Pages
(Move to ...)
▼
29.1.16
ပထမအကြိမ် လွှတ်တော်များ အောင်မြင်စွာပြီးဆုံးကြောင်း အခမ်းအနားပြုလုပ်
ပထမအကြိမ် လွှတ်တော်များ အောင်မြင်စွာပြီးဆုံးကြောင်း အခမ်း အနားကို ယနေ့ နေ့လည် ၁၂ နာရီက နေပြည်တော်
လွှတ်တော်ဝန်း အတွင်းရှိ ထမင်းစား ခန်းမဆောင်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
တရုတ်ခရီးသည်များကို မလေးရှားက ဗီဇာကင်းလွတ်ခွင့်ပေးမည်
မလေးရှားနိုင်ငံက တရုတ်ခရီး သည်များကို မတ်လမှစ၍ ယခုနှစ် ကုန်အထိ ဗီဇာကင်းလွတ်ခွင့်ပေး သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပြောကြားလိုက် သည်။
28.1.16
ရန်ကုန်ရှိ ရှစ်ထပ်ခွဲနှင့်အထက် အထပ်မြင့်များကို ယခုအချိန်ထိ စည်ပင်ရေ မပေးနိုင်သေး
ရန်ကုန်မြို့ရှိ ရှစ်ထပ်ခွဲနှင့်အထက် အထပ်မြင့်အ ဆောက်အအုံများအား ရေမပေးဝေ နိုင်သေးကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ သိရသည်။
ရှစ်ထပ်ခွဲနှင့်အထက် လူနေထိုင် လျက်ရှိသော အထပ်မြင့်အဆောက် အအုံများနှင့် လက်ရှိဆောက်လုပ်ဆဲ များကိုပါ ယခုအချိန်အထိ ရေမပေးဝေ နိုင်သေးသော်လည်း ရန်ကုန်မြို့တော် ရေပေးဝေရေးစီမံကိန်းများပြီးစီးသွား ပါက ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကုက္ကိုင်းခုံးကျော်တံတား ဖေဖော်ဝါရီ ၁၀ ရက်ဖွင့်မယ်
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာ့အေးဘုရားလမ်းပေါ်ရှိ
ကုက္ကိုင်းလမ်းဆုံမှာ တည်ဆောက်လျက်ရှိတဲ့ ကုက္ကိုင်းခုံးကျော်
တံတားကို လာမည့် ဖေဖော်ဝါရီ ၁၀ ရက်မှာ ဖွင့်လှစ်သွားမယ်လို့
တံတားစီမံကိန်းမှ တာဝန်ရှိသူတွေက ပြောပါတယ်။
27.1.16
မင်္ဂလာဒုံ အိမ်အဖျက်ခံရသူများကို NLD အားပေး နှစ်သိမ့်
မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန် ဧရိယာအတွင်း ကျူးကျော်ဝင်ရောက် နေထိုင်သည်ဟုဆိုကာ ဇန်န၀ါရီလ ၂၆ ရက်နေ့က ရဲလုံခြုံရေးနှင့် အ ရပ်ဝတ်လူများက အိမ်ခြေပေါင်း ၅၀၀ ကျော် ဖျက်ဆီးခဲ့ပြီးနောက် လတ်တလော စားဝတ်နေရေး ဒုက္ခရောက်နေသည့် မိသားစုဝင်ပေါင်း ၁၀၀၀ ခန့်ကို မင်္ဂလာဒုံမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင် အစားအသောက်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
သမ္မတတာဝန်လွှဲပြောင်းမည့် အစီအစဉ် လျာထားချက် အစိုးရက ဒီချုပ်ကိုရှင်းပြ
နိုင်ငံတော်အကြီး အကဲတာဝန်နှင့် အစိုးရတာဝန်လွှဲ ပြောင်းရေးအတွက် အစိုးရကိုယ် စားလှယ်အဖွဲ့နှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD) အသွင် ကူးပြောင်းရေးကော်မတီတို့ ဇန်န ဝါရီ ၂၆ ရက်တွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။
21.1.16
လားရှိုး-မူဆယ်လမ်းတွင် ကားသေးများ ဖြတ်သန်းခ ကြိုတင်ငွေဖြည့်ကတ် စနစ် ဇွန်လကုန်တွင် စတင်မည်
မန္တလေး- လာရှိုး- မူဆ
ယ်လမ်း တစ်လျှောက် ကားသေးများ ဖြတ်သန်းခအား
ကြိုတင်ငွေဖြည့်ကတ်ဖြင့် ပေးချေသည့်စနစ်ကို ၂၀၁၆ ခုနှစ် ဇွန်လကုန်တွင်
စတင်သွားမည်ဖြစ်ကြောင်း အဆိုပါ စနစ်အသုံးပြုနိုင်ရေး တာဝန်ယူ
လုပ်ဆောင်နေသည့် Oriental Highway Company Limited မှ သိရှိရသည်။
ဖားကန့်ရောက်နေသော ယာဉ်နှင့်စက်ယန္တရားကြီးများကို ကညနက မှတ်ပုံတင်ပြုလုပ်ပေးမည်ဟုဆို
ကချင်ပြည်နယ် ဖားကန့်သို့ ရောက်ရှိနေသည့် ယာဉ်များအပါအ ဝင် ယန္တရားများအား ကညနမှမှတ်ပုံ တင်ခြင်းကိုခွင့်ပြုဆောင်ရွက်ပေးတော့ မည်ဖြစ်ကြောင်း နေပြည်တော် ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။
အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ရမ်ဆာရေတိမ်ဒေသအဖြစ် အတည်ပြု
မြန်မာနိုင်ငံ၏ ဒုတိယ မြောက်ရမ်ဆာရေတိမ်ဒေသအ ဖြစ် ကချင်ပြည်နယ်ရှိ အင်းတော် ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောကို အတည်ပြုသတ်မှတ် ကြောင်း သတင်းရရှိသည်။
အင်းတော်ကြီးတောရိုင်းတိ ရိစ္ဆာန်ဘေးမဲ့တောကို ရမ်ဆာရေ တိမ်ဒေသအဖြစ်အတည်ပြုသတ် မှတ်နိုင်ရန် သဘာဝပတ်ဝန်းကျင် နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်း ရေးဌာနနှင့် နိုင်ငံတကာတိရစ္ဆာန် နှင့်အပင်များအဖွဲ့(FFI)တို့ ပူး ပေါင်းကာ သုံးနှစ်ခန့်ကွင်းဆင်း လေ့လာမှုများပြုလုပ်ခဲ့ရကြောင်းသဘာ၀၀န်းကျင်နှင့် သားငှက်တိ ရစ္ဆာန်ထိန်းသိမ်းရေးဌာန လက် ထောက်ညွှန်ကြားရေးမှူးဒေါက် တာနိုင်ဇော်ထွန်းကပြောသည်။
တာဝန်ပြီးဆုံးပြီးနောက် ပါတီနိုင်ငံရေး ဆက်လုပ်၊ မလုပ် သမ္မတဦးသိန်းစိန် မဆုံးဖြတ်ရသေး
သမ္မတဦးသိန်းစိန် အနေဖြင့် သမ္မတသက်တမ်းတာ ဝန်ပြီးဆုံးချိန်တွင် ပါတီနိုင်ငံရေး ဆက်လက်လုပ်ဆောင်ရန် မဆုံး ဖြတ်ရသေးကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းက ပြောသည်။
20.1.16
အင်းစိန်(GTI)ကျောင်းဝင်းအတွင်းရှိလုပ်ငန်းများ ဖယ်ရှားရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ညှိနှိုင်းမည်
အင်းစိန်(G T I) အစိုးရစက်မှု၊လက်မှု သိပ္ပံ ကျောင်းဝင်းအတွင်းရှိ ပြင်ပလုပ်ငန်းများလုပ်ငန်းများကို ဖယ်ရှားရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိုနှိုင်း သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်းအောင်က ပြောကြားခဲ့သည်။
19.1.16
အီရန်အပေါ် ပိတ်ဆို့မှုများ ပယ်ဖျက်လိုက်ပြီးနောက် အာရှတွင် ရေနံတစ်စည် ဈေးနှုန်းမှာ ၂၈ ဒေါ်လာအောက်သို့ ကျဆင်း
ဈေးကွက်ထဲသို့ အီရန်ရေနံများ ပြန်ဝင်တော့မည်ဖြစ်ရာ ရေနံများ အလျှံပယ် ပိုမို ဖြစ်လာမည့် အရေးကို စိုးရိမ်မှုများကြောင့် အာရှ၌ ဘဲရင့် ရေနံအညွှန်းကိန်းသည် ၁၂ နှစ်ကျော်အတွင်း ပထမဆုံးအဖြစ် ရေနံတစ် စည်လျှင် ၂၈ ဒေါ်လာအောက်သို့ ကျဆင်းသွားခဲ့သည်။
ငွေဆောင်ကမ်းခြေတွင် လင်းပိုင်ငယ်လေး တစ်ကောင် ကမ်းတင်မှုဖြစ်ပွား
ငွေဆောင်ကမ်းခြေ BOB ဟိုတယ်ရှေ့တွင် ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် လင်းပိုင်ငယ်လေးတစ်ကောင် ကမ်းတင်မှုတစ်ခုဖြစ်ခဲ့ပြီး ကမ်းခြေတာဝန်ရှိသူများနှင့် ခရီးသွားအပန်းဖြေသူများမှ ပင်လယ်အတွင်းသို့ ပြန်လည်တွန်းချ ပို့ဆောင်ပေးခဲ့ရကြောင်း သတင်းရရှိသည်။
တပ်ကို ဝေဖန်သည့် ဒီချုပ်ကိုယ်စားလှယ်ဆွေးနွေးမှု တပ်ကိုယ်စားလှယ်များက ကန့်ကွက်သဖြင့် ဆွေးနွေးချက် ပယ်ဖျက်
တပ်ကို ဝေဖန် ဆွေးနွေးခဲ့သည့် ဒီချုပ်မှ လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ အောင်မိုးညို၏ ဆွေးနွေးချက်များ ကို တပ်မတော်သားကိုယ်စား လှယ်အစုအဖွဲ့က ကန့်ကွက်သ ဖြင့် ယင်းဆွေးနွေးချက်များကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက် ခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်ရန် ပြည်တွင်းပြည်ပကုမ္ပဏီ ၁၆ ခု လျှောက်ထား
ရန်ကုန် ဘူတာကြီးကို အဆင့်မြှင့်တင်ရေးဆောင်ရွက်ရန်အတွက် တင်ဒါလျှောက် ထားမှုကို ပြည်တွင်းပြည်ပကုမ္ပဏီ ၁၆ ခုလျှောက်ထားကြောင်း မြန်မာ့ မီးရထားလုပ်ငန်းမှသိရသည်။
ယင်းကဲ့သို့ တင်ဒါလျှောက်ထား သည့် ပြည်တွင်းပြည်ပကုမ္ပဏီ ၁၆ ခုတွင် စင်ကာပူနိုင်ငံနှင့် တရုတ်နိုင် ငံတို့မှ ကုမ္ပဏီအများဆုံးပါဝင်လျက်ရှိကြောင်းသိရသည်။
18.1.16
ရန်ကုန်တိုင်းဒေသကြီးတွင် မီးသင်္ဂြိုဟ်ရမည့်သုသာန်နယ်မြေများကို ဖေဖော် ဝါရီလမှ စတင်ကာ သက်ဆိုင်ရာမြို့နယ်များအလိုက် ပြောင်းလဲ သတ်မှတ်တော့မည်
ရွှေပြည် သာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင်ရှိသည့် ကျုချောင်နှင့်ကျီစုသုသာန်တို့ ကို အဆင့်မြှင့်တင်မှုများပြီးစီးခဲ့ပြီဖြစ် သဖြင့် မီးသင်္ဂြိုဟ်မည့်သုသာန်နယ်မြေ များကို ဖေဖော်ဝါရီလ၁ရက်မှစတင် ကာ သက်ဆိုင်ရာမြို့နယ်များအလိုက် ပြောင်းလဲ သတ်မှတ်သွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်စ
ည်ပင်သာ ယာရေးကော်မတီပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းမှုဌာနမှသိရသည်။
မလေးရှားဗီဇာကြေး အစိုးရချင်းညှိနှိုင်းနေ အေဂျင်စီများ ဆန္ဒပြမည့် အစီအစဉ်ရပ်ဆိုင်း
မလေးရှားဗီဇာကြေးတိုးမြှင့်လိုက်ခြင်းကြောင့် ယနေ့ (ဇန်န၀ါရီ ၁၈ ရက်) တွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ စုပေါင်းဆန္ဒပြရန် စီစဉ်ထားသော်လည်း နှစ်နိုင်ငံဝန်ကြီးဌာနချင်း ညှိနှိုင်းနေ သောကြောင့် လေးရက်ကြာဆန္ဒပြရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွင် အရိပ်အယောင်ကောင်းများ မြင်တွေ့နေရ
ယခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက် နိုင်ဖွယ်ရှိသည့် ကမ္ဘာ လှည့်ခရီးသွားအရေအတွက်မြင့် တက် လာခြင်းကြောင့် ၂၀၁၆ ခုနှစ် တွင် မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီး သွားလုပ် ငန်း၌ ကောင်း မွန်သည့်အ လားအလာ များမြင်တွေ့နေရကြောင်း Xinhua သတင်း၌ဖော်ပြသည်။
13.1.16
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃ ဘီလီယံ လိုငွေပြ
ဘဏ္ဍာရေး ၀န်ကြီးဌာနက တင်သွင်းလာသည့် ဘဏ္ဍငွေ သုံးစွဲမှု အဆိုပြုလွှာတခုတွင် အစိုးရ၏ လိုငွေပြမှု ထပ်မံ မြင့်တက် လာရန်ရှိကြောင်း ခန့်မှန်းထားသဖြင့် မတ်လကုန်တွင် စတင်တာဝန်ယူမည့် အစိုးရသစ်အနေဖြင့် ပြည်သူ့အတွက် ငွေကြေး သုံးစွဲမှုကို အလုံးစုံပြင်ဆင်ရေးပြုလုပ် သည့် အခါတွင် ကြီးမားသော စိန်ခေါ်မှုတခုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု လေ့လာ စောင့်ကြည့်သူများက ပြောသည်။
ထိုင်းဖွဲ့စည်းပုံ ဥပဒေသစ်က မီဒီယာဆင်ဆာဖြတ်ပိုင်ခွင့်ကို အစိုးရထံ ပို၍ အာဏာပေးထား
ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖြင့် အစိုးရထံတွင် မီဒီယာများအပေါ် ဆင်ဆာတင်းကြပ်ပိုင်ခွင့် အာဏာ ပိုမိုရှိထားရန် ဖွဲ့စည်းပုံရေးဆွဲရေးကော်မတီ CDC က စီစဉ်ရေးဆွဲလျက်ရှိနေသည်။
ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်တော့မည် ဆိုသည့်စကားကြောင့် B-52 မဟာဗျူဟာဗုံးကြဲလေယာဉ် ဖြင့် အင်အားပြခဲ့သည့် အမေရိကန်
ဒီဇင်ဘာ ၆ ရက်တွင် မြောက်ကိုရီးယား ၏ ဟိုက်ဒရိုဂျင်ဗုံး အောင်မြင်စွာ စမ်းသပ်အပြီး တောင်ကိုရီးယား သည် နယ်စပ်မှ စပီကာများဖြင့် ဝါဒဖြန့်မှုကို ပြန်လည်စတင် ခဲ့သည်။ ထို့နောက် မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် က တောင်ကိုရီးယား တို့၏ လုပ်ရပ်ကြောင့် ကိုရီးယား ကျွန်းဆွယ်တွင် စစ်ပွဲနောက်တစ်ခု မကြာမီ ဖြစ်ပွားနိုင်ကြောင်း ပြောကြား လိုက်သည်ဟု သိရသည်။
11.1.16
အစိုးရသက်တမ်း ကုန်ခါနီးတွင် ပုဂ္ဂလိကဘဏ် အသစ်များ ဆက်တိုက်ခွင့်ပြု
လက်ရှိ အစိုးရသက် တမ်းကုန်ဆုံးခါနီးတွင် စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖွင့်လှစ်သော ပုဂ္ဂလိကဘဏ်များအား ဆက် တိုက် ခွင့်ပြုပေးနေကြောင်း သတင်းရရှိသည်။ရွှေသံလွင်ကုမ္ပဏီက တည် ထောင်ဖွင့်လှစ်သော ရွှေဘဏ်ကို ဇန်နဝါရီ ၁၁ ရက်တွင် ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်၌ စတင်ဖွင့်သည်။
CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး အမည်ပေါက်ဖြင့် လုပ်ပိုင်ခွင့် ရယူထားသည့် တောင်ငူမြို့နယ် နဂါးမောက် ကျေးရွာအုပ်စုမှ စိုက်ပျိုးမြေများအား ပြန်လည်စွန့်လွှတ်ရန် လုပ်ဆောင်နေပြီး လယ်သမားပါတီ ကြားဝင်ဆောင်ရွက်နေပါက လက်ခံမည် မဟုတ်ကြောင်း ဒေသခံများ ပြောကြား
ကောင်းမြန်မာအောင် ကုမ္ပဏီမှ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး အမည်ပေါက်ဖြင့် လုပ်ပိုင်ခွင့် ရယူထားသည့် တောင်ငူမြို့နယ် နဂါးမောက် ကျေးရွာအုပ်စု စိုက်ပျိုးမြေများကို ပြန်လည် စွန့်လွှတ်ပေးရန် လုပ်ဆောင်နေသည်ဟု သိရပြီး လယ်သမားပါတီက ကြားဝင်ဆောင်ရွက်နေပါက လက်ခံမည် မဟုတ်ကြောင်း ဒေသခံများက ပြောကြားသည်။
ကမ္ဘောဇဘဏ် ၄ နှစ် ဆက်တိုက် အခွန် အများဆုံးဆောင်ထားဟု ဆို
ပြည်တွင်းဘဏ်လုပ်ငန်းတခုဖြစ်သည့် ကမ္ဘောဇဘဏ်(KBZ) ဘဏ်အနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် အခွန်ထမ်းဆောင်မှုတွင် အများဆုံး ဖြစ်သည်ကို ဖြစ်ကြောင်းနှင့် ၄ နှစ် ဆက်တိုက် အခွန်အများဆုံး ထမ်းဆောင်သူအဖြစ် ရပ်တည်လျက် ရှိကြောင်း ယင်းဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ဧရာဝတီသို့ ပြောသည်။
8.1.16
မျက်နှာ အတွက် သခွါးသီးနဲ့ အခြားသော သဘာဝကုထုံးများ
မျက်နှာ အညိုအမည်းစက်တွေနဲ့ ဝက်ခြံအမာရွတ်၊ အချိုင့်အခွက် အပါအဝင် အရေးပြားရဲ့ အောက်ဆုံးလွှာဖြစ်တဲ့ dermis ဆိုတဲ့ တစ်သျှူးစပျက်စီးမှုတွေကို သဘာဝပစ္စည်းနဲ့ ပြန်လည် ပြုပြင်မယ်ဆို သခွားသီး ကုထုံးကိုပဲ လှပျိုဖြူတို့ ရွေးချယ်လိုက်ပါ။
ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ရဖို့ နေ့စဉ် စားသင့်တဲ့ အစားအစာ (၅) မျိုး
ကျန်းမာသန်စွမ်းပြီး ကျစ်လျစ်တဲ့ ခန္ဓာကိုယ်နဲ့ ကြည်လင်တဲ့ အသားအရေရဖို့က လူတိုင်းရဲ့ အိပ်မက်ဖြစ်ပါတယ်။ အဲဒီလိုဖြစ်ဖို့အတွက် အောက်ပါ အစားအစာ (၅) မျိုးကို နေ့တိုင်းစားဖို့ လိုတယ်လို့ ပညာရှင်များက အကြံပြုထားပါတယ်။
ပုဂံဒေသတွင် အကြည်ညိုပျက်စေမည့် ဓာတ်ပုံရိုက်မှုများ အရေးယူမှုမရှိသေး
ပုဂံ, နိုင်ငံခြားသားခရီးသွားဧည့်သည်, ဓာတ်ပုံ, ဧည့်လမ်းညွန်, ယဉ်ကျေးမှုဝန်ကြီးဌာန
ပုဂံဒေသသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားများတွင် အချို့ဧည့်သည်များက ဘုရားဆင်းတုတော် ပေါ်တွင် အကြည်ညိုပျက်စေသည့် အပြုအမူများဖြင့် ဓာတ်ပုံရိုက်ကြသည်ကို တွေ့မြင်ရသည်။
7.1.16
နွေရာသီတွင် လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး လိုအပ်သည့် လျှပ်စစ်ဓာတ်အားများအတွက် အမေရိကန်နှင့် စင်ကာပူ ကုမ္ပဏီတို့ထံမှ ဂက်စ်အင်ဂျင်များ ငှားရမ်းပြီး ဖြည့်ဆည်းပေးသွားမည်ဟု ဆို
နွေရာသီတွင် လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး လိုအပ်သည့် လျှပ်စစ်ဓာတ်အားများအတွက် အမေရိကန်နှင့် စင်ကာပူကုမ္ပဏီတို့ထံမှ ဂက်စ်အင်ဂျင်များ ငှားရမ်းပြီး ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး အမြဲတမ်း အတွင်းဝန် ဦးထိန်လွင်က ပြောကြားသည်။
NLD အစိုးရသစ် တိုင်းရင်းသားအရေး ဖြေရှင်းနိုင်မလား
၂၀၁၆ အစိုးရသစ်တက်လာရင် ဖြေရှင်းရမယ့် အဓိကပြဿနာကြီးတခုဟာ တိုင်းရင်းသားလူနည်းစုများနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးပဲ ဖြစ်ပါတယ်။ တည်ဆဲ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ တက်လာမယ့် အစိုးရသစ်ဟာ သီးခြားလွတ်လပ် အာဏာတည်ရှိခွင့်ရနေမြဲဖြစ်တဲ့ တပ်မတော်အပေါ် ဩဇာညောင်းမှုအားနည်းနေ သေးတာမှန်ပါတယ်။
ငြိမ်းချမ်းရေး ညီလာခံတွင် တိုင်းရင်းသားဒေသများ ပဋိပက္ခ လျှော့ချရေး ဆွေးနွေးမည်
ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တိုင်းရင်းသားဒေသများအတွင်း ပဋိပက္ခများ လျှော့ချရေးနှင့် ထိန်းသိမ်းရေး ကို ဦးတည်ချက်ထား၍ ဆွေးနွေးသွားမည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)က ပြောသည်။
6.1.16
မြန်မာ့ကမ်းလွန်ရေနက်ပိုင်းသမိုင်းတွင် အကြီးဆုံးနှင့် ကမ္ဘာ့အဆင့်ကြီးမားသည့်ဓာတ်ငွေ့သိုက်ဖြစ်လာနိုင်သည့် ရွှေရည်ထွန်း တွင်းအမှတ် (၁) သဘာဝဓာတ်ငွေ့လုပ်ကွက်ကိုMPRL E&P က ရာခိုင်နှုန်း ၂၀၊
မြန်မာ့ကမ်းလွန် ရေနက်ပိုင်းသမိုင်းတွင် အကြီးဆုံး ရှာဖွေတွေ့ရှိမှုနှင့် ကမ္ဘာ့အဆင့် ကြီးမားသည့် ဓာတ်ငွေ့သိုက် ဖြစ်လာနိုင်သည့် ရွှေရည်ထွန်း တွင်းအမှတ်(၁) သဘာဝဓာတ်ငွေ့ လုပ်ကွက်ကို MPRL E&Pက ရာခိုင်နှုန်း ၂၀၊ Woodside က ရာခိုင်နှုန်း ၄၀နှင့် Total E&P က ရာခိုင်နှုန်း ၄၀ ဖြင့် အကျိုးတူ လုပ်ကိုင်နေကြောင်း MPRL E&P က သတင်း ထုတ်ပြန်လိုက်သည်။
ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်နှင့် နိုင်ငံပိုင်ပစ္စည်းများ စီမံခန့်ခွဲရေးကော်မတီမှ ရောင်းချခဲ့သည့် နိုင်ငံပိုင်ပစ္စည်းများ ထုခွဲရောင်းချရာတွင် ကြွေးကျန်အဖြစ် ကျပ် ၅၃၂၃ ဒသမ ၃၄၁ သန်း ကျန်ရှိနေကြောင်း အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာ၌
ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်နှင့် နိုင်ငံပိုင်ပစ္စည်းများ စီမံခန့်ခွဲရေးကော်မတီမှ ရောင်းချခဲ့သည့် နိုင်ငံပိုင်ပစ္စည်းများ ထုခွဲရောင်းချမှုအပေါ်တွင် ကြွေကျန်များအဖြစ် ကျပ် ၅၃၂၃ ဒသမ ၃၄၁ သန်း ကျန်ရှိနေ ကြောင်း အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
နိုင်ငံရေးဆွေးနွေးပွဲများကို ရွှေ့ဆိုင်းထားရန် အရပ်ဘက်အဖွဲ့အစည်း တစ်ရာကျော် တောင်းဆို
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းအားလုံးနှင့် အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်မဖော်နိုင်သေးချိန်တွင် နိုင်ငံရေးဆွေးနွေးပွဲများကို မပြုလုပ်သေးဘဲ အချိန်ရွှေ့ဆိုင်းထားသင့်ကြောင်း အရပ်ဘက်လူမှုအဖွဲ့စည်းတစ်ရာကျော်က ဇန်နဝါရီ၅ရက်တွက် သဘောထားထုတ်ပြန်တောင်းဆိုလိုက်သည်။
ယခင် ကားတင်သွင်းမှု မူဝါဒ အတိုင်း ၂၀၁၆ ခု နှစ် ကုန်ထိ တင်သွင်းခွင့်ပြုရန် သမ္မတထံ စီးပွား/ကူးသန်းတင်ပြမည်
ယခင် ၂၀၁၅ ခုနှစ်တွင် ကျင့်သုံးခဲ့သော ကားတင်သွင်းမှုမူဝါဒအတိုင်း ကားတင်သွင်းခွင့် ခွင့်ပြုရန် နိုင်ငံတော်သမ္မတထံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တင်ပြသွားမည်ဖြစ်ကြောင်း ကားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရေး နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ကိုအခြေခံပြီး အသေးစိတ်မူရေးဆွဲမှု စတင်ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးနှင့် စီးပွားရေးကိစ္စ၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွင် ချမှတ်ထားသည့်အဓိကအချက်များကို ထပ်မံဆွေးနွေးမည်
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပရေးအ တွက် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ကိုအခြေခံပြီး အသေးစိတ်မူရေးဆွဲ ရေး အစည်းအဝေးကို စတင်ကျင်းပ နေပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မောင်းသူမဲ့လေယာဉ်များ အသုံးပြုခြင်းနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများထုတ်ပြန်ပြီးပါက ခုနစ်ကီလိုမီတာနှင့် အထက် ဒရုန်းများအတွက် ပျံသန်းအသုံးပြုခွင့်လျှောက်ထားရမည်
မြန်မာနိုင်ငံ တွင် မောင်းသူမဲ့ လေယာဉ်၊ ရဟတ် ယာဉ်(ဒရုန်း)များကို အသုံးပြုခြင်း နှင့်ပတ်သက်၍ လိုအပ်သည့်လုပ်ထုံး လုပ်နည်းများထုတ်ပြန်ပြီးပါက ခုနစ် ကီလိုမီတာနှင့်အထက် ဒရုန်းများကို ပျံသန်း အသုံးပြုခွင့်လျှောက်ထားရ မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန လေယာဉ်စက်မှု ဌာနခွဲမှ သိရသည်။
ထိုင်းရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရ
တက်ကြွလှုပ်ရှားသည့် ဟက်ကာများသည် တနင်္လာနေ့ညက တရားမျှတမှုကို တောင်းဆိုမှုနှင့်အတူ ထိုင်းနိုင်ငံ၏ မြို့ပြ ရဲဝက်ဘ်ဆိုက်များ အပါအဝင် ရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက် ၄ ခုကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
5.1.16
ဓာတ်ငွေ့သိုက်ကြီးတစ်ခု ထပ်မံ ရှာဖွေတွေ့ရှိ
ငွေဆောင်ကမ်းခြေမှ မိုင် ၃၀အကွာ ကမ်းလွန်ပင်လယ် ပြင်ရှိ A-6ကမ်းလွန်လုပ်ကွက်ရွှေ ရည်ထွန်းတွင်းအမှတ်(၁)တွင် သ ဘာဝဓာတ်ငွေ့သိုက်ရှာဖွေတွေ့ ရှိထားကြောင်း MPRL E&Pရေနံ ကုမ္ပဏီက သတင်းထုတ်ပြန် သည်။
အီရန်နှင့် သံတမန်ဆက်ဆံရေးကို ဆော်ဒီဖြတ်တောက်
ရှီးယိုက် ဘာသာရေး ခေါင်းဆောင် နီမာ အယ်လ်နီမာ အား ဇန်နဝါရီ ၂ ရက်တွင် ကွပ်မျက်ခဲ့မှုကို အီရန်နိုင်ငံက ကန့်ကွက်ခဲ့ ပြီးနောက် ဆော်ဒီအာရေဗျ အစိုးရသည် အီရန်နှင့် သံတမန် ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု သိရသည်။
1.1.16
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် နိုင်ငံရေး၊ လုံခြုံရေး၊ လွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည်များကိုသာ ဆွေးနွေးသင့်ပြီး စီးပွားရေးကိစ္စမှာ ဆွေးနွေးရန် မလိုအပ်ဟု NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန် ပြောကြား
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် နိုင်ငံရေး၊ လုံခြုံရေး၊ လွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်သည်များကိုသာ ဆွေးနွေးသင့်ပြီး စီးပွားရေးကိစ္စမှာ ဆွေးနွေးရန် မလိုအပ်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
‹
›
Home
View web version