Pages

17.5.16

ဘဂ္ဂဒက်အနီးရှိ ဓာတ်ငွေ့စက်ရုံကို IS တို့ အသေခံ ဗုံးခွဲတိုက်ခိုက်

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် အနီးရှိ ဓာတ်ငွေ့စက်ရုံကို အစ္စလာမ္မစ်နိုင်ငံတော် (IS) စစ်သွေးကြွအဖွဲ့မှ အသေခံ ဗုံးခွဲတိုက်ခိုက်သွားသဖြင့် လူ ၁၄ ဦး သေဆုံးပြီး ၂၀ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဘဂ္ဂဒက် မြို့တော်တဂျစ်ဒေသရှိ ဓာတ်ငွေ့စက်ရုံ ဂိတ်ဝတွင် ကားဗုံးဖောက်ခွဲမှု သုံးခု စတင်ပေါ်ပေါက်ခဲ့ပြီး ယင်းနောက်တွင် ဖောက်ခွဲရေးခါးပတ် ဝတ်ဆင်လာသူ ခြောက်ဦးက ဓာတ်ငွေ့ကန်များ အနီးသို့ ဝင်ရောက်ကာ ဗုံးခွဲခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့သော တိုက်ခိုက်မှုကြောင့် ဓာတ်ငွေ့ကန်သုံးခု ပျက်စီးသွားပြီး အလုပ်သမားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များပါ သေဆုံးသွားခဲ့ရသည်။
လူပေါင်း ၉၃ ဦး သေဆုံးခဲ့သည့် ဘဂ္ဂဒက်မြို့တော်တွင်း ကားဗုံးခွဲတိုက်ခိုက်မှုကို IS အဖွဲ့ လုပ်ဆောင်ပြီး လေးရက်အကြာတွင် ယခုကဲ့သို့သော တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အဆိုပါ ဗုံးခွဲမှုသည် ယခုနှစ်အတွင်း လူအသေအပျောက် အများဆုံး တိုက်ခိုက်မှု ဖြစ်သည်။
အီရတ်နိုင်ငံ အနောက်ပိုင်းနှင့် မြောက်ပိုင်းဒေသ အများစုကို သိမ်းပိုက်ထားသည့် IS အဖွဲ့က ဘဂ္ဂဒက်မြို့တော်အတွင်း တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက် ရှိသည်။
တစ်ချိန်တည်းတွင် နိုင်ငံရေး အကျပ်အတည်း ဖြစ်နေခြင်းကြောင့် အီရတ် အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်ခြင်း မရှိသေးဘဲ IS တိုက်ခိုက်ရေး အခက်အခဲ ကြုံတွေ့နေရသည်။

Credit To >>> The Voice Weekly

No comments:

Post a Comment