Written by ဝင်းကိုကိုလတ်
နေပြည်တော်၊ မဇ္ဈိမ။ ။ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ဖေဖော်ဝါရီလ ၂၅ ရက်စွဲဖြင့် ပေးပို့သည့် အမျိုး၊ ဘာသာ၊ သာသနာဆိုင်ရာ သဝဏ်လွှာကြောင့် အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့ရသည်ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဖေဖော်ဝါရီလ ၂၇ရက်တွင် ပြောကြားသည်။
Pages
▼
27.2.14
ဒလမြို့တွင်လမ်းပိတ်ဆို့မှုများအားရှင်းလင်းဆောင်ရွက်
ရန်ကုန် ဖေဖော်ဝါရီ ၂၇
ဒလမြို့နယ်တွင် လူသွားလမ်းပိတ်ဆို့မှု အဆိုးရွားဆုံးဖြစ်ပေါ်နေသည့် ဒလသင်္ဘောဆိပ် (တံလျှပ်ဆိပ်ကမ်း) နေရာတွင် ပြည်သူတို့၏ လိုလား ချက်အရ လမ်းရှင်းလင်းခြင်း၊ စည်းကမ်းမဲ့ဈေးသည်များအား ရှင်းလင်းခြင်း အပါအ၀င် စည်းကမ်းထိမ်းသိန်းရေးလုပ်ငန်းရပ်များကို မြို့နယ်အုပ်ချုပ်
ရေးမှူး ဦးထွန်းထွန်းဝင်း အပါအ၀င်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေး အဖွဲ့များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများနှင့် မြို့နယ်အထောက်အကူပြုကော်မတီဝင်များ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြ သည်။ ဆောင်ရွက်ရာတွင် လမ်းမကြီးဧရိယာအတွင်းရှိ ဈေးဆိုင်များအား ဖျက်သိမ်းခြင်း၊ စည်းကမ်းမဲ့ ဆိုင်ကယ်တက္ကစီနှင့် ဆိုက်ကားများအား ဖယ်ရှားခြင်း၊ မော်တော်ယာဉ်များအား ယာဉ်ရပ်နားရာနေရာများတွင် စနစ်တကျရပ်နားစေခြင်းများ ဆောင်ရွက်ကြပြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေးရုံးအတွင်း မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရှင်းလင်းရေးအဖွဲ့ အစည်းမှ တာဝန်ရှိသူများ၊ မော်တော်ယာဉ် လိုင်းများမှ တာဝန်ရှိသူများ သည် လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးကြသည်။ အဆိုပါနေရာသည် သတင်းစာ၊ ဂျာနယ်များတွင် လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း မကြာခဏ
ဖော်ပြခံနေရသောနေရာဖြစ်ပြီး ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် (၂)လကျော်ခန့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆီတက်ခြင်းအကြောင်းတရား ……
လူအများနေ့ စဉ်စားသုံးနေသောအစားအစာများတွင် ပါဝင်နေသော အဆီများကြောင့် သွေးတွင်းသွေးကြောများတွင် ကိုလက်စထေရာအချိုးအစားများစုစည်းမြင့်တက်လာပြီး ဝမ်းဗိုက်များတွင်လည်း အဆီများတက်လာပြီး ဗိုက်ခေါက်ထူ ဗိုက်ပူလာပါသည် ။ မိမိတို့ စားသုံးသော အစားများတွင် ပျော်ဝင်ခြင်းမရှိသော ဆီများစားသုံးခြင်းကြောင့် များမကြာမှီ တင်ပြသလို့ ဖြစ်ပေါ်ပါသည် ။
လျှပ်စစ်မီး တစ်ယူနစ် ၁၀၀ ကျပ် ကောက်ခံမည့်သတင်း မမှန်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် လျှပ်စစ်မီတာ အသုံးပြုမှု တစ်ယူနစ်လျှင် တစ်ရာကျပ် ကောက်ခံမည့် သတင်းမှာ မဟုတ်မှန်ကြောင်း ခရိုင်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးတင်ဆိုင်ဦးက The Voice သို့ အတည်ပြု ပြောဆိုသည်။
“တစ်နိုင်ငံလုံးမှာ ကောက်ခံနေသလိုပဲ လုပ်ငန်းသုံး ၇၅ ကျပ်၊ အိမ်သုံး ၃၅ ကျပ်နှုန်းနဲ့ပဲ ကောက်ခံနေပါတယ်။ တစ်ယူနစ် တစ်ရာကျပ် ကောက်မယ်ဆိုတာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောဆိုသည်။
“တစ်နိုင်ငံလုံးမှာ ကောက်ခံနေသလိုပဲ လုပ်ငန်းသုံး ၇၅ ကျပ်၊ အိမ်သုံး ၃၅ ကျပ်နှုန်းနဲ့ပဲ ကောက်ခံနေပါတယ်။ တစ်ယူနစ် တစ်ရာကျပ် ကောက်မယ်ဆိုတာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောဆိုသည်။
သန်းခေါင်စာရင်းကောက်ယူမှု အကူအညီပေးရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေး
သန်းခေါင်စာရင်းကောက်ယူမှုဆိုင်ရာအကြောင်းအရာများ အလုပ်ရုံဆွေးနွေးပွဲကို အစိုးရနှင့်ငြိမ်းချမ်းရေး သဘောတူလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့မှ ဆက်ဆံရေးရုံးတာဝန် ခံများက တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်မှ၂၈ ရက်ထိ သုံးရက်တိုင် ပြုလုပ် လျက်ရှိသည်။
ပဲခူးမြို့ ဥဿာ နှစ်ထပ်ဈေး မီးလောင်မှု နောက်ဆက်တွဲ သတင်း
(၂၇-၂-၂၀၁၄) ရက်နေ့ နံနက် (၀၁း၁၅) နာရီအချိန်တွင် ပဲခူးမြို့နယ် မီးသတ်စခန်းနှင့် (၁)ဖာလုံခန့် ကွာဝေးသော ပဲခူးမြို့နယ်၊ “သီရိဥဿာဈေး” ၏ အောက်ထပ်တွင် မီးလောင်နေကြောင်း (၀၁း၃၅) အချိန်ခန့်တွင် သတင်းရရှိသဖြင့် ပဲခူးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၅) စီး၊ ရေသယ်ယာဉ် (၁) စီး၊ အထောက်အကူပြုယာဉ် (၁) စီး၊ သနပ်ပင်၊ ဝေါ၊ ဘုရားကြီး၊ လှည်းကူး၊ ထောက်ကြန့် မင်္ဂလာဒုံ မြို့နယ်တို့မှ မီးငြှိမ်းသတ်ယာဉ် (၆) စီး၊ စုစုပေါင်း (၁၃) စီးဖြင့် သန္ဓေတပ်ဖွဲ့ဝင် (၆၀)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၅၀)ဦး၊ စုစုပေါင်း (၁၁၀) ဦးတို့အား ပဲခူးတိုင်းဒေသကြီး နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်း၊ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရဲမင်းထွန်း၊ အောက်မြန်မာပြည် ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့်၊ တိုင်းမီးသတ်ဦးစီးဌာနမှူး ရဲသူရိန်လှမြင့်တို့၏ ဦးဆောင်မှုဖြင့် ဈေးမှ မီးသတ်ဆေးဗူး (၂၀) ဗူးဖြင့် လည်းကောင်း၊ ရေဂါလံ (၁၃၂၀၀) တို့ကို အသုံးပြု ငြှိမ်းသတ်ရာ ၀၂း၃၅ နာရီချိန်တွင် မီးထိန်းပြီး ရေဂါလံ (၁၀၀၀၀) အသုံးပြု၍ ငြှိမ်းသတ်ရာ (၀၃း၄၅) နာရီအချိန်တွင် မီးငြိမ်းခဲ့သည်။
pls read more>>http://www.searchmyanmar.com/link/comment/cid/33358#content-33358
အမျိုးစောင့်ဥပဒေတွေ ပြဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက တဆင့် ဥပဒေကြမ်း တင်ပြဆောင်ရွက်သွားဖို့ ပြည်ထောင်စု လွှတ်တော်နာယက က ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ ပေးပို့လာတဲ့ အမျိုးဘာသာ သာသနာဆိုင်ရာ ဥပဒေ ၄ ရပ် ပြဌာန်းရေးကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတဆီ သ၀ဏ်လွှာ ပြန်လည် ပေးပို့တဲ့အထဲမှာ ပြောကြားထားတာ ဖြစ်ပါတယ်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်သြ၀ါဒစရိယ ဘဒန္ဒ တိလောကာဘိဝံသ လက်မှတ်ထိုး ပေးပို့ထားတဲ့ ဥပဒေ ၄ရပ်ကို ဥပဒေ ပြဌာန်းပေးဖို့ ဖေဖော်ဝါရီ ၂၅ ရက် ရက်စွဲနဲ့ သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့တာပါ။
တိုယိုတာ ကားပြခန်း လာဖွင့်မည်
၂၇.၂.၂၀၁၄၊ ကြာသပတေးနေ့
အခု မတ်လအတွင်း ဂျပန် တိုယိုတာ ကားကုမ္ပဏီဟာ မြန်မာနိုင်ငံ ရန်ကုန်မှာ ကားပြခန်း တခု လာရောက်ဖွင့်လှစ် ရောင်းချမယ်လို့ ဘန်ကောက်ပို့စ်သတင်းစာ ဖော်ပြချက်အရ သိရပါတယ်။
ရွှေအခွန်ရရန် ဒါရိုက်တာများကို အိမ်ထိ လိုက်ရှာနေ
၂၇.၂.၂၀၁၄၊ ကြာသပတေးနေ့
အစိုးရဆီကို အခွန်ပေးဆောင်ဖို့ ရှိပေမယ့် ရွှေ လာမသွင်းဘဲ ကုမ္ပဏီဖျက်သိမ်း ခြေရာဖျောက်နေတဲ့ ကုမ္ပဏီ ၃၅ ခုနဲ့ ပတ်သက်ပြီး ဒါရိုက်တာအဖွဲ့ဝင်တွေရဲ့ နေရပ်လိပ်စာတွေအထိ လိုက်လံ စုံစမ်းပြီး ရွှေအကြွေးကျန်တွေရအောင် တောင်းခံနေတယ်လို့ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးသန်းထွန်းအောင်က ပြောပါတယ်။
အဲပုဂံလေကြောင်း အရှုံးပေါ်ဟု ဦးတေဇ ၀န်ခံ
27-2-2014
အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှု အမည်ပျက်စာရင်းသွင်းခံထားရသူ ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇက အဲပုဂံ လေကြောင်းလိုင်း အရှုံးပေါ်နေကြောင်း ဖေဖော်ဝါရီ ၂၅ရက်နေ့ ပူတာအိုမြို့တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုသည်။
အဲပုဂံလေကြောင်းလိုင်းသည် လိုင်းစတင်ပြေးဆွဲကတည်းက အရှုံးပေါ်ခဲ့ကြောင်း၊ သို့ရာတွင် တိုင်းပြည် အကျိုးအတွက် အဲပုဂံလေကြောင်းပြေးဆွဲနေခြ င်းဖြစ်ပြီး ဆက်သွယ်ရေး ခက်ခဲသော ဒေသများအထိ ပျံသန်း လျက်ရှိကြောင်း၊ ကျန်းမာရေးမကောင်းမွန်သော လူနာများကို အခမဲ့ လေယာဉ် ဖြင့် သယ်ဆောင်မှုများ လုပ်ဆောင်ပေးကြောင်း ဦးတေဇက ဆိုသည်။
27-2-2014
အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှု အမည်ပျက်စာရင်းသွင်းခံထားရသ
အဲပုဂံလေကြောင်းလိုင်းသည် လိုင်းစတင်ပြေးဆွဲကတည်းက အရှုံးပေါ်ခဲ့ကြောင်း၊ သို့ရာတွင် တိုင်းပြည် အကျိုးအတွက် အဲပုဂံလေကြောင်းပြေးဆွဲနေခြ
ထိုင်းနိုင်ငံ True ကုမ္ပဏီနှင့် ရတနာပုံ တယ်လီပို့ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
27.2.2014
ထိုင်းဆက်သွယ်ရေး ကုမ္ပဏီတခု ဖြစ်သည့် True Corp Pcl သည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ ပူးပေါင်း လုပ်ဆောာင်ရန် ရတနာပုံ တယ်လီပို့ နှင့် ဆွေးနွေးနေကြောင်း သိရသည်။ True ၏ အကြီးအကဲ Noppadol Dej-Udom က ရတနာပုံ တယ်လီပို့နှင့် ညှိနှိုင်းနေကြောင်း၊ ညှိနှိုင်းအောင်မြင်ပါက ဆောင်ရွက်မည့် အစီအစဉ်များ တင်သွင်းရမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က
ကချင်ပြည်နယ်အတွင်း သစ်၊ သတ္တုများ ခိုးထုတ်နေမှု တရုတ်ကို ကန့်ကွက်
ဖေဖေါ်ဝါရီ ၂၇ ရက် ၂၀၁၄ ခုနှစ်
မြန်မာ၊ တရုတ်နယ်စပ်ရှိ ကချင်ပြည်နယ်အတွင်း မြို့နယ်များနှင့် ကြိုးဝိုင်း၊ ကြိုးပြင်တောများမှ သစ်များ နှင့် သတ္တုများကို တရုတ်နိုင်ငံသို့ တရား မ၀င်လမ်းကြောင်းမှ ထုတ်ယူနေခြင်းကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းခြင်း၊ ကန့်ကွက်ခြင်းများ ပြုလုပ်နေသည်ဟု သမ္မတရုံးဝန်ကြီးဌာန(၂) ၀န်ကြီးဦးစိုးမောင်က ပြော သည်။
မြန်မာ၊ တရုတ်နယ်စပ်ရှိ ကချင်ပြည်နယ်အတွင်း မြို့နယ်များနှင့် ကြိုးဝိုင်း၊ ကြိုးပြင်တောများမှ သစ်များ နှင့် သတ္တုများကို တရုတ်နိုင်ငံသို့ တရား မ၀င်လမ်းကြောင်းမှ ထုတ်ယူနေခြင်းကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းခြင်း၊ ကန့်ကွက်ခြင်းများ ပြုလုပ်နေသည်ဟု သမ္မတရုံးဝန်ကြီးဌာန(၂) ၀န်ကြီးဦးစိုးမောင်က ပြော သည်။
ရွေးကောက်ခံ မဟုတ်ဘဲ သမ္မတ ဖြစ်ခွင့်မရှိ မူဝါဒ ကာချုပ်မင်းအောင်လှိုင်ကို ရည်ရွယ်သလား
27/2/2014
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မူဝါဒတွေကို ထုတ်ပြန်ခဲ့ရာမှာ ရွေးကောက်မဟုတ်ဘဲ သမ္မတဖြစ်ခွင့်မရှိ ဆိုတဲ့ မူဝါဒ တရပ်ပါဝင်လာပြီး ၂၀၁၅ ရွေးကောက်ပွဲ အလွန် သမ္မတ ဖြစ်ဖို့ တပ်တွင်းရေပန်းစားနေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ မဖြစ်လာစေဖို့ ကြိုတင် ကာကွယ် လိုက်တဲ့ ကြိုးပမ်းချက်လေလားဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာပါတယ်။
ရုရှားထောက်ခံသူနဲ့ ဆန့်ကျင်သူ ယူကရိန်းတွေကြား တင်းမာမှုပွား
၂၇.၂.၂၀၁၄၊ ကြာသပတေးနေ့
ယူကရိန်းနိုင်ငံ တောင်ပိုင်းမြို့တမြို့ဖြစ်တဲ့ Simferopol မှာ ရုရှားလိုလားတဲ့အုပ်စုတွေနဲ့ အနောက်အုပ်စု လိုလားတဲ့ ကြားဖြတ်အစိုးရကို ထောက်ခံသူတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်နေပါတယ်။
ကမ္ဘာမှာ ဆီးရီးယားဒုက္ခသည်ဦးရေ အများဆုံးဖြစ်တော့မည်
၂၇.၂.၂၀၁၄၊ ကြာသပတေးနေ့
ဆီးရီးယားနိုင်ငံသားတွေဟာ ကမ္ဘာ့ဒုက္ခသည်ဦးရေအများဆုံး တိုင်းပြည်အဖြစ် အာဖဂန်နစ္စတန်နိုင်ငံကို ကျော်တော့မယ်လို့ ကုလသမဂ္ဂ ထိပ်တန်းအရာရှိက ပြောလိုက်ပါတယ်။
ဒါ့အပြင် တိုင်းပြည်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေက ထွက်ပြေး လာသူတွေဟာလည်း သူတို့ ကြုံတွေ့ခဲ့ရတဲ့ စိတ်မချမ်းမြေ့ဘွယ်ရာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ ဒဏ်ချက်တွေက မလွတ်မြောက်နိုင်ကြဘူးလို့ ဆိုပါတယ်။
ဆီးရီးယားဒုက္ခသည် ၂ သန်းခွဲကို လက်ခံထားကြတဲ့ ဆီးရီးယားရဲ့ အိမ်နီးချင်းနိုင်ငံတွေကို နိုင်ငံတကာအသိုင်းဝိုင်းအနေနဲ့ ကူညီကြဖို့ အင်္ဂါနေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres က တိုက်တွန်း ပြောကြားသွားတာပါ။
၃ နှစ်လောက်ကြာလာပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်က ကလေးငယ်တွေအပေါ် အကျိုးသက်ရောက်မှုနဲ့ ပတ်သက်လို့လည်း သူက အလေးထား ပြောကြားခဲ့ပါတယ်။ အရပ်သား အတော်များများလည်း တိုက်ပွဲတွေကြားမှာ ပိတ်မိနေကြတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။
အဲဒီအထဲက ၂ သိန်းကျော်လောက်ဟာ အစိုးရတပ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး အတိုက်အခံ တော်လှန်ရေးအုပ်စုတွေရဲ့အောက်မှာတော့ ၄ သောင်းခွဲရှိတယ်လို့ ဆိုပါတယ်။ အဲဒီ ဒုက္ခသည်တွေလိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ နှစ်ဖက်စလုံးက ခွင့်ပြုရမယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။
VOA
ကျောင်းသားအရေး ဆွေးနွေးပွဲ ဖိအားပေးခံရ
၂၇.၂.၂၀၁၄၊ ကြာသပတေးနေ့
ဒဂုံတက္ကသိုလ်မှာ ဗုဒ္ဒဟူးနေ့က ပြုလုပ်ခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ခုကို ကျောင်းအုပ်ချုပ်ရေး အဖွဲ့က ဟန့်တားခဲ့ပါတယ်။
ဒဂုံတက္ကသိုလ်က ကျောင်းသားများ နားနေဆောင် တစ်ခုမှာ မနေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ မစခင် ကတည်းက ကျောင်းအုပ်ချုပ်ရေးက ဟန့်တားတာကို ခံခဲ့ရတာပါ။
သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရသည်ကို အရေးယူပေးရန်တိုင်ကြားစာ ရဲငြင်းပယ်
သဲကုန်းမြို့နယ် သပိတ်စခန်းမှ လယ်သမားများက သပိတ်စခန်းဖြိုခွဲမှုတွင် ပါဝင်ပတ်သက်သူများကို အရေးယူပေးရန် သဲကုန်းမြို့နယ် ရဲစခန်းတွင် ဖေဖော်ဝါရီလ ၂၆ရက်က တိုင်တန်းရာ ရဲစခန်းက ပယ်ချလိုက်သည်ဟု လယ်သမားအရေး ကူညီဆောင်ရွက်နေသူ ကိုသန့်ဇင်ထက်က မဇ္ဈိမကို ပြောသည်။
ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် မြန်မာပြည်ကို လာရောက်မယ်
၂၇.၂.၂၀၁၄၊ ကြာသပတေးနေ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina ဟာ မတ်လ ၃ ရက်ကျရင် မြန်မာနိုင်ငံကို လာရောက်ဖို့ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဘင်္ဂလားပင်လယ်အော် ဒေသဆိုင်ရာ Bimstec ညီလာခံကို တက်ရောက်ဖို
့အတွက် လာရောက်မှာ ဖြစ်ပါတယ်။
လွှတ်တော်တွင် မထီမဲ့မြင် မလုပ်ရန် သမ္မတရုံး ဝန်ကြီးနှင့် လွှတ်တော် အမတ်ကို သူရဦးရွှေမန်း သတိပေး
၂၇.၂.၂၀၁၄၊ ကြာသပတေးနေ့
လွှတ်တော်အတွင်း မကြာခဏ ကတောက်ကဆ ဖြစ်မှုကြောင့် နှစ်ကြိမ် သတိပေး ခံရဖူးသူ နိုင်ငံတော် သမ္မတရုံး ဝန်ကြီး (၂) ဦးစိုးမောင်နှင့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေတို့ကို လွှတ်တော်အတွင်း မေးခွန်း မေးမြန်းခြင်းနှင့် ပြန်လည် ဖြေကြားရာတွင် မထီမဲ့မြင် မလုပ်ကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သတိပေး ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှု ရပ်တန့်ရန် ဦးဝီရသူ မိန့်ကြား
27/2/2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှုများကို ရပ်တန့်ရန် ၉၆၉ အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်သော ဆရာတော် ဦးဝီရသူက တိုက်တွန်းပြောဆိုလိုက်သည်။
ဧရာဝတီမြစ်တွင်ဆည်ငယ်များတည်ဆောက်၍ မြစ်ချောင်းထိန်းသိမ်းခြင်းစီမံကိန်းရပ်ဆိုင်း
27-2-2014
မြစ်ကြောင်း ထိန်းသိမ်းရေး အတွက် အဓိကရည်ရွယ်၍ တည် ဆောက်ရန် လျာထားခဲ့သော ဧရာဝတီမြစ်ကြောင်းပေါ်မှ ဆည် ငယ်များတည်ဆောက်ရေးကို ရပ် ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရေအရင်း အမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
Taxi ယာဉ်မောင်းနှင့် ခရီးသည်ကို ရိုက်နှက်ခဲ့သည့် ပြိုင်ကားပေါ်မှ လူငယ် ငါးဦးကို ရဲစခန်းထံ မိဘများ အပ်နှံ
၂၇.၂.၂၀၁၄၊ ကြာသပတေးနေ့
ရန်ကုန်မြို့တော် လှိုင်မြို့နယ် ခြောက်မိုင်ခွဲ ပြည်လမ်းမ ပေါ်တွင် လွန်ခဲ့သော ၁၀ ရက် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁ နာရီကျော်က Taxi ယာဉ်မောင်းနှင့် ခရီးသည်ကို ပြိုင်ကား ငါးစီးပေါ်မှ လူငယ်များက ဘေ့စ်ဘော တုတ်ဖြင့် ရိုက်နှက်မှု၊ အုတ်ခဲများဖြင့် ထုနှက်ခဲ့မှုနှင့် ပတ်သက်၍ အဆိုပါ လူငယ် ငါးဦးကို ၎င်းတို့၏ မိဘများက ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်၌ လှိုင်မြို့မ ရဲစခန်းထံ လာရောက် အပ်နှံခဲ့ကြောင်း အဆိုပါ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း ပယ်ချသော်လည်း မျိုးစောင့်ဥပဒေ ပြဌာန်းရေး အစိုးရနှင့်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဟု ဆို
Thursday, February 27, 2014
သမ္မတဦးသိန်းစိန်က ပေးပို့သော အမျိုးဘာသာ သာသနာကို ကာကွယ်
ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးဆိုင်ရာ သ၀ဏ်လွှာအား အစိုးရနှင့် တရားလွှတ်တော်ချုပ်သို့ ပြန်လည်
တာဝန်လွှဲအပ်ခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်ပင်ညှိနှိုင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သံဃာတော်များက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
USAID အကြီးအကဲ ဒုတိယအကြိမ် မြန်မာနိုင်ငံလာရောက်
၂၇.၂.၂၀၁၄၊ ကြာသပတေးနေ့
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အစီအစဉ် (USAID) ၏ အကြီးအကဲ Dr. Rajiv Shah သည် ဖေဖော်ဝါရီ ၂၇ နှင့် ၂၈ ရက်နေ့များတွင် မြန် မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
မန်းရတနာပုံ လေကြောင်းလိုင်း စတင် ပြေးဆွဲ
၂၇.၂.၂၀၁၄၊ ကြာသပတေးနေ့
မန္တလေးအခြေစိုက် မန်းရတနာပုံ လေကြောင်းလိုင်းဟာ ပြင်သစ်နိုင်ငံလုပ် ခရီးသည် ၇၀ ဆံ့ Turbo Prop လေယာဉ် အသုံးပြုပြီး ရန်ကုန်၊ မြစ်ကြီးနား၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံနဲ့ တာချီလိတ်ခရီးစဉ်တွေကို ဒီနေ့ စပြေးဆွဲနေပြီလို့ လေကြောင်းလိုင်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
သမ္မတပေးပို့ထားသည့် မျိုးစောင့်ဥပဒေကိစ္စ လွှတ်တော်တွင် ရှင်းလင်း
၂၇.၂.၂၀၁၄၊ ကြာသပတေးနေ့
အမျိုးစောင့်ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကတဆင့် ဥပဒေကြမ်း တင်ပြ ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားလိုက်ပါတယ်။
ပလောင်ဒေသ လက်နက်ကိုင် ပဋိပက္ခများ ရပ်ဆိုင်းရေး သမ္မတထံ တောင်းဆိုမည်
၂၇.၂.၂၀၁၄၊ ကြာသပတေးနေ့
တပ်မတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့များအကြား ထိုးစစ်ဆင် တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့သော ပလောင် ဒေသခံများအတွက် လက်နက်ကိုင် ပဋိပက္ခများ ရပ်ဆိုင်းရန် တောင်းဆိုချက် ခြောက်ချက်ကို နိုင်ငံတော်သမ္မတထံ ယခုရက်ပိုင်းအတွင်း တောင်းဆိုသွားမည် ဖြစ်ကြောင်း တအာင်း အမျိုးသမီး အဖွဲ့အစည်း၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်လိုည်းပိုငယ် က ပြောကြားသည်။