
''အသေးစားနဲ့ အလတ်စားစီး ပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဝက်ဘ် ဆိုက်မှာ ဝင်ရောက်မှတ်ပုံတင်ထား တဲ့အတွက် နိုင်ငံတကာအဖွဲ့ အစည်း တွေကနေ SME တွေ ချေးငွေထောက်ပံ့မှုတွေအတွက် လာရောက်ချိတ်ဆက် တဲ့အခါမှာလည်း အလွယ်တကူချိတ် ဆက်နိုင်ပါတယ်''ဟု ဦးအောင်ခင် မြင့်ကဆိုသည်။
အဆိုပါဝက်ဘ်ဆိုက်တွင် အသေး စားနှင့်အလတ်စားစီးပွားရေး လုပ် ငန်းများအနေဖြင့် မိမိတို့၏လုပ်ငန်း နှင့်ပတ်သက်သည့် အကြောင်းအရာ များအား ဖော်ပြကာ လုပ်ငန်းအတွက် လိုအပ်နေသည့် ငွေကြေးအကူ အညီ နှင့် လက်တွဲဆောင်ရွက်မည့် ရင်းနှီး မြှုပ်နှံသူများကို ရှာဖွေခွင့် ရရှိမည်ဖြစ်သည်။
ဟောင်ကောင်-မြန်မာကုန်သည် များအသင်းမှ တာဝန်ရှိသူတစ်ဦးက ''ဒီဝက်ဘ်ဆိုက်မှာ စီးပွားရေးလုပ်ငန်းမျိုးစုံကို သီးခြားခွဲထုတ်ကြည့်နိုင် မှာ ဖြစ်ပြီး မှတ်ပုံတင်ထားတဲ့ ပြည်တွင်း SME လုပ်ငန်းရှင်တွေအနေ နဲ့ ဟောင် ကောင်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို စတဲ့အခြားနိုင်ငံတွေက SME ဝက်ဘ် ဆိုက်တွေနဲ့ အလိုအလျောက် ချိတ် ဆက်နိုင်မှာဖြစ်ပါတယ်။ ဒီမှာမှတ်ပုံ တင်ထားခြင်းအားဖြင့် စီးပွားရေးဆိုင်ရာအခွင့်အလမ်းတွေကို နိုင်ငံ တကာကရရှိနိုင်မှာပါ''ဟုဆိုသည်။
လက်ရှိ တိုင်းပြည်၏ စီးပွားရေး လုပ်ငန်းများတွင် ၉၀ ရာခိုင်နှုန်းကျော်သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်ပြီး လာမည့် အာဆီယံစီးပွားရေး အသိုက်အဝန်း အတွင်း ဒေသတွင်းနိုင်ငံများမှ ဝင် ရောက်လာမည့် စီးပွားရေးလုပ်ငန်းများအား ယှဉ်ပြိုင်နိုင်ရေး အတွက် ပြည်တွင်းရှိ အမျိုးအစားတူ SME များအနေဖြင့် ပူးပေါင်းဆောင် ရွက် ခြင်းနှင့် ပြည်ပမှဝင်ရောက်သည့် ရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ပူးပေါင်း ဆောင်ရွက်ခြင်းများဖြင့် SME များ ဆက်လက်ရပ်တည် နိုင်ရန် ဆောင် ရွက်ရမည်ဖြစ်ကြောင်းသိရသည်။
Credit To .>> > Yangon Media Group
No comments:
Post a Comment