Pages

2.1.17

လာမည့် ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့၌ လူကူးခုံးကျော်တံတား ခုနစ်စင်း ဆောက်လုပ်ရန် လျာထားရာ အချို့တံတားများမှာ မလိုအပ်၍ မလုပ်ရန်တင်ပြထားဟုဆို

လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့၌ လူကူးခုံးကျော်တံတား ခုနစ်စင်း ဆောက်လုပ်ရန် လျာထားရာ အချို့တံတားများမှာ မလိုအပ်၍ မလုပ်ရန် တင်ပြထားကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

MAPCO အများပိုင်ကော်ပိုရေးရှင်းက Mandalay Development Bank တည်ထောင်ဖို့ စီစဉ်

မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက်(MAPCO) က Mandalay Development Bank ဖွဲ့စည်းထောင်ဖို့ စီစဉ်နေတယ်လို့ MAPCO မှ သိရပါတယ်။Mandalay Development Bank အများပိုင်ဘဏ် ကို ဗဟိုဘဏ်ရဲ့ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများနဲ့ ဖွဲ့စည်းတည်ထောင်ဖို့ စီစဉ်လျက်ရှိပါတယ်။

လွှတ်တော်တွင်မေးမြန်းသည့် မေးခွန်းနှင့်အဆိုများသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရန်နှင့် အချုပ်အခြာအာဏာကို ထိပါးသည့်ကိစ္စများမဖြစ်ရဟု ဦးဝင်းမြင့်ပြော

လွှတ်တော်တွင်မေးမြန်း သည့် မေးခွန်းများနှင့် အဆိုများ သည် တိုင်းရင်းသားစည်းလုံးညီ ညွတ်မှု မပြိုကွဲရန်နှင့် အချုပ်အ ခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထိပါးနိုင်သည့်ကိစ္စများဖြစ်၍ မရ ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၆ အတွင်း တိုက်ပွဲပေါင်း သုံးရာခန့်ဖြစ်ပွားခဲ့ပြီး စစ်ဘေးဒုက္ခသည် သုံးသောင်းခွဲကျော် တိုးမြင့်လာ

၂၀၁၆ အတွင်း လက် နက်ကိုင်ပဋိပက္ခအကြိမ်ရေ စုစု ပေါင်း ၃၀၀ ခန့်ဖြစ်ပွားပြီး စစ် ဘေးဒုက္ခသည် ၃၅,၀၀၀ ကျော် ထပ်မံတိုးလာကြောင်း သတင်းရ ရှိသည်။

ကန်ဒေါ်လာဈေး ဆက်လက်ကျဆင်း

 နှစ်သစ်ကူးရုံးပိတ်ရက် များတွင် စီးပွားရေးလုပ်ငန်းများ ရပ်နားမှုကြောင့် ပြင်ပငွေကြေး ဈေးကွက်၌ အမေရိကန်ဒေါ်လာ ဈေး ဆက်လက်ကျဆင်းနေပြီး ဒီ ဇင်ဘာ ၃၁ ရက်တွင် တစ်ဒေါ် လာလျှင် ၁,၃၅၅ ကျပ်သို့ကျဆင်းလာကြောင်းသတင်းရရှိသည်။

ဆန်ကုန်သည်များ ဆန်အ၀ယ် လျော့သဖြင့် ပြည်တွင်းဈေးကျဆင်း

 ပြည်တွင်းဆန်ကုန်သည်များ ဆန်အ၀ယ်လျှော့ချထားသဖြင့် ယခုရက်ပိုင်း၌ ပြည်တွင်းဆန်ဈေး အနည်းငယ် ကျဆင်းလာကြောင်း သတင်းရရှိသည်။

မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ ခိုလှုံသူ နှစ်ထောင်ကျော်သာရှိကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြော

 မြန်မာဘက်မှ ဘင်္ဂလား ဒေ့ရှ်သို့ သွားရောက်ခိုလှုံနေသူ နှစ်ထောင်ကျော် (၂,၄၁၅ ဦး)သာရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန  အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောကြားသည်။