Pages

26.7.16

သဘာဝအလှကို ပျောက်ကွယ်စေမည့် အထပ်မြင့် အဆောက်အအုံများကို ခွင့်မပြုဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဆို


မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကို သဘာဝ ခရီးသွားမြို့အဖြစ် ပြုလုပ်ရန် မြို့သဘာဝအလှကို ကွယ်ပျောက်စေမည့် အထပ်မြင့် အဆောက်အအုံများကို ကမ်းနားလမ်းနှင့် လမ်းအချို့တို့တွင် တည်ဆောက်ခွင့် မပြုကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောကြားသည်။
“ကမ်းနားလမ်းလို နေရာမျိုးမှာ ယခု အဆောက်အအုံတွေကတော့ ထားလိုက်တော့၊ နောင်ပိုင်း သဘာဝအလှကို ကွယ်စေမယ့် အထပ်မြင့် အဆောက်အအုံတွေဆိုရင် ခွင့်မပြုတော့ဘူး၊ တောင်ရိုးတန်းကို ကွယ်သွားမယ့် အနေထားမျိုးတွေက စည်ပင်မှာ တာဝန်ရှိတဲ့အတွက် ထိန်းသိမ်းသင့်တာ ထိန်းသိမ်းသွားပေးမယ်”ဟု ၎င်းက ပြောဆိုသည်။

သံလွင်မြစ်ကြောင်းအတွင်းမှ လှမ်းကြည့်ပါက မော်လမြိုင်မြို့၏ တောင်ရိုးတန်းအလှကို မြင်တွေ့နေရခြင်းမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်ခြင်းကြောင့် ကမ်းနားလမ်းနှင့် လမ်းအချို့ရှိ အထက်မြင့် အဆောက်အဦများကို တားမြစ်ရခြင်းဖြစ်ကြောင်း၊ မော်လမြိုင်မြို့ကို သဘာဝ ခရီးသွားလုပ်ငန်း ဆောင်ရွက်မည် ဖြစ်သောကြောင့် ကမ်းနာလမ်းတွင် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ပါက မော်လမြိုင် တောင်ရိုးတန်း၏ သဘာဝအလှ ကွယ်ပျောက်သွားနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

“မော်လမြိုင်မြို့ ဝင်လိုက်တာနဲ့ တောင်ရိုးတန်းအလှက အရမ်းလှတယ်၊ အဲ့ဒါမျိုး ပျောက်မယ့် အနေမျိုးကိုတော့ ကျွန်တော်တို့ ပေးမလုပ်ဘူး”ဟု ၎င်းက ပြောဆိုသည်။


Credit To >>> The Voice Weekly

No comments:

Post a Comment