မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အားပေးကူညီမှုနဲ့ ဘဏ်ရုံးချူပ်တည်ဆောက်ရန် မြေနေရာပေးမှုတို့နဲ့
Mandalay Development Bank တည်ထောင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ဘဏ်ရဲ့ အနည်းဆုံး ထည့်ဝင်မရမယ့် မတည်ငွေရင်းမှာကျပ် ၂၀ ဘီလီယံဖြစ်ပြီး အဆိုပါ ဖွံ့ဖြိုးရေး ဘဏ်လုပ်ငန်းကိုဆောင်ရွက်ဖြစ်ပါက အများပြည်သူသို့ ဖိတ်ခေါ်ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။
အများပြည်သူသို့ ကမ်းလှမ်းခြင်းမပြုမီ MAPCO ရဲ့ ဒါရိုက်တာ အဖွဲ့ဝင်များ၊ အစုရှယ်ယာရှင်များကို အများပိုင်ဘဏ်
တည်ထောင်သူအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရန်ဖိတ်ခေါ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။လက်ရှိမှာ MAPCO ဒါရိုက်တာအဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ငွေကြေးနဲ့ ဘဏ်လုပ်ငန်း၊ ဖွံ့ဖြိုးရေးဘဏ်လုပ်ငန်းဆိုင်ရာမူဝါဒ၊ အစိုးရသစ်ရဲ့ မူဝါဒသဘောထားများနဲ့ ဈေးကွက်အခြေအနေတို့ကို လေ့လာသုံးလျက်ရှိတယ်လို့ သိရပါတယ်။
MAPCO အများပိုင်ကော်ပိုရေးရှင်းကို ၂၀၁၂ မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး MAPCO အများပိုင် ကော်ပိုရေးရှင်းရဲ့အစုရှယ်ယာများကို ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်မှာရောင်းချနိုင်ဖို့အတွက် ပြင်ဆင် ဆောင်ရွက် လျက်ရှိပါတယ်။
Credit To >>> SFJ Strategy First Journal
No comments:
Post a Comment