
Pages
▼
30.11.15
ပြည်တွင်းလုပ်ငန်းရှင်များ SME ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်ထား ပါက ပြည်ပလုပ်ငန်းရှင်များနှင့် အလွယ်တကူချိတ်ဆက်နိုင်ပြီး ချေးငွေ ရရှိရေးကိုပါ အထောက်အကူပြုနိုင်ဟုဆို

ဒီဇင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလ ထုတ်ပြန်
ဒီဇင်ဘာလအတွင်း
ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်ပြီး
အဆိုပါ လေဖိအား နည်းရပ်ဝန်းသည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ် အဖြစ်သို့
ပြောင်းလဲနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏
ဒီဇင်ဘာလ မိုးလေ၀သ ခန့်မှန်းချက်အရ သိရသည်။
သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာ ၂ ရက် တွေ့မည်

အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် တွေ့ဆုံရန်ဒေါ် အောင်ဆန်းစုကြည်၏ တောင်း ဆိုမှုအရ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင် ဘာ ၂ရက်တွင် တွေ့ဆုံရန်စီစဉ် နေကြောင်းသတင်းရရှိသည်။
ဖုန်းသုံးစွဲမှုမြင့်လာပြီး ဈေးကျလာခြင်းကို အာဆီယံဆက်စပ် အစည်းအဝေးတွင် ဆက်သွယ်ရေးဝန်ကြီး ဂုဏ်ယူ ပြောကြား

ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၏ နောက်ဆက် တွဲအဖြစ် ပြည်သူများသည် ပညာ ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူ မှုရေးတိုးတက်မှု အကျိုးကျေးဇူး များ ရရှိခံစားနေရပြီဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောကြားခဲ့သည်။
မာလီမြောက်ပိုင်းရှိ ကုလသမဂ္ဂ အခြေစိုက်စခန်းတစ်ခု ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

မာလီနိုင်ငံ မြောက်ပိုင်းရှိ ကုလသမဂ္ဂ အခြေစိုက် စခန်းတစ်ခုသည် နိုဝင်ဘာ ၂၈ ရက်က ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခြင်း ခံခဲ့ရရာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် နှစ်ဦးနှင့် အရပ်သားဝန်ထမ်း တစ်ဦးတို့ သေဆုံးခဲ့သည်။ ထိုတိုက်ခိုက်မှုကို ဂျီဟတ်အုပ်စု အန်ဆာဒင်း (Ansar Dine) က လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ လုံခြုံရေးကောင်စီကမူ ယင်းလုပ်ရပ်သည် စစ်ရာဇ၀တ်မှု ဖြစ်နိုင်သည်ဟု သတိပေးခဲ့သည်။
ပုဂ္ဂလိက ဘဏ်များအနက် ဘဏ်ခွဲ အနည်းဆုံး စာရင်းတွင် ပါဝင်သည့် ပထမပုဂ္ဂလိကဘဏ်သည် ဘဏ်စတင် တည်ထောင်ချိန်မှစ၍ ကျပ်သန်းပေါင်း ၁၅၀၀၀ ခန့် ၀င်ငွေခွန် ပေးဆောင်ထားပြီး ဘဏ်အားလုံး၌ အခွန်ဆောင်မှု အဆင့် (၅) ခန့် ရှိနေကာ အခွန်ရှောင်သည့်ဘဏ် မဟုတ်ကြောင်း ဘဏ်ဥက္ကဋ္ဌ ပြောကြား
မြန်မာနိုင်ငံရှိ
ပုဂ္ဂလိက ဘဏ်များအနက် ဘဏ်ခွဲ အနည်းဆုံး စာရင်းတွင် ပါဝင်နေသည့်
ပထမပုဂ္ဂလိကဘဏ်သည် ဘဏ်စတင်တည်ထောင်ချိန်မှ ပြီးခဲ့သည့် ဘဏ္ဍာနှစ်
အကုန်ပိုင်းအထိ အခွန်ဆောင်မှုပေါင်း ၁၈၀၀၀ ခန့် ပေးဆောင်ထားပြီး
ဘဏ်များအားလုံးအနက် အခွန်ထမ်းဆောင်မှု အဆင့် ၅၊ အဆင့် ၆ ခန့် ရှိနေကာ
အခွန်ရှောင်သည့် ဘဏ်မဟုတ်ကြောင်း ပထမပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က
နိုဝင်ဘာ ၂၉ ရက်တွင် ကျင်းပသည့် (၂၄) ကြိမ်မြောက် ပထမပုဂ္ဂလိကဘဏ် နှစ်ပတ်လည်
အထွေထွေ အစည်းအဝေးတွင် ပြောကြားသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၂ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၂ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပါသည်။