရှိတဲ့ ဟေလာမြို့က ကျန်းမားရေး ဌာနတွေရဲ့ သတင်းတွေအရ ဆေးရုံကြီးမှာ အခုအချိန်အထိ ကားဗုံးဖောက်ခွဲမှု ၇ ခု ကြောင့် အလောင်း ၃၅ လောင်း ရရှိထားပြီလို့ ပြောပါတယ်။
ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ထိုင်းရဲအရာရှိ ပစ်သတ်ခံရ
၁၈.၂.၂၀၁၄၊ အင်္ဂါနေ့
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ သပိတ်စခန်းတွေကို ရှင်းပစ်ဖို့ ကြိုးစားတဲ့ အဓိကရုဏ်းထိန်း ရဲတွေနဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး လူ ၃ ဦးမက သေဆုံးသွားရပါတယ်။
ဝန်ကြီးချုပ်ရုံးနားမှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုမှာ ဆန္ဒပြသူ ၂ ဦးနဲ့ ရဲအရာရှိ ၁ ဦး သေဆုံးသွားတယ်လို့ အရာရှိတွေက ပြောပါတယ်။ နေ့အချိန်မှာ ဖြစ်ပွားတဲ့ ဒီတိုက်ခိုက်မှုတွေအတွင်း မျက်ရည်ယိုဗုံးနဲ့ ပစ်တဲ့အသံတွေ ပေါက်ကွဲသံတွေနဲ့ သေနတ်သံတွေကို ကြားရပါတယ်။
ပူစီရိုင်းရော့ အဖွဲ့ဝင်နှစ်ဦးကို ဆိုချီတွင် ထိန်းသိမ်းထား
၁၈.၂.၂၀၁၄၊ အင်္ဂါနေ့
ရုရှားနိုင်ငံက ပူစီရိုင်းရော့ ပန့်ဂီတ အဖွဲ့ဝင် အမျိုးသမီး ၂ ဦးကို ဆိုချီ အိုလံပစ် အားကစားပွဲ ကျင်းပတဲ့ နေရာမှာ အာဏာပိုင် တွေက ထိန်းသိမ်းလိုက်ပါတယ်။
အဲဒီအထဲက တစ်ဦးဖြစ်တဲ့ နဒက်ဇ်ဒါ တိုလိုကိုနီကိုဗာက ဘီဘီစီ သတင်းထောက်ကို ပြောရာမှာ အခု သူတို့ ရဲစခန်းထဲမှာ ဖြစ်ကြောင်း၊ သူတို့ကို သူခိုး ဆိုပြီး စွပ်စွဲခံနေရကြောင်း ပြောပါတယ်။
စီးပွားဖြစ်ထုတ်လုပ်နိုင်သောဝါးမျိုးသန့်များရှားပါးမှုနှင့်ရင် ဆိုင်နေရ
၁၈.၂.၂၀၁၄၊ အင်္ဂါနေ့
စနစ်တကျ ထုတ်ယူသုံးစွဲမှု မပြုလုပ်ခဲ့သောကြောင့် စီးပွားဖြစ် ထုတ်လုပ်နိုင်သော ဝါးမျိုးသန့်များ ရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း သစ်တောသုတေသနဌာန လက် ထောက်သုတေသနအရာ
ရှိဦးအောင် ဇော်မိုးက ပြောသည်။
သမီးလေးကျေးရွာ ဖျက်ဆီးခံရမှု ရန်ကုန်မြို့လယ်မှာ စုဝေးဆန္ဒပြ
၁၈.၂.၂၀၁၄၊ အင်္ဂါနေ့
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမီးလေးကျေးရွာမှာ အိမ်ခြေ ၄၀၀ နီးပါးလောက်ကို စစ်တပ်ပိုင်မြေနဲ့ မလွတ်ကင်းလို့ဆိုပြီး စစ်တပ် ရဲတပ်ဖွဲ့နဲ့ စည်ပင်အဖွဲ့တွေက ဖျက်ဆီးလိုက်တာကြောင့် ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့နဲ့ သမီးကလေး ကျေးရွာသားတချို့က ပူးပေါင်းဆန္ဒပြခဲ့ကြပါတယ်။
၁၇ နှစ်အရွယ် မိန်းကလေး အခန်းတွင်းပိတ်လှောင်၍ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရ
၁၈.၂.၂၀၁၄၊ အင်္ဂါနေ့
အသက် ၁၇ နှစ်အရွယ် မိန်းက လေးတစ်ဦးအား အခန်းအတွင်းပိတ် လှောင်၍ ပြည့်တန်ဆာအဖြစ် အဓမ္မ စေခိုင်းမှုတစ်ခု ဒဂုံဆိပ်ကမ်းတွင်ဖြစ်ပွား ခဲ့သည်။
ယခုလ ၁၃ ရက်နေ့ ဒဂုံဆိပ်ကမ်း မြို့နယ်နေသူ၏ ၁၇ နှစ်အရွယ်ရှိသူ သမီးသည်နေအိမ်မှ ပျောက်သွားပြီး ယခုလ ၁၆ ရက်နေ့တွင် ၎င်း၏နေအိမ် သို့ပြန်လည်ရောက်ရှိလာခဲ့သည်။
နိုင်ငံ သစ္စာဖောက်မှုနဲ့ မူရှာရက်ဖ်ကို ရုံးတင်
၁၈.၂.၂၀၁၄၊ အင်္ဂါနေ့
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ပါဗက် မူရှာရက်ဖ်ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အစ္စလာမ်မာဘတ်က တရားရုံးမှာ ပထမဆုံး အကြိမ် ကြားနား စစ်ဆေးဖို့ ရုံးထုတ်ခဲ့ပါတယ်။
ဒါပေမယ့် သူ့ ရှေ့နေတွေက အရပ်ဘက် တရားရုံးရဲ့ တရားစီရင်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ် နေခဲ့တာကြောင့် တရားရုံး အနေနဲ့ မစ္စတာ မူရှာရက်ဖ်ကို စွဲချက် မတင်နိုင်ခဲ့ပါဘူး။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များပါကစ္စတန်နဲ့ တာလီဘန် ဆွေးနွေးမှု စတင်ပါကစ္စတန် ဗုံးခွဲမှု လူ ၇ ဦး သေဆုံး
ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်ဖ်ကို စစ်ခုံရုံးမှာ ကြားနာသင့်တယ်လို့လည်း အဲဒီ ရှေ့နေတွေက ပြောကြပါတယ်။
အမှုကတော့ ၂၀၀၇ ခုနှစ်တုန်းက အခြေခံ ဥပဒေကို ဆိုင်းငံ့လိုက်ပြီး အရေးပေါ် ဥပဒေ ချမှတ် ပြဋ္ဌာန်းခဲ့တာကြောင့် ဖြစ်ပါတယ်။
မစ္စတာ မူရှာရက်ဖ်ကတော့ စွပ်စွဲချက်တွေ အပေါ် ငြင်းချက်ထုတ်လိုက်ပြီး ဒါဟာ နိုင်ငံရေး အရ ရည်ရွယ် ဆောင်ရွက်တာလို့ ပြောပါတယ်။
ပါကစ္စတန်မှာ စစ်တပ် ခေါင်းဆောင်းဟောင်း တဦးကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲတာဟာ ဒါ ပထမဆုံးဖြစ်ပါတယ်။
BBC
မြန်မာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုးလာတယ်လို့ မူးယစ်အဖွဲ့က ပြော
၁၈.၂.၂၀၁၄၊ အင်္ဂါနေ့
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ နှစ်တွေနဲ့ နှိုင်းယှဉ်ရင် ဘိန်းစိုက်ပျိုး ထုတ်လုပ်တဲ့ ဧရိယာ တိုးလာနေ သလို နိုင်ငံအတွင်း ဘိန်းထွက်ရှိမှုဟာလည်း တိုးလာနေတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး အဖွဲ့က ပြောလိုက်ပါတယ်။
ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ မနှစ်ကထက်စာရင် တစ်နိုင်ငံလုံးမှာ ၁၃ ရာခိုင် နှုန်းကျော် တိုးလာနေပြီး တိုးလာတဲ့ ဘိန်းစိုက် ဧရိယာတွေထဲမှာ နေရာသစ်တွေ ပါဝင်နေသလို ယခင် စိုက်ပျိုးတဲ့ နေရာဟောင်းတွေမှာလည်း တိုးလာနေတာတွေ ရှိတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့က ရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။
ဘာမြူဒါတြိဂံ၏ လျှို့ဝှက်ချက်ကို သိပ္ပံပညာရှင်များ ဖော်ထုတ်နိုင်ပြီ
အတ္တ လန်တစ် သမုဒ္ဒရာ အတွင်း ရှိ မီယာမီ၊ ပြူတို ရီကို၊ ဘာမြူဒါ ကြားမှာ တည်ရှိ တဲ့ တြိဂံ ပုံစံ ဒေသ ဟာ ထူးဆန်း လှတဲ့ အခြေ အနေ တွေကြောင့် ထင်ရှား ကျော်ကြား တဲ့ နေရာ အဖြစ် သတ်မှတ် ခြင်း ခံထား ရ ပါ တယ်။ ဘာမြူဒါ တြိဂံ ဒေသရဲ့ ဆိုးရွား လှတဲ့ အကြောင်း ကို နယ်မြေ သစ် ရှာ ဖွေ ခဲ့တဲ့ ခရစ္စ တိုဖာ ကိုလံ ဘတ် က သူ့ရဲ့ မှတ်တမ်း ထဲမှာ ရေးသား ဖော်ပြ ခဲ့ဖူးတယ် လို့ သိရ ပါတယ်။
နားနှင့် ပတ်သက်ပြီး မပြုလုပ် သင့်သော အရာများ
နားတွေမှာ သူဘာသာ သန့်စင် စေခြင်းနဲ့ သူဘာသာ ကာကွယ် နိုင်ခြင်းဆိုတဲ့ သဘာဝ သတ္တိရှိပြီး သားပါ။
ဒါ့ကြောင့် နားတွေကို မမှန်ကန်တဲ့ နည်းတွေနဲ့ သန့်စင် ဆေးကြောမှု ပြုလုပ်တဲ့ အခါ နားမှာ ထိခိုက်ဒဏ်ရာ ရခြင်းနဲ့ နားတွင်း ကူးစက်ပိုး ဝင်ခြင်းဆိုတဲ့ ပြဿနာတွေ ဖြစ်စေ နိုင်ပါတယ်။
နားဖာချေးကို မကလော်ပါနဲ့
နားဖားချေး တွေဟာ နားရဲ့သူ့ဘာသာ သန့်စင်စေတဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်း အလုပ်လုပ် နိုင်အောင် ဆောင်ရွက် ပေးပါတယ်။ နားဖာချေး တွေဟာ ဆိုးဆိုးဝါးဝါး ပိတ်ဆို့ မနေရင် ကလော်ပြီး မဖယ်ရှား သင့်ပါဘူး။ အပြင် နားစည် အရေပြားရှိ ဂလင်းကနေ ထုတ်ပေးလေ့ ရှိတဲ့ နာဖာချေးတွေဟာ အရေးကြီးတဲ့ လုပ်ငန်း ဆောင်တာ တွေကို လုပ်ဆောင် နေပါတယ်။
ဒါ့ကြောင့် နားတွေကို မမှန်ကန်တဲ့ နည်းတွေနဲ့ သန့်စင် ဆေးကြောမှု ပြုလုပ်တဲ့ အခါ နားမှာ ထိခိုက်ဒဏ်ရာ ရခြင်းနဲ့ နားတွင်း ကူးစက်ပိုး ဝင်ခြင်းဆိုတဲ့ ပြဿနာတွေ ဖြစ်စေ နိုင်ပါတယ်။
နားဖာချေးကို မကလော်ပါနဲ့
နားဖားချေး တွေဟာ နားရဲ့သူ့ဘာသာ သန့်စင်စေတဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်း အလုပ်လုပ် နိုင်အောင် ဆောင်ရွက် ပေးပါတယ်။ နားဖာချေး တွေဟာ ဆိုးဆိုးဝါးဝါး ပိတ်ဆို့ မနေရင် ကလော်ပြီး မဖယ်ရှား သင့်ပါဘူး။ အပြင် နားစည် အရေပြားရှိ ဂလင်းကနေ ထုတ်ပေးလေ့ ရှိတဲ့ နာဖာချေးတွေဟာ အရေးကြီးတဲ့ လုပ်ငန်း ဆောင်တာ တွေကို လုပ်ဆောင် နေပါတယ်။
ယာဉ်ထိန်းရဲတစ်ဦးကို မိသားစုလိုက် ၀ိုင်းရိုက်သည်ဟုဆိုကာ အမှုဖွင့်ထား
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မီးပွိုင့်တစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတစ်ဦးကို ယခင်ပြဿနာဖြစ်ပွားခဲ့သည့် ယာဉ်မောင်းက ဖေဖော်ဝါရီ ၁၀ ရက်တွင် မိသားစုနှင့်အတူ ရောက်ရှိလာပြီး ၀ိုင်းဝန်းရိုက်နှက်သဖြင့် တစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၆ ရက်က အမှုဖွင့်တိုင်ကြားထားသည်ဟု ရန်ကုန် တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ရွေးကောက်ခံ မဟုတ်ဘဲ သမ္မတဖြစ်ခွင့် ပြဋ္ဌာန်းချက် ပြင်ဆင်ရန် ဦးရွှေမန်း ညွှန်ကြား
Tuesday, February 18, 2014
စစ်အစိုးရ ရေးဆွဲ အတည်ပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
တွင် ရွေးကောက်ခံ မဟုတ်ဘဲ သမ္မတ ဖြစ်ခွင့်ရှိသည့် ဥပဒေပြဋ္ဌာန်းချက်၊ တပ်မတော်ကို ဒီမိုကရေစီဘောင်အတွင်း ထည့်သွင်းရေး အပါအ၀င် ဒီမိုကရေစီ စနစ်နှင့် မကိုက်ညီ သောအချက်များကို ပြင်ဆင်ရန် ပြည်ထောင်စု
လွှတ် တော်နာယက သူရ ဦးရွှေမန်း က ဖေဖော်ဝါရီလ ၁၈ ရက်နေ့စွဲ ဖြင့် ညွှန်ကြားချက်တရပ် ထုတ်ပြန်လိုက်သည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကို ရှမ်းပြည်နယ်လက်နက်ကိုင်အဖွဲ့ဝင်တချို့က ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်ဟုဆို
18.2.2014
မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ပါယာဉ်တန်းကို ဆွဲ မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းတွင် ရှမ်းပြည်နယ် ရှိ လက်နက်ကိုင်အဖွဲ့ဝင်တချို့၏ လုပ် ဆောင်ချက်များ ပါဝင်နိုင်သည်ဟု လတ် တလော သုံးသပ်ထားကြောင်း နေပြည် တော်လုံခြုံရေးနှင့် ထောက်လှမ်းရေးဌာန မှ ဒုရဲမှူးကြီးမင်းအောင်က သုံးသပ်ပြော ဆိုလိုက်သည်။
ဖေဖော်ဝါရီ ၁၄ ရက်က ဖလား ဝါးနယူးစ်ဂျာနယ်၏မေးမြန်းမှုကို နေ ပြည်တော်လုံခြုံရေးနှင့် ထောက်လှမ်းရေး ဌာနမှ ဒုရဲမှူးကြီးမင်းအောင်က ဖုန်းဖြင့် ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။
မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ပါယာဉ်တန်းကို ဆွဲ မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းတွင် ရှမ်းပြည်နယ် ရှိ လက်နက်ကိုင်အဖွဲ့ဝင်တချို့၏ လုပ် ဆောင်ချက်များ ပါဝင်နိုင်သည်ဟု လတ် တလော သုံးသပ်ထားကြောင်း နေပြည် တော်လုံခြုံရေးနှင့် ထောက်လှမ်းရေးဌာန မှ ဒုရဲမှူးကြီးမင်းအောင်က သုံးသပ်ပြော ဆိုလိုက်သည်။
ဖေဖော်ဝါရီ ၁၄ ရက်က ဖလား ဝါးနယူးစ်ဂျာနယ်၏မေးမြန်းမှုကို နေ ပြည်တော်လုံခြုံရေးနှင့် ထောက်လှမ်းရေး ဌာနမှ ဒုရဲမှူးကြီးမင်းအောင်က ဖုန်းဖြင့် ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။
သမီးကလေးကျေးရွာအပါအဝင် ကျူးကျော်မြေကိစ္စတွင်နိုင်ငံတော်က မသိကျိုးကျွံပြုနေဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ပြော
[ မောင်ပိုင် ၊ နေပြည်တော် ]
သမီးက လေးကျေးရွာအပါအဝင် ကျူးကျော်မြေ ဖြေရှင်းရေးကိစ္စများတွင် နိုင်ငံတော်အနေ နှင့် မသိကျိုးကျွံပြုနေသည်ဟု အလုံမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားခဲ့သည်။လက်ရှိ သမီးကလေးကျေးရွာ အပါအဝင် ကျူးကျော်မြေ ဖြေရှင်းသည့် ပြဿနာများနှင့်ပတ်သက်ပြီး ဖလားဝါးနယူးစ် ဂျာနယ်မှ ယင်း၏အမြင်အား မေးမြန်းမှု အပေါ် ယခုကဲ့သို့ သုံးသပ်ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြိတ်တွင် ပြင်လက်စ ကားပိမိ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ
၁၈.၂.၂၀၁၄၊ အင်္ဂါနေ့
တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့တွင် ဖေဖော်ဝါရီ ၁၂ ရက် မွန်းတည့် ၁၂ နာရီခန့်က ဆယ်ဘီး တပ်ကုန်တင်ယာဉ်၏အရှေ့ပိုင်း ကားအ လေးကိုပြန်တင်စဉ် ခုထားသည့်တုံးပြုတ် ထွက်၍ ကားပိမိကာတစ်ဦးသေဆုံးပြီး နှစ် ဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့မရဲစခန်းတာ ဝန်မှူး ဒုရဲအုပ် အောင်မျိုးဝင်းထံမှ သိရ သည်။
ဘန်ကောက်တွင် ရဲများနှင့် ဆန္ဒပြသူများ ပဋိပက္ခဖြစ်ပွါးရာ သုံးဦးသေဆုံး
Tuesday, February 18, 2014
ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်းများကို ထိုင်းရဲတပ်ဖွဲ့က စတင်ရှင်းလင်းခဲ့ရာမှ ဖေဖော်ဝါရီလ ၁၈ရက်တွင် အကြမ်းဖက်ပဋိပက္ခများ ပေါ်ပေါက်ခဲ့ကာ
လူသုံးဦးသေဆုံးသွားခဲ့ပြီး ဒါဇင်ပေါင်များစွာ ဒဏ်ရာရရှိသွားခဲ့သည်ဟု ဘီဘီစီ သတင်းဌာနတွင် ဖော်ပြထားသည်။
ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်တွေ့ဆုံ
၁၈.၂.၂၀၁၄၊ အင်္ဂါနေ့
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားသည် ပြန်ကြားရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် နေပြည်တော်၌ ယနေ့တွေ့ဆုံသည်။
မြစေတီ ကျောက်စာ ကမ္ဘာ့ အမွေအနှစ် စာရင်းသွင်းရန် ကြိုးပမ်း
၁၈.၂.၂၀၁၄၊ အင်္ဂါနေ့
မြစေတီ ကျောက်စာဟု လူအများသိသော ကျန်စစ်သားမင်းကြီး၏ သားတော် ရာဇကုမာရ် မင်းသား ရေးထိုးခဲ့သည့် ပုဂံခေတ် ကျောက်စာကို ကမ္ဘာ့ရှေးဟောင်း အောက်မေ့ဖွယ် အမွေအနှစ် စာရင်း (Memory of The World Register) သွင်းရန် ဆောင်ရွက်မည် ဟု သိရသည်။
မိုးစပါး ပျက်စီးထားသည့် စစ်ကိုင်းတိုင်းရှိ လယ်သမားများကို သမ္မတက ငွေကျပ် ၁၁ သန်းကျော် ထောက်ပံ့မည်
၁၈.၂.၂၀၁၄၊ အင်္ဂါနေ့
ပြီးခဲ့သည့် မိုးစပါးစိုက် ရာသီအတွင်း ပျက်စီး ဆုံးရှုံးမှု အများဆုံး ဖြစ်သွားသော စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘို၊ ဝက်လက်နှင့် ခင်ဦး မြို့နယ်များရှိ လယ်သမားများကို နိုင်ငံတော် သမ္မတက ငွေကျပ် ၁၁ သန်းကျော် ထောက်ပံ့မည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနမှ ဒုတိယ ဝန်ကြီး ဦးအုန်းသန်းက ပြောကြားသည်။
ပြီးခဲ့သည့် မိုးစပါးစိုက် ရာသီအတွင်း ပျက်စီး ဆုံးရှုံးမှု အများဆုံး ဖြစ်သွားသော စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘို၊ ဝက်လက်နှင့် ခင်ဦး မြို့နယ်များရှိ လယ်သမားများကို နိုင်ငံတော် သမ္မတက ငွေကျပ် ၁၁ သန်းကျော် ထောက်ပံ့မည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနမှ ဒုတိယ ဝန်ကြီး ဦးအုန်းသန်းက ပြောကြားသည်။
မြန်မာပြည်မှာ လူကြိုက်များ Range Rover Evoque
ဒီလိုကားတွေ မြန်မာပြည်မှာ အရည်သွေး ကောင်းကောင်း ဆိုရင် သိန်း ၁၀၀၀ ဝန်းကျင် နဲ့ ရနိုင် ပါတယ်။ အချို့ ကား Show room တွေမှာ တင်ရောင်းထား တာတွေ တွေ့ရပါတယ်။ အသစ် နောက်ဆုံးပေါ် မော် ဒယ်တွေ ဆိုရင်တော့ သူတို့နိုင်ငံ ရောင်းဈေးထက် ၃ ဆလောက် ဈေးကြီးသွား နိုင်ပါတယ်။ www.landrover.com မှာ ဝင်ရောက် လေ့လာ ကြည့်ရှု နိုင်ပါတယ်။
ဘဏ္ဍာရေးအချက်အလက် ခိုးမှုဖြင့် တောင်ကိုရီးယား ကြွေးဝယ်ကတ် ကုမ္ပဏီသုံးခု ရပ်ဆိုင်းခံရ
တောင်ကိုရီးယားနိုင်ငံတွင် ပြည်သူသန်း ၂၀ ကျော်၏ ငွေကြေးဆိုင်ရာ အချက်အလက်များ ခိုးယူမှုဖြင့် အကြွေးဝယ်ကတ်ကုမ္ပဏီ သုံးခုကို တောင်ကိုရီးယား စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ က ခေတ္တရပ်ဆိုင်း ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
စတင်ပူးပေါင်းဆောင်ရွက်နေပြီဖြစ်သည့် မြန်မာအမေရိကန်ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများ
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၄)ရက်နေ့က မန္တလေးမြို့ရှိ ရွှေနန်းတော်ခေါ် ရွှေကျောင်းမှာ ရွှေကျောင်းထိန်းသိမ်းရေးနဲ့
ပတ်သက်ပြီး ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်နဲ့ မြန်မာနိုင်ငံဘက်မှ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးသန်းဆွေ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ ရွှေကျောင်းထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေကို အမေရိကန်အစိုးရနဲ့ မြန်မာအစိုးရတို့  သဘောတူညီမှုနဲ့ ဆောင်ရွက်တာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ငါးသိန်းနဲ့ စတင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
ဂဠုန်ဦးစော၏မြေးမဟုတ်ဟု သမ္မတ၏ပြောရေးဆိုခွင့်ရ ဦးရဲထွဋ်တုံ့ပြန်
ပုဂ္ဂိုလ်ရေးရာ ထိုးနှက်ချက်များရှိလာသည့်အတွက် မိမိမှာ ဂဠုန်ဦးစော၏မြေးမဟုတ်ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ရှင်းလင်းပြောကြားလိုက် သည်။
အထက်အမိန့်မနာခံဟုဆိုကာ အခြေခံပညာ ကျောင်းအုပ်တချို့ ရာထူးမှထုတ်ပယ်ခံရ
အထက်မှချမှတ်သည့်အမိန့်ကို မနာခံမှုကြောင့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ အခြေခံပညာ ကျောင်းအုပ်တချို့ ရာထူးမှထုတ်ပယ်ခြင်း ခံနေရ ကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာနမှ အမည်မဖော်လိုသူ ညွှန်ကြား ရေးမှူးတစ်ဦးက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။
သီလဝါ အထူးစီးပွားရေး ဇုန်နှင့် သက်ဆိုင်သည့် မြန်မာပိုင် ကုမ္ပဏီတစ်ခုမှ မကြာမီ အချိန်အတွင်း ရှယ်ယာများကို ရောင်းချသွားမည်
သီလဝါအထူး စီးပွားရေးဇုန်ကို မြန်မာ-ဂျပန် ပုဂ္ဂလိကနှင့် အစိုးရ အဖွဲ့အစည်းများ ပူးပေါင်း ဖွဲ့စည်းထားသည့် Myanmar-Japan Thelawa Development Ltd. မှ ရင်းနှီးတည်ဆောက် သွားမည်ဖြစ်ပြီး၊ အဆိုပါ လီမိတက်တွင် ပါဝင်သော အများပိုင် ကုမ္ပဏီတစ်ခု ဖြစ်သည့် Myanmar Thelawa SEZ Holding Public Ltd. မှ ရှယ်ယာများကို မကြာမီ အချိန်အတွင်း ရောင်းချ သွားမည် ဖြစ်ကြောင်း မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ညှိနှိုင်း အစည်းအဝေးမှ သိရသည်။
နီပေါ နိုင်ငံတွင် ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျ ခရီးသည် အားလုံးသေဆုံး
နီပေါနိုင်ငံ ခတ္တမန္ဒူ မြို့တွင် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲပိုင်းက ခရီးသည် ၁၈ ဦးကို တင်ဆောင်ထားသည့် လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ ယင်းလေယာဉ် ပေါ်တွင် လိုက်ပါလာသူ အားလုံး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်ခဲ့သည်ဟုယူဆရသူကို မကြာမီရုံးတင်စစ်ဆေးသွားမည်
17-2-2014
လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က ရန်ကုန်-မန္တလေး ကား လမ်းဘေးတွင်ဖြစ်ပွားခဲ့သည့် ခေါင်းဖြတ် လူသတ်မှုကျူးလွန်သူကို ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းထောက်လှမ်းရေး အဖွဲ့တို့ပူးပေါင်းပြီး ဖေဖော်ဝါရီ ၁၃ ရက် က ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးကပြောသည်။
ရန်ကုန်မြို့ နဲ့ ပြိုင်ကား သောင်းကျန်းမှု
Tuesday, February 18, 2014
တနင်္ဂနွေမနက်
၁ နာရီကျော်ကျော်လောက်က ရန်ကုန်မြို့ ပြည်လမ်း ၇ မိုင် ကားမှတ်တိုင်နားမှာ
သောင်းကျန်းသွားတဲ့ ပြိုင်ကား ၅ စီးနဲ့ ဆယ်ကျော်သက်တွေကို ဖမ်းမိဖို့
ရဲတွေက စုံစမ်းနေကြောင်း ဒီကနေ့ထုတ် သတင်းစာများမှာ ရေးထားပါတယ်။