Pages

30.11.15

ဒီဇင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလ ထုတ်ပြန်

ဒီဇင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်ပြီး အဆိုပါ လေဖိအား နည်းရပ်ဝန်းသည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ် အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ဒီဇင်ဘာလ မိုးလေ၀သ ခန့်မှန်းချက်အရ သိရသည်။
ဒီဇင်ဘာလအတွင်း မိုးရွာသွန်းနိုင်မှု အခြေအနေများသည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ရွာသွန်းကာ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ၅ ရက်မှ ၇ ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ၂ ရက်မှ ၄ ရက်ခန့် မိုးအနည်းငယ် ထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

ထို့ပြင် ညအပူချိန် အခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် အနည်းငယ် ပိုနိုင်ကြောင်း သိရသည်။

ဆက်လက်ပြီး ဒီဇင်ဘာလအတွင်း မြူ ထူဆိုင်းနိုင်သည့် အခြေအနေများသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၁၅ ရက်မှ ၂၀ ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ၉ ရက်မှ ၁၄ ရက်ခန့် မြူထူများဆိုင်းနိုင်ကြောင်း သိရသည်။
 
 
Credit To .>>> Eleven Media Group

No comments:

Post a Comment