Pages

17.9.15

FDA ဓာတ်ခွဲဝန်ထမ်းများ စွမ်းရည်မြှင့်ရန် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ၏ ဓာတ်ခွဲဝန်ထမ်းများ စွမ်းရည်မြှင့်ရန်အတွက် ဂျပန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ချစ်ထံမှ သိရသည်။
      “ဒီလကုန်ရင် Ph.D (Pharmary) ထဲက တစ်ယောက်ကို ဂျပန်ကိုလွှတ်မှာပါ။
ထိုင်းမှာလည်း ဆေးဝါးတိုင်းတာတဲ့ သင်တန်းတွေကို လွှတ်ထားတယ်။ ဒီကနေ့ ပညာသင်ဖို့ လွှတ်နေသလို တခြားသူတို့ ဘက်ကလည်း Training လာပေးတာတွေ ရှိပါတယ်”ဟု ၎င်းက ပြောသည်။
      ဓာတ်ခွဲဌာနသည် လူ့စွမ်းအား၊ နည်းပညာများအပြင် ဓာတ်ခွဲခန်းအဖြေများ တိကျမှန်ကန်စေရန် အတွက် နိုင်ငံတကာ ဓာတ်ခွဲခန်းများနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပြီး၊ ၎င်းတို့အနေဖြင့် ISO Certificate ကို လာမည့် ၂၀၁၇ ခုနှစ် အတွင်း ရယူနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
      “ကျွန်ုမတို့ရဲ့ ဆေးဝါးဓာတ်ခွဲခန်းကို ISO ရဖို့အတွက် ကြိုးစားနေတယ်။ အဲဒီ အတွက်လည်း UNIDO Expert က ဒီမှာလာပြီး သင်တန်းတွေ၊ လက်တွေ့ ပို့ချတာတွေကို လုပ်ပေးတာ နှစ်ကြိမ်ရှိပြီ။ လာမယ့် နိုဝင်ဘာလမှလည်း ထပ်ပို့ချသွားမယ်ပေါ့”ဟု ဒေါက်တာ ခင်ချစ်က ပြောသည်။
      FDA သည် ဆေးဝါးဓာတုဗေဒ ဓာတ်ခွဲခန်းများကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ထားရှိပြီး ဆေးဝါးတစ်မျိုးလျှင် စမ်းသပ် စစ်ဆေးချိန် သုံးပတ်ခန့်ပေးရကြောင်း သိရသည်။

Credit To >>> Messenger News

No comments:

Post a Comment