Pages

13.6.16

CLMVT အဖွဲ့ဝင်နိုင်ငံများ၏ ၂၀၁၆ ဖိုရမ်ကို ထိုင်းနိုင်ငံတွင် ကျင်းပမည်

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နဲ့ ထိုင်းနိုင်ငံတို့ ပါဝင်တဲ့ CLMVT အုပ်စုရဲ့ ဖွံ့ဖြိုးတိုးတက်ရေကိစ္စတွေ ဆွေးနွေးမယ့် အစည်းအဝေးဖိုရမ်တစ်ခု ကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးသွားဖို့ ရှိနေပါတယ်။
ယင်း ဖိုရမ်မှာတော့ အဖွဲ့ဝင်နိုင်ငံတွေက အစိုးရနဲ့ပုဂ္ဂိလကကဏ္ဍတွေက တာဝန်ရှိသူတွေအားလုံး တက်ရောက်ကြမှာဖြစ်ပါတယ်။
နိုင်ငံတစ်ခုချင်းအတွက် စီးပွားရေး၊ ကုန်သွယ်မှု၊ ခရီးသွားလာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေတိုးမြင့်နိုင်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေအကြား
ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့နဲ့ အတားအဆီးတွေ ဖယ်ရှားရေး အဓိကထားဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကာလမှာ အခုလို CLMVT နိုင်ငံတွေအကြား ဆက်ဆံမှုတွေ ခိုင်မာလာအောင်နဲ့ တိုးတက်မှုတွေအတွက်တွန်းအားပေးနိုင် မယ့် အခွင့်အလမ်းတွေနဲ့ပတ်သက်လို့ အခု ဖိုရမ်မှာ ဆွေးနွေးသွားနိုင်ဖို့ရှိ တယ်လို့ ထိုင်းစီးပွားရေး ၀န်ကြီး Apiradi Tantraporn က ပြောပါတယ်။
ယခု ထိုင်းနိုင်ငံမှာ ကျင်းပမယ့် CLMVT ဖိုရမ်ကိုတော့ နိုင်ငံတွေဆီက ဦးဆောင် မူဝါဒချမှတ်သူအကြီးအကဲတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေ၊ ပညာရှင်တွေ နဲ့ လူငယ် ခေါင်းဆောင်တွေ တက်ရောက်လာကြမှာဖြစ်ပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေအကြား နီးနီးကပ်ကပ် ဆက်ဆံနိုင်တာက ကုန်သွယ်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ နဲ့ ခရီးသွားလုပ်ငန်းကဏ္ဍတွေ တိုးတက်ဖို့ အကူအညီဖြစ်စေနိုင်မယ်လို့ Apiradi က ဆိုပါတယ်။
အလားတူ ပေါ်ပေါက်လာနေတဲ့ ပြဿနာရပ်တွေကို အတူတကွဖြေရှင်းနိုင် ဖို့အတွက် အစိုးရတွေနဲ့ ပုဂ္ဂလိကကဏ္ဍလုပ်ငန်းရှင်တွေအတွက် ယခု
ဖိုရမ်က အခွင့်အလမ်းကောင်းတစ်ခုလို့ ၎င်းကပြောပါတယ်။
CLMVT ဖိုရမ်ကို လာမယ့် ဇွန်လ ၁၆ ရက်ကနေ ၁၈ ရက်အထိ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Credit To >>> Strategy First Journal

No comments:

Post a Comment