မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ကို နေ့စဉ်အနယ်နယ်အရပ်ရပ်မှဘုရားဖူးပြည်သူများသာမကနိုင်ငံခြားသားခရီးသွားများပါ လာရောက်လေ့လာလျက်ရှိပြီး ယင်းဒေသတွင်ရှေးဟောင်းအမွေ အနှစ်များပေါများသကဲ့သို့ ယဉ်ကျေးမှုမြန်မာ့ရိုးရာပန်းပုအနုပညာလက်ရာများ၊ ကြိုးဆွဲရုပ်သေးရုပ်များကိုခရီးသွားများက အထူးစိတ်ဝင်တစားလေ့လာကြသည်။