Pages

13.5.16

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် သံအမတ်ဟောင်းတစ်ဦးကို ခန့်အပ်သွားဖွယ်ရှိ

အသစ်တိုးချဲ့ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် သံအမတ်ဟောင်းတစ်ဦးကို ခန့်အပ်တာဝန်ပေး သွားဖွယ်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံရုံးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ် တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် လည်းကောင်း၊ အမြဲတမ်းကိုယ်စားလှယ် အဖြစ်လည်းကောင်း နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည့် ဝါရင့် သံတမန်ဟောင်း ဦးကျော်တင့်ဆွေကို ခန့်အပ်တာဝန်ပေးသွားရန် ရည်ရွယ်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန် က ပြောကြားသည်။
ဦးကျော်တင့်ဆွေသည် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ရာထူးတာဝန် အဆင့်ဆင့်ဖြင့် နှစ်ပေါင်း ၃ဝ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဆီယံ အဖွဲ့ကြီး၏ လူ့အခွင့်အရေးဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
နိုင်ငံတော်သမ္မတထံမှပေးပို့သော နိုင်ငံတော်အတိုင်ပင်ခံရုံးအား ဝန်ကြီးဌာနတစ်ခုအဖြစ် တိုးချဲ့ဖွဲ့စည်းရေးကို မေ ၁ဝ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သဘောတူခွင့်ပြုခဲ့ပြီးဖြစ်သည်။ မေ ၁၃ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်က သဘောတူခွင့်ပြုပါက ဦးကျော်တင့်ဆွေသည် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဖြစ်လာမည်ဖြစ်သည်။
Credit To >>> MIO Webportal myanmar

No comments:

Post a Comment