အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမနေဖြစ်သည့် အသက် ၁၀ နှစ်မှ ၁၇
နှစ်နှင့် အထက် ကလေးသူငယ်များအား မြန်မာနိုင်ငံ နယ်စပ်ဒေသ
ဖွံ့ဖြိုးရေးအသင်း (BDA) နှင့် UNICEF တို့ပူးပေါင်း၍ ၂၀၁၃-၁၄ ပညာသင်နှစ်၌
မြို့နယ်များ တိုးချဲ့ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Pages
▼
20.7.13
ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့နှင့် မွေးမြူရေး ဦးစီးဌာနတို့ ပူးပေါင်း၍ တိရစ္ဆာန်ကျန်းမာရေး ကဏ္ဍရှိ လုပ်ငန်းများ ယခုနှစ်အတွင်း တိုးချဲ့လုပ်ဆောင်မည်
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့တို့ ပူးပေါင်း၍
တိရစ္ဆာန် ကျန်းမာရေးကဏ္ဍရှိ လုပ်ငန်းများကို ယခုနှစ်အတွင်း
တိုးချဲ့လုပ်ဆောင်မည် ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (မြန်မာ)မှ
အဖွဲ့ခေါင်းဆောင် Dr.Tony Williams ၏ ပြောကြားချက်အရ သိရသည်။
ကန်တော်ကြီးသို့ လူနေရပ်ကွက်များမှ ရေဆိုးဝင်ရောက်မှု မရှိစေရန် ရေလွှဲများ ပြုလုပ်မည်
ကန်တော်ကြီး အတွင်းသို့ ပြင်ပလူနေ ရပ်ကွက်များမှ စွန့်ပစ်ရေဆိုးများ
ဝင်ရောက်ခြင်း မပြုစေရန် ရေလွှဲများ ပြုလုပ်၍ ကာကွယ်မည်ဖြစ်ကြောင်း
သတင်းရရှိသည်။
Detroit မြို့ ဒေဝါလီခံဖို့ လျှောက်ထား
တချိန်က အမေရိကန် စက်မှုအင်အားကြီးမားတဲ့မြို့
ဖြစ်ခဲ့တဲ့ ဒက်ထရွိုက်မြို့ဟာ အခုတော့ အမေရိကန်ပြည်ထောင်စု သမိုင်းမှာ
ဒေ၀ါလီခံဖို့ လျှောက်ထားတဲ့ အကြီးဆုံး မြို့တော် ဖြစ်လာခဲ့ပါပြီ။
ဒေါ်အောင်ဆန်းစုကြည်နဲ့သူရဦးရွှေမန်း ပူးတွဲသတင်းစာရှင်းလင်းပွဲ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း နဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ ဟာ နှစ်ဦး ပူးတွဲပြီးတော့ သတင်းစာရှင်းလင်းပွဲပြုလုပ် ခဲ့ပါတယ်။၂၀၁၅
ခုနှစ် အထွေထွေရွေးကောက်ပွဲ ကို တရားမျှတမှု အရှိဆုံးဖြစ်အောင် လုပ်ပေး ဖို့
ဒေါ်အောင်ဆန်း စုကြည် က တိုက်တွန်းခဲ့ သလို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
သူရဦးရွှေမန်းကလည်း အမျှတ ဆုံးဖြစ်ေ အာင် ကြိုးစားသွားမယ်လို့ ကတိပေးခဲ့ပါ
တယ်။
ကမ္ဘာ့ထိပ်တန်းသို့ အမေရိကန်ကို တရုတ်ကျော်တက်မည်ဟု ယူဆသူများပြား
တရုတ်နိုင်ငံဟာ တနေ့ကျရင် အမေရိကန်ပြည်ထောင်စုကို ကျော်တက်ပြီး ကမ္ဘာ့ထိပ်တန်း အင်အားကြီးနိုင်ငံဖြစ်လာလိမ့်မယ်လို့
ကမ္ဘာက ပိုမို ယုံကြည်လာနေတဲ့အကြောင်း Pew သုတေသနဌာနက ကောက်ယူတဲ့
စစ်တမ်းသစ်တခုက ဆိုပါတယ်။ နိုင်ငံပေါင်း ၃၉ နိုင်ငံမှာ ကောက်ယူခဲ့တဲ့
စစ်တမ်းတွေရဲ့ တ၀က်ကျော်က အမေရိကန်ပြည်ထောင်စုကို ကမ္ဘာ့ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံအဖြစ် အသိအမှတ်ပြုထားတုန်း ဖြစ်ပါတယ်။
Nelson Mandela မွေးနေ့
တောင်အာဖရိကနိုင်ငံမှာ လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေးမှာ
ထင်ရှားခဲ့သူ နယ်လ်ဆင် မန်ဒဲလား အသက် ၉၅ နှစ်ပြည့် မွေးနေ့ အခါသမယကို
တောင်အာဖရိက နဲ့ နိုင်ငံတ ကာ ခေါင်းဆောင်တွေက အမှတ်တရ ကျင်းပ ကြပါတယ်။
Pretoria မြို့ဆေးရုံမှာ ကုသမှုခံ ယူနေရတဲ့ တောင်အာဖရိက သမ္မတဟောင်း မန်ဒဲ လား
ကတော့ အခြေအနေဟာ စိုးရိမ်နေရ ဆဲ ဖြစ်ပေမဲ့ တဖြည်းဖြည်း တိုးတက်မှုလည်း
ရှိတဲ့အကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ပိုးမွှားများစားခြင်းဖြင့် စားနပ်ရိက္ခာပြဿနာ ဖြေရှင်းနိုင်ဟု ကုလသမဂ္ဂ အကြံပြု
ကုလသမဂ္ဂ၏ အစီရင်ခံစာသစ် တစ်ခုက ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး
အဆီလျော့နည်းသော အင်းဆက် ပိုးမွှားများသည် စားသုံးရန် သင့်တော်သည့်
ရိက္ခာရင်းမြစ် တစ်ခုဟု ဖော်ပြထားသည်။
ကုလသမဂ္ဂ အဖွဲ့ကြီးက လူသားများ အနေဖြင့် အင်းဆက် ပိုးမွှားများကို စားသုံးခြင်းဖြင့် အနာဂတ်ကာလ
ကုလသမဂ္ဂ အဖွဲ့ကြီးက လူသားများ အနေဖြင့် အင်းဆက် ပိုးမွှားများကို စားသုံးခြင်းဖြင့် အနာဂတ်ကာလ
ကမ္ဘာ့နောက်ဆုံးပေါ် ထီးဒီဇိုင်းသစ် တီထွင်
Rainshaderဟု အမည်ပေးထားသော ထီးသစ်သည် အားပြင်းသော လေဒဏ်ကြောင့် ထီးရွက် လန်သွားသည့် ပြဿနာမျိုး မပေါ်ပေါက်အောင် တားဆီးနိုင်သလို ထီးရွက်ကြောင့် အသုံးပြုသူ၏ မြင်ကွင်းပိုင်း မရှင်းလင်းမှုမျိုး မဖြစ်နိုင်အောင် ဖန်တီးထား
သမ္မတ ဦးသိန်းစိန် ခရီးစဉ် အောင်မြင်ကြောင်း ပြောခွင့်ရသူပြော
ဆယ်စုနှစ် ၂ ခုကျော်ကြာ တင်းမာမှုတွေ ရှိခဲ့ပြီးတဲ့နောက် ပုံမှန်ပြန်ဖြစ်လာနေတဲ့ဆက်ဆံရေးကို
တိုးတက် ခိုင်မာစေဖို့နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ
တိုးမြှင့်လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ရောက် လာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့
ဥရောပခရီးစဉ်ဟာ အောင်မြင်တယ်လို့ သမ္မတနဲ့အတူ ဒီခရီးစဉ်မှာ လိုက်ပါလာတဲ့
သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ပြင်သစ်နိုင်ငံကနေ ပြန်လည်မထွက်ခွာခင်မှာပဲ ပြောကြားခဲ့ပါတယ်။
ဘဏ်တိုးနှုန်းကို တရုတ်အစိုးရ မချုပ်ကိုင်တော့
တရုတ် နိုင်ငံမှာ ဘဏ်တွေ ကနေ ငွေထုတ် ချေးတဲ့ အခါ အတိုးနှုန်း သတ်မှတ်
ချက်ကို အစိုးရက ထိန်းချုပ် ထားရာ ကနေ အခုတော့ အဲဒီလို ချုပ်ကိုင် တော့မှာ
မဟုတ်ဘူးလို့ တရုတ် အစိုးရက ကြေညာလိုက် ပါတယ်။
Trayvon Martin အမှုအပေါ် အိုဘားမား ပထမဆုံးအကြိမ် တုန့်ပြန်
အမေရိကန်နိုင်ငံမှာ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက် လူငယ် Trayvon Martinကို
သေနတ်နဲ့ ပစ်သတ်ခဲ့သူ George Zimmerman အပြစ်ကနေ တရားသေ လွတ်ခဲ့အပြီး
သီတင်း တပတ် အကြာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ သမ္မတ
အိုဘားမားက အမေရိကန် ပြည်ထောင်စု အနေနဲ့ ကိုယ့်ကိုကိုယ် အသေအချာ ပြန်လည်
စစ်ဆေး သုံးသပ်စရာ တချို့ ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်း ဆွေးနွေးမှုတွေ ပြန်စတော့မယ်
နှစ်ပေါင်း ၃နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် အစ္စရေးနဲ့ ပါလက်စတိုင်း
အကြား ငြိမ်းချမ်းရေး အတွက် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြန်စဖို့
သဘော တူလိုက်ကြပြီ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry
က ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။
သုက်ကောင် မထုတ်နိုင်သည့် အမျိုးသားများ ကင်ဆာ ဖြစ်နိုင်ခြေ မြင့်မား
သုက်ကောင် မထုတ်နိုင်တဲ့ အမျိုးသားတွေအနေနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ
မြင့်မားတယ်လို့ လေ့လာမှု အရ တွေ့ရှိထားပါ တယ်။ အသက် ၃၀ မတိုင်ခင် သုက်ရည်ထဲ
သုက်ကောင် မပါဝင်လာတဲ့ အမျိုးသားတွေဟာ ကင်ဆာ ဖြစ်နိုင်ခြေ ရှစ်ဆ ပိုမို
မြင့်မားတယ် လို့ သိရပါတယ်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြင်သစ် နိုင်ငံရှိ ထင်ရှားသည့် နေရာများသို့ သွားရောက်ကြည့်ရှု လေ့လာ
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ဝန်ကြီး ဒုတိယ
ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊
ဦးမြတ်ဟိန်းနှင့်
ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဒုတိယ ဝန်ကြီး ဦးရဲထွဋ်နှင့် ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စွာမင်းနှင့် ဌာနဆိုင်ရာ အကြီး အကဲများ လိုက်ပါလျက် ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်က ပြင်သစ် သမ္မတ နိုင်ငံ ပါရီမြို့ရှိ ဗာဆိုင်းနန်းတော် (Versailles Palace) သို့ သွားရောက်ကြည့်ရှုလေ့လာကြ သည်။
ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဒုတိယ ဝန်ကြီး ဦးရဲထွဋ်နှင့် ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စွာမင်းနှင့် ဌာနဆိုင်ရာ အကြီး အကဲများ လိုက်ပါလျက် ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်က ပြင်သစ် သမ္မတ နိုင်ငံ ပါရီမြို့ရှိ ဗာဆိုင်းနန်းတော် (Versailles Palace) သို့ သွားရောက်ကြည့်ရှုလေ့လာကြ သည်။
အကြမ်းဖက် နေရာများရှိ မီဒီယာသမားများကို ကာကွယ်ပေးရန် ကုလကို ဂျာနယ်လစ်များ တင်ပြ
မြေပြင်များ၊ အကြမ်းဖက်မှု အခြေအနေများ ရှိနေသော နေရာများတွင် သတင်း
ရယူနေသည့် သတင်းသမားများသည် ဖမ်းဆီး ထောင်ချခံရခြင်း၊ ထိပါး
နှောင့်ယှက်ခံရခြင်း၊ ကိုယ်ထိလက်ရောက် ထိပါးခြင်းနှင့် အသတ်ခံရခြင်းတို့ပင်
ဖြစ်လျက်ရှိရာ အန္တရာယ်ရှိသော အခြေအနေများထဲမှ မီဒီယာသမားများကို အကာအကွယ်
ပေးပါရန် ဂျာနယ်လစ် လေးဦးနှင့် သံတမန်များ ပူးပေါင်း၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်သွင်းထားကြောင်း ကျိုဒို သတင်း တစ်ရပ်က ရေးသား ဖော်ပြထားသည်။
ဘရုစလီ ကွယ်လွန်ခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်
ဟောင်ကောင် ကွန်ဖူး မင်းသား ဘရုစလီ ကွန်လွန် ခဲ့တဲ့ နှစ် ၄၀ ပြည့်
အထိမ်းအမှတ် အခမ်း အနားတွေကို ဟောင်ကောင်မှာ ကျင်းပနေပြီး၊ သူ့ဘဝ အကြောင်း
ပြပွဲ တခုကို လည်း ဟောင်ေ ကာင်မှာ ဒီကနေ့ ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။
အဆိုတော်ဆိုတေး သတိပြန်ရလာတဲ့အချိန် မိမိကို သူ့ဇနီးအဖြစ် လက်မခံဘူး ဆိုရင် ခိုင်လုံတဲ့သက်သေအထောက်အထားများအရ တရားစွဲဆိုသွားမည်ဟု မချိုချိုမှ မြန်မာနိုင်ငံသတင်းထောက်များကွန်ရက်ရုံးခန်းတွင် ၂၀-၇-၂၀၁၃ နေ့လယ် ၁၁ နာရီတွင် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ
ပြီးခဲ့တဲ့တနင်္ဂနွေနေ့ည ဖိုးချစ်ဇာတ်အဖွဲ့နဲ့အတူ သီချင်းသီဆိုရန်
ထွက်ခွာသွားတဲ့ အဆိုတော် ဆိုတေး၊ ဇနီးဖြစ်သူမချောချောနှင့် ယာဉ်မောင်း၊ မိတ်ဆွေအမျိုးသမီးတစ်ဦးတို့ဟာ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ကားအက်ဆီးဒင့်ဖြစ်ပြီး ဇနီးဖြစ်သူ မချောချော ပွဲချင်းပြီးသေဆုံးသွားသလို အဆိုတော် ဆိုတေးဟာလည်း မန္တလေး ပြည် သူ့ဆေးရုံကြီး တွင် ဆေးဝါးကုသမှုခံယူနေရဆဲအချိန် မှာပဲ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ
မိမိရဲ့ခင်ပွန်းဖြစ်သူ အဆိုတော်ဆိုတေးအား ထိုင်းနိုင်ငံကို
ခေါ်ဆောင်ကုသပေးမည်ဟူသည့် သတင်းများ ကျယ်ကျယ်ြ ပန့် ပြန့်ပေါ်ထွက်လာခဲ့ပါတယ်။
တပ်မတော်ခန်းမတွင် ကုန်စည်ပြပွဲနှင့် ကားပြပွဲကျင်းပ
ယနေ့ နံနက်ကိုးနာရီက ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင်
မိုးရာသီကြို ကုန်စည်ပြပွဲနှင့် ကားပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း သတင်း ရရှိသည်။ အဆိုပါပြပွဲ၌ နေ့စဉ်သုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ အီလက်ထရောနစ်ပစ္စည်း များ သာမက မော်ဒယ်မြင့်ကားများကို ပါ ပြသ လျက်ရှိသည်။
ဟောင်းနွမ်းပျက်စီးနေသော ကျန်းမာရေးပြတိုက်အား ပြန်ပြင်ရန် ဘက်ဂျက်ရရှိရေး ထပ်မံတင်ပြသွားမည်
ဟောင်းနွမ်းပျက်စီးနေသော အမျိုးသား ကျန်းမာေ ရးပြတိုက် အား
ပြန် လည်ပြင်ဆင်ရန် ဘက်ဂျက်ကို ယခုနှစ် တွင် ထပ်မံတင်ပြသွားမည်ဟု
ဗဟိုကျန်း မာရေးပညာဌာန ဒုတိယညွှန်ကြားရေး မှူး ဦးရှင်ဇာန်က ပြောသည်။