Pages

29.5.16

EU မှ ဗြိတိန် နှုတ်ထွက်လျင် ကမ္ဘာ့စီးပွားရေးအပေါ် ကြီးစွာထိုးနှက်လာမည်ဟု G7 အစည်းအဝေးတွင် ကမ္ဘာ့ခေါင်းဆောင်များ ကြေညာချက်ထုတ်

ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန် နိုင်ငံနှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်မယ်ဆို
လျင် ယင်းက တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးအပေါ်မှာ ထိုးနှက်လိုက်မှာဖြစ်တယ်
ဆိုပြီး ဂျပန် နိုင်ငံမှာ ပြုလုပ်နေတဲ့ G7 အစည်းအဝေးမှာ ကမ္ဘာ့ခေါင်း
ဆောင်ကြီးတွေက ကြေညာချက်ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
အစည်းအဝေးရဲ့ ကြေညာချက်ထဲမှာတော့ EU ကနေ ဗြိတိန်နှုတ်ထွက်ခြင်းက လက်ရှိ တိုးတက်လာနေတဲ့ ကမ္ဘာ့ကုန်သွယ်မှုအလားအလာ၊ ရင်းနှီးမြှုပ်နှံမှုနဲ့
အလုပ်အကိုင်တွေကို ကပြောင်းကပြန် ဖြစ်သွားစေနိုင်တယ်ဆိုပြီး ခေါင်း
ဆောင်တွေက သတိပေးသွားခဲ့ပါတယ်။
ယခု အစည်းအဝေးဟာဆိုရင် လက်ရှိ ကမ္ဘာ့ဦးဆောင် စက်မှု နိုင်ငံကြီး ခုနှစ်
နိုင်ငံက ထိပ်သီးခေါင်းဆောင်တွေ စုဝေးဆွေးနွေးနေကြတာလည်းဖြစ်ပါတယ်။
ကမ္ဘာ့စီးပွားရေးရာနဲ့ လုံခြုံရေးပိုင်းတွေမှာ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အဓိက ဦးစားပေးအဖြစ် တစ်ကမ္ဘာလုံး စီးပွားရေးတိုးတက်ဖို့ လိုအပ်တယ်ဆိုပြီး အဆိုပါ အုပ်စုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
လာမယ့် ဇွန် ၂၃ ရက်မှာ ဆန္ဒခံယူပွဲကျင်းပဆုံးဖြတ်ဖို့ရှိနေတဲ့ EU-ဗြိတိန် ကိစ္စ
ရပ်အပေါ် ယခု အစည်းအဝေးမှာ အဓိကထားဆွေးနွေးသွားခဲ့တာလည်းဖြစ်
ပါတယ်။
လက်ရှိအချိန်မှာလည်း ဗြိတိန် ၀န်ကြီးချုပ်ဒေးဗစ် ကင်မရွန်းကလည်း နိုင်ငံ
ပေါင်း ၂၈ နိုင်ငံအုပ်စုမှာ ဗြိတိန် ဆက်နေရေး ထောက်ခံအားပေးတဲ့လှုံ့ဆော်
မှုတစ်ခုကို လုပ်ဆောင်နေရသလို မကြာသေးမီက လုပ်ဆောင်ခဲ့တဲ့ စစ်တမ်း
တွေအရတော့ EU မှ ဗြိတိန်ဆက်နေရေးဘက် ထောက်ခံတဲ့အုပ်စုဘက်က အသာရနေတယ်လို့တော့ သိရပါတယ်။
Credit To >>> SFJ Strategy First Journal

No comments:

Post a Comment