Pages

13.5.15

နီပေါငလျင်ကြောင့် ၅၀ ကျော် သေဆုံး


 
နီပေါနိုင်ငံအတွင်း မေ ၁၂ ရက်နေ့က ပြင်းအား ၇.၅ နဲ့ ၆.၂ ရှိတဲ့ အင်အားပြင်းငလျင်ကြီး ၂ ခု လှုပ်ခတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်က အင်အား ရစ်ချတ်တာစကေးလ် ၈.၁ ရှိတဲ့ ငလျင်လှုပ်အပြီး ရှင်သန် ကျန်ရစ်သူ တွေဟာ ယာယီ တဲတွေထဲမှာပဲ ရှိနေဆဲပါ။


မေ ၁၂ ရက်နေ့က ထပ်လှုပ်တဲ့ ငလျင်ကြောင့် အဲဒီနေ့ ညပိုင်းအထိ သေဆုံးသူ အရေအတွက် အယောက် ၅၀ ကျော်တယ်လို့ အတည်ပြုထားပြီး လူအယောက် ၁၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ငလျင်ကြောင့် နိုင်ငံမြောက်ပိုင်း ဒွန်ချေးပြည်နယ်မှာတော့ မြေပြိုခဲ့တာပါ။ ငလျင်ဟာ ဧဝရတ်တောင်နဲ့ တိဘက်နယ်စပ်တို့နဲ့ နီးတဲ့ နမ်ချီဘဇားမြို့အနောက်ဖက် ၄၂ မိုင်အကွာကို ဗဟိုပြုလှုပ်ခဲ့တာ ဖြစ်လို့ အိန္ဒိယမြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အထိ ငလျင်ကို ခံစားမိခဲ့ကြပါတယ်။

ငလျင်ကြောင့် နီပေါနိုင်ငံနဲ့ နယ်ချင်းကပ်နေတဲ့ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ လူလေးယောက်နဲ့ ဥတ္တာပရာဒေ့ရှ်ပြည်နယ်မှာ လူတယောက် သေဆုံးတယ်လို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။

နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူမှာ လူတွေ သွေးပျက်နေပြီး အခန်းပြင်ကို ပြေးထွက်လာကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ငလျင်အပြီး မြေပြင်တုန်ခါမှု အနည်းဆုံး ဒါဇင်ဝက်လောက် လှုပ်ခတ်ခဲ့ပြီး တကြိမ်မှာတော့ ပြင်းအား ၆.၃ ထိ ရှိခဲ့ပါတယ်။

အရင်လက ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၈၀၄၆ ယောက်ရှိပြီး လူအယောက် ၁၇၈၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
Credit to>>>THITHTOOLWIN

No comments:

Post a Comment