Pages
(Move to ...)
▼
17.5.16
အစိုးရအပြောင်းအလဲကာလ လက်လီလုပ်ငန်းတိုးတက်ရေးမှာ စိန်ခေါ်ချက်တွေက အခွင့်အလမ်းတွေထက် ပိုများလာနေ
အစိုးရအပြောင်းအလဲကာလ လက်လီလုပ်ငန်းတိုးတက်ရေးမှာ စိန်ခေ
ါ်ချက်တွေက အခွင့်အလမ်းတွေထက် ပိုများလာနေတယ် လို့ မြန်မာနိုင်ငံ
လက်လီလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှုးဦးသူရိန်ငြိမ်း
က ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဖားကန့်တွင် လက်နက်ကိုင် လူတစ်စုက ကျောက်မျက်ကုမ္ပဏီနှစ်ခုအား ဓာတ်ဆီလောင်းမီးရှို့မှု ဖြစ်ပွား
ဖားကန့်ဒေသတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့က ကျောက်မျက် ကုမ္ပဏီနှစ်ခုအား ဓာတ်ဆီလောင်း ကာမီးရှို့မှု မေ ၁၅ ရက် ညပိုင်းအချိန်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆည်မြောင်းဦးစီးဌာနက တည်ဆောက်ထားသည့် ရေလှောင်တမံ ၂၃၅ ခုရှိနေသော်လည်း စိုက်ပျိုးရေ ပေးဝေနိုင်မှု၊ ရေဘေး ကာကွယ်မှုနှင့် ရေအားလျှပ်စစ်ထုတ်ခြင်း လုပ်ဆောင်နိုင်သည့် တမံ ၁၉၀ သာရှိ
မြန်မာနိုင်ငံတွင် ဆည်မြောင်းဦးစီးဌာနက တည်ဆောက်ထိန်းသိမ်းထားသည့် ရေလှောင်တမံပေါင်း ၂၃၅ ခုအထိ ရှိနေသော်လည်း စိုက်ပျိုးရေ ပေးဝေနိုင်မှု၊ ရေဘေးကာကွယ်နိုင်မှုနှင့် ရေအားလျှပ်စစ် ထုတ်လုပ်ခြင်း လုပ်ဆောင်နိုင်သည့် တမံ ၁၉၀ သာ ရှိနေကာ စိုက်ပျိုးရေပေးဝေနိုင်ခြင်း မရှိသည့် ရေလှောင်တမံ ၃၅ ခုနှင့် ရေလုံးဝသိုလှောင်နိုင်ခြင်း မရှိသည့် တမံ ၁၀ ခုအထိ ရှိနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဌာန၊ ဆည်မြောင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ပြောကြားသည်။
မဲဆောက်ထောင်အစောင့်ကို သတ်ပြီး ထွက်ပြေးရန်ကြိုးစားခဲ့သည့် မြန်မာအကျဉ်းသား ကြိုးဆွဲချသေဆုံးနေ
မြန်မာအကျဉ်းသားဂျော်မီသည် ထိုင်းနိုင်ငံ တက်ပြည်နယ်ရှိ မဲဆောက်ခရိုင်အကျဉ်းထောင်မှ ထောင်အစောင့်ကိုသတ်ပြီး ထောင်ဖောက်ပြေးရန်ကြိုးစားခဲ့ပြီး နှစ်ရက်အကြာတွင် အကျဉ်းတိုက်အတွင်း ကြိုးဆွဲချသေဆုံးနေသည်ကို ရဲများက တွေ့ရှိခဲ့သည်။
ယာဉ်စစ်လုပ်ငန်းအတွက် ပုဂ္ဂလိကလုပ်ကိုင်ခွင့် ချပေးရန်မရှိဟုဆို
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ဆောင်ရွက်နေသည့် ယာဉ်စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းများကို ပုဂ္ဂလိကကုမ္ပဏီများသို့ ယခုနှစ်ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းလုပ်ကိုင် ခွင့် ချထားပေးရန် မဖြစ်နိုင်သေးကြောင်း အဆိုပါဦးစီးဌာနထံမှ သိရသည်။
ဘဂ္ဂဒက်အနီးရှိ ဓာတ်ငွေ့စက်ရုံကို IS တို့ အသေခံ ဗုံးခွဲတိုက်ခိုက်
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် အနီးရှိ ဓာတ်ငွေ့စက်ရုံကို အစ္စလာမ္မစ်နိုင်ငံတော် (IS) စစ်သွေးကြွအဖွဲ့မှ အသေခံ ဗုံးခွဲတိုက်ခိုက်သွားသဖြင့် လူ ၁၄ ဦး သေဆုံးပြီး ၂၀ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
“ထူးဖောင်းဒေးရှင်းမှ နယ်လှည့်ဆေးကုသရေးအဖွဲ့ တောင်ကြီးမြို့နယ်တွင် ကျေးရွာများ အရောက် ကုသပေးမည် ”
ထူးဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆေးကောင်စီမှ ဆရာဝန်ကြီးများ ပူပေါင်းဆောင်ရွက်သော နယ်လှည့်ဆေးကုသရေး အဖွဲ့သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပန်းကွေးကျေးရွာအုပ်စု၏ ပန်းကွေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လာမည့် မေလ (၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ သွားနှင့် ခံတွင်း လူနာများအား အခမဲ့ ကုသပေးမည်ဖြစ်ပါသည်။
‹
›
Home
View web version