Pages

7.12.16

ကန်ဒေါ်လာဈေး ပြန်မြင့်လာပြီး ၁,၃၆၅ ကျပ်သို့ ရောက်ရှိ

 ပြည်ပပို့ကုန်ရငွေ လျော့နည်းနေပြီး ပြည်တွင်း၌နိုင်ငံခြားငွေ အဝင်နည်းနေချိန်တွင် သွင်းကုန်လုပ်ငန်းများအတွက် ပြည်ပသို့ငွေလွှဲများလာသဖြင့် ဒီဇင်ဘာ ၆ ရက်တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၁,၃၆၅ ကျပ်သို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

ပြင်ပဈေးကွက်တွင် ငွေလဲ နှုန်းသည် နံနက်ပိုင်းငွေကြေးဈေး ကွက် စတင်ချိန်က အမေရိကန် တစ်ဒေါ်လာလလျှင် ၁,၃၅၆ ကျပ်ရှိခဲ့ပြီးနောက် ဆက်တိုက် မြင့် တက်လာကာ ညနေပိုင်းတွင် ၁,၃၆၅ ကျပ်ထိ ဈေးမြင့်တက်လာ သည်။ ထို့အတူ ပို့ကုန်ရငွေတန် ဖိုးသည်လည်း တစ်ဒေါ်လာ လျှင် ၁,၃၇၅ ကျပ် ဝန်းကျင်ရှိသည်။
ပြင်ပဈေးကွက်တွင် အမေ ရိကန်ဒေါ်လာ တန်ဖိုး ပြန်လည် မြင့်တက်လာမှုကြောင့် ဝယ်လို အား ကောင်းလာကြောင်း ပြင်ပငွေလဲဝန်ဆောင်မှုလုပ်ငန်း လုပ် ကိုင်နေသူတစ်ဦးက ပြောသည်။
အမေရိကန် တစ်ဒေါ်လာ လျှင် ၁,၅၀၀ ကျပ်အထိ ဈေး တက်မည်ဟု သတင်းများဖြန့်ပြီး ပြင်ပဈေးကွက်တွင် ငွေကစားမှုများကြောင့် ဒေါ်လာဈေးမြင့် တက်လာ၍ ဗဟိုဘဏ်ကဝင်ထိန်း ပေးရန် မြန်မာနိုင်ငံဘဏ်များ အသင်းဥက္ကဋ္ဌ ဦးခင်မောင်အေးက ဒီဇင်ဘာ ၁ ရက်တွင် ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင် များ တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားပြီး နောက် တစ်ရက်တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ ၁,၃၅၀ ကျပ်သို့ ကျ ဆင်းခဲ့သည်။
ဒီဇင်ဘာ ၅ ရက်တွင် ဒေါ် လာဈေး ပြန်လည်မြင့်တက်လာ ကာ တစ်ဒေါ်လာ ၁,၃၅၄ ကျပ် အထိ မြင့်တက်လာခဲ့သည်။
ပြင်ပ ဈေးကွက်တွင် ဒေါ် လာဈေး မြင့်တက်လာသကဲ့သို့ ဗဟိုဘဏ်က သတ်မှတ်သည့် ရည်ညွှန်းငွေလဲနှုန်းမှာလည်း ဒီဇင်ဘာ ၆ ရက်တွင် ၁,၃၁၀ ကျပ်သို့ မြင့်တက်လာသည်။
Credit To >>> 7 Day Daily

No comments:

Post a Comment