Pages

27.7.16

တန်ဖိုးနည်းဘရိတ်ဓားပန်းချီနှင့် ရုပ်သေးရုပ်ကလေးများကို နိုင်ငံတကာခရီးသွားဧည့်သည်များ အမှတ်တရဝယ်ယူ


၂ဝ၁၆ ခုနှစ် ဇူလိုင်လတွင် မန္တလေးမြို့သို့ နိုင်ငံတကာခရီးသွား ဧည့်သည်များစွာ ဝင်ရောက်ခဲ့ကြသည်။ အနောက် နိုင်ငံများက မြန်မာနိုင်ငံကို ခရီးသွားဝန်ဆောင်မှုလုပ်ငန်းပြုလုပ်ရန် အကောင်းဆုံးသောနိုင်ငံဟု သတ်မှတ်ထားသည်။ခရီသွားဝန်ဆောင်မူလုပ်ငန်းကို မီးခိုးမထွက်သည့်စက်ရုံဟု တင်စားနိုင်သည်။ နိုင်ငံတကာ ခရီးသွားဧည့်သည်များသည် မြန်မာ့တောတောင်ရေမြေသဘာဝအလှအပရှုခင်းများကိုလေ့လာကာ မြန်မာမှုအနုလက်ရာများကို အမှတ်တရ ဝယ်ယူလေ့ရှိကြသည်။

အများစုသော နိုင်ငံတကာခရီးသွားဧည့်သည်များသည် သယ်ယူပို့ဆောင်မှုအဆင့်ဆင့်အရ လေးလံသောကြေးထည်ပစ္စည်း၊ ပန်းပုပစ္စည်းများထက် ပေါ့ပါးသော မြန်မာမှုအနုပညာလက်ရာမြောက် ပစ္စည်းများကို ဝယ်ယူလေ့ရှိသည်။ အများဆုံဝယ်ယူသောပစ္စည်းမှာ တန်ဖိုးနည်း မြန်မာ့ရှုခင်း ဘရိတ်ဓားပန်းချီကားများ၊ ရွှေချည်ထိုးပန်းချီကားများနှင့် ပေါ့ပါးသော န်ြမာလက်မှုအနုပညာမြောက် ရုပ်သေးရုပ်ကလေးများကို ဝယ်ယူလေ့ရှိသည်။ 


မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်ပြီး နိုင်ငံတကာခရီးသွားများ စိတ်ဝင်စားသော ရွှေကျောင်းကြီး၊ ဦးပိန်တံတားနှင့် အခြားနေရာများတွင် ရုပ်သေးရုပ်နှင့် အခြားမြန်မာမှုလက်ဆောင်ပစ္စည်းများကို ရောင်းချလေ့ရှိသည်။ 

လက်ရှိကာလတွင် နိုင်ငံတကာခရီးသွားဧည့်သည်များမှာ ပန်းပုပစ္စည်းများကို လေ့လာကြည့်ရှုကြပြီး တန်ဖိုးနည်း ဘရိတ်ဓားပန်းချီကားကလေးများနှင့် တန်ဖိုးနည်း မြန်မာမှုရုပ်သေးရုပ်ကလေးများကိုသာ အမှတ်တရအဖြစ် ဝယ်ယူမှုများပြားလျက်ရှိသည်။ ပန်းပုပစ္စည်းများမှာ တန်ခူးလနောက်ပိုင်းတွင် အရောင်းအဝယ်အေးလျက်ရှိကြောင်း ဦးပိန်တံတား ပန်းပုပစ္စည်း အရောင်းဆိုင်မှ ပြောပြသည်။

Credit To >>> The Mirror Daily

No comments:

Post a Comment