Pages

28.4.16

နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ တိုက်လေယာဉ်သုံးစီး တင်ပို့ရန် ရုရှားစီစဉ်

မြန်မာနိုင်ငံက မှာယူထား သည့် တိုက်လေယာဉ်သစ် သုံးစီးကို ယခု နှစ်ကုန်တွင် ရုရှားက တင်ပို့နိုင်ဖွယ်ရှိနေကြောင်း The Diplomat သတင်း ဌာနက ဖော်ပြသည်။

ယခုနှစ် အစောပိုင်းတွင် ရုရှားလေကြောင်း စက်မှုကုမ္ပဏီကြီး Irkut က တိုက်ခိုက်ရေးနှင့် လေ့ကျင့်ရေးသုံး Yakolev Yak-130 (Mitten) တိုက်လေယာဉ် များနှင့် အပိုပစ္စည်းများကို ယခုနှစ် အတွင်း မြန်မာနိုင်ငံသို့  တင်ပို့ နိုင်မည်ဟု ကြေညာခဲ့ဖူးသည်။
ထို့အပြင် သရုပ်တူ အထူး တိုက်ခိုက်ရေး လေ့ကျင့်မှု စနစ် ကိုလည်း ၂၀၁၇ နှစ်ကုန်ပိုင်းတွင် တင်ပို့နိုင်ရန် ရည်ရွယ်ထားသည်။
ထိုစဉ်က တစ်စီးလျှင် ဒေါ် လာ ၁၅ သန်းခန့်မျှ တန်ဖိုးရှိသည့် တိုက်လေယာဉ်များ တင်ပို့ရောင်း ချမှုနှင့်ပတ်သက်၍ သီးခြားသ တင်းအချက်အလက်များ မထုတ် ပြန်ခဲ့ချေ။
ယခုအခါ Irkut နှင့် နီးစပ်သူ တစ်ဦးက ရုရှားအခြေစိုက် Kom-mersant သတင်းဌာနသို့ တိုက် လေယာဉ်များ လွှဲပြောင်းမည့် ကာလသည် ယခုနှစ်ကုန်ပိုင်းတွင် ဖြစ်လိမ့်မည်ဟု အတည်ပြု ပြော ကြားခဲ့သည်။
‘‘မြန်မာနိုင်ငံကို ဒီနှစ်ကုန် ပိုင်းမှာ တိုက်လေယာဉ်သုံးစီး လွှဲ ပေးမှာ ဖြစ်ပါတယ်’’ ဟု ၎င်းက ဆိုသည်။
ရုရှားလုပ် Yak-130 နှစ် ယောက်စီး တိုက်လေယာဉ်များ သည် အသံ၏ မြန်နှုန်းနီးပါး ပျံ သန်းနိုင်သည်။ ၁၉၉၀ ပြည့်လွန် နှစ်များမှ စတင်ကာ ယင်းလေ ယာဉ်များကို အဆင့်မြှင့် မွမ်းမံ တည်ဆောက်လာပြီး ယခုတိုက် လေယာဉ်များသည် Yak-130 မျိုးဆက်သစ်များ ဖြစ်ကြသည်။
Yak-130၏ ပထမဆုံး Prototype အဆင့်ကို ၂၀၀၀ ပြည့်လွန်နှစ်များ၌ အောင်မြင်စွာ စတင်ပျံသန်းနိုင်ခဲ့သည်။
Yak-130 ကို အမောင်းသင် လေယာဉ်အဖြစ် အဓိက အသုံးပြု ရန် ရည်ရွယ်သော်လည်း စစ်ဆင် ရေးများတွင်ပါ လက်တွေ့ပါဝင် ဆင်နွှဲ တိုက်ခိုက်နိုင်စွမ်းရှိသည်။
လေယာဉ်၏ တောင်ပံ ကြံ့ ခိုင်မှုပိုင်း အထူးတည်ဆောက်ပုံ ကြောင့် ဝေဟင်ပစ် ဒုံးကျည်များ၊ မြေပြင်ပစ် ဒုံးကျည်များ၊ ဗုံးများ၊ စက်သေနတ်များ၊ ပဲ့ထိန်းဒုံးများ စုစုပေါင်း ကီလိုဂရမ် ၃,၀၀၀ အ လေးချိန်အထိ တင်ဆောင်နိုင်စွမ်း ရှိသည်။
တပ်မတော်လေသည် Yak-130 များ ဝယ်ယူရန် စိတ်ဝင်စားမှု ပြသခဲ့ပြီး သုံးနှစ်အကြာ ၂၀၁၅ ဇွန်လတွင် အမှန်တကယ် ဝယ်ယူ သည့် သဘောတူစာချုပ်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
Yak-130 များကို ရုရှား လေတပ်တွင် အသုံးပြုနေပြီး လက်တင်အမေရိကနှင့် မြောက် အမေရိက နိုင်ငံအချို့ကလည်း ဝယ်ယူရန် စိတ်ဝင်စားနေသည်။
မြန်မာကမူ Yak-130 များ ဝယ်ယူသည့် စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပြီး ယင်းမတိုင်မီက အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ် နှင့် ဘီလာရုစ် လေတပ်များက လည်း မှာယူအသုံးပြုခဲ့သည်။
အဆိုပါ လေယာဉ်များကို ဝယ်ယူရန် အဇာဘိုင်ဂျန်၊ ဆီးရီး ယား၊ ဆာဘီးယားနှင့် ဗီယက်နမ် တို့က စိတ်ဝင်စားကြောင်း သ တင်းများ ထွက်ပေါ်ဖူးသည့်တိုင် လက်တွေ့အရောင်းအဝယ် မဖြစ် မြောက်ခဲ့ချေ။
Credit To >>> 7 Day Daily

No comments:

Post a Comment