Pages

21.12.16

၂၀၁၆ ခုနှစ်အတွင်း တယ်လီကွန်းလုပ်ငန်းထဲမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ဖိတ်ခေါ်ထားနိုင်

Image may contain: sky, grass and outdoor
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံတွင်းကိုဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေထဲမှာတော့ တယ်လီကွန်းလုပ်ငန်းကဏ္ဍမှာ ၀င်ရောက်ခဲ့တဲ့ပမာဏက အများဆုံးဖြစ်ခဲ့ပြီးတော့ စုစုပေါင်းဝင်ရောက်မှုအားလုံးရဲ့ ၄၇ ဒသမ ၀၇ ရာခိုင်နှုန်းထိရှိခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ကထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူနှစ်ဦးကို စတင်စစ်ဆေး

Eleven Media ၏ မုံရွာမြို့အ ခြေစိုက်သတင်းထောက် ကိုစိုးမိုး ထွန်း အသတ်ခံရမှုနှင့်ပတ်သက်၍ သံသယရှိသူနှစ်ဦးကို ရဲတပ်ဖွဲ့က စတင်စစ်ဆေးနေကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့် က ပြောသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်၌ နိုင်ငံစုံက စက်မှုကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာ သန်း ၉၀၀ ကျော်အထိ ၀င်ရောက်မြှုပ်နှံထား

သီလ၀ါအထူး စီးပွားရေးဇုန်တွင် နိုင်ငံပေါင်းစုံမှ စက်မှုကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာ သန်းပေါင်း ၉၀၀ ကျော်အထိ ၀င်ရောက်မြှုပ်နှံထားကြောင်း ဒီဇင်ဘာလ ၁၉ ရက်က ရန်ကုန်မြို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၄၀၀ နီးပါးအထိ ပြန်လည်မြင့်တက်လာပြီး ဈေးနှုန်းအတက်အကျ မတည်မငြိမ်ဖြစ်နေ

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၇၀ အထိ ကျဆင်းခဲ့သော်လည်း ကျပ် ၁၄၀၀ နီးပါးအထိ ပြန်လည်မြင့်တက်ခဲ့ပြီး ဈေးနှုန်းအတက်အကျများကာ မတည်မငြိမ်ဖြစ်ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

မြန်မာနိုင်ငံအပါအ၀င် မဟာမဲခေါင်ဒေသတွင် မျိုးစိတ်သစ် ၁၆၀ ကျော် တွေ့


ချင်းတောင်တန်းရှိ အ ပင်တစ်မျိုးအပါအ၀င် မဟာမဲ ခေါင်ဒေသအတွင်း မျိုးစိတ်သစ် ၁၆၃ မျိုးရှာဖွေတွေ့ရှိခဲ့သည်ဟု ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ် ၀န်းကျင်ရန်ပုံငွေအဖွဲ့ (WWF) မှ သတင်းရရှိသည်။

လွှတ်တော်အစည်းအဝေးအတွင်း ဂျာနယ်ဖတ်နေသည့် ဒီချုပ်ကိုယ်စားလှယ်တစ်ဦးကို ဥက္ကဋ္ဌသတိပေး

လွှတ်တော်အစည်းအဝေးကျင်းပနေ စဉ် ဂျာနယ်ဖတ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို လွှတ် တော်စည်းကမ်းလိုက်နာရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြင်းထန်စွာသတိပေးလိုက်သည်။

အသတ်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦး၏ အလောင်းများ မလေးရှားးဆေးရုံတစ်ခုတွင် သောင်တင်နေ

မလေးရှားနိုင်ငံတွင် အသတ်ခံရသည့် မြန်မာနိုင်ငံသား အလောင်းနှစ်လောင်း ဆီလန်ဂေါ ပြည်နယ်ရှိ ဘန်တီးဆေးရုံ၌ သောင်တင်နေကြောင်း ကွာလာ လမ်ပူမြို့ရှိ ကပုန်း (၇) ရက် သား သမီး နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောသည်။