မြန်မာနိုင်ငံ သားများဘဏ်လီမိတက်မှ ရန်ကုန်
စတော့အိတ်ချိန်းတွင် ပါဝင်နိုင်ရန် နိုဝင်ဘာလကုန်တွင် ရန်ကုန်စတော့
အိတ်ချိန်းကော်မတီသို့ မှတ်ပုံတင် သွားမည်ဖြစ်ကြောင်း အဆိုပါဘဏ် မှ သိရသည်။
''မှတ်ပုံတင်ဖို့အတွက် ကြိုးစား နေပါတယ်။ အစုရှယ်ယာရှင်တွေရဲ့ သဘောထား
အတည်ပြုချက်ကိုရ ယူတာပါ။ မှတ်ပုံတင်နိုင်ဖို့အ တွက် ကော်မတီနဲ့လည်း
နေ့စဉ်မပျက်ချိတ် ဆက်နေပါတယ်။ သူတို့သတ် မှတ်ထား တဲ့လိုအပ်ချက်တွေ
ရရှိနိုင်အောင်လည်းကြိုးစားနေ တယ်''ဟု မြန်မာနိုင်ငံသားများ ဘဏ်လီမိတက်အုပ်
ချုပ်မှုဒါရိုက်တာ ဦးမြင့်ဝင်းကပြောသည်။