Pages

16.11.15

KIA ဗဟိုဌာနချုပ်နှင့် တပ်မဟာ (၅) မှ တပ်ကြပ်ကြီးအဆင့်ရှိသူများအပါအ၀င် (၁၁) ဦး လက်နက်မဲ့ အလင်းဝင်


၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့နယ် ညောင်ပင်သာစခန်းရှိ အစိုးရ တပ်ရင်းတစ်ရင်းသို့ KIA ဗဟိုဌာနချုပ် (လိုင်ဇာ) မှ တပ်ကြပ်ကြီး အဆင့် (၁) ဦး၊ ဒုတပ်ကြပ် အဆင့် (၁) ဦး၊ တပ်သား အဆင့် (၁) ဦး၊ စုစုပေါင်း (၃) ဦးဖြစ်၊ တပ်မဟာ (၅) မုန်ဆန်ယန် မှ တပ်ကြပ် အဆင့် (၂) ဦး၊ တပ်သား အဆင့် (၁) ဦး၊ စုစုပေါင်း (၃) ဦး၊ တပ်မဟာ (၅) လက် အောက်ခံ ရင်း (၁၉) မှ တပ်သား အဆင့် (၅) ဦး၊ စုစုပေါင်း (၁၁) ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘာ့ ခရီးသွားလုပ်ငန်း ပွဲတော်တွင် မြန်မာနိုင်ငံမှ တက်ရောက် ပြသ


ကမ္ဘာ့ခရီးသွားလုပ်ငန်း ပွဲတော် (World Travel Market - WTM 2015) ကို နိုဝင်ဘာ ၂ ရက်မှ ၅ ရက်အထိ အင်္ဂလန်နိုင်ငံ လန်ဒန် မြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းသည် လေကြောင်းလိုင်းသုံးခု၊ ခရီးသွားလုပ်ငန်း ကုမ္ပဏီ ၁၂ ခုနှင့် ဟိုတယ် လေးခုတို့ဖြင့် တက်ရောက်ပြသခဲ့သည်။

ယာဉ်ကြောကျပ်တည်းမှု ရှောင်ကွင်းနိုင်မည့် ရှစ်မိုင်ခုံးကျော်တံတား ၂၀၁၆ ခုနှစ် မတ်လကုန် အပြီးတည်ဆောက်မည်


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံမီးပွိုင့်၌ ယာဉ်ကြောပိတ်ဆို့မှုများ ဖြေလျှော့နိုင်ရေးအတွက် ပြည်လမ်းမကြီးအတိုင်း တောင်နှင့် မြောက်သွယ်တန်းထားမည့် လေးလမ်းသွားခုံးကျော်တံတားကို တည်ဆောက်လျက်ရှိရာ(အောက်ပုံ)ပထမအဆင့် ဘိုးပိုင်တူးခြင်းလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အစာငတ်ခံဆန္ဒပြအကျဉ်းသားများကို နှိပ်စက်မှု အရေးယူပေးရန် အေအေပီပီတောင်းဆို

 နိုင်ငံရေးအကျဉ်းသား များ လွှတ်ပေးရန် မြင်းခြံထောင် အတွင်း အစာငတ်ခံ ဆန္ဒပြနေ သည့် ကိုစည်သူမြတ်နှင့် ကိုစိုးလှိုင်တို့အား အကြမ်းဖက် ရိုက်နှက်ခြင်း၊ ရေဖြတ်ခြင်းတို့ ပြုလုပ်သ ဖြင့် အရေးယူပေးရန်နှင့် ၎င်းတို့ ၏ ကျန်းမာရေးကို ဂရုပြုဆောင်ရွက်ပေးရန် အေအေပီပီက တောင်းဆိုလိုက်သည်။

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၉ ရက်တွင် တွေ့ဆုံဆွေးနွေးမည်


အမျိုးသားပြန်လည်သင့် မြတ်ရေးသဘောထားကို အခြေခံ သည့်တွေ့ဆုံဆွေးနွေးမှုကို ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ နိုဝင်ဘာ ၁၉ ရက် နံနက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယ က သူရဦးရွှေမန်းက သတင်းထုတ် ပြန်သည်။

ပြည်ပခရီးသွားများ အပန်းဖြေလေ့လာနိုင်ရန် ပုဂံမှကျောက်ပန်းတောင်းထိ ရေနွေးငွေ့သုံးမီးရထားစက်ခေါင်းဖြင့် ယခုလအတွင်း ပြေးဆွဲရန်စီစဉ်နေ

 

ယခုနိုဝင်ဘာ ၂၁ ရက်၌ ပြည်ပမှ ကမ္ဘာလှည့်ခရီး သွားဧည့်သည်များ အပန်းဖြေလေ့ လာနိုင်ရေးအတွက် ပုဂံဘူတာမှ ကျောက်ပန်းတောင်းဘူတာထိ ရေ နွေးငွေ့သုံး မီးရထားစက်ခေါင်းဖြင့် ပြေးဆွဲရန် စီစဉ်နေကြောင်း မြန်မာ့ မီးရထား ပုဂံဘူတာရုံမှတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရ သည်။


တောင်ကိုရီးယားတွင် အင်အား ၇၀၀၀၀ ခန့်ဆန္ဒပြအဓိကရုဏ်းဖြစ်ဒဏ်ရာရ သူ ၃၀ ဝန်းကျင်ရှိ


တောင်ကိုရီးယားတွင်အလုပ် သမားများက အစိုးရဆန့်ကျင်ရေး ဆန္ဒပြရာ ရဲကမျက်ရည်ယိုဗုံးများ၊ ငရုတ်ကောင်းရည်များ၊ ရေ ပိုက်များ ကိုအသုံးပြု၍ ဆန္ဒပြသူများကို အုပ် စုခွဲသည်။
ထိုသို့ အုပ်စုခွဲရာမှဆန္ဒ ပြသူများနှင့်ရဲများအဓိကရုဏ်းဖြစ်သည်။