
အဆိုပါ မြွေဆိပ်ဖြေဆေးစက်ရုံကို ၂ဝ၁၃ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ဆေးဝါးအရည်အသွေး မြင့်မားစေရန် အတွက် GMP စနစ်၏ လိုအပ်ချက်ဖြစ်သည့် ISPEသတ်မှတ်ချက်နှင့် ကိုက်ညီသော သန့်စင်ခန်းအဆင့် (A,B,C) Clean Room များ၊ အဆောက်အအုံ အတွင်းရှိ တပ်ဆင်ထားသော စက်ကိရိယာများ၏ လျှပ်စစ်ဓာတ်အား ရရှိမှု အခြေအနေနှင့် စက်ပစ္စည်း ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များအတွက် အရေးကြီးသော Alam များ၊ Event Log များ အစရှိသည်တို့ကို ပြုပြင် ထိန်းသိမ်းသော ဝန်ထမ်းများထံသို့ SMS ပေးပို့သော စနစ်များ တပ်ဆင်ထားသည်။
ထွက်ရှိလာသည့် မြွေဆိပ်ဖြေဆေးများကို ကျန်းမာရေး ဝန်ကြီးဌာနမှ တစ်ဆင့် တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူး သွားမည် ဖြစ်ပြီး မြန် မာ့ဆေးဝါး လုပ်ငန်းအနေဖြင့် မြွေဆိပ်ဖြေဆေး အပါအဝင် ဆေးအမျိုးပေါင်း ၁၆၃ မျိုးကို ပြည်တွင်း၌ ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။
Credit to>>>မြ၀တီ
No comments:
Post a Comment