Pages

13.6.16

ဖားကန့်တွင် မြေပြိုမှု ထပ်မံဖြစ်ပွားရာ သုံးဦးသေ

ဖားကန့်မြို့ ဆိတ်မူကျေးရွာအုပ်စု နန့်မှော်၌ ဇွန်လ ၁၁ ရက် ည ၇ နာရီခန့်က မြေပြိုခဲ့ရာ လူ သုံးဦး သေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အဆိုပါမြေပြိုမှုသည် နေလပွင့်ကုမ္ပဏီ အပိုင်မြေ ဧရိယာအတွင်းဖြစ်ပြီး သေဆုံးသူ သုံးဦးအနက် တစ်ဦးအလောင်းကိုသာ ရှာဖွေတွေ့ရှိကြောင်း ဆိတ်မူကျေးရွာ NLD ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောသည်။
“သုံးယောက်သေတယ်။ အခုတစ်လောင်းပဲ တွေ့သေးတယ်။ မိုးများလို့ ရှာဖွေမှုကို ခဏ ရပ်ထားတယ်”ဟု ၎င်းက ပြောဆိုသည်။
ကျန်ရှိအလောင်း နှစ်လောင်းရှာဖွေမှုကို ရာသီဥတု အခြေအနေအရ ခေတ္တ ရပ်နားထားပြီး ဆက်လက် ရှာဖွေရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ယခုမြေပြိုမှုသည် ဇွန်လအတွင်း ပထမဆုံးအကြိမ် ဖြစ်ပြီး ပြီးခဲ့သည့် မေလ ၂၃ ရက်က ဆိတ်မူကျေးရွာ ဝှေခါ၌ ဖြစ်ပွားသည့် မြေပြိုမှုကြောင့် လူပေါင်း ၁၅၀ ခန့် သေဆုံးခဲ့သည်။



# The Voice Weekly

No comments:

Post a Comment