လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ အတွက် ပထမ ရက် ၁၀၀ စီမံကိန်း ဦးစားပေးဆောင်ရွက်ရာတွင် ရေလွှမ်းမိုး ခံရနိုင်သည့် နေရာများ၊ ကျေးရွာများအတွက် ရွှေ့ပြောင်းနေထိုင်နိုင်ရေးနေရာများ ကြိုတင် သတ်မှတ်ထားပြီး သဘာဝဘေး အန္တရာယ်ကို အရေးပေါ် တုံ့ပြန်နိုင်ရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ရေးအပါအဝင် သယ်ယူ ပို့ဆောင်ရေးကိစ္စများကိုပါ အဆင်ပြေစေရေး ဆောင်ရွက်သွားမည် ဖြစ်သည်။
မြေပြိုမှု၊ ဆည်ကျိုးပေါက်မှု၊ မဖြစ်ပေါ်စေရေးအတွက် ရေပိုလွှဲထွက်ပေါက် အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ပြီး မြေပြို ဆည်ကျိုး နိုင်သည့် အလားအလာများ တွေ့ရှိပါက ဘေးသင့်နိုင်သည့် ကျေးရွာများကို ကြိုးမဲ့ဆက်သွယ်ရေး စနစ်နှင့် ကြိုတင် အသိပေး နိုင်ရေးကို သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့် ပေါင်းစပ် ဆောင်ရွက် သွားမည်ဖြစ် ပါသည်။
မြေပြိုမှု၊ ဆည်ကျိုးပေါက်မှု၊ မဖြစ်ပေါ်စေရေးအတွက် ရေပိုလွှဲထွက်ပေါက် အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ပြီး မြေပြို ဆည်ကျိုး နိုင်သည့် အလားအလာများ တွေ့ရှိပါက ဘေးသင့်နိုင်သည့် ကျေးရွာများကို ကြိုးမဲ့ဆက်သွယ်ရေး စနစ်နှင့် ကြိုတင် အသိပေး နိုင်ရေးကို သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့် ပေါင်းစပ် ဆောင်ရွက် သွားမည်ဖြစ် ပါသည်။
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်၏ အကျိုးဆက်အဖြစ် သဘာဝဘေးအန္တရာယ်များအဖြစ် များလာပြီး ရေရှည်အတွက် စီစဉ်ဆောင်ရွက်ရာတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် လည်းပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် ထိရောက်မှု ရှိစေရန် အရေးပေါ် စီမံခန့်ခွဲမှု ဗဟိုဌာန (Emergency Operation Center-EOC) မှာလည်း မရှိမဖြစ်လိုအပ်သဖြင့် (Emergency Operation Center-EOC) ကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သဘာဝဘေးအန္တရာယ်ကြုံတွေ့လာသည့်အခါ၌ ပြည်သူများကိုကူညီပေးနိုင်ရန် Help Line ဖွင့်နိုင်ရန်လည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုလတ်တလောတွင် ၀၆၇-၄၀၄၆၆၆ နှင့် ၀၆၇-၄၀၄၇၇၇ စသည့်နံပါတ်များမှ တစ်ဆင့်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် သက်ဆိုင်သည့် လူမှု ဝန်ထမ်း ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် အကြောင်းအရာ များကိုပြည်သူများအနေဖြင့် ၂၄ နာရီတိုက်ရိုက် သတင်းပေးပို့နိုင်ပါသည်။
စစ်တမ်းများအရ ချင်းပြည်နယ်သည် ဆင်းရဲနွမ်းပါးမှု အများဆုံးပြည်နယ်ဖြစ်သည့် အတွက် လူမှုကာကွယ်စောင့်ရှောက်ရေး ကနဦးစီမံချက်ကိုချင်းပြည်နယ်တွင် စတင် လုပ်ဆောင် သွားမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ်အတွင်းက ပြည်နယ်ဒေသခံများအနေ ဖြင့် သဘာဝဘေးအန္တရာယ်ဒဏ်ကို အကြီးအကျယ်ခံစားခဲ့ကြရသည်။ အကျိုးဆက် အဖြစ်လမ်းပန်းဆက်သွယ်ရေးခက်ခဲများ ရှိခဲ့သည့်အတွက် လူမှုရေးဝန်ဆောင်မှုများ ရရှိရန် ခက်ခဲသည့်အတွက် ကနဦးစီမံချက်ကို ချင်းပြည်နယ်မှာစတင်ပြု လုပ်ရခြင်း ဖြစ်ပါသည်။
ရက် ၁၀၀ အတွင်းထိုအစီအမံများ ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုအား ပိုမိုဘေးကင်း လုံခြုံစေခြင်း၊ လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်ခြင်း၊ သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်ပြီးပျက်စီးဆုံးရှုံးမှု လျှော့ချစေနိုင် ခြင်း၊ ၀န်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုကိုအရည်အသွေးနှင့် လွှမ်းခြုံမှု မြှင့်တင် စေနိုင်ပြီး ပြည်သူလူထုကပိုမိုယုံကြည်စေခြင်းစသည့်အကျိုးကျေးဇူးများရရှိစေမည် ဖြစ်ပါသည်။
(မှတ်ချက်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပထမ ရက် ၁၀၀ အတွင်း ပြည်သူ့အတွက် ရှေ့ရှုဆောင်ရွက်မည့် လုပ်ငန်းများအကြောင်း အသေးစိတ်ကို ၁၄-၅-၂၀၁၆ ရက်နေ့ ည(၈)နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားမည်ဖြစ်ပြီး ၁၅-၅-၂၀၁၆ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများဖြစ်သော မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစားများတွင် အပြည့်အစုံ ဖော်ပြပေးသွားမည်ဖြစ်ပါသည်။)
Credit To >>> MOI Webportal Myanmar
No comments:
Post a Comment