Pages

25.1.17

မောင်တောနယ်စပ် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာမှုများ ရှိနေပြီး အထက်ပြူးမကျေးရွာတွင် နေအိမ်ငါးအိမ်သာ ကျန်ရှိ

မောင်တောနယ်စပ် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာသွားကြသဖြင့် အထက်ပြူးမကျေးရွာတွင် တိုင်းရင်းသားနေအိမ် ငါးအိမ်သာ ကျန်ရှိတော့ကြောင်း သိရသည်။

အဆိုပါ အထက်ပြူးမကျေးရွာသည် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က အကြမ်းဖက်သမားများ ၀င်ရောက် တိုက်ခိုက်ခဲ့သော ငါးခူရကျေးရွာမှ နှစ်မိုင်သာဝေးကွာပြီး လောင်းဒုံ-ငါးခူရ ကားလမ်းနံဘေး ဒိုးတန်းရွာမှ တစ်မိုင်ခန့် ဝေးကွာကြောင်း သိရသည်။


အဆိုပါ အထက်ပြူးမရွာမှာ ဘင်္ဂါလီကျေးရွာကြီးများကြားတွင် တည်ရှိသော အိမ်ခြေ ၂၅ လုံးရှိ ရခိုင်တိုင်းရင်းသားရွာငယ်ဖြစ်ကြောင်း သိရသည်။

“အထက်ပြူးမရွာမှာ အခုဆိုရင် နေအိမ်ငါးအိမ်သာ ကျန်တော့တယ်။ အားလုံးပြောင်းရွှေ့သွားကြပြီဖြစ်လို့ ရွာပျက်မယ့် အခြေအနေ ရှိနေတယ်။ အဲဒီအထက်ပြူးမရွာကို သွားမယ်ဆိုရင် ဒိုးတန်းနားက သွားမယ်ဆိုရင် တစ်မိုင်အတွင်းပိုင်းကို ၀င်ရတယ်။ အဲဒီလမ်းမှာ အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ အောက်ပြူးမ ဘင်္ဂါလီရွာနဲ့ အိမ်ခြေသုံးရာလောက်ရှိတဲ့ အထက်ပြူးမ ဘင်္ဂါလီရွာကို ဖြတ်သွားရတယ်။ အဲဒီမှာ အရင်ကတည်းကနေလာတဲ့ ရွာခံတွေက အိမ်ငါးအိမ်ပဲ ကျန်တော့တယ်။ ၂၀၁၂ ခုနှစ် ပြဿနာနောက်ပိုင်းမှာ အားလုံးစွန့်ခွာသွားကြတာ ဖြစ်တယ်။ အဲဒါကို ၂၀၁၄ မှာ ဘင်္ဂလားဒေ့ရှ်က ၀င်လာတဲ့ ရခိုင်တိုင်းရင်းသားတွေကို အိမ် ၂၀ တိုးဆောက်ပြီး နေရာချထားပေးခဲ့တာ ဖြစ်တယ်။ အခု အောက်တိုဘာ ၉ ရက် ဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်းမှာ အသစ်ချထားတဲ့ အိမ် ၂၀ မှာ နှစ်အိမ်သာ ကျန်ခဲ့ပြီးတော့ အရင်ကတည်းကနေလာတဲ့ ရွာခံငါးအိမ်မှာ သုံးအိမ်သာ ကျန်တော့တယ်။ အဲဒီရွာဟာ အမှန်က နယ်မြေထဲမှာရှိတဲ့ရွာဖြစ်လို့ အခုလို ပျက်စီးမသွားစေချင်ဘူး။ ဒါကြောင့် စွန့်ခွာသွားတဲ့သူတွေကို ပြန်ခေါ်ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးစေချင်တယ်။ လုံခြုံရေးကိုလည်း တိုးချဲ့ချထားပေးစေချင်တယ်” ဟု ဒေသခံ ကိုကျော်ဝင်းက ပြောကြားသည်။

အထက်ပြူးမကျေးရွာသည် မောင်တောမြို့နယ် မြောက်ပိုင်းတွင် တည်ရှိပြီး မောင်တောမြို့မှ ၂၅ မိုင်ခန့်ကွာဝေးကြောင်း သိရသည်။ အဆိုပါ အထက်ပြူးမကျေးရွာမှ နေရပ်စွန့်ခွာ ထွက်ပြေးသွားသူများမှာ လက်ရှိတွင် မောင်တောမြို့နယ် တောင်ပိုင်းရှိ ကင်းချောင်း၊ ရွှေရင်အေးစသည့် ကျေးရွာတို့တွင် ၀င်ရောက် နေထိုင်လျက်ရှိကြောင်း သိရသည်။

အထက်ပြူးမကျေးရွာမှ ထွက်လာပြီး လက်ရှိကင်းချောင်းကျေးရွာတွင် နေထိုင်နေသော ဒေါ်လှသိန်းယဉ်က “ကျွန်မတို့က ဘင်္ဂလာကနေ ၂၀၁၂ နောက်ပိုင်းမှာ ၀င်လာတာပါ။ ၂၀၁၄ မှာ အထက်ပြူးမကျေးရွာမှာ နေရာချထားပေးပါတယ်။ အခုက မနေရဲတော့လို့ ဒီကင်းချောင်းရွာကို အားလုံး ပြောင်းလာကြတာပါ။ အထက်ပြူးမမှာ နေထိုင်တုန်းကလည်း လုပ်ကိုင်စားစရာ မယ်မယ်ရရ မရှိပါဘူး။ ကလေးတွေလည်း စာမသင်ရဘူး။ အခုလူတွေက အစိုးရကိုတိုက်လို့ ကြောက်ပြီး မနေရဲတော့လို့ ဒီကိုပြောင်းလာတာပါ။ ကျွန်မတို့ ဘင်္ဂလာက ၀င်လာခါစတုန်းကတော့ ဆန်ရိက္ခာ အထောက်အပံ့ ရပါတယ်။ အခုတော့ ဘာမှမရပါ။ ဒါကြောင့် တောထဲဝင်ပြီးထင်းခွေ ရောင်းစားနေရပါတယ်။ ဒုက္ခတော်တော်ကို ရောက်နေပါတယ်။ ကျွန်မတို့ကို လာကြည့်တဲ့ ကူညီပေးတဲ့သူတွေလည်း မရှိပါ” ဟု ပြောကြားသည်။

Credit To >>> Eleven Media Group




No comments:

Post a Comment