Pages

23.5.16

“မြန်မာလူငယ်တောင်တက်သမား (၃)ဦး ရန်ကုန်သို့ မေ(၂၅)ရက် ပြန်ရောက်မည်”

ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်တွင် မြန်မာနိုင်ငံအလံအား ဂုဏ်ယူစွာဖြင့် စိုက်ထူပြီး နိုင်ငံနှင့်လူမျိုး၏ဂုဏ်ကို သက်စွန့်ကြိုးပမ်းမြှင့်တင်ခဲ့ကြသော လူငယ်တောင်တက်သမား (၃)ဦးသည် လာမည့် မေလ(၂၅)ရက်၊ နံနက် (၈)နာရီ(၅၀)မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်လည်ရောက်ရှိကြမည်ဟု သိရှိရပါသည်။

တစ်နှစ်လျှင် လူမှုရေး မီဒီယာပို့စ်အတု ၄၈၈ သန်း တရုတ်အစိုးရ ဖန်တီးနေ

ထိခိုက်လွယ်သော အကြောင်းကိစ္စရပ်များမှ အာရုံပြောင်းရန် ကြိုးပမ်းသည့်အနေဖြင့် တစ်နှစ်လျှင် လူမှုရေးမီဒီယာ ပို့စ်အတု ၄၈၈ သန်းကို တရုတ်အစိုးရက ဖန်တီးနေကြောင်း လေ့လာတွေ့ရှိချက်သစ်တစ်ခုတွင် ဖော်ပြချက်အရ သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီရှယ်ယာ စတင်ရောင်းချသည့်နေ့တွင် ဈေးနှုန်းကျပ် ၁၀၀၀၀ မြင့်တက်ခဲ့ပြီး ရှယ်ယာဝယ်ရန် အဆိုပြုသူမှာ ရောင်းချလိုသည့် ရှယ်ယာထက် အဆတစ်ရာကျော်များနေ

စတော့ဈေးကွက်အတွင်း သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ၏ရှယ်ယာ စတင်ရောင်းချသည့်နေ့တွင် ရှယ်ယာဝယ်ယူရန် အဆိုပြုသူမှာ ရောင်းချလိုသည့် ရှယ်ယာထက် အဆ ၁၀၀ ကျော် များပြားနေကြောင်း စတော့ဈေးကွက်အတွင်းမှ သိရသည်။

ဝန်ကြီးဌာန ၂ ခု အမည်ပြောင်းလဲ ပြင်ဆင်ခြင်းအား ပြည်ထောင်စုလွှတ်တော် အတည်ပြု


ယနေ့ (မေ ၂၃ ရက်) တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ ကျန်းမာရေး ဝန်ကြီးဌာနကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဟု လည်းကောင်း၊

အိန္ဒိယစစ်သား ၆ ဦး သူပုန်လက်ချက်နဲ့ သေဆုံး

အိန္ဒိယ ရှေ့တန်းစစ်သား
အိန္ဒိယ-မြန်မာနယ်စပ်ဒေသ မဏိပူရပြည်နယ်အတွင်းမှာရှိတဲ့ အိန္ဒိယအစိုးရတပ်ဖွဲ့တွေကို လက်နက်ကိုင် သောင်းကျန်းသူတွေက ခြုံခို တိုက်ခိုက်ခဲ့တဲ့အတွက် အရာရှိတဦးအပါအ၀င် အစိုးရတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးသွားပါတယ်။

၂၀၁၈ မတိုင်ခင် နှစ်နိုင်ငံကုန်သွယ်မှုကို နှစ်ဆတိုးမြင့်ဖို့ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့



အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေဟာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပိုင်းကို လာမယ့် ၂၀၁၈ မှာ ဒေါ်လာ ၁၀ ဘီလီယံအထိ တိုးမြင့်သွားဖို့ သဘောတူခဲ့ကြတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ ယမန်နှစ် ၂၀၁၅ ခုနှစ်က ယင်းနှ်စ်
နိုင်ငံအကြား ကုန်သွယ်မှုဟာ ဒေါ်လာ ၅ ဒသမ ၅၉ ဘီလီယံ ရှိခဲ့ပါတယ်။