
မြန်မာယူအိုင်ဘီအထည်ချုပ် စက်ရုံအလုပ်သမားများ လုပ်ခလစာမရရှိသေးသည့် အတွက် မေ ၉ ရက်တွင် လုပ်လက်စ အလုပ်များကို ရပ်တန့်ပြီး လုပ်ခရရှိရေး တောင်းဆိုခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ တညင်းကုန်းအပိုင် ၁၄ လမ်း ဆုံအနီးရှိ စက်မှုဇုန်စီမံကိန်း ၀င်း၏ ကျောဘက်တွင် ရှိ သော မြန်မာယူအိုင်ဘီ အထည် ချုပ်စက်ရုံရှိ အလုပ် သမားများသည် ယင်းတို့၏ ဧပြီလလုပ်ခလစာမရ ရှိ သေးသည့် အတွက် ယခုလ ၉ ရက်နေ့ နေ့လယ် ပိုင်း မှစတင်ပြီး လုပ်လက်စ အလုပ် များကိုရပ်တန့်ပြီး လုပ်ခ လစာရရှိရေးကို စက်ရုံဝင်းအတွင်းတွင် စုပေါင်း တောင်း ဆိုခဲ့ကြောင်း အဆိုပါအလုပ်သမားများထံမှ သိရသည်။
" အရင်လတွေက လဆန်း ၇ ရက်နေ့ဆိုရင် လစာ ပေးပါတယ်။ အခု ၉ ရက်နေ့ရောက်နေပြီ။ မပေး သေးဘူး။ ၁၄ ရက်နေ့တောင် မသေချာ ဘူး ပြောနေ ပါတယ်။ သမီးတို့ဘက်က အခက်အခဲတွေ အများ ကြီးရောက်နေ ပါပြီ။ မန်နေဂျာ ကလည်း အာမခံချက် ဘာမှမပေးနိုင်ဘူး။ အလုပ်ရှင်ကလည်း စက်ရုံကိုမ လာတာကြာပါပြီ။ ဒါကြောင့် သမီးတို့ တောင်း ဆိုတာ ပါ။ ညွှန်ချုပ်ဦးဝင်းရှိန်ကိုလည်း ဖုန်းဆက်ပြီးတိုင် ထား တယ်။ ဒါပေမဲ့ အခုချိန်ထိ ဘာမှ မဖြစ်သေး ပါဘူး။ အင်းစိန်လေ ဘာရုံးမှာ မန်နေဂျာနဲ့လူကြီးတွေ စကားပြောတော့ ၁၄ ရက်နေ့တောင် မသေချာဘူး ပြောတယ်။ သမီးတို့တော့ ဒုက္ခရောက်ပါပြီ" ဟု ယင်းစက်ရုံမှ အလုပ်သမားတစ်ဦးဖြစ်သူ မမီးမီးက မေ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး စက်ရုံပိုင်ရှင်ထံ ဆက် သွယ်မေးမြန်းသော်လည်း ဖုန်းခေါ်ဆိုမရခဲ့ဘဲ စက်ရုံ မန်နေဂျာနှင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင် ဦး သန်းထိုက်တို့ ဆွေးနွေးမှုအရ လစာပေးနိုင်ရေးကို အမြန်ဆုံးရရှိနိုင်ရေး အတွက်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
အလုပ်သမားများက ယင်းတို့၏လခမရရှိသေး သည့်အတွက် လုပ်ငန်းခွင် မ၀င်တော့ဘဲ ဆက်လက် တောင်းဆိုသွား မည်ဖြစ်ကြောင်း စက်လိုင်း များနှင့် ဌာန များမှ ကိုယ်စားလှယ်တစ်ဦးစီပါဝင်သော ကိုယ် စားလှယ်အ ဖွဲ့ဖွဲ့ပြီး လခရရှိရေး စနစ်တကျတောင်း ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
Credit To >>> Democracy Today
No comments:
Post a Comment