မြေကိုယူပြီး အခန်းတည်ဆောက်မှုကို စွန့်စားမလုပ်ကိုင်ရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို ရန် ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကသတိပေးလိုက်သည်။မြေနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်တွင် မြေတန်ဖိုးသည် လွန်စွာကြီးမားနေသည့်အတွက် ခက်ခဲသည့်အခြေအနေနှင့်ကြုံတွေ့နေရကြောင်း ၀န်ကြီးချုပ်ကပြောသည်။
ထိုကြောင့်မြေကိုယူပြီး အခန်းတည် ဆောက်မှုလုပ်မည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် လက်ရှိအချိန်တွင် ရှောင်ကျဉ်ရန် တိုက်တွန်းကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်တွင် ပြုလုပ်သော ဒုတိယသမ္မတနှင့် စီး ပွားရေးကဏ္ဍအလိုက် ပါဝင်နေသောလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင်ဒုတိယ၀န်ကြီးချုပ်က တိုက် တွန်းပြောကြား သည်။

“ရန်ကုန်အရှေ့အနောက်တောင်မြောက်မှာ ကျွန်တော်တို့အစိုးရအနေနဲ့ တန်ဖိုးနည်း၊တန်ဖိုးသင့်၊ တန်ဖိုးကြီး တိုက်ခန်းတွေတည်ခေါ်အကောင်အထည်ဖေါ်ဖို့စီစဉ်နေပါတယ်၊
ဒီမှာလည်းဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ပါဝင်နိုင်ပါတယ်”
ဟုဦးဖြိုးမင်းသိန်းကပြောသည်။
လက်ရှိ တိုက်ခန်းဈေးနှုန်းများကြီးမြင့်နေခြင်း အရောင်းအ၀ယ်အေးစက်နေခြင်းမှာ ဈေးကွက်သဘောတရား အရသာဖြစ်ပြီး လုပ်ငန်းရှင်များအား ဖိအား မပေးသင့်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များကလည်းတုံပြန်ပြောဆိုကြသည်။
' ဈေးကွက်စီးပွားရေးကို အစိုးရအနေနဲ့ ချုပ်ကိုင်လို့ မရဘူး ပြည်သူတွေဝင်ငွေတိုးလာအောင်ပဲ လုပ်ပေးရမှာ ' ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကပြောသည်။
Credit To >>> iMyanmarHouse.com

No comments:
Post a Comment