ရန်ကုန်မြို့တော်စည်ပင်တွင် City Taxi အဖြစ် မှတ်ပုံတင်ထားခြင်းမရှိသေးသော တက္ကစီအများအပြားရှိနေ၍ ၎င်းတို့အား ဆက်တိုက်စစ်ဆေးဖမ်းဆီးနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ရန်ကုန်မြို့တော်တွင် ပြေးဆွဲနေသော တက္ကစီများအနေဖြင့် က.ည.န တွင် တရားဝင်
မှတ်ပုံတင်လိုင်စင်ပြုလုပ်ပြီး ထပ်မံ၍ ရန်ကုန်မြို့တော်စည်ပင်တွင် City
Taxi အဖြစ် မှတ်ပုံတင်ရခြင်းဖြစ်ကြောင်း၊ ယင်းသို့
မှတ်ပုံတင်ထားခြင်းမရှိသော တက္ကစီများကို ယာဉ်ထိန်းတပ်ဖွဲ့၊ စည်ပင်တို့
ပူးပေါင်းကာ စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်ပြီး တစ်ပတ်လျှင် အင်္ဂါနှင့်ကြာသပတေး
နှစ်ရက် စစ်ဆေးနေကြောင်း သိရသည်။
“အရင် ရန်ကုန်တိုင်း
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(တ.ယ.က) လက်ထက်ကတော့ City Taxi
အဖြစ် မှတ် ပုံတင်မထားတဲ့ တက္ကစီတွေ ဖမ်းမိရင် တ. ယ.က အစီအစဉ်နဲ့ ရိုက်တဲ့
ဒဏ်ကြေး ၅၀၀၀၀ နဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဒဏ်ကြေး ၁၅၀၀ ပေးဆောင်ရတယ်။
အခုနောက်ပိုင်းတော့ တ.ယ.က ကနေ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့
ဖြစ်လာပြီးနောက်ပိုင်းမှာတော့ ဒဏ်ငွေ ၅၀၀၀၀ ကို ပယ်ဖျက်လိုက်တဲ့ အတွက်
မော်တော်ယာဉ်နည်းဥပဒေအရ ယာဉ်ထိန်းတပ်ဖွဲ့မှာ ဒဏ်ကြေး ၁၅၀၀ ပဲ ပေးဆောင်ရတယ်။
အချို့တက္ကစီတွေက ၁၅၀၀ ပဲ ပေးဆောင်ရတယ်ဆိုပြီး အဖမ်းခံတယ်။
မှတ်ပုံလာမတင်ကြဘူး။ ဒါကြောင့် စီးတီးတက္ကစီအဖြစ် မှတ်ပုံမတင်ဘဲ
ပြေးဆွဲနေတဲ့ယာဉ်တွေ အများကြီးရှိနေပါတယ်”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။
City Taxi အဖြစ်
မှတ်ပုံမတင်၍ ဖမ်းဆီးခံရသော ယာဉ်များအား ယာဉ်ထိန်းတပ်ဖွဲ့တွင် ဒဏ်ကြေးငွေ
၁၅၀၀ ပေးဆောင်ပြီး စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်လိုပါ က မှတ်ပုံတင်ရန်
ပျက်ကွက်ခဲ့သည့် ဒဏ်ကြေးငွေနှင့် စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ကြေး ကျပ်
၃၀၀၀ ကောက်ခံခြင်း ဖြစ်သည်။
“စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ကြေး က
ဘာမှသိပ်မရှိပါဘူး။ အချို့ကျတော့လည်း က.ည.န မှာ မှတ်ပုံတင်ပြီးသားကို
စည်ပင်မှာ ထပ်မှတ်ပုံတင်ရတာ အချိန်ကုန်တယ်။ အလုပ်ရှုပ်တယ်။
တက္ကစီပြေးဆွဲချိန်လျော့ တယ်ဆိုပြီး လာမလုပ်ကြတာပါ”ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ က တာဝန်ရှိသူက ဆိုသည်။
စီးတီးတက္ကစီများသည်
အငှားယာဉ်အဖြစ် က.ည.န တွင် မှတ်ပုံတင်ရပြီး ရန်ကုန်မြို့တော်
စည်ပင်သာယာယာရေးကော်မတီတွင် စီးတီးတက္ကစီအဖြစ် ထပ်မံ မှတ်ပုံတင်ရခြင်းမှာ
ယာဉ်ပိုင်ရှင်များ နစ်နာလျက် ရှိကြောင်း ယာဉ်ပိုင်ရှင်အချို့အကြား
ဝေဖန်ခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များကလည်း ယင်းစနစ်နှင့် ပတ်သက်၍
မေးမြန်းမှုများပင်ရှိခဲ့ကြောင်း သိရသည်။
စီးတီးတက္ကစီအဖြစ်
မှတ်ပုံတင်စေခြင်း တွင် က.ည.န တွင် အမည်ပေါက် ယာဉ်ပိုင်ရှင်သာမဘဲ
တစ်ဆင့်ရောင်းဝယ် ပြုလုပ်ခဲ့ပါက လက်ရှိယာဉ်ပိုင်ရှင်အမည်၊ လက်ရှိ
မောင်းနှင်နေသော ယာဉ်မောင်းအမည်များကိုပါ မှတ်ပုံတင်ထားခြင်းဖြစ်၍
ရာဇ၀တ်မှုများဖြစ်လာပါက ခြေရာခံလိုက်နိုင်မည်ဖြစ်ကြောင်းနှင့်
ပစ္စည်းပျောက်ဆုံးခြင်းများ ဖြစ်ပေါ်လာပါက ယာဉ်နံပါတ်မှတ်မိပါက
စည်ပင်သာယာခရိုင် ရုံးလေးခုတွင် စုံစမ်းနိုင် မည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူက ဆိုသည်။
ယင်းစနစ်ကို ၂၀၀၂ ခုနှစ်ကတည်း စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး
ရန်ကုန်မြို့တော်စည်ပင်တွင် လာရောက် မှတ်ပုံတင်ထားသော စီးတီးတက္ကစီ အရေအတွက်
၂၇၀၀၀ ကျော်ရှိသည်ဟု သိရသည်။
Eleven Media Group
No comments:
Post a Comment