Pages

31.10.15

ငှက်သိုက်လုပ်ငန်း ထိခိုက်ဟုဆိုကာ အသည်းပုံရေအိုင်ကျွန်း အလည်အပတ်ခရီးစဉ် ကန့်ကွက်ခံရ


 မြန်မာပြည်တောင်စွန်း ကော့သောင်း မြို့နယ် ကြက်မောက်ကျွန်းပေါ်ရှိ အသည်းပုံရေအိုင်ကျွန်းပေါ်သို့ ခရီးသွားဧည့်သည် သွားရောက်လည်ပတ်ခွင့်ကို ငှက်သိုက်လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီက ငှက်သိုက်လုပ်ငန်း ထိခိုက်သည်ဟုဆိုကာ အောက်တိုဘာ ၁၃ရက်နေ့က ကန့်ကွက်ခဲ့ ကြောင်း သူဌေးကျွန်းဟိုတယ် ခရီးသွားလုပ်ငန်းထံမှ သိရသည်။
အသည်းပုံသဏ္ဍာန်ရေအိုင် သည် ကြက်မောက်ကျွန်းပေါ်တွင်တည်ရှိကာအဆိုပါကျွန်းတွင် ဇီဝဇိုး ငှက်များ အသိုက်ချလေ့ရှိပြီးခရီးသည်များကြောင့် ငှက်များအနှောင့်အယှက် ဖြစ်နိုင်သည်ဟုဆိုကာ ပတ္တမြားရောင် ခြည် ငှက်သိုက်လုပ်ငန်းကုမ္ပဏီကတားမြစ်ခဲ့ခြင်းဖြစ်သည်ဟု သူဌေးကျွန်းဟိုတယ် ခရီးသွားလုပ်ငန်းတာဝန် ခံမန်နေဂျာဦးရင်ထွေးကပြောသည်။

''ကျွန်းပေါ်မလာဖို့ ခရီးသည်တွေရှေ့မှာ ကုမ္ပဏီလူတစ်စုကစက် လှေတွေနဲ့ လာပြီးတားတယ်။ နောက် တစ်နေ့ ကျွန်းပေါ်တက်မယ့် ဂူပေါက် ကို ချင်လုံးတိုင်တွေနဲ့ ကာဆီးပိတ် ပစ်လိုက်တယ်''ဟု ဦးရင်ထွေးကဆိုသည်။

ကုမ္ပဏီဘက်ကမူ သစ်တော ဦးစီးဌာန ညွှန်ကြားချက်အတိုင်း ငှက် သိုက်များကိုထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပေးရန်အတွက် လေလံရထားသည့် ကာလအတွင်း ယခုကဲ့သို့ တားမြစ်ခြင်းဖြစ်သည်ဟု ပတ္တမြား ရောင်ခြည်ကုမ္ပဏီမှုခင်းဆိုင်ရာ ဖြေ ရှင်းရေးတာဝန်ခံဦးနေဝင်းဦးကဆို သည်။

ယခုကဲ့သို့ ကျွန်းပေါ်သို့ ဧည့်သည်များ အများအပြားလာခြင်း ကြောင့် ဇီဝဇိုးငှက်များ အသိုက်မလုပ်တော့မည်ကို စိုးရိမ်သည်ဟုဦးနေဝင်း ဦးကပြောသည်။

အဆိုပါ ကျွန်းမှ တစ်နှစ်လျှင် ငှက်သိုက်အနည်းဆုံး ၁၅ ကီလိုဂရမ် မှ အများဆုံး ကီလိုဂရမ် ၅၀ အထိ ထွက်သည်ဟု ၎င်းကပြောသည်။

လက်ရှိတွင် ခရီးသွားဧည့်သည် များ စိတ်ဝင်စားမှု အများဆုံးနှင့် အလည်အပတ် အများဆုံးကျွန်းများ တွင် အသည်းပုံရေအိုင်ကျွန်းလည်း ပါဝင်သည့်အတွက် ယခုကဲ့သို့တားမြစ် ခံရခြင်းမှာ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် လုပ်ဆောင် မှုကို အကြီးအကျယ်ထိခိုက်သည်ဟု သူဌေးကျွန်းဟိုတယ်ခရီးသွားလုပ်ငန်းတာဝန်ခံမန်နေဂျာ ဦးရင်ထွေး ကမှတ်ချက်ပြုသည်။

အဆိုပါကိစ္စနှင်ပတ်သက်ပြီး ခရီးစဉ်များ ပြန်လည်ခွင့်ပြုပေးရန် သူဌေးကျွန်းဟိုတယ်ခရီးသွားလုပ်ငန်းမှ ကော့သောင်းခရိုင် အုပ်ချုပ် ရေးအဖွဲ့ထံတင်ပြလာသဖြင့် တိုင်းအစိုး ရအဖွဲ့သို့ တင်ပြထားသည်ဟုခရိုင် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

Credit To >>> Yangon Media Group

No comments:

Post a Comment