
ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ရွာငံဒေသကို ခရီးစဉ်ဒေသ သစ် (Tour Site)တစ်ခုအဖြစ်ဖော်ထုတ်ရန်
ရွာငံဒေသကို ခရီးစဉ်ဒေသ သစ်တစ်ခုအဖြစ် ဖော်ဆောင်မည့် အထဲတွင် နှစ်ပေါင်း ၁၃၀၀၀ ကျော် ကျောက်နံရံပန်းချီများ တည်ရှိ သည့် ပြဒါးလင်းဂူယဉ်ကျေးမှုဇုန် နှင့် အ ခြားသော ယဉ်ကျေးမှုအမွေ အနှစ် နေရာအချို့ပါရှိနေသဖြင့် ၎င်း ခရီး စဉ်သစ်ဖော်ဆောင်ခြင်းကို သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန နှင့် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနတို့ ဆွေးနွေး ညှိနှိုင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။
" ပြဒါးလင်းဂူမှာ တကယ့်တန် ဖိုးမဖြတ်နိုင်တဲ့ကျောက်နံရ
ရွာငံဒေသတွင် ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ စိတ်ဝင်စား မှုရှိသော အဆိုပါကျောက်ခေတ်နံရံ ဆေးရေးပန်းချီများ တည်ရှိသည့် ပြဒါးလင်း ဂူယဉ်ကျေးမှုဇုန်နှင့် ကမ်း ပါးနီကျောက်နံရံဆေးရေးပန်းခ
အဆိုပါဒေသကို ခရီးစဉ်အ သစ်တစ်ခုအဖြစ် ဖော်ထုတ်နိုင်ရန် အတွက် လုပ်ဆောင်လျက်ရှိပြီး ယခုနှစ်ပွင့်လင်းရာသီတွင် ခရီးသွား ကုမ္ပဏီအချို့ကို ပဏာမစမ်းသပ် သဘောသာပြေးဆွဲခိုင်း၍ လာမည့် နှစ်ပွင့်လင်းရာသီ အချိန်မှသာ ပြီး ပြည့်စုံမှုရှိသည့် ခရီးစဉ်ဒေသအဖြစ် ခရီးသွားကုမ္ပဏီများ အားလုံးနှင့် ဆွေးနွေးမှုများပြုလုပ်၍ ခရီးစဉ် ပြေးဆွဲနိုင်ရန်လုပ်ဆောင် မည် ဖြစ် ကြောင်း သိရသည်။
ရွာငံဒေသအား ခရီးစဉ်ဒေသ သစ်တစ်ခုအဖြစ် အကောင် အထည် ဖော်ဆောင်နိုင် ပါက ဒေသခံတိုင်း ရင်းသားပြည်သူများ၏ စီးပွားရေး၊ လူမှုဘ၀အခြေအနေများလည်း တိုး တက်ပြောင်းလဲလာနိုင် သည့် အပြင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ် များကိုလည်း ကမ္ဘာမှသိရှိနိုင်မည် ဖြစ်ကြောင်း၊ ကမ္ဘာလှည့်ခရီးသွား ဧည့်သည် ၀င်ရောက်မှုများပြားလာ သည်နှင့်အညီ ၎င်းင်းတို့အတွက် အဆင် ပြေစွာ တည်း ခိုနေထိုင်နိုင်ပြီး ၀န် ဆောင်မှုကောင်းသော အဆင့်မီ ဟိုတယ်နှင့် တည်းခိုခန်းများကိုလည်း အကောင်အထည် ဖော်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။
Credit To >>> Democracy Today
No comments:
Post a Comment