Pages

10.5.16

ကယားပြည်နယ်တွင်း နေထိုင်သည့် တိုင်းရင်းသားများ၏ ရိုးရာဓလေ့နှင့် ဝတ်စားဆင်ယင်မှုအား ပြည်ပခရီးသည်များ စိတ်ဝင်စားမှုများလာ


ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှ မိုင် ၃ဝ ခန့်ကွာဝေသည့် ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာတွင်နေထိုင်သည့် ကယန်းလူမျိုး (ပဒေါင်-ကြေးကွင်းစွပ်) များအား ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်လေ့လာမှုများ ယခင်နှစ်ကထက် ပိုမိုများပြားလာကြောင်း သိရသည်။ 
ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များသည် ကယန်းပဒေါင်လူမျိုးများ၏ လူမှု
ဘဝနေထိုင်ပုံ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ရိုးရာအစားအစာနှင့် ဓလေ့ထုံးစံများ
အား စိတ်ဝင်စားကြပြီး၊ ပဒေါင်လူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာအရ လည်ပင်း တွင် ကြေးကွင်းစွပ်ခြင်းကို ပို၍စိတ်ဝင် စားကြသည်။

ယင်းကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များက ပန်ပက်ကျေးရွာရှိ 
ကယန်း(ပဒေါင်)လူမျိုးများ တည်ရှိရာ ရွာကလေးသို့ ရောက်ရှိတိုင်း ကြေးကွင်း
များအား လည်ပင်းတွင်စွပ်၍ ကယန်းပဒေါင် ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ 
အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း၊ ရိုးရာဝတ်စုံများ ဝယ်ယူခြင်း ပဒေါင်လူမျိုးများ
၏ ရိုးရာအကဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုကာ မှတ်တမ်းတင်ကြပြီး ပန်ပက် ရွာမှအပြန် ငွေတောင်ဆည် ၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်တို့အား ဝင်ရောက်၍ အပန်းဖြေကြကြောင်း သိရသည်။ 

ယင်းအပြင် ဒီးမော့ဆိုမြို့နယ်ရှိ ဒေါတမကြီးကျေးရွာတွင် နေထိုင်သော ရှေး
ဟောင်းကယားဝတ်စုံ ဝတ်ဆင်သည့် ကယားလူမျိုးများအား သွားရောက်၍ လေ့လာမှတ်တမ်းတင်ကြကြောင်းလည်း သိရသည်။
Credit To >>> The Mirror Daily 

No comments:

Post a Comment