အဆိုပါလုပ်ငန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် လုပ်ကိုင်ခွင့် ချထားပေးရန် လျာထားခဲ့သော်လည်း အစိုးရသစ် အကူးအပြောင်းကြောင့် စာရွက်စာတမ်း များနှင့်အချက်အလက်များကို အစိုးရသစ်ထံ မတင်ပြရသေးသောကြောင့် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လက်ရှိတွင် အဆိုပါဦးစီးဌာနသို့ ယင်းလုပ်ငန်းလုပ်ကိုင်ရန် လာရောက်လျှောက်ထားသည့်ကုမ္ပဏီ ၂၉ ခုရှိပြီး လာ မည့် ဘဏ္ဍာနှစ်တွင် လျှောက်ထားသည့်ကုမ္ပဏီအားလုံးကို လုပ်ကိုင်ခွင့် ချပေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
Credit To >>> The Voice Weekly
No comments:
Post a Comment