Pages

25.6.13

ၾသစေၾတးလ်နိုင်ငံ ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​က ​မြန်မာ​နိုင်ငံကို ​ဇူလိုင်လ ​၁၀ ​ရက်ကနေ ​၁၂ ​ရက်နေ့အထိ ​သွားရောက်လည်ပတ်မှာ​ဖြစ်တဲ့အကြောင်း ​တရားဝင်​ထုတ်ပြန်

ပြီးခဲ့တဲ့နှစ် မြန်မာခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကားရ်က ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ (Credit: ABC) 

မြန်မာ​နိုင်ငံမှာ ​သမ္မတကြီးဦးသိန်းစိန်နဲ့​ရော ​နိုင်ငံခြားရေးဝန်ကြီး ​ဦးဝဏ္ဍမောင်လွင်နဲ့ပါ ​တွေ့ဆုံဆွေးနွှေးဖို့ ​ရှိတဲ့အပြင် ​ရခိုင်ပြည်နယ်တွင်း ​လူ့အခွင့်အရေးအခြေအနေ ယအကြောင်းတွေကို​ပါ ​ဆွေးနွေး​ဖို့ရှိတယ်လို့ ​သိရပါတယ်။
သြစတြေးလျ​နိုင်ငံ ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr  ​က ​မြန်မာနိုင်ငံ​ရခိုင်ပြည်နယ်က ​ပြီးခဲ့နှစ်ဇွန်လမှာ ​ဖြစ်ခဲ့ တဲ့ ​လူမျိုးရေးပဋိပက္ခကြောင့် ​လူပေါင်း ​၁၉၂ဦးသေဆုံးခဲ့ပြီး ​လူပေါင်း ​၁၄၀၀၀၀ ​အိုးမဲ့အိမ်မဲ့ ​ဖြစ်သွားတယ် လို့ ​လွှတ်တော်မှာ ​ပြောပြပါတယ်။
သမ္မတကြီး​ဦးသိန်းစိန် ​သြစတြေးလျ​နိုင်ငံကို ​လာရောက်လည်ပတ်စဉ်က ​ဝန်ကြီးချုပ်  ​Julia ​Gillard ​က လည်း ​တိုင်းရင်းသားလူမျိုးစုတွေနဲ့ ​ပဋိပက္ခ​ဖြစ်နေတဲ့ အခြေအနေတွေကို ​စိုးရိမ်မကင်း ​ဖြစ်တဲ့ အကြောင်း ​ပြောခဲ့တယ်လို့ ​ဆိုပါတယ်။ သြစတြေးလျ ​နိုင်ငံအနေနဲ့ ​ရခိုင်ပြည်နယ်မှာ ​အိုးအိမ်မဲ့ ​ဖြစ်သွား သူတွေကို ​ပြန်လည်နေရာချ ​ထားရေးအတွက် ​အထောက်အပံ့ ​သြစတြေးလျ ​ဒေါ်လာ ​၅.၈သန်းကို ​ကူညီပေးမယ်လို့လဲ ​ကြေငြာထားပါတယ်။

ထောက်ပံ့ကူညီမှုထဲမှာ ​ကမ္ဘာ့စားနပ်ရိက္ခာ ​World ​Food ​Program ​အဖွဲ့ကနေ ​လူပေါင်းတသိန်း ​အတွက် ​အစာ​ရိက္ခာ၊ ​ကလေးများ ​ကယ်ဆယ်စောင့်ရှောက်ရေး ​Save ​the ​Children ​အဖွဲ့ ​ကနေ တဆင့် ​ကလေးပေါင်း ​၃သောင်း ​၇ထောင် ​အတွက် ​မိသားစုတွေ ​နဲ့ကွဲတဲ့ ​ကလေးတွေကို ​မိဘတွေ ​နဲ့ ​ပြန် လည်တွေ့ဆုံပေါင်းစည်းရေး ​အတွက် ​- ​ကုလသမဂ္ဂ ​ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး​ရုံးဖြစ်တဲ့ ​UNHCR ​ကနေတဆင့် ​အိုးအိမ်မဲ့ဖြစ်သွားသူ ​ယောက်ပေါင်း ​၃သောင်း ​၂ထောင်အတွက် ​ယာယီဖျဉ်တဲတွေ ​- ​CARE ​လို့ခေါ်တဲ့ လူမှုရေးအသင်းအဖွဲ့ကနေ တဆင့် ​လူပေါင်း ​၁သောင်း ၄ထောင် အ တွက် ​စော၊င် ​ခြင်ထောင်၊ ​အဝတ်အထည် ​နဲ့ယာယီ ​နေထိုင် ​ဖို့ ​စခန်း ​တွေ ​-- ​ကုလသမဂ္ဂ ​အဖွဲ့အစည်း ​UNICEF ​ကနေတဆင့် ​လူပေါင်း ​၄သောင်းကျော် ​အတွက် ​သောက်ရေသန့် ​နဲ့ကျမ်းမာရေးဆိုင်​ရာ သန့်ရှင်း မှုအတွက်ဆောင်​ရွက်ချက်တွေ ​ပြုလုပ်ခဲ့တယ်လို့ ​သြစတြေးလျ ​လွှတ်တော်မှာလဲ သြစတြေး လျ​နိုင်ငံ ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr  ​က ​ပြောသွားပါတယ်။ မြန်မာ​နိုင်ငံ ပဋိပက္ခ ​ဖြစ်နေ တဲ့ ​ဒေသတွေ ​မှာ ​ငြိမ်းချမ်းရေး ​အကောင်အထည်ဖေါ်ဆောင် ​နိုင်ရေးအတွက် ​မြန်မာငြိမ်းချမ်းရေးစင်တာ  ​Myanmar ​Peace ​Centre ​ဆို ​တဲ့ ​ဗဟိုဌါန ​အတွက်လဲ ​သြစတြေးလျ ​နိုင်ငံ ​က ​ဒေါ်လာ ​၅သန်း ​ပါဝင် ​ထားပါတယ်။

ABC Radio Australia


မှော်ဘီနှင့် တိုက်ကြီးတွင် ဝက်များ အစုလိုက် သေဆုံး

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် နှင့် တိုက်ကြီးမြို့နယ်တို့တွင် လွန်ခဲ့သော တစ်ပတ် မှစ၍ ဝက်များသည် ပုံမှန် မဟုတ်သော သေဆုံးမှု များပြားလာကြောင်း ဒေသခံများက The Voice သို့ပြော ကြားသည်။

ဇွန်လ တတိယပတ်တွင် ရပ်ကွက်ထဲ၌ ဝက်များသည် ကိုယ်ပူခြင်း၊ ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်ခြင်းများ ရှိခဲ့ပြီး တိ၊မွေး၊ကု ဆရာဝန်နှင့် ခေါ်ယူ ကုသသော်လည်း သုံးရက်အတွင်း ဝက်ငါးကောင်ခန့် သေဆုံး ခဲ့ကြောင်း မှော်ဘီမြို့နယ် (၄) ရပ်ကွက် ၁၅၀၀ ကွက်သစ် နေထိုင်သည့် ဝက်မွေးမြူသူ ဦးထွန်းထွန်း က ပြောကြားသည်။

“ဝက်တွေသေတာ ကြားနေရတယ်။ ဘာကြောင့်သေလဲဆိုတာ လူတွေမသိကြပေမယ့် ပေါ်ရောင်းနေကြ တဲ့ လူတွေရှိတယ်။ ရွာထဲမှာဆို နေမကောင်းလို့သေသွားတဲ့ဝက်တွေကို တစ်ပိဿာကျပ် ၂၀၀၀ ဈေး နဲ့ ရောင်းတော့ အရင် ၆၀၀၀ နဲ့ စာရင် သက်သာတယ်ဆိုပြီး ဝယ်စားနေကြတာပေါ့”ဟုမြောင်းတကာ ကျေး ရွာအုပ်စု ရေကျော်ကျေးရွာမှ ဝက်မွေးသူတစ်ဦးက ဆိုသည်။

ခြံထဲတွင် ဝက်နှစ်ကောင် ကိုယ်ပူပြီး ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်ကာ သေဆုံး သွားသဖြင့် ကျန်နေသော ဝက် သုံးကောင်ကို ထုတ်ရောင်း လိုသော်လည်း ဝက်ဈေးများ ကျနေ၍ မရောင်းဖြစ်ကြောင်း တိုက်ကြီးမြို့နေ ဦးတင်ဝင်း က ပြောကြားသည်။

ရောဂါ ကူးစက်ခံရပြီး သေဆုံးသည့် ဝက်သားကို လူက စားမိပါက ဝမ်းရောဂါနှင့် ဆက်နွှယ်သော ရောဂါ များ ဖြစ်နိုင်ပြီး ဝက်များ ပုံမှန်မ ဟုတ်သော သေဆုံးမှုများ ရှိခဲ့လျှင် ဝက်ပိုင်ရှင်များ အနေဖြင့် နီးစပ်ရာ ဓာတ်ခွဲခန်းနှင့် ဌာနများသို့ သတင်းပေးပို့ရန် လိုကြောင်း

ရန်ကုန်တိုင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
“ဝက်တွေသေတဲ့ သတင်းတွေ ကြားနေရပေမယ့် ဘာရောဂါလဲ ဆိုတာတော့ မသိသေးဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ တိုင်းဒေသကြီး အချို့တွင် ပုံမှန်မဟုတ်ဘဲ ဝက်သေဆုံးမှုများ တွေ့ရှိရပြီး အသေသား မရောင်းရ ဥပဒေကို ထုတ်ပြန်ထားသော်လည်း လိုက်နာခြင်း မရှိကြောင်း ၎င်း၏ ပြော ကြားချက်အရ သိရသည်။

ဝက်များတွင် ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားပါက ကနဦးတွင် နေ မကောင်း ဖြစ်ခြင်း၊ သားလျှောခြင်း၊ အစာမစားခြင်းနှင့် ဝမ်းချုပ်ခြင်း၊ အရေပြား နီရဲလာခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်လေ့ရှိပြီး ၂၀၁၁ ခုနှစ် ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားခဲ့ချိန်က တစ်နိုင်ငံလုံးတွင် ဝက်ကောင်ရေ တစ်သိန်းကျော် သေဆုံး ခဲ့ ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန စာရင်းအရ သိရသည်။

အိန္ဒိယနိုင်ငံတွင် ဝက်နားရွက်ပြာရောဂါ တွေ့ရှိရသဖြင့် မြန်မာ-အိန္ဒိယ နယ်စပ်ရှိ ဂိတ်များမှ တင်သွင်း လာမည့်ဝက်များကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း အိန္ဒိယတိရစ္ဆာန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က ပြောကြားသည်။

The Voice Weekly News

ထိုင်းနိုင်ငံတွင် တရားမ၀င် မြန်မာအလုပ်သမားများအား ဖမ်းဆီးကာ နေရပ်သို့ ပြန်ပို့နေ

မြန်မာအလုပ်သမား အများစုရှိရာ ထိုင်းနိုင်ငံ မဲဆောက်မြို့ တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)

ထိုင်းနိုင်ငံတွင် လူကုန်ကူးမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် အထောက်အထား မဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးကာ နေရပ်သို့ ပြန်လည်ပို့ဆောင် လျက်ရှိကြောင်း အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

ထိုင်းနယ်စပ်စခန်း တစ်ခုသို့ တရားမ၀င် ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅၀ ကို ထိုင်းတပ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ပြီး ဇွန် ၂၁ ရက် တွင် နှစ်သုတ်ခွဲကာ မြ၀တီမြို့သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ယင်းဖမ်းဆီးခံရသူ များထဲတွင် အမျိုးသမီးများနှင့် ကလေးများလည်း ပါဝင်ကြောင်း သိရသည်။ ''ထိုင်းနိုင်ငံဘက်မှာ လူကုန်ကူးမှုတွေ ဆက် တိုက်ဖြစ်နေလို့ အခုလိုမျိုး ဖမ်းဆီးစစ်ဆေးပြီး ပြန်ပို့နေတာပါ။ ပြန်ပို့ခံရတဲ့ လူတွေက အထောက်အထား မရှိတဲ့ လူတွေပါ။ တာချီလိတ် ဘက်မှာတော့ ခဏခဏ အဲဒီလို ပြန်ပို့နေကျပဲ။ မြ၀တီမှာတော့ အခုမှ ပြန်ပို့ တာပါ'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ ရွှေ့ပြောင်း အလုပ်သမားဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အိမွန်စိုးက ပြောကြားသည်။ ထို့ပြင် တရားမ၀င် မြန်မာအလုပ်သမား ၁၁ ဦးတို့ကို ဇွန် ၂၁ ရက်တွင် တာချီလိတ်မြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး ယင်းတို့မှာ ထိုင်းနိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက်ခဲ့ပြီး နေထိုင်ခွင့်ကတ်ပြား မရှိခြင်းနှင့် နယ်စပ်ဖြတ်သန်းခွင့်ခုနှစ်ရက် ကျော်လွန်ခြင်း တို့ကြောင့် ရှောင်တခင် စစ်ဆေးချက်အရ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် လူကုန်ကူး ခံထားရသူများ မဟုတ်ကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးချုပ်ဦးသက်နိုင်ဦး ကလည်း ''အလုပ်သမား ၀န်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံက စက်ရုံအလုပ်ရုံတွေမှာ အမှန်တကယ် အလုပ် လုပ်နေတဲ့ သူတွေကို အထောက်အထား ထုတ်ပေးတာပါ။ နယ်စပ်ကနေ ထိုင်းဘက်ကို တရားမ၀င် ဘဲ ဈေးသွားရောင်းတဲ့သူတွေ၊ ဆိုင်ဖွင့်တဲ့သူတွေ၊ သွားလည်တဲ့သူတွေကိုတော့ ဖမ်းမှာပေါ့။ သူတို့ အထောက်အထား ထုတ်ပေးတဲ့ အထဲမှာလဲ အကျုံးမ၀င်ဘူး။ နောက် အလုပ်သမားတွထဲမှာလဲ အထောက် အထား ထုတ်ပေးရက်သားနဲ့ လာမလုပ်ရင်တော့ အဖမ်းခံရမှာပဲ'' ဟု ဆိုသည်။ အလုပ်သမား အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနသည် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို အထောက် အထားထုတ်ပေးလျက်ရှိရာ လက်ရှိတွင် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ ဒသမ ၂ သန်းကျော် အား အထောက်အထားများ ထုတ်ပေးခဲ့ပြီး အထောက်အထားများ ထုတ်ပေးရန် ကျန်ရှိနေ သည့် အလုပ်သမား တစ်သန်းကျော်အား စခန်း ၁၁ ခု ဖွင့်လှစ်ကာ အထောက်အထားများ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၉ ရက်မှ ၂၀၁၃ ခုနှစ် ဇွန် ၂၁ ရက်အထိ တရားမ၀င် မြန်မာ အလုပ်သမား ကျား ၄၆၄၉ ဦး၊ မ ၁၆၀၄ ဦး စုစုပေါင်း ၂၆၂၅၃ ဦးကို မြန်မာနိုင်ငံသို့ လွှဲပြောင်း ပေးထားကြောင်း သိရသည်။

လေးဖက်နာရောဂါအကြောင်း သိကောင်းစရာ


   ပိုးလေးဖက်နာ (Rhematic fever) နဲ့ သွေးလေးဖက်နာ ( Rhematoid arthritis(RA)) ဆိုပြီး လေးဖက် နာရောဂါမှာ နှစ်မျိုးရှိပါတယ်။ ပိုးလေးဖက်နာကိုအရင်ပြောပြပါမယ်။ ပိုးလေးဖက်နာ ရောဂါဆိုတာမှာ G.A Haemolytic Strepto cocci ခေါ် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတဲ့ရာဂါဖြစ်ပါတယ်။ ကျောင်းသား /ကျောင်းသူအရွယ်များတွင် နှလုံးရောဂါ ဖြစ်စေနိုင်သည့် အဓိကအကြောင်းရင်းဟာ လေးဖက်နာရောဂါဖြစ် ပါတယ်။ အဓိကရောဂါ symptoms တွေကတော့
၁။ အဆစ်အမြစ်ကိုက်ခဲရောင်ရမ်းခြင်း(Arthritis)
၂။ နှလုံးရောင်ရမ်း ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်း(Carditis)
၃။ အကြောဆွဲခြင်း (Chlorea)
၎။ လက်၊ ညို့သကျည်းနှင့် ကျောရိုးတစ်လျှောက်အရေပြားအောက်တွင် အကျိတ်ငယ်   ကလေးများထွက်ခြင်း။( Subcutaneous nodule)
၅။ အရေပြားပေါ်တွင် အနီရောင်အကွက်ငယ်များထွက်ခြင်း ( Erythema marginatum)    ၆။ သွေးဖောက်စစ်လျှင် ESR တက်နေခြင်း။
၇။ နှလုံးစက် (ECG) ဖြင့်စမ်းကြည့်လျှင် Prolog P.R interval ဖြစ်နေခြင်းတို့ပဲဖြစ်ပါတယ်။လေးဖက်နာရော ဂါသည် လည်ချောင်းနာခြင်း၊ အာသီးရောင်ရမ်းခြင်းတို့မှ အစပြုတတ်သောကြောင့်   လည်ချောင်းနာလာပါ ကနီးစပ်ရာ ဆေးခန်း၊ ဆေးရုံသို့ သွားပြသ၊ စစ်ဆေး ကုသမှုခံယူသင့်ပါတယ်။ ******  အခုကတော့ သွေးလေးဖက်နာ(Rhematoid Arthritis (RA) ) အကြောင်းကိုပြောပါမယ်။  သွေးလေးဖက် နာရောဂါဟာ နာတာရှည်အဆစ်ရောဂါများထဲတွင် အဖြစ်များဆုံးရောဂါဖြစ်ပါတယ်။ဒီရောဂါဟာအဆစ်များ ကိုပျက်စီးကာ ကောက်ကွေးပုံပျက်စေသည့်အပြင် နောက်နောင်လမ်းမလျှောက်နိုင်ဘဲအိပ်ယာပေါ်လဲသည့်
အထိဖြစ်စေနိုင်ပါတယ်။  ရောဂါရှိကြောင်း ဘယ်လိုသိနိုင်မလဲ။
၁။ နံနက်အိပ်ယာထ လက်ဆစ်များတစ်နာရီထက်ပိုပြီး တောင့်တင်းခြင်း။
၂။ အဆစ်(၃)ခုနှင့် အထက်ရောင်ရမ်းနာကျင်ခြင်း။
၃။ လက်ဆစ်များ ရောင်ရမ်းနာကျင်ခြင်း။
၎။ ဘယ်ညာတစ်ပြိုင်နက်ဖြစ်ခြင်း။
၅။ အရေပြားအောက်တွင် အကျိတ်အဖုလေးများ ထွက်ခြင်း။    ၆။ သွေးစစ်ကြည့်ရာတွင် ရောဂါဖြစ်စေသော ဓာတ်တစ်ခု (Rhematoid Factor) တွေ့ရခြင်း။
၇။ ဓာတ်မှန်တွင် အရိုးစားနေကြောင်း တွေ့ရခြင်း။
၈။ အနည်းဆုံး(၆) ပတ်ကြာ ဖြစ်ပွားရမည်။
အထက်ပါအချက်များအနက် (၄)ချက်နှင့် အထက်ရှိပါက(R A ) ရောဂါရှိနေတယ်လို့ ယူဆရပါတယ်။ ရော ဂါ သက်သာပျောက်ကင်းမှုကို ဟန့်တားသောအချက်များ
၁။ အသက်ကြီးမှ ရောဂါစတင်ဖြစ်ခြင်း။
၂။ အမျိုးသမီးဖြစ်ခြင်း။
၃။ နာကျင်သော အဆစ် အရေအတွက်များခြင်း။
၎။ အဆစ်နာကျင်ရောင်ရမ်းခြင်းကို ကုသထိန်းသိမ်းမှု အားနည်းခြင်း။
သတိပြုဖို့အချက်ကတော့ * သွေးကြောင့်ဖြစ်သော လေးဖက်နာရောဂါ (RA) ဟာ   နာတာရှည်ရောဂါဖြစ် ပါတယ်။  ဒီလောက်ဆို လေးဖက်နာရောဂါနဲ့ပတ်သက်ပြီး တော်တော်ဗဟုသုတရမယ်လို့ထင်ပါတယ်။

( ဒေါက်တာချစ်စိုး (ဆေးပညာဌာန) ရဲ့ SSC ဆေးရုံမှ လက်ကမ်းစာစောင်မှ ရေးသားထားပါတယ်။)

မြန်မာတို့ရဲ့အလန်းတကာ့ အလန်းဆုံး Shweyoe Dictionary Version 3.0 ( 10 MB )



    မြန်မာတွေ ထွင်ထားသမျှ Dictionary တွေထဲမှာနံပတ်(1)အလန်းဆုံး ဖြစ်မယ့် Dictionary လို့ကျနော် ထင်ပါတယ်။ အင်္ဂလိပ်၊ ရှရှား၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်ဘာသာစကားငါးမျိုးကနေ မြန်မာဘာသာကို ပြောင်း လဲနိုင်ပါတယ်။ မိမိသိချင်တဲ့စာလုံးကို အသံထွက်လည်းပြောပြပေးနိုင်ပါတယ်........ ဖွဲ့စည်းမှုအသွင်အပြင် လည်းသေသပ်မှုရှိပြီး အခြား Dictionary များထက် အားသာတဲ့အချက်တွေကတော့ ဒီအဘိဓာန်ထဲမှာမပါ တဲ့ စကားလုံးများ ဘာသာပြန်များကို ထပ်မံပေါင်းထည့်ပြီး မှတ်သားထားနိုင်သလို အင်တာနက်နဲ့ချိတ် ဆက်ထားမယ်ဆိုရင် မိမိရှာလိုတဲ့စကားလုံးဟာ ဒီအဘိဓာန်ထဲမှာမပါသော်လည်း နာမည်ကြီး စွယ်စုံကျမ်းဗ ဟုသုတ Website ကြီးများဖြစ်တဲ့ Wikipedia နဲ့ Wikitionary တို့လို စွယ်စုံဝဘ်ဆိုဒ်များတွင် အလို အလျောက်ရှာဖွေနိုင်ပါသေးတယ်။ပညာရပ်နယ်ပယ်အသီးအသီးတွင် လေ့လာလိုက်စားနေကြသော ကျောင်း
သားကျောင်းသူများဆရာ ဆရာမများအတွက် အထူးအသုံးဝင်ဆုံးဆောင်ထားဖို့ အကောင်းဆုံးဖြစ်ပြီး Online ရော Offline ပါ Support ပေးနေတဲ့ မြန်မာ့နံပတ်1အဘိဓာန် Software ကောင်းလေးတစ်ခုဖြစ်ပါ တယ်ခင်မျာ...ဒီ Software ကိုအသုံးပြုမယ်ဆိုရင် မိမိစက်မှာ NetFraem 4 ထည့် သွင်းထားဖို့လိုအပ်ပါ မယ်ခင်ဗျာ။ NetFrame work ကိုတော့ မဖြစ်မနေဒေါင်းသွားကြဖို့မမေ့နဲ့နော်..

http://www.mediafire.com/download/lryowk8d559mfhq/Shweyoe_Dictionary_Version_3.0_.zip

NetFraem 4ဒေါင်းရန်
http://www.mediafire.com/download/p9vpw1wk5alai1d/dotNetFx40_Full_x86_x64.exe

Ref..လမင်းမောင်

ဗီတာမင်အီး မှီဝဲခြင်းကြောင့် အသည်းကင်ဆာ ဖြစ်နိုင်ခြေလျှော့ချနိုင်



   ဗီတာမင်အီးကို အစားအစာ ဒါမှမဟုတ် အားဆေးအဖြစ် ရရှိပါက အသည်းကင်ဆာ ဖြစ်နိုင်ခြေလျော့ ကျနိုင်တယ်လို့ အမျိုးသားကင်ဆာတက္ကသိုလ်မှ လေ့လာမှုအရ ဖော်ပြထားပါတယ်။ ဗီတာမင်အီးဟာ အဆီ မှာပျော်ဝင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ဖြစ်ပါတယ်။ လေ့လာမှုအများအရ ဗီတာမင်အီးဟာ DNA ပျက်စီးမှုကို ကာကွယ်နိုင်ကြောင်း သိရပါတယ်။ အသည်းကင်ဆာဟာကမ္ဘာပေါ်မှာ တတိယအဖြစ်များဆုံး ကင်ဆာအမျိုးအစားဖြစ်ပြီး အမျိုးသားတွေထဲမှာ နံပါတ်ငါးအဖြစ်များဆုံးဖြစ်ကာ အမျိုးသမီးတွေမှာ နံပါတ်ခုနစ်အဖြစ်များဆုံး ကင်ဆာရောဂါဖြစ်တယ်လို့ သိရပါတယ်။ အသည်းကင်ဆာဝေ ဒနာရှင်တွေရဲ့ ၈၅ရာခိုင်နှုန်းဟာ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာဖြစ်ပေါ်ပြီး တရုတ်နိုင်ငံတစ်နိုင်ငံတည်းမှာ ၅၄ရာခိုင်
နှုန်း ဖြစ်ပေါ်တယ်လို့ ခန့်မှန်းကြပါတယ်။ ဗီတာမင်အီးမှီဝဲမှုနဲ့ အသည်းကင်ဆာ ဖြစ်နိုင်ခြေအများဆုံးကို ရှန် ဟိုင်းတက္ကသိုလ်မှ သုတေသီတွေက လေ့လာခဲ့ရာမှာ ဗီတာမင်အီးကို အစားအစာမှ ရရှိသူတွေနဲ့ ဗီတာမင် အီးကို အားဖြည့်ဆေးအနေနဲ့မှီဝဲသူ နှစ်အုပ်စုစလုံးဟာ အသည်းကင်ဆာ ဖြစ်နိုင်ခြေနည်းပါးကြောင်းတွ့ရှိခဲ့ တယ်လို့ ဆိုပါတယ်။
 Ref...bluenavyblog

မလေးရှား ကပုန်းအသင်းသို့ နာရေးကူညီမှုအသင်း ကားလှူ


   မလေးရှားတွင် လူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် မလေးရှားနိုငင်ငံရှိ 'ခုနစ်ရက် သား သမီး'နာရေးကူညီမှုအသင်း(ကပုန်း-မလေးရှား)အဖွဲ့သို့ ကားတစ်စီးဝယ်ယူနိုင်ရန် မတည်ငွေကျပ်သိန်း၂ဝ၀ ကို နာရေးကူညီမှုအသင်း (ရန်ကုန်) မှ လှုဒါန်းခဲ့သည်ဟု ယင်းအသင်း၏ ဥက္ကဌ ဦးကျော်သူက မဇ္ဈိမ ကို ပြောသည်။ ဦးကျော်သူက ''ကားဝယ်ဖို့မတည်ငွေ လှူမယ့်ကိစ္စက ပြောထားတာ ခြောက်လလောက် ရှိ ပါပြီ။ သူတို့ အသင်းအနေနဲ့က မလေးမှာနာရေးဖြစ်ရင် ကားအသုံးပြုဖို့အတွက် အဲ့ဒီကအခြေအနေနဲ့ အ ဆင်မပြေဖြစ်နေတာပါ '' ဟု ပြောသည်။ ယခင်က သေဆုံးသူများ၏ရုပ်အလောင်းမြေကျရန် နာရေးတွင် အ ခကြေးငွေယူ၍ လုပ်ကိုင်သူများနှင့် ဆက်သွယ်ရပြီး မြေကျရန်အတွက် မလေးရင်းဂစ် ၁၅ဝဝမှ ၃ဝဝဝ ခန့် အထိ ကျခံရသည်။ မလေးနိုင်ငံရောက် မြန်မာနိုင်ငံသားများသေဆုံးပါက ရုပ်အလောင်း မြေကျခွင့်ရရန် အ ခက်အခဲပေါင်းများစွာဖြင့် ရင်ဆိုင်ကြုံတွေ့လေ့ရပြီး သေဆုံးသူ၏ ဘာသာအလိုက် ထုံးတမ်းစဉ်လာအတိုင်း ကပုန်းအသင်းက သဂြုင်္ိလ်ပေးခြင်းဖြစ်သည်ဟု ယင်းအသင်းက ဆိုသည်။ မြန်မာနိုင်ငံမှ လှူဒါန်းငွေများကို ပဋိပက္ခကြောင့် သေဆုံးသူ၊ ထိခိုက်သူများအတွက် ပေးအပ်ခဲ့ပြီး ပြီးခဲ့သည့်လအတွင်းက မလေးရှားနိုင်ငံ တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မြန်မာနိုင်ငံမှ ကပုန်းအသင်းသို့ ဆက်သွယ်လှူဒါန်းသောငွေကြေး များကို ယင်းအသင်းက ပဋိပက္ခကြောင့် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူများကို ဇွန်လ ၂၃ ရက်ကပေးအပ် ခဲ့သည်။ ယင်းသို့ပေးအပ်ခြင်းကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခခန်းမတွင်ကျင်းပပြီး ထိခိုက်ဒဏ်ရာ ရသူများကို အလှုငွေပေးအပ်ပြီး အလှုရှင်များအား ဂုဏ်ပြုလွှာများပေးအပ်ချီးမြှင့်ခဲ့သည်။
   အလှုငွေပေးအပ်ပွဲတွင် ပဋိပက္ခကြောင့်သဆုံးသူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၅ဝဝ နှုန်းဖြင့်သေဆုံး သူခုနစ်ဦး၏ ကျန်ရစ်သူမိသားစုများအားထောက်ပံ့ခဲ့ပြီး၊ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသူခုနစ်ဦးအား တစ်ဦး လျှင် အမေရိကန် ဒေါ်လာ၂ဝဝဝ နှုန်းဖြင့် ဆေးကုစရိတ်ထောက်ပံ့ခဲ့ကာ သေးငယ်သောထိခိုက်ဒဏ်ရာရသူ ငါးဦးအား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁ဝဝဝ နှုန်း ပေးအပ်ထောက်ပံ့ခဲ့သည်။ အလှုငွေများ လက်ခံရ ရှိခြင်းမှာ မြန်မာငွေ သိန်း ၃ဝဝဝ ရရှိသည်ဟု မီဒီယာအချို့ကဖ်ာပြခြင်းရှိသော်လည်း ယင်းငွေကြေး ပမာဏမှာ မဟုတ်ဟု ယင်းအသင်း၏ဘဏ္ဍာရေးမှူးကိုဇော်ဇော်က ပြောသည်။ ရရှိသော အလှုငွေစုစုပေါင်း မှာ အမေရိကန်ဒေါ်လာ ၇၁ဝဝဝ၊ မြန်မာငွေ၂၁ဝဝဝဝ နှင့် လေယာဉ်လက်မှတ် ၅ဝဝ စာ လက်ခံရရှိသည်ဟု ယင်းအသင်းကဆိုသည်။ ကိုဇော်ဇော်က '' အသင်းကရရှိတဲ့ အလှူငွေတွေကို တစ်စုံတစ်ယောက်ရဲ့ ကိုယ် ကျိုးစီးပွားအတွင်အသုံးပြုမှာမဟုတ်ဘဲ ပရဟတိ လုပ်ငန်းများမှာဘဲ အသုံးပြုသွားပါမယ်လို့ အလှူရှင်တွေ ကိုကတိပေးပါတယ်။ မြန်မာတွေမှာနေရေးထက်၊ သေရေးခက်တယ်ဆိုတဲ့စကားပုံရှိပါတယ်။မလေးရောက်ြ
မြန်မာနိုင်ငံသားတွေအတွက် နေရေးရော၊ သေရေးပါ ခက်ပါတယ် ''ပာု ဆိုသည်။ ကပုန်းအသင်းမှ လက်ခံရရှိသော အလှုငွေစာရင်းမှာ ဦးဇော်ဇော်က အမေရိကန်ဒေါ်လာနှစ်သောင်း၊ ကမ္ဘောဇဘဏ် ဥက္ကဌ ဦးအောင်ကိုဝင်းက အမေရိကန်ဒေါ်လာငါးသောင်း၊ အဆိုတော်စံလင်းမှ မြန်မာငွေကျပ် ၁၅ဝဝဝဝ ၊ ကလျာ ဏမိတ္တအသင်းမှ ကျပ် ၆၅ဝဝဝ၊ ပရီမီယာကော်ဖီမှ လေယာဉ်လက်မှတ် ၅ဝဝ စာ တို့ ဖြစ်သည်။
Ref..mizzimaburmese

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် ကားတိမ်းမှောက် တစ်ဦးတိမ်းပါး

တောင်ကြီးမြို့သို့ မောင်းနှင်လာသည့် ကားလေးလုံးထိုး ယာဉ်တစ်စီးသည် ဇလဲလမ်း ဘုရားဖြူရပ်ကွက် နယ်မြေ ၁၁ တွင် တိမ်းမှောက်မှု ဖြစ်ပေါ်ခဲ့ရာမှ ခရီးသွားတစ်ဦး တိမ်းပါးသွားခဲ့သည်။ တောင်ကြီးမြို့နယ်က ဇလဲအတက် လမ်းတွင် မောင်းနှင်လာသည့် အဆိုပါယာဉ်ရှေ့ရှိ ကားတစ်စီးမှာ မတက်နိုင်ဘဲဖြစ်နေစဉ် နောက်သို့ တိမ်းရှောင် ရာမှ လမ်းအနောက်ဘက်ရှိ ချောက်ထဲသို့ ထိုးကျကာ ခရီးသည်တစ်ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု တောင်ကြီးမြို့ အမှတ် -၂ ရဲစခန်းမှ ရဲတပ်သားနယ်ထိန်းက မဇ္ဈိမကို ပြောသည်။ သေ ဆုံးသူမှာ မသဲဖြူဖြစ်ပြီး ကားပေါ်တွင် လိုက်ပါလာသည့် ဒေါ်နန်းဆိုင်၊ မချစ်စု၊ မပြုံးချို၊ ဒေါ်ခမ်းတို့မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု အဆိုပါ ရဲဝန်ထမ်းက ပြောသည်။

သေဆုံးသူ မသဲဖြူသည် တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စု၊ လယ်ငယ်ရွာတွင် နေထိုင်သူသည်။ ''မိုးကလည်း ရွာထားတော့ လမ်းကလည်း ချော်နေပါတယ်။ ကားက လေးလုံးထိုးပါ၊ ဒါကို လူ ၁ဝ ယောက်ကျော်ကျော်လောက် တင်လာတယ်။ မတက်နိုင် တော့ ဘေးချောက်ထဲကျသွားတာ'' ဟု မျက်မြင်တစ်ဦးဖြစ်သူ ကိုစောဦးက မဇ္ဈိမကို ပြော ကြားခဲ့သည်။

အဆိုပါဖြစ်စဉ်ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄/ကဖြင့် ယာဉ်မောင်းဖြစ်သူ ထွန်းလင်းကို အမှုဖွင့်ထားသည်ဟုလည်းတောင်ကြီးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် သန့်စင်ထွန်းက မဇ္ဈိမကို ပြောဆိုသည်။
Ref: mizzima

မွန်ပြည်နယ်၏ ကျန်းမာရေးကဏ္ဍကို ဆွစ်ဇာလန် ကူညီရန်ဆွေးနွေး

ဆွစ်ဇာလန် နိုင်ငံခြားရေးဌာန လက်အောက်ရှိ အဖွဲ့ခွဲတစ်ခုဖြစ်သော ဆွစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ (SDC) က မွန်ပြည်နယ် အတွင်း၌ ကျန်းမာရေးကဏ္ဍများကို ပူးပေါင်းဆောင်ရွက်ရန်နှင့် ကူညီရန် မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် ဇွန် ၂၄ ရက် တွင် လာရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။

Swiss Agency for Development and Cooperation(SCD) ခေါင်းဆောင် Mr. Steven Lanjouw တ ဦးဆောင် သည့် အဖွဲ့သည် ဇွန် ၂၄ ရက်မှ ၂၈ ရက်ထိ မော်လမြိုင်နှင့် ရေးမြို့နယ်နှင့် ကရင်ပြည် နယ်၊ ဘားအံမြို့နယ်အတွင်း ရှိ ကျေးရွာများသို့ ကျန်းမာရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်းလေ့လာမည်ဖြစ်သည်။

SDC သည် လာမည့်ဘဏ္ဍာနှစ်တွင် မြန်မာတစ်နိုင်ငံလုံးအတွက် ဒေါ်လာ သန်းပေါင်း ၁ဝ မီလီယံမှ ၃ဝ မီလီယံကြား သုံးစွဲရန် အစီအစဉ်ရှိသည်ဟု အဖွဲ့ခေါင်းဆောင် Mr. Lanjouwu က ပြောသည်။

SDC က ကျန်းမာရေးကဏ္ဍအပြင် ပညာရေး၊ အုပ်ချုပ်ရေး၊ အစားအသောက်၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်သည့် စီမံကိန်းများ မွန်ပြည်နယ်တွင် လုပ်ရန် ပြည်နယ်အစိုးရနှင့် ညှိနှိုင်းခဲ့ကြောင်းလည်း ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ လှဦး က ပြောသည်။

''သူတို့က နောင်နှစ်တွေမှာ သင်တန်းတွေ နည်းပညာပိုင်းတွေတော့ ပိုပြီးတော့ လုပ်ဆောင်သွားမယ်လို့ ပြောတယ်။ ဥပမာဒီမိုကရေစီနဲ့ ပတ်သက်တဲ့ Training တွေ စသဖြင့်ပေါ့'' ဟုလည်း ဒေါက်တာ လှဦး က ဆိုသည်။
Ref: mizzima

စက်စဲကမ်းခြေကို ဟိုတယ်ဇုန်အဖြစ် သတ်မှတ်ရန် ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စက်စဲကမ်းခြေကို ဟိုတယ်ဇုန်အဖြစ် သတ်မှတ်နိုင်ရန် ရည်မှန်းဆောင်ရွက်နေကြောင်း မွန်ပြည်နယ်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက ပြောသည်။

''ရှိနေတဲ့ ဟိုတယ်တွေ အဆောက်အအုံတွေကို အဆင့်မီအောင် လုပ်ရမယ်'' ဟု စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဒေါက်တာ မင်းနွယ်စိုးက ဆိုသည်။

ဟိုတယ်ဇုန်များကို သတ်မှတ်ရာတွင် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ရန် သတ်မှတ်ထားပြီး ပထမအဆင့် အနေဖြင့် မော်လမြိုင်၊ ကင်းမွန်းစခန်းနှင့် မုတ္တမဟိုတယ်ဇုံတို့ ဆောင်ရွက်မည်ဟုလည်း သူက ဆိုသည်။

ဟိုတယ်ဇုန်များသတ်မှတ်ပြီး ဟိုတယ်လုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း လက်ရှိသဘာဝ အလှရှုခင်းများ မပျက်ဆီးသွားအောင်လည်း ထိန်းသိမ်းရန် လိုအပ်သည်ဟု ဆက်ပြောသည်။

၎င်းက ''ဥပမာ မုတ္တမဆိုရင် သံလွင်တံတားပေါ်ကနေ နေရာတော်တော်များများမြင်ရတယ်။ ဒီမြင်ကွင်းတွေ ပျက်သွားအောင် လုပ်လို့မရဘူး။ ပေးမလုပ်ဘူးပေါ့ဗျာ'' ဟု ရှင်းပြသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံခြားခရီးသွားများ ပိုမိုဝင်ရောက်လာမည့် ရည်မှန်းချက်ဖြင့် ၂ဝ၁၅ ခုနှစ် အမီမွန်ပြည်နယ်အတွင်း၌ ခေတ်မီဟိုတယ်ကြီးများ ပေါ်ပေါက်လာစေရန် ကြိုးပမ်းနေသည်။

ဟိုတယ်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို အကောင်အထည်ဖော်လုပ်ရာတွင် နိုင်ငံခြားသား ဧည့်သည်များ စိတ်ဝင်စားမည့် ပြည်နယ်အတွင်းရှိ သဘာဝအလှ တောတောင်များနှင့် သာယာသည့် ကျိုက်ထီးရိုး၊ မုတ္တမတောင်ရိုးနှင့် ရှေးဟောင်းပြတိုက်များ၊ ကမ်းခြေများအစရှိသည်တို့ကို ဦးစားပေးသည်။
Ref: Mizzima

သင်္ဘောမှောက်ပြီး ရေအောက်တွင် ၃ ရက်ကြာ ပိတ်မိခဲ့သူ အသက်ရှင်လွတ်မြောက်


   
သင်္ဘောမှောက်ရာမှ ရေအောက်ထဲနစ်မြုပ်သွားသူတစ်ဦးသည် ပိတ်မိနေသည့်အနေအထားတွင်(၃)ရက် ကြာအသက်ရှင်ပြီး လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။ အသက်(၂၉)နှစ်ရှိ ဟယ်ရီဆန်အိုကီနီက မိမိ ကိုယ်ကိုယ် သေလူအဖြစ်သတ်မှတ်ထားခဲ့ပြီးမှ လွတ်မြောက်လာခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ နိုက်ဂျီးရီး ယားနိုင်ငံသား ထမင်းချက်သည် မေလ (၂၆) ရက်နေ့က အတ္တလန္တစ်သမုဒ္ဒရာအတွင်း နိုက်ဂျီးရီးယားကမ်း လွန်တွင် Jascon-4 သင်္ဘောနစ်မြုပ်စဉ်က ရေအောက်သို့ ရောက်ရှိသွားခဲ့သည်။ ၎င်းသည် သင်္ဘောထဲတွင် ပိတ်မိနေပြီးမှာ မှောင်မည်းအေးခဲနေသော ရေထဲတွင်ရှိနေခဲ့ရာ စိတ်လျှော့ခါနီးအခြေအနေကျမှအမှောင်ကို
ဖောက်ထွင်းလာသည့် အလင်းရောင်တစ်ခုနှင့် ကယ်ဆယ်ရေးသမားများကို တွေ့ရှိခွင့် ရခဲ့ခြင်းဖြစ်သည်။ အိုကီနီသည် ရေအောက်နစ်သွားသည့် ဆီတင်သင်္ဘောထဲတွင် (၄)ပေအမြင့်မျှသာရှိသည့် လေဟာနယ်အ လွတ်နေရာလေးတစ်ခု၌ ဆက်လက်နထိုင်ခွင့်ရပြီး ကိုကာကိုလာဘူးများကိုဖောက်ကာသောက်သုံးအသက် ရှင်ခဲ့ရသည်။ နောက်အဆိုပါရေမျက်နှာပြင်သည် တဖြည်းဖြည်းမြင့်အပေါ်သို့ တက်လာရာ အိုကီနီအတွက်
မျှော်လင့်ချက်မဲ့ခါနီး အနေအထားကျမှ တောင်အာဖရိကကယ်ဆယ်ရေး ရေငုပ်သမားနှစ်ဦးက ၎င်းကိုတွေ့ ရှိနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်မူ ဆေးရုံမှဆင်းပြီး လန်းလန်းဆန်းဆန်း ဖြစ်လာသည့် အိုကီနီက ၎င်း၏ အထီးကျန် ခြောက်ခြားစရာ အတွေ့အကြုံများကို ဟြေပြခဲ့သည်။ "ရေထဲမှာပဲ ကျွန်တော်တယောက်တည်း
တောက်လျှောက်နေရတယ်။ လုံးဝမှောင်မည်းနေတာဗျ၊ ကျွန်တော့်အတွက် ဒါဟာနောက်ဆုံးပဲ လို့တွေးခဲ့မိ ပါတယ်။ ရေကတဖြည်းဖြည်း တက်လာနေတော့ တစ်ခန်းလုံးရေပြည့်သွားတဲ့ အချိန်ကျရင်ဆိုတာကိုမတွေး ဘဲမနေနိုင်ခဲ့ဘူး။ တတ်နိုင်သမျှတော့ ကျွန်တော်အဲဒီအတွေးကို မောင်းထုတ်နေခဲ့ရတယ်"ဟု အိုကီနီက ဆို သည်။ ၎င်းက "ကျွန်တော် အရမ်းဗိုက်ဆာတယ်၊ ပိုဆိုးတာက ရေငတ်တာပါ၊ ပင်လယ်ရေက ကျွန်တော့် လျှာက အရေပြာတွေကို တော်တော်ပွန်းသွားစေတယ်"ဟုလည်း ပြောကြားခဲ့သည်။
   ၎င်းသည်အိမ်သာထဲတွင်ရှိနေစဉ် သင်္ဘောတိမ်းမှောက်သွားသည်ကို ခံစားသိရှိခဲ့ပြီးနောက် သတ္တုတံခါး ကို တွန်းဖွင့်ထွက်လာခဲ့ရကြောင်းလည်း ရှင်းပြခဲ့သည်။အိုကီနီသည် ယခုအခါ၎င်း၏ ဇာတိမြို့ဖြစ်သော ဝါရီ သို့ပြန်ရောက်နေကာ Reuters သတင်းထောက်နှင့် လက်ခံစကားပြောဆိုခဲ့သည်။ "ကျွန်တော်ဒယိမ်းဒယိုင် နဲ့ထွက်ပေါက်ဆီ လာနေခဲ့ကြတယ်။ ကျွန်တော့်ရှေ့မှာ လူ(၃)ယောက်ရှိတယ်။ ရုတ်တရက်ရေလုံးကြီးတစ် ခုကအရှိန်နဲ့ ဆောင့်ထည့်လိုက်တာ သူတို့(၃)ယောက်လုံး လွင့်ထွက်သွားတယ်။ နောက်တော့ရေနဲ့အတူပါ သွားတယ်။ သူတို့အားလုံး သေကုန်ကြတယ်ဆိုတာ နောက်ပိုင်းကျမှ ကျွန်တော်သိလာပါတယ်"ဟုလည်း အိုကီနီကဆိုသည်။ခြောက်ခြားနေသောအိုကီနီသည် နောက်ထပ် (၂)ရက်ခွဲလုံးလုံးမှောင်နှင့်မည်းမည်းတွင် မိမိကို ကယ်ဆယ်ရေးသမားများက ရှာတွေ့ပါစေဟု တဖွဖွဆုတောင်းနေခဲ့ရရှာသည်။ အိုကီနီသည် (၄)ပေ ပတ်လည် အိမ်သာခန်းလေးထဲမှ အရာရှိကေဘင်ခန်းဘက် ရွှေ့ပြောင်းကာဝင်လာသော ရေများကိုလည်း လမ်းကြောင်းပြောင်း ဖယ်ရှားနိုင်ရန်ကြိုးစားခဲ့ရသည်။ ၎င်းသည်ဝိုးတဝါး အလင်းရောင်အောက်တွင်ရှိသော ငါးအသေကောင်များကို စမ်းမိခဲ့သော်လည်း မိမိအသက်ရှူနေနိုင်ဆဲရှိခြင်းကို အံ့ဩမိကြောင်းလည်း ဝန်ခံခဲ့ သည်။ ပင်လယ်ကြမ်းပြင်အောက် နစ်မြုပ်နေသောသင်္ဘောမှ အိုကီနီကိုကယ်ထုတ်နိုင်ချိန်တွင် ၎င်းသည် အတွင်းခံဘောင်းဘီလေးသာ ဝတ်ဆင်ထားသည်ကိုတွေ့ရသည်။ တဖြည်းဖြည်း ရေမြုပ်လာချိန်တွင် အိုကီ နီကသတ္တိမွေးပြီး အိမ်သာတံခါးကိုတွန်းဖွင့်ကာ အရာရှိခန်းဘက်သို့ ရေကူးလာခဲ့သည်။ ထို့နောက် မျက်နှာ ကျက်ပြားများကိုခွာကာ အအေးဒဏ်မှ လွတ်မြောက်စေရန်အတွက် ဖောင်ငယ်လေးတစ်ခုသဖွယ် 
ပြုလုပ်ဖွဲ့စည်းပြီး တက်ထိုင်နေခဲ့သည်။
   "အရမ်း၊ အရမ်းကိုအေးတယ်။ ပြီးတော့ မည်းမှောင်နေတာပဲ။ ကျွန်တော်ဘာမှမမြင်ရဘူး"ဟု ၎င်းက ဆို သည်။ "သင်္ဘောပေါ်က လူတွေရဲ့အလောင်းတွေက ကျွန်တော့်ဘေးနားမှာ ရှိနေမှန်းသိတယ်။ ကျွန်တော် အနံ့တွေရနေတယ်။ နောက်တော့ ငါးတွေက အဲဒီအလောင်းတွေကိုလာတွတ်တဲ့ အသံတွေပါ ကြားလာရမိ တယ်။ အင်မတန်ခာက်ခြားစရာကောင်းတယ်"ဟုလည်း အိုကီနီက ပြောကြားခဲ့သည်။ ၎င်းကလွတ်မြောက် လာသည့်အတွေ့အကြုံကိုလည်း ပြန်ပြောင်းပြောပြခဲ့သေးသည်။ "အဲဒီနေ့ကကျွန်တော်သင်္ဘောကိုယ်ထည် ကို တူနဲ့ထုနေတဲ့အသံကို ကြားလိုက်တယ်။ တဒုံးဒုံး မြည်နေတယ်၊ ကျွန်တော် အောက်ဘက်နည်းနည်းကို ကူးလိုက်တော့ ရေထုတ်ပေါက်တစ်ခုကိုတွေ့တယ်။ ကျွန်တော်ရေစစ်ကိုဆွဲလာပြီး သင်္ဘောကိုယ်ထည်ကို ထုတယ်။ တစ်ယောက်ယောက် ကြားမယ်ထင်လို့ပါ။ နောက်တော့ ရေငုပ်သမားတွေ သိသွားတယ်၊ သူတို့ ကျွန်တော့်အသံကိုကြားသွားတယ်။ရေငုပ်သမားတစ်ယောက် ရောက်လာပြီးတော့ ကျွန်တော်လက်ပြလိုက် တယ်။ သူ့ကြည့်ရတာ ကျွန်တော့်ကိုအသက်ရှင်လျှက်မြင်ရလို့ အင်မတန်အံ့ဩတုန်လှုပ်သွားပုံပဲ"ဟု အိုကီ နီ ကဆိုသည်။
   ရေငုပ်သမားများသည် အိုကီနီကိုအောက်စီဂျင်မျက်နှာဖုံးတစ်ခု တပ်ဆင်ပေးပြီး ရေငုပ်ဝတ်စုံနှင့်ခေါင်းစွပ် တို့ကိုပါ ဝတ်ဆင်စေသည်။ ထို့နောက် ရေအနက်မီတာ(၃၀)မှ ၎င်းကိုဘေးလွတ်ရာသို့ အောင်မြင်စွာခေါ်ယူ
ဆောင်နိုင်ခဲ့သည်။ ရေအောက်တွင် အိုကီနီသည် နာရီပေါင်း(၆၀)ကျော်မျှ ပိတ်မိနေခဲ့ကြောင်းလည်း သိရှိ လာသည်။ ကယ်ဆယ်ရေးများသည် အိုကီနီကို နောက်ထပ် နာရီ(၆၀)ကျော်ကြာအောင် ဖိအားထိန်းညှိ အခန်းထဲတွင်နေထိုင်စေပြီး ပတ်ဝန်းကျင် ဖိအားဒဏ်နှင့် လိုက်လျောညီထွေဖြစ်မှု သေချာအောင် ထားရှိခဲ့ သည်။ "တကယ်လို့ရုတ်တရက် ကျွန်တော်အပြင်ထွက်လိုက်ရင် ချက်ချင်းသေသွားနိုင်တယ်လို့ သူ တို့ ပြောတယ်ဗျ"ဟု အိုကီနီက ရှင်းပြခဲ့သည်။ အိုကီနီက မိမိ၏ အသက်ဘေးမှ လွတ်မြောက်မှုသည် အံ့ ဩဘနန်းဖြစ်စဉ်တစ်ခုဟု ဝန်ခံခဲ့သည်။ မည်သို့ပင်ဖြစ်စေ မိမိ၏ မှောင်မည်းအေးစက်နေသော ဖြတ်သန်းမှု
သည် ပင်လယ်ထဲနောက်တစ်ကြိမ် သွားရောက်ရမည်ကိုကြောက်ရွံ့စိတ် ဖြစ်သွားစေခဲ့ကြောင်းလည်း ၎င်း ကဖွင့်ဟခဲ့သည်။ "ကျွန်တော် အိမ်ပြန်ရောက်တော့ အိပ်ရာထဲဝင်အိပ်တာတောင် စိတ်ထဲမှာ ရေထဲနစ်သ လို ခြောက်ခြား ခံစားမိတယ်။ ကိုယ့်ကိုယ်ကိုယ် ပင်လယ်ထဲ ရောက်သွားသလိုပဲလေ။ ကျွန်တော် ခုန်ချပြီး အလန့်တကြား အော်မိတယ်"ဟု အိုကီနီက ခေါင်းတယမ်းယမ်းဖြင့် ပြောကြားခဲ့သည်။ ၎င်းက"အဲဒီအခန်း ထဲ ရေပြည့်မသွားအောင် ဘာကဘယ်လိုပိတ်ဆို့ တားဆီးထားတယ် ဆိုတာတော့ကျွန်တော်မသိဘူး။ ဒါပေ မဲ့ ကျွန်တော် ဘုရားသခင်ကိုတိုင်တည် ဆုတောင်းခဲ့တယ်။ သူလုပ်ပေးခဲ့တယ် ထင်ပါတယ်။ တကယ့်ကို အံ့ဩထူးခြားတဲ့ အခြေအနေမျိုး ဆိုပါတော့"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။

Source: BBC

အမေရိကန်ပြည်ထောင်စုမှ 3D Printers များကို မိတ်ဆက်ပြသခဲ့

နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ 3D Printers တွေကို နယူးယောက်ခ်မြို့မှာ ပြီးခဲ့သည့် တနင်္လာနေ့က စတင် ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ စက်မှုပစ္စည်းဆိုင်ရာ ပြပွဲမှာ မိတ်ဆက်ပြသခဲ့ပါတယ်။ ပြပွဲအတွင်း 3D Printers ထုတ်လုပ်သူကုမ္ပဏီ ၁၈ခု ပါဝင်ပြသခဲ့ပါတယ်။ ၀င်ရောက်ပြသခဲ့တဲ့ နောက်ဆုံးပေါ် 3D Printers တွေဟာ ကွန်ပျူတာ အချက်အလက်တွေကို အခြေပြုပြီး ကော်၊ သတ္တုနဲ့အခြားပစ္စည်းတွေကို သုံးဖက်မြင်ပစ်္စည်းအဖြစ် ဖန်တီး ပြုလုပ်ပေးနိုင်ပါတယ်။

အခုလို ဖန်တီးပြုလုပ်ပေးတဲ့ 3D Printers ရဲ့ လုပ်ငန်းစဉ် ဆောင်ရွက်မှုတွေဟာ စာရွက်ပေါ်မှာ ရုပ်ပုံတွေကို ပုံနှိပ်ထုတ်လုပ်တဲ့ သဘောတရားနဲ့ တူညီကြောင်း သိရပါတယ်။ ပြပွဲမှာပြသထားတဲ့ 3D Printers တွေဟာ စမတ်ဖုန်းအပါအ၀င် အခြား ပလက်စတစ် အရုပ်တွေကို ဒီဇိုင်းအမျိုးမျိုးနဲ့ ဖန်တီးပြုလုပ်နိုင်ဖို့အတွက် ၃နာရီခန့် အချိန်ယူ လုပ်ဆောင်ရကြောင်း သိရပါတယ်။ 3D Printers တွေဟာ လိုချင်တဲ့ ဒီဇိုင်းပုံစံအမျိုးမျိုးကို အလွယ်တကူ ဖန်တီးပြုလုပ်နိုင်ရုံသာမက တန်ဖိုး ပမာဏ ကြီးမားတဲ့ ပုံစံခွက်တွေကို အသုံးပြုစရာ မလိုတဲ့အတွက် ပစ္စည်းထုတ်လုပ်ရာ ကုန်ကျစရိတ် တန်ဖိုး ကို လျော့ချနိုင်ကြောင်း သိရပါတယ်။ အချို့ဆေးပညာဆိုင်ရာ ကိရိယာ ထုတ်လုပ်ရာမှာလည်း 3D Printers တွေကို စတင်အသုံးပြုလျက်ရှိတယ်လို့ သိရပါတယ်။

Ref: အေးချမ်းမွန်

မုံရွာမြို့တွင် စုံတွဲများသီးသန့်ကြည့်နိုင်သည့် အအေးခန်းရုပ်ရှင်ရုံကို ရဲများကဝင်ရောက်ဖမ်းဆီး




   တက္ကသိုလ်ကျောင်းသား/သူများနှင့် အထူးစည်ကားလျက်ရှိသော မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ သမီးရည်း စားစုံတွဲများ သီးသန့်ကြည့်ရှုနိုင်သည့်  3D ရုပ်ရှင်ရုံတစ်ရုံအား ဇွန် ၂၃ ရက်၊ မနက် ၁၁ နာရီ အချိန်ခန့်တွင် ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့က မှုခင်းသတင်းထုတ်ပြန်သည်။ ရဲများသည် အဆိုပါ ''စိမ်းရွှေဝါ အအေးခန်းသီးသန့်ရုပ်ရှင်ကို ဝင်ရောက်စိစစ်ရာတွင် ဆင်ဆာမဲ့နိုင်ငံခြား 3D ဇာတ်လမ်းခွေများ အသုံးပြုကာ တရားမဝင်ပြသနေသည်ကို တွေ့ရှိခဲ့ပြီး၊ သမီးရည်စားစုံတွဲများ သီးသန့်ကြည့်ရှုနိုင်ရန် အအေး ခန်းများ စီစဉ်ပေးထားကာ ဇာတ်လမ်းတွဲအား ကြည့်ရှုနေသော စုံတွဲများကိုလည်း တွေ့ရှိခဲ့ရသည်''ဟုရဲမှတ် တမ်းတွင် ဖော်ပြထားသည်။ ထိုရုပ်ရှင်ရုံကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကြူအင်း၊ စည်ပင်သာယာ ဒုဦးစီးမှူး ဦးအောင်လွင်ဦး၊ မြို့နယ်ဗီဒီယို အခြေခံအဖွဲ့နှင့် ဘုန်းစိုးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးအေးတို့မှ ပူးပေါင်း၍ ဝင်ရောက်ဖမ်း ဆီးခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။
   ထို့ကြောင့်ရုပ်ရှင်ပြသရာတွင် အသုံး ပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ရုပ်ရှင်ရုံကိုတာဝန်ခံ၍ လုပ် ကိုင်သူအား ရဲများကတရားမဝင် ရုပ်ရှင်များပြသသည်ဟု စွပ်စွဲကာဖမ်းဆီးခဲ့သည်ဟု သတင်းထုတ်ပြန်ထား သည်။ ''သီးသန့်အအေးခန်းတွေပြုလုပ်ပြီး သမီးရည်းစားစုံတွဲတွေကို အဓိကထားပြီးပြသနေတာကြောင့် အ ချိန်မရွေး ပြစ်မှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်'' ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးမှပြော သည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး တရားမဝင် ရုပ်ရှင်ပြသူအဖြစ် သံသယရှိသူများကို ရဲဌာနကတရားစွဲဆိုရန် ဆက်လက်ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

ကိုတိုးကြီး
Mizzima - News in Burmese

“မင်္ဂလာပွဲသို့ အသောက်အစားကြမ်းသူများ ဖိတ်ကြားခြင်းမပြုရန် ဂျိုလီ ကန့်သတ်ချက်ထုတ်”

 
 
မိမိတို့၏ မင်္ဂလာ ဧည့်ခံပွဲတွင် အသောက်အစား ကြမ်းသော မိတ်ဆွေများကို ဖိတ်ကြားခြင်း မပြုရဟု အန်ဂျလီနာ ဂျိုလီက ဘရတ်ပစ်တ်အား ကန့်သတ်ချက် ထုတ်ပြန်ထားလိုက်ကြောင်း သိရှိရသည်။ ကာလရှည်ကြာ တွဲလာသော ဟောလီးဝုဒ်၏ အကျော်ကြားဆုံး စုံတွဲသည် သားသမီး များစွာနှင့် မိသားစု အခြေတကျ ဖြစ်နေသည့်တိုင် ယခုအချိန်ထိ လက်မထပ်ရသေးချေ။

သို့သော်လည်း ယခုနှစ်အတွင်း ပစ်တ်နှင့် ဂျိုလီတို့ လက်ထပ်ရန် စီစဉ်နေပြီဟု သတင်းများက အလေးအနက် ဖော်ပြလျှက် ရှိသည်။ ပစ်တ်တွင် အရက် အလွန်သောက်သည့် ခင်မင်ရင်းနှီးသူ မိတ်ဆွေများ ရှိနေရာ ဂျိုလီက ခင်ပွန်းလောင်းအား မင်္ဂလာဧည့်ခံပွဲပါတီတွင် ယင်းတို့ကို ဖိတ်ကြားခြင်း မပြုရန် တောင်းဆိုထားကြောင်းအတွင်းလူ အချို့က ဆိုသည်။
Planet Myanmar Network

နိုင်ငံရပ်ခြား ပညာသင်မည့်သူများ သတိထားစရာ ငွေ အလိမ်ခံရနိုင်သည့် နည်း (၇) မျိုး

ငွေကြေးကို ကောင်းကောင်းထိန်းသိမ်းနိုင်ဖို့ဆိုတာ ပြည်ပမှာ ပညာ သွားသင်မယ့် ကျောင်းသားများအတွက်ရော ၊ ခေတ်မီနည်းစနစ်နဲ့ ချိတ်ဆက်ပြီး ငွေကြေးကို သုံးစွဲနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေ အတွက်ပါ သိပ်ကို အရေးကြီးလှပါတယ်။ မသမာသူတွေရဲ့ ငွေကြေး လိမ်လည်ရယူတတ်မှုကို ကျောင်းသားတွေ အထိုက်အလျောက် သိထားစေဦးတော့ မိမိတို့ရဲ့ ငွေတွေကို လိမ်ယူဖို့ အချိန်မရွေး ချောင်းမြောင်းနေတဲ့ လိမ်သူတွေ အချို့ရှိနေတာကိုလည်း စိုးရိမ်ရပါတယ်။

" သင်ဘယ်ကနေ ငွေကြေးဘယ်လောက်ရရှိပါလိမ့်မယ်။ ဒီလို လက်ခံရရှိဖို့ အတွက် ငွေအရင်ပို့ပေးပါ " ဆိုတဲ့ လူသိများတဲ့ လိမ်နည်း မျိုးကိုတော့ တုံ့ပြန်နေဖို့ မလိုမှန်း မိမိတို့ ကောင်းကောင်း သိကြမှာဖြစ်ပါတယ်။ ဒါပေမယ့် အခြားသော သတိပြုရမယ့် ကောက်ကျစ်တဲ့ ငွေကြေး လှည့်ဖျားယူနည်း တွေရှိပါသေးတယ်။ အခုဖော်ပြမယ့် နည်းတွေက ကျောင်းသွားတက်မယ့် သူတွေအတွက် အဓိက သတိထားစရာတွေဖြစ်ပါတယ်။

*** PHISHING ***

Phishing ဆိုတာကတော့ ဒစ်ဂျစ်တယ် သူခိုးတွေက် သင့်ရဲ့ ဘဏ် နဲ့ ချိတ်ဆက်ထားတဲ့ ကဒ် ကို ဖောက်ထွင်းဝင်ဖို့ ကြိုးပမ်းတဲ့အခါ လိုအပ်တဲ့ သင့်ရဲ့ Username နဲ့ Password တွေကို အရယူဖို့ ကြိုးစားတဲ့ နည်းပါ။ လိမ်ညာပြီး ငွေယူချင်သူတွေက ဘဏ်တစ်ခု ၊ ဒါမှမဟုတ် Paypal တို့ ၊ eBay တို့က သင့်ထံ Email ပို့သလိုမျိုး ဟန်ဆောင်ပြီး မေးလ် တစ်စောင် ပို့ပါလိမ့်မယ်။ အဲဒီမေးလ်ထဲမှာ Link တစ်ခုကို နှိပ်ခိုင်းပြီး သင့်ရဲ့ Identity နဲ့ အခြားအချက်အလက်အသေးစိတ်ကို ထည့်သွင်းခိုင်းတာမျိုးပါ။ သူတို့ပေးတဲ့ Link နောက်လိုက်ပြီး နှိပ်မိအောင်လည်း သင့်အကောင့်ကို အဟက် ခံထားရလို့ တောင်းတာပါဆိုတဲ့ ဆင်ခြေလှလှ ဇာတ်လမ်း တစ်ပုဒ်ဆင် ရေးထားတတ်ကြပါသေးတယ်။ ငွေလိမ်တောင်းသူရဲ့ E-mail ထဲက Link အတုတစ်ခုကို သိနိုင်ဖို့ နည်းတွေကတော့ သိပ်များပါတယ်။ အဲဒီ Email ဟာ https:// နဲ့ စ, မစ သေချာအောင်ကြည့်ပါ။ ငွေလိမ်သူတွေရဲ့ E-mail က http:// ဆိုပြီး s မပါတာမျိုး တွေ့ရနိုင်ပါတယ်။

နောက်တစ်နည်းက သူတို့ပေးထားတဲ့ Link ပေါ်မှာ မနှိပ်ပဲ သင့်မောက်စ် Cursor ကို တင်ပြီး ရပ်ထားလိုက်ပါ။ အဲဒီ Link က တကယ့် E-mail လိပ်စာ အစစ်အမှန်ကို ဖော်ထုတ်ပြပါလိမ့်မယ်။ တကယ်လို့ ကိုယ့်ဆီ ၀င်လာတဲ့ E-mail လိပ်စာနဲ့ကွဲနေတယ် ၊ မသိတဲ့ လိပ်စာ ဖြစ်နေတယ် ဆိုရင်တော့ အဲ့ဒီ Link ကို မနှိပ်ပါနဲ့ ။ ဆိုက်ဘာသူခိုးတွေဟာ လူသိများတဲ့ ကုမ္ပဏီကြီးတွေ ရဲ့ ၀က်ဘ်ဆိုက်လိပ်စာနဲ့ဆင်သယောင်လေးတွေ ဖန်တီးပြီးတော့လည်း ငွေခိုးတတ်ကြပါသေးတယ်။ ဥပမာ www.hot-mail.com ဒါမှမဟုတ် www.verify-hotmail.com ဆိုတာမျိုးပေါ့။ ဒါကို typo-squatting ဒါမှမဟုတ် cybersquatting လို့ခေါ်ပါတယ်။ အဲဒီလောက်ထိ သိပ်မသေချာသေးဘူးဆိုရင်တော့ သင်ရရှိတဲ့ E-mail ဟာ သင်နဲ့ ချိတ်ဆက်ထားတဲ့ ကုမ္ပဏီရဲ့ E-mail ဟာ သင်နဲ့ ချိတ်ဆက်ထားတဲ့ E-mail ဟုတ်မဟုတ်ကို ကုမ္ပဏီကို ဆက်သွယ်ပြီးလည်းကောင်း ၊ ဖုန်းနဲ့လည်းကောင်း မေးမြန်းလိုက်ပါ။

*** Fake Wesites and Fake Products ***

ငွေလိမ်သူတွေက Brand တွေအပေါ်မှာထားတဲ့ ကျွန်ုပ်တို့ရဲ့ ယုံကြည်မှုကို သတိပြုမိပြီး ဒါက အလွဲသုံးစားပြုသောအားဖြင့် ၀က်ဘ်ဆိုက်အစစ်တွေကို ပုံတူတုပထားတဲ့ဆိုက်တွေနဲ့ အသုံးပြုသူတွေကို သုံးမိအောင် ဖြားယောင်း တတ်ပါတယ်။ အဲဒီ website တွေဟာ ကုန်ပစ္စည်း အတုတွေကိုရောင်းလေ့ ရှိတတ်ပြီး တခါတရံအဖြစ်မျိုးတွေမှာတော့ ကိုယ်ဝယ်လိုက်တာကို ဘာမှ ပြန်မပို့ပေးတာအထိမျိုးပေါ့။ ပုံတူတုပတယ်ဆိုတဲ့ website တွေဟာ ယေဘုယျအားဖြင့် လျှပ်စစ်ပစ္စည်းတွေလို ဒီဇိုင်နာလက်ကိုင်အိတ်တွေလို စွဲမက်ဖွယ်ဈေးကြီးကြီးပစ္စည်းတုတွေကို ထိုးဖောက်ရောင်းချလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ရှန်ပူတို့ မိတ်ကပ်တို့လို ကုန်ပစ္စည်းတုတွေကို ရောင်းချမှု မြင့်မားခဲ့တာမျိုးလည်းရှိပါတယ်။

ဝက်ဘ်ဆိုက်အတုတွေဟာ လိမ်လည်သူတွေက Layout , Colour Scheme , Text နဲ့ Logo အားလုံးကို တကယ့် Site အစစ်အတိုင်း အသုံးပြုကြတဲ့အတွက် သိဖို့ ခက်ပါတယ်။ ၀က်ဆိုက်တစ်ခုရဲ့ မှန်ကန်မှုကို စစ်ဆေး ဖို့ကတော့ UK မှာဆို UK Postal Address အပြည့်အစုံကို ရှာဖို့ပါပဲ။ E-mail တစ်ခုသက်သက်ရှာဖို့မဟုတ်ပါဘူး ။ ဒီနည်းက တကယ်လို့များ တစ်ခုခုမှားယွင်းသွားရင် ကုမ္ပဏီနဲ့ In Touch ဖြစ်စေပါတယ်။ Site တစ်ခုရဲ့ ယုံကြည်ထိုက်မှုကို အာမ,မခံနိုင်ပေမယ့် ပါရမယ့် လိပ်စာမပါရင် သင့်အနေနဲ့ သံသယဖြစ်သင့်ပါတယ်။

နောက်ထပ်တစ်နည်းက အဲဒီဝက်ဘ်ဆိုက်အမည်ကို Copy ကူးပြီး Google ရဲ့ Search Box ထဲမှာ Paste ချလို့ ရှာကြည့်ပြီး အခြားဈေးဝယ်သူတွေရဲ့ Comment တွေကို ဖတ်ကြည့်ပါ။ ဒါက အဲဒီ Site နဲ့ ပါတ်သက်လို့ အသုံးဝင်မယ့် သတိပေးချက် စကားလုံးတွေ ပေးမှာဖြစ်လို့ အင်တာနက် သူခိုးတွေဘေးက ဝေးအောင်ကူညီပေးပါလိမ့်မယ်။

*** Ticket Scams ***

Gig Ticket တွေလောက် ဘယ်အရာကမှ ကျွန်ုပ်တို့ရဲ့ နှလုံးသားကို မပျော်ဝင်စေနိုင်ပါဘူး။ လက်မှတ်တုတွေက ပုံစံ အမျိုးမျိုးနဲ့လာတတ်ပါတယ်။ လိမ်ညာကြေငြာသူတစ်ဦးဦးဆီက ဈေးဝယ်ရင်းလည်း သင် လက်မှတ် အတု တွေ ရနိုင်ပါတယ်။ လက်မှတ်တုတွေနဲ့ သင်ဘာမှသုံးမရတာ ဒါမဟုတ် လုံးဝ ခိုးခံ ရတာမျိုးနဲ့ အဆုံးသတ်နိုင်ပါတယ်။ လတ်မှတ်အတုအစကို ဝေခွဲနိုင်ဖို့ ဘယ်လက်မှတ်ရောင်းနေလဲ၊ ဘယ်လိုပုံစံလဲဆိုတာလေ့လာပါ။ ဘယ်တော့မှ လူလိမ်ကို ကိုယ့်မှာ ပိုက်ဆံဘယ်လောက်ရှိကြောင်း ပေးမသိလိုက်ပါနဲ့။ ကိုယ်က ဘယ်မျှသော ပမာဏသာ ပေးနိုင်ကြောင်းပြောပါ လိမ်ညာ ကြော်ငြာ ခြင်းတွေဟာ seatwave, viagogo နဲ့ eBay တို့လို website များမှာပါ ရှိနေတတ်ပါတယ်။ ဒီလို site တွေပေါ် အတုလုပ်တာ ကာကွယ်ဖို့ Safety measure တွေ ရှိနေချိန်မှာပဲ လက်မှတ်တွေကို သိပ်မများလှတဲ့ ဈေးနှုန်းနဲ့ ပြန်ရောင်းနေတာတွေလည်းရှိပါတယ်။

တကယ်လို့ သင်ဟာ လက်လီအရောင်းသည်တွေဆီကများ လက်မှတ် ၀ယ်ခဲ့မယ် ဆိုရင်လည်း ကျွန်ုပ်တို့ အကြံပြုချင်တဲ့ သတိပေးချက်တွေက အထက်ပါ ၀က်ဘ်ဆိုက်တုများကို ရှောင်တဲ့နည်းအတိုင်းပါပဲ။ ဒါမှ လက်မှတ် အတုတွေဝယ်မိတာကို ရှောင်နိုင်မှာပါ။ ဖြစ်နိုင်မယ်ဆို သင်ဟာ Credit Card နဲ့လည်း ၀ယ်မိနိုင်တာပါပဲ။ ဒါဆိုရင်တော့ လက်မှတ်မစစ်မှန်ရင် သင့်ငွေပေးချေမှုကို Cancel လုပ်လို့ ရပါတယ်။

*** Cash Machines ***

သိပ်မကြာခင်အတောအတွင်းမှာကြားသိနေရတာတွေကတော့ ငွေထုတ်စက် တွေကနေ ငွေလိမ်ထုတ်မှုတွေ တဟုန်ထိုး မြင့်တက်နေခြင်းပါပဲ ဒါဟာ ပိုမို အဆင့်မြင့်တဲ့ နည်းစနစ်များကို အသုံးပြုခိုးယူတာဖြစ်လို့ သိဖို့လည်း ခဲယဉ်းပါတယ်။ေ ငွသူခိုးတွေသုံးတဲ့နည်းတစ်ခုက skimmer attachment ဆိုတာပါ။ ဆိုလိုတာက ငွေထုတ်စက်ထဲကို သင့်ကဒါထည့်လိုက်မယ့်နေရာမှာ သူခိုးတွေက အပြားလေးတစ်ခုတပ်ထားလိုက်ကြပြီးတဲ့နောက် သင့် ကဒ် ပေါ်က Data အသေးစိတ်ကို မှတ်တမ်းယူထားလိုက်ခြင်းပါ။ ဒါကို သိနိုင်ဖို့ ၊ ခြေရာခံဖို့ သိပ်ခက်ပေမယ့် ကိုယ်ငွေထုတ်စက်ကို မသုံးခင် ပုံမှန် တွေ့နေကျ မဟုတ်တဲ့ သတ္တုပြားလေး တစ်မျိုးမျိုးးရှိ,မရှိ scratches နဲ့ masking tape တွေရှိပုံ ပေါ်, မပေါ် စစ်ဆေးနိုင်ပါတယ်။ skimmer attachment ဆိုတဲ့ ခိုးနည်းမှာ နောက်ထပ်သုံးလေ့ရှိတဲ့ခိုးနည်းက လျှို့ဝှက်ကင်မရာတွေနဲ့ ခိုးတာပါ။ အဲဒီကင်မရာမျိုးက သင့်ကဒ် PIN နံပါတ်ကို မှတ်ထားလိုက်ပြီး မမြင်ရတဲ့ နေရာမှာ သိမ်းဆည်းထားလိုက်ခြင်းပါ။ ဒါကို ရှောင်မိဖို့ကလည်း အထက်ပါနည်းအတိုင်း ငွေထုတ်စက်ကို မသုံးခင် အရောင်မတူတဲ့ သတ္တုပြား ရှိ,မရှိ ၊ Pane အပိုလေးတွေရှိ, မရှိ စသဖြင့်သံသယဖြစ်ဖွယ် အရာဝတ္ထုမျိုးကို ရှိ, မရှိစစ်ပါ။

ဒီလို ရိုးရှင်းတဲ့ အကြံပေးချက်တွေက ငွေထုတ်စက်ရှေ့ရောက်ရင် ဟိုဟို ဒီဒီ စစ်ရ နဲ့ အာရုံနောက်နိုင်ပေမယ့် ဒါက အကောင်းဆုံး အကြံပြုချက်ပါ။ နောက်တစ်ခု က ကိုယ်က ငွေထုတ်စက်နားရောက်တဲ့အချိန် ကိုယ်နဲ့ သိပ် နီးနီး ကပ်ကပ် မှာ ရပ်နေတဲ့လူ ရှိရင် စက်ကိုမသုံးသေးပဲ သတိနဲ့ စောင့်နေပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဘဏ်တွေရဲ့ အထဲမှာ ထားတတ်တဲ့ ငွေထုတ်စက် တွေကထုတ်သုံးပေါ့။

*** Store Cards ***

ဒါက လှည့်ဖျားလိမ်နေစရာမလိုတဲ့ Store Cards နည်းကို သတိပြုဖို့ပါ။ Store Card ကို သုံးရင် သုံးသူက မိမိ လစဉ်ပုံမှန်ဝင်ငွေကို တင်ပြဖို့ လိုအပ် ပါတယ်။ သတင်းတွေအရတော့ အရောင်းဆိုင်လက်ထောက်တွေက ၀ယ်သူတွေ ကို Form ပေါ်မှာ လိမ်ဖြည့်ဖို့ တိုက်တွန်းတတ်ပါတယ်။ Card ပေါ်မှာ ငွေများများရဖို့ ကိုယ့် ၀င်ငွေမှန် ထက် ချဲ့ကား ရေးတာမျိုးပေါ့ ဘာ့ကြောင့် သူတို့ ဒီလိုလုပ်တာလည်းဆိုရင် သူတို့ မှန်းသလောက် ရောင်းရအောင်ပေါ့။ အဲဒီလို Form ကို လိမ်ဖြည့်လိုက်တာက Store ကဒ် ကိုင်သူ ကိုယ့်အတွက်တော့ တစ်ပုံတစ်ပင် ၀ယ်မိပြီး အကြွေး မဆပ်နိုင် ဖြစ်သွားစေမယ့် ငွေသူခိုးရဲ့ ထောင်ချောက်မိခြင်းမျိုးကြုံဖို့ လမ်းကြောင်းဆီ ဦးတည်သွားပါလိမ့်မယ်။

Store Card တွေဆိုတာ ကျောင်းသားတွေအတွက် ရှိထားထိုက်တဲ့ အရာမျိုး မဟုတ်လို့ ဖြစ်နိုင်ရင်လုံးဝရှောင်ပါ။ ဒါပေမယ့်လည်း သင့်မှာ ငွေကြေး ပြေလည် လို့ သုံးမယ်ဆိုရင်တော့ ဆိုင်ဝန်ထမ်းတွေပြောတာ နားမယောင်ပဲ ကိုယ် တကယ်တတ်နိုင်တဲ့ ငွေပမာဏကိုပဲ Form မှာ မှန်ကန်စွာဖြည့်ပါ။ နောက်ပြီး Credit Card သုံးသူတွေအတွက် ပေးထားတဲ့ အကြံပြုချက် တွေကိုပါ ဖတ်ရင် Store Card သုံးသူတွေအတွက် အထောက်အကူ ဖြစ်ပါလိမ့်မယ်။

*** Job Opportunities ***

ဒီလို ထောင်ချောက်မျိုးကို မိတဲ့သားကောင်မျိုးက အလုပ်လိုအပ်ပြီး မျှော်လင့်ချက် မဲ့ နေတဲ့ သူမျိုးတွေပေါ့။ "ဘာအတွေ့အကြုံမှ မလိုပါ" ၊ "အချိန်ပိုင်း အလုပ်နဲ့ အချိန်ပြည့် လခရမယ် " စတဲ့ အလုပ်ကြော်ငြာမျိုးတွေနဲ့ ကျောင်းသားတွေ ကို ဖျားယောင်းလိမ်ညာတတ်ကြပါတယ်။ အဲဒီ အလုပ်မျိုးတွေ ဟာ ငွေလိမ်ယူတာတွေဖြစ်ပြီး အလုပ်ရှာနေသူတွေဆီက အမြတ်ထုတ်ကြတာပါ။

အလုပ်ကြော်ငြာတွေနဲ့ ပါတ်သက်ပြီး ချင့်ချိန်တဲ့အခါ သတိပြုစရာတွေက သိပ်များလှပါတယ်။ ကုမ္ပဏီအများစုကတော့ Free Phone တို့ standard landline number တို့ကို သုံးတာပါ။ UK မှာဆိုရင် တချို့သော Higher Rate Number တွေဆိုရင်တော့ 0844 , 0870 , 0871 , 0845 တွေနဲ့ စတတ်ပါတယ်။ ကုမ္ပဏီတစ်ခုက ဘယ်လောက်ကြိုတင်ငွေသွင်းပါလို့ စပြောလာရင်တော့ သတိထားပါ။ နေရာထိုင်ခင်းနဲ့ တခြားဝန်ဆောင်မှု အတွက် ငွေသွင်းရတာမျိုးရှိတတ်ပေမယ့် ပံ့ပိုးမှုတွေ ၊ အထောက်အပံ့တွေ ၊ Training တွေနဲ့ တိုက်ရိုက် နှီးနွယ်တဲ့ ငွေတောင်းမှုမျိုးဆိုရင် ဒါက လိမ်တောင်းခြင်းပါပဲ။

နောက်ထပ်သတိပြုစရာတွေက် အပြင်မှာ လက်တွေ့လုပ်ငန်းတည်ရှိတဲ့ လိပ်စာမပါခြင်း ၊ သင့်လျှောက်လွှာကို ချက်ခြင်း တုံ့ပြန်ခြင်း ၊ အလုပ်နှင့် ပတ်သက်တဲ့ ဖော်ပြချက် ရှင်းလင်းမှုမရှိခြင်းတို့ ဖြစ်ပါတယ်။ ဒီလို ဖြစ်နိုင်ချေ ရှိတဲ့ ငွေလှည့်ဖျားယူမှုတွေကြောင့် သင်ငွေသွင်းမယ့် ကုမ္ပဏီနဲ့ ပါတ်သက်လို့ ကြိုတင်လေ့လာမယ်ဆိုရင် အသုံးဝင်တဲ့ Facebook တွေ ရနိုင်ပါတယ်။ တကယ်လို့ သင်ဟာ အလုပ်နဲ့ ပါတ်သက်လို့ အညာ မိ သွားပြီ ထင်ရင်တော့ Action Fraud ကို သတင်းပို့ပါ။

*** Bogus Landlords ***

Bogus Landlords တွေကတော့ အင်တာနက်ပေါ်ကနေ ပစ္စည်း ပစ္စယတွေ ရှာနေတဲ့ ကျောင်းသားတွေဆီက အမြတ်ထုတ် တာပါ။ သူတို့အတွက် ပစ္စည်း ၀ယ်ငွေကို မချေခင် ပစ္စည်းလာမကြည့်နိုင်တဲ့ နိုင်ငံတကာ ကျောင်းသားတွေ က သိပ်အဖိုးတန်တဲ့ သားကောင်တွေပါပဲ။ Fake landlords တွေဟာ website အတုတွေနဲ့ ကြေငြာပြီး ကျောင်းသားတွေကို ပစ္စည်းမရခင် ငွေ ချေခိုင်း တတ်ကြပါတယ်။ အဲဒီငွေလိမ်သူတွေက ငွေပေးချေမှုအတွက် ကျောင်းသားတွေ ရဲ့ ငွေကြေး ငွေဝင်နိုင်စွမ်းကို အထောက်အထားတစ်ခု ပြခိုင်းတတ်ပါတယ်။ အဲဒီနောက်တော့ ကျောင်းသားတွေဟာ တကယ့် လက်တွေ့ မှာ မရှိတဲ့ ပစ္စည်းတစ်ခုအတွက် ကိုယ်ချေလိုက်တဲ့ငွေက အခိုးခံရ ၊ အလိမ် ခံလိုက်ရတယ် ဆိုတာ တွေ့ရတော့တာပါပဲ။

ဒါကို ရှောင်ဖို့ အကောင်းဆုံးနည်းက ကျောင်းသား သမဂ္ဂရဲ့ နေရာထိုင်ခင်းနဲ့ ပါတ်သက်တဲ့ ၀န်ဆောင်မှုကို ဆက်သွယ်ဖို့ပါပဲ။ သူတို့ က တကယ့် တရားဝင် အခန်း / ပစ္စည်းပိုင်ရှင်တွေနဲ့ ချိတ်ပေးပါလိမ့်မယ်။ ကိုယ်က ငှားမယ့် အိမ်ခန်း ကို မကြည့်ခင် နိုင်ငံရပ်ခြားကနေ ငွေကြိုချေရမယ်ဆိုရင်တော့ Western Union လို မသိတဲ့ တတိယ လူတစ်ယောက် / အဖွဲ့အစည်း တစ်ခု ဆီ ငွေလွှဲဖို့ ထောက်ခံမှုမပြုထားတဲ့ Money Transfer မျိုးနဲ့ ဘယ်တော့ မှ ငွေမလွှဲပါနဲ့။ ဒါ့အပြင် လိပ်စာ ၊ စာပို့ကုဒ်နံပါတ် ၊ ကုမ္ပဏီ ဖုန်း နံပါတ်တွေ ကို မေးပါ။

အခုဆိုရင်တော့ UK ကို ဒါမှမဟုတ် အခြားနိုင်ငံတွေမှာ ကျောင်း သွားတက်မယ့် ကျောင်းသူ ကျောင်းသားတွေအတွက် သတိပြုသင့်တဲ့ အများဆုံးငွေလိမ်နည်းတွေနဲ့ ပါတ်သက်လို့ အကြမ်းဖျဉ်း သိလောက်ပြီလို့ မျှော်လင့်ပါတယ်။

တကယ်ပေးချင်တဲ့ message ကတော့

" If it looks too good to be true then it probably is ! " ဆိုတာ ပါပဲ။

Gold Smith ၀င်ခွင့် ၊ Pre နှင့် Post Foundation အတွက် 25% သို့ 30% အထိ Scholarship လျှောက်ထားရရှိနိုင်မည်။



UK နိုင်ငံ London မြို့တွင်ရှိသော University Of London ၏ ကျောင်းတစ်ကျောင်းဖြစ်သည့် Gold Smith - University of London, UK တွင် ပညာသင်ကြားလိုသည့်ကျောင်းသူ ကျောင်းသားများအနေဖြင့် University Foundation နဲ့ Postgraduate Foundation တို့ကို LodonFoundationCampus တွင်တက်ရောက်သင်ကြားနိုင်ပြီဖြစ်ပြီး ၊ လျှောက်ထားသူများ၏ပညာအရည့်အချင်းအလိုက် Scholarship 25% သို့မဟုတ် 30% အထိ ရရှိနိုင်မည်ဖြစ်ကြောင်းသိရှိ ရပါသည်။
Gold Smith - University of London ၏ University Foundation သည် အခြေခံပညာ ၁၀ တန်း သို့မဟုတ် O Level ဖြေဆိုအောင်မြင် ထားသော ကျောင်းသူ ကျောင်းသားများအတွက် ဖြစ်ပြီး ၊ Post Foundation ဖြစ်တဲ့ Master Foundation သည် ဘွဲ့တစ်ခုခု ရရှိထားပြီး မဟာဘွဲ့များကို ဆက်တက်လိုသည့် ကျောင်းသူ ကျောင်းသားများ အတွက်ဖြစ်ကြောင်းသိရှိရသည်။

Undergraduate Foundation ပြီးဆုံသူများအနေဖြင့် Gold Smith - University Of London တွင် Humanities & Social Sciences, Engineering & Sciences တို့နှင့် Life Sciences တို့ နှင့် ပတ်သက် သည့်

Humanities & Social Sciences
------------------------
• BA (Hons) Anthropology
• BA (Hons) Anthropology and Media
• BA (Hons) Anthropology and Sociology
• BA (Hons) Applied Social Science, Community
Development and Youth Work2
• BA (Hons) Contemporary Community Studies
• BA (Hons) Design2
• BA (Hons) Drama and Theatre Arts2
• BA (Hons) Economics, Politics and Public Policy
• BA (Hons) Education, Culture and Society
• BA (Hons) English2
• BA (Hons) English and American Literature
• BA (Hons) English and Comparative Literature
• BA (Hons) English and Drama2
• BA (Hons) English and History
• BA (Hons) English with Creative Writing2
• BA (Hons) Fine Art and History of Art2
• BA (Hons) History
• BA (Hons) History and Anthropology
• BA (Hons) History and History of Ideas
• BA (Hons) History and Politics
• BA (Hons) History of Art
• BA (Hons) International Studies
• BA (Hons) Journalism2
• BSc (Hons) Management & Entrepreneurship
• BA (Hons) Media and Sociology
• BA (Hons) Media and Communications
• BA (Hons) Media and English
• BMus/BSc (Hons) Music Computing2
• BMus (Hons) Music2
• BMus (Hons) Popular Music2
• BA (Hons) Politics
• BA (Hons) Politics, Philosophy & Economics
• BA (Hons) Politics with Economics
• BA (Hons) Social and Cultural Studies
• BA (Hons) Social Work2
• BA (Hons) Sociology
• BA (Hons) Sociology and Politics

Engineering & Sciences
-------------------
• BSc (Hons) Business Computing
• BSc (Hons) Computer Science
• BSc (Hons) Computing and Information Systems
• BSc (Hons) Creative Computing2
• BSc (Hons) Games Programming2

Life Sciences
-----------
• BSc (Hons) Psychology
• BSc (Hons) Psychology with Management
• BA (Hons) Psychosocial Studies

များကို ဆက်လက်သင်ကြားနိုင်ခွင့် ရရှိနိုင်မည်ဖြစ်ပြီး Master Foundation ပြီးဆုံးသူများအနေဖြင့်လည်း

• Anthropology
• Art
• Centre for Cultural Studies
• Computing
• Design
• Educational Studies
• English and Comparative Literature • History
• Institute for Creative and Cultural Entrepreneurship (ICCE)
• Management Studies
• Media and Communications
• Music
• Politics
• Professional and Community Education (PACE)
• Psychology
• Social Entrepreneurship
• Social Therapeutic and Community Studies • Sociology
• Theatre and Performance
• Visual Cultures

[ For a full list of degrees, please see: www.gold.ac.uk ]

တိုကိုဆက်လက်သင်ကြားနိုင်ခွင့်ရရှိနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

2013 September တွင် တက်ရောက်သင်ကြားလိုသူများအနေဖြင့်
LondonFoundationCampus ရဲ့ တရားဝင် ကိုယ်စားလှယ် ဖြစ်သည့် Future Way - ဖုန်း ၂၄၁၀၉၉၊ ၂၅၄၁၈၅ ကို တိုက်ရိုက်ဆက်သွယ် မေးမြန်း လျှောက်ထားနိုင်ပါသည်။


Ref: Future Way

နေပြည်တော် ကျောက်ပြပွဲ သိန်းနှစ်ထောင်တန် စိန်ဘယက် ပျောက်ဆုံး




   ဇွန်လ ၁၅ ရက်ကစပြီး ၂၇ ရက်နေ့ထိ နေပြည်တော်မှာကျင်းပနေတဲ့ အကြိမ် ၅၀ မြောက် နေပြည်တော် ရှိကျောက်မျက်ရတနာပြပွဲမှာ ပြပွဲအစနေ့ကတည်းက ပြသထားတဲ့ သိန်း၂ထောင်ကျော်တန် စိန်ဘယက်တ ကုံးပျောက်သွားသလို ကျောက်ကုန်သည်တွေဝယ်ပြီးသား ကျောက်တွဲတွေမှာလည်း အရေအတွက်လျော့ တာတွေ ချို့ယွင်းနေတာတွေရှိနေပါတယ်။ ဇွန်လ ၁၅ ရက်နေ့ဖွင့်ပွဲနေ့က စိန်စီထားတဲ့ သိန်း ၂ဝဝဝ တန် ဘယက်တကုံး ပျောက်နေတာကို အခမ်းအနားဖွင့်ပြီး တာနဲ့တွေ့ရှိခဲ့ရကြောင်း နေပြည်တော်ကျောက်မျက်ရ တနာပြပွဲမှာ ကိုယ်တိုင်တက်ရောက်တဲ့ မန္တလေးမဟာအောင်မြေကျောက်ဝိုင်း အကျိုးတော်ဆောင် ဒုဥက္ကဌ ဦးဇော်ဇော်က ဘီဘီစီကိုပြောပါတယ်။ ဒီပွဲမှာတရုတ်ကော တခြားနိုင်ငံခြားသားကျောက်ကုန်သည်တွေ လာရောက်ကြပြီး အခမ်းအနားဖွင့်ကြောင်း ကြေငြာပြီးတာနဲ့ဧည့်သည်တွေဝင်ပါဆိုတော့ အဲဒီအချိန်မှာအ ထဲမှာဧည့်သည်တချို့ကြိုရောက်နတာကို တွေ့ရတယ်လို့သူကပြောပါတယ်။ အဲဒီဧည့်သည်တွေဟာပြည် တွင်းကလား ပြည်ပကလားဆိုတာကိုတော့မသိရဘဲ တရုတ်ကုန်သည်တွေထဲမှာ ပရော်ဖက်ရှင်နယ်ပီသတဲ့ ကုန်သည်တွေရှိသလို ကုန်သည်မပီသတဲ့ သူတွေလည်းလာတယ်လို့သူကဆိုပါတယ်။အဲဒီမှာပြပွဲကော်မတီ အနေနဲ့လူဝင်လူထွက်ကြီးကြပ်မှု တခုခုအားနည်းချက်ရှိနေတာကို သူတို့က အကြံပေးထားကြောင်းလည်း သူက ပြောပါတယ်။ ဒါဟာ လုံခြုံရေးကင်မရာတွေ အများအပြားရှိရာ ခန်းမထဲမှာပျောက်ဆုံး သွားတာဖြစ် တဲ့အတွက်ကြောင့် သူတို့အနေနဲ့ဆန်းဆန်းကြယ်ကြယ်ဖြစ်မိတယ်လို့ သူကဆိုပါတယ်။ သူ့သူငယ်ချင်း တစ်ယောက်ဆိုရင် လေလံရခဲ့ရာ၊ တစ်စကောင်းလေးပါပြီး အဲဒီကျောက်တစ်စကောင်းလေးကို သိန်းတရာ၊ သိန်းနှစ်ရာ ထားပေးဆွဲကြလေ့ရှိကြကာ တကယ်တမ်းလလံ ဆွဲပြီးသွားလို့အဲဒီကျောက်ကိုသွားကြည့်တော့ .ပျောက်ဆုံးနေတာကိုတွေ့ရကြောင်း သူကရှင်းပြခဲ့ပါတယ်။
   အဲဒီလိုကျောက်ပျောက်ဆုံးမှုကိုကြည့်ရင် လုံခြုံရေးအားနည်းနေတယ်လို့ သုံးသပ်နိုင်ကြောင်း သူ ကထောက်ပြခဲ့ပါတယ်။ ဒါ့အပြင်အခုလိုပျောက်ရှမှုတွေရှိတာဟာ ပြပွဲကော်မတီရဲ့အားနည်းချက်လည်းဖြစ် တယ်လို့သူကဆိုပါတယ်။ ထို့အပြင် အခုလိုကျောက်ပွဲတွေကို အရင်တုန်းကတစ်နှစ်ကို သုံးလေးကြိမ်ကျင်း ပလေ့ရှိရာက ၂ဝ၁၂ တုန်းကဆိုလုံခြုံရေးအကြောင်းပြပြီး မကျင်းပသလို နိုင်ငံတော်ကကုန်ကြမ်းထက်ကုန် အချောရောင်းချမှုကို အားပေးနေတာတွေ့ရပြီး တရုတ်ကုန်သည်တွေကို အားထားလာတာ သိသာနေတယ် လို့သူကပြောပါတယ်။ အဲဒီအတွက်ပြည်တွင်းကုန်သည်တွေက အားငယ်စိတ်ဝင်မိတယ်လို့ သူကရှင်းပြပါ တယ်။ ဒါ့အပြင်ကျောက်သမားတွေအခေါ် လော်တွဲတွေကို တရုတ်ကလာမရွေးရင် အရေးယူမှုအား နည်းပြီး မြန်မာကုန်သည်ကလာမရွေးရင်တော့ အဲဒီမြန်မာပိုင်ကုမ္ပဏီကို ဖျက်မယ်၊ Blacklist လုပ်မယ် ၊နောက်ပွဲကျောက်မရောင်းဘူးဆိုတဲ့ ထိန်းချုပ်မှုတွေနဲ့ ဖိအားပေးကြတဲ့အပေါ် မျှတမှုမရှိဘူးလို့မြင်ကြောင်း သူကထောက်ပြခဲ့ပါတယ်။ တရုတ်ကျောက်ကုန်သည်တွေဟာ ကတိကဝတ်နဲ့လုပ်တဲ့ကိစ္စတွေမှာ ဥပဒေကို မလေး စားတွေအများအပြားရှိတာ တွေ့ရတယ်လို့သူကပြောသွားခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

MIIT တက္ကသိုလ် ပထမနှစ်ကျောင်းသားများကို စက်တင်ဘာလတွင် စတင် ခေါ်ယူမည်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်း၍ မန္တလေးမြို့တော်တွင် ဖွင့်လှစ်မည့် Myanmar Institute of Information Technology (MIIT) တက္ကသိုလ် အတွက် ပထမနှစ် ကျောင်းသားများကို လာမည့် စက်တင်ဘာတွင် စတင်ခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးထံမှ စုံစမ်း သိရှိရသည်။

ယင်း ပထမနှစ် တက်ရောက်နိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူ ၂၅ ဦး စတင် လက်ခံသွားမည်ဖြစ်ပြီး ပထမနှစ်အတွက် ခြောက်လကို အိန္ဒိယနိုင်ငံ ဘန်ဂလောမြို့ရှိ တက္ကသိုလ် တစ်ခုတွင် တက်ရောက်ရ မည်ဖြစ်ပြီး ကျန်ခြောက်လကို မန္တလေးမြို့တော် MIIT တွင် ဆက်လက် သင်ကြားရမည်ဖြစ်ကြောင်း အဆိုပါ ရုံးထံမှ ထပ်မံ သိရသည်။

MIIT တက္ကသိုလ်ကို မန္တလေးမြို့တော် ၇၃လမ်းပေါ်ရှိ မင်္ဂလာမန္တလေး မြို့တော် စီမံကိန်းအနီး တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး သင်ကြားရေး အတွက် အိန္ဒိယနိုင်ငံမှ ဆရာ၊ ဆရာမများ လာမည့် ဒီဇင်ဘာလ တွင် ရောက်ရှိမည်ဖြစ်ကြောင်း မန္တလေးမြို့တော် အခြေစိုက် အိန္ဒိယ ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါက်တာ မဒန်မိုဟန် ဆေတီ က ပြောကြားသည်။

သင်ကြားရေးပိုင်းနှင့် ပတ်သက်၍ ပထမနှစ်တွင် အိန္ဒိယနိုင်ငံမှ ဆရာများက ရာနှုန်းပြည့် လာရောက် သင်ကြားပေးမည်ဖြစ်ပြီး ဒုတိယနှစ်တွင် မြန်မာ ဘက်မှ ဆရာ အရေအတွက် ၂၀ ရာခိုင်နှုန်း၊ တတိယနှစ်တွင် ၄၀ ရာခိုင်နှုန်း ပါဝင် သင်ကြားပေးမည်ဖြစ်ကြောင်း ပဉ္စမနှစ်တွင် အိန္ဒိယမှ ဆရာ၊ ဆရာမ များ လာရောက် သင်ကြားပေးမည်မဟုတ်ဘဲ မြန်မာ ဆရာ၊ ဆရာမများသာ သင်ကြားမည်ဖြစ်ကြောင်း အိန္ဒိယ ကောင်စစ်ဝန်ရုံးထံမှ သိရသည်။

အဆိုပါ တက္ကသိုလ်တွင် အိုင်တီ နည်းပညာပိုင်းဆိုင်ရာ ဘာသာရပ်များ သင်ကြားနိုင်ပြီး ငါးနှစ် သင်တန်းပြီးပါက ဘွဲ့ရရှိမည်ဖြစ်ပြီး သင်တန်းသား ငါးထောင်ခန့် လက်ခံ သင်ကြားပေးနိုင်မည့် တက္ကသိုလ်ဖြစ်ကြောင်း အိန္ဒိယ ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Ref: MMExpress

စိုက်ပျိုးရေး တက္ကသိုလ်အသစ် တစ်ခု ထပ်မံဖွင့်လှစ်ရန် စီစဉ်



လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စိုက်ပျိုးရေးပညာရပ်ဆိုင်ရာ တက္ကသိုလ်
အသစ်တစ်ခု ထပ်မံဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး ကနဦး လေ့လာမှုများ ဆောင်ရွက်နေသည်။

'စိုက်ပျိုးရေး တက္ကသိုလ်အသစ်အတွက် ရည်ရွယ်ပြီး (စစ်ကိုင်းတိုင်း ဒေသကြီး) ရွှေဘိုနားမှာ
လေ့လာကြတယ်။ လောလောဆယ်လေ့လာရုံ အဆင့်ပဲရှိသေးတယ်"ဟု လယ်/ဆည် ၀န်ကြီးဌာန
တာဝန်ရှိသူက ပြောသည်။

အစီအစဉ် အကောင်အထည် ပေါ်လာချိန်တွင် မြန်မာနိုင်ငံအတွက် ဒုတိယမြောက် စိုက်ပျိုးရေး
တက္ကသိုလ်အဖြစ် ပေါ်ထွက်လာမည်ဖြစ်သည်။

"စိုက်ပျိုးရေး တက္ကသိုလ်တွေထပ်ဖွင့်တာ ကောင်းတာပေါ့။ သူများနိုင်ငံတွေမှာ လေး ငါးခုရှိတယ်။
ဒါပေမဲ့ စိုက်ပျိုးရေး ပညာသင်မယ်ဆိုရင် လယ်/ဆည် ဌာနမှာချည်း ၀င်လုပ်ဖို့ ထက်ဒီပညာနဲ့
ကိုယ်ပိုင်လုပ်ငန်းမျိုးတွေလုပ်ဖို့ စိတ်ကူးစေချင်တယ်" ဟု စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဆိုင်
က ပြောသည်။

လက်ရှိတွင် စိုက်ပျိုးရေးတက္ကသိုလ် တစ်ခုနှင့် စိုက်ပျိုးရေး သိပ္ပံသင်တန်းကျောင်း ခုနစ်ကျောင်း
 ဖွင့်လှစ်ထားပြီး နှစ်စဉ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ ၂၀၀ခန့် နှင့် စိုက်ပျိုးရေးသိပ္ပံဒီပလိုမာဘွဲ့ရ ၁,၅၀၀ ခန့်
ထွက်ပေါ်လျက်ရှိသည်။
Ref: MMExpress

ငါးနှစ်အရွယ် ကလေးငယ် မိမိကိုယ်ကိုယ် မတော်တဆ သေနတ်ဖြင့် ပစ်ခတ်မိ၍ သေဆုံး

 
ရဲများက နယူးအော်လန်တွင် နေထိုင်သည့် မိန်းကလေးငယ်၏ အလောင်းကို တနင်္ဂနွေနေ့က စစ်ဆေးခဲ့ပြီးနောက် မတော်တဆ ဖြစ်စဉ်ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမိသလို ဖြစ်သွားခြင်းဟု ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံတွင် (၅)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသည် မိမိကိုယ်ကိုယ် မတော်တဆ သေနတ်ဖြင့် ပစ်ခတ်မိသဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ရဲများက နယူးအော်လန်တွင် နေထိုင်သည့် မိန်းကလေးငယ်၏ အလောင်းကို တနင်္ဂနွေနေ့က စစ်ဆေးခဲ့ပြီးနောက် မတော်တဆ ဖြစ်စဉ်ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမိသလို ဖြစ်သွားခြင်းဟု ပြောကြားခဲ့သည်။ ဖြစ်စဉ်ကို ဒေသဆိုင်ရာ စုံထောက်အဖွဲ့ တာဝန်ရှိသူများက သွားရောက် လေ့လာခဲ့ပြီးနောက် အစောပိုင်းက ကလေးမလေး၏ မိခင်ကို ဒုတိယအဆင့် သတ်မှတ်ချက် လူသတ်မှု စွဲချက်ဖြင့် တရားစွဲဆိုမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

နောက်ပိုင်းတွင်မူ တနင်္ဂနွေနေ့ နံနက်ပိုင်းက ကလေးမလေး၏ သေဆုံးမှုမှာ မတော်တဆ ဖြစ်ရပ်ဟုသာ ရဲများက ကောက်ချက်ချခဲ့သည်။ ရဲတပ်ဖွဲ့သည် ကလေးမလေးကို သူမ၏ အိပ်ခန်းထဲတွင် ဦးခေါင်း၌ သေနတ်ဒဏ်ရာကြီးဖြင့် ရှာဖွေ တွေ့ရှိခဲ့သည်။ ထို့နောက် ဆေးရုံသို့ အလျင်အမြန် တင်ပို့ခဲ့သော်လည်း အသက်မမီခဲ့ချေ။ ထို့နောက်တွင်မူ ရဲများက ဖြစ်စဉ်အတွင်း ကလေးမလေးသည် နေအိမ်ထဲတွင် တစ်ဦးတည်း ရှိနေပြီး .38 Revolver ပစ္စတို တစ်လက်ကို ယူဆော့မိရာမှ ယခုလို အဖြစ်ဆိုး ကြုံခဲ့ခြင်းဟု ပြောကြားခဲ့သည်။

ကလေးမလေး၏ မိခင်က သူမသည် အနီးရှိ စတိုးဆိုင် တစ်ခုသို့ ခေတ္တမျှ သွားရောက်စဉ် သေနတ်သံ ကြားရသဖြင့် ပြန်ပြေးလာရာ သမီးဖြစ်သူကို သေနတ်ဒဏ်ရာဖြင့် တွေ့ခဲ့ရခြင်းဟု ထွက်ဆိုခဲ့သည်။ ရဲများသည် သက်သေခံ သေနတ်ကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်။ ရဲတပ်ဖွဲ့သည် မိသားစု၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ငဲ့ညှာသဖြင့် ကလေးမလေး၏ အမည်ကို ဖော်ပြခြင်း မပြုခဲ့ချေ။ ကလေးမလေး၏ ရုပ်အလောင်းကို တနင်္လာနေ့တွင် ခွဲစိတ်စစ်ဆေးမှု ပြုလုပ်မည်ဟုလည်း သိရှိရသည်။

Ref: Planet

ပုဒ်မ ၄၀၁ ကို လုံးဝ သုံးတော့မည်မဟုတ်


နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်များထဲမှ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ အပါအ၀င် အဖွဲ့ငါးဖွဲ့ စုပေါင်းကာ လက်ကျန် နိုင်ငံရေးအကျဉ်းသားစာရင်း ၈၈ ယောက်ကို သမ္မတရုံးဝန်ကြီးဌာန မှ ကော်မတီအတွင်းရေးမှူး ဦးအောင်သိန်းထံ ဇွန်လ ၁၆ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာ လေး ကြိမ်မြောက် အစည်းအဝေးတွင် ပေးပို့နိုင်ခဲ့ပြီဖြစ်ကြောင်း ကော်မတီဝင် ဦးရဲအောင်က မြန်မာတိုင်း(မ်) ကို ပြောသည်။

"ဇွန်လ ၁၆ ရက်နေ့ အစည်းအဝေးမတိုင်ခင် ရှေ့အစည်းအဝေးတုန်းက အကျဉ်းထောင်ထဲမှာ ရှိတဲ့ အကျဉ်းသားစာရင်း ၂၀၀ကို သမ္မတရုံးဝန်ကြီး ဌာနမှ ဦးအောင်သိန်းက ကော်မတီဝင်တွေကို ပို့ပေးထား တာ ရှိပါတယ်။ သမ္မတရုံးက အယောက် ၂၀၀ စာရင်းမပေးပို့ခင် ကျွန်တော်တို့အဖွဲ့က ၁၅၅ ဦး တင်ပြခဲ့ တာဖြစ်ပါတယ်။ အဲဒီမှာမှ ၈၈ ဦးက ၂၀၀ စာရင်းထဲမှာပါတယ်ဆိုတဲ့အကြောင်းနဲ့ ကျန်တဲ့ ၆၇ ဦးကတော့ မပါသေးဘူးဆိုတာကို ပြန်တင် ပြပေးလိုက်ပါတယ်"ဟု ၎င်းကပြောသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ ၈၈မျိုး ဆက်ကျောင်း သားဟောင်းများအဖွဲ့၊ ရှမ်းဒီမိုကရေစီအဖွဲ့ချုပ် (SNLD)နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စသည့်အဖွဲ့၅ဖွဲ့ ပူးပေါင်းကာ လက်ကျန် နိုင်ငံရေးအကျဉ်းသား စာရင်း တင်ပြခဲ့ရာ သမ္မတရုံးမှ ပြန်ပေး ပို့လာသော အယောက်၂၀၀ ထဲတွင် ၈၈ ယောက်မှာ တူညီသည် ကို တွေ့ရှိရပြီး ပြန်တင်ပြပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ထိုအစည်းအဝေးတွင် လက်ကျန်နိုင်ငံရေး အကျဉ်းသား အရေအတွက်ကို တိတိကျကျ အတည် မပြုနိုင်သေးသော်လည်း မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးမည်ဟု နိုင်ငံရေး အကျဉ်းသား စိစစ်ရွေးချယ်ရေးကော်မတီ၏ ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီးဦးစိုးသိန်းကပြောခဲ့ကြောင်း ကော်မတီ ၀င် ဦးညိုထွန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
Ref: MMExpress

မြစ်ဆုံစီမံကိန်း EIA အစီရင်ခံစာကို အပြစ်အနာအဆာ များသည်ဟု နိုင်ငံတကာ ပညာရှင်များ ဝေဖန်

နိုင်ငံတကာ မြစ်ချောင်းများနေ့ အခမ်းအနားကို ဧရာဝတီမြစ်ဆုံ၌ ၂၀၁၃ ခုနှစ် မတ် ၁၄ ရက်က ကျင်းပနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)

မြစ်ဆုံစီမံကိန်းအတွက် တင်ပြသော EIA အစီရင်ခံစာကို အပြစ်အနာအဆာများပြီး၊ တောင့်တင်းခိုင်မာမှု မရှိသော အစီရင်ခံစာ ဖြစ်သည်ဟု နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်ရှစ်ဦး က ဝေဖန်ပြောဆိုခဲ့ကြောင်း၊ အစီရင်ခံစာ ရေးသားခဲ့သော BANCA အဖွဲ့တွင် ဦးဆောင် ဆောင်ရွက်ခဲ့သူ ပါမောက္ခဦးညိုမောင်က ဆိုသည်။ ''မြစ်ဆုံစီမံကိန်း စတင်တဲ့ အချိန်မှာ တရုတ်ပညာရှင်တွေနဲ့ ကျွန်တော် တို့ မြန်မာပညာရှင် အဖွဲ့တွေက ပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ အခြေအနေတွေကို လေ့လာပြီးတော့ EIA အစီရင်ခံစာကို ၂၀၁၀ မေလအတွင်းမှာ စီမံကိန်း လုပ်ဆောင်နေတဲ့ ကုမ္ပဏီကို သီးခြား report တစ်စောင် စီ တင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာက ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး အခုဝေဖန်ထားတဲ့ အချက်တွေကို ကြည့်ရတာ ကျွန်တော်တို့အစီရင်ခံစာထဲက အကြောင်းအရာတွေ မဟုတ်ဘူး။ ပြီးတော့စီမံကိန်းလုပ်ဆောင် တဲ့ကုမ္ပဏီက ကျွန်တော်တို့အစီရင်ခံစာကို နိုင်ငံတကာကိုချမပြဘူးလို့ ယူဆလို့ရပါတယ်'' ဟု ဦးညိုမောင် က ဆိုသည်။

ယင်း မြစ်ဆုံ အစီရင်ခံစာတွင် ပတ်ဝန်းကျင်ဆိုင်ရာ ဂေဟစနစ် ၀န်ဆောင်မှု သဟဇာတဖြစ်အောင် ထည့် သွင်းထားမှု မရှိခြင်း၊ ရေအရင်းအမြစ် အပြောင်းအလဲ ဖြစ်ခြင်းကို တွက်ဆရာတွင် လျော့ပေါ့တွက် ထားခြင်း၊ မြစ်များကို ပိတ်ဆို့ရာတွင် မြစ်ကြောင်း တစ်လျှောက်တွင် အနည်ပို့ချမှုများ လျော့နည်း သွားနိုင်ပြီး မြစ်အောက်ပိုင်းရှိ မြေနုကျွန်း စိုက်ပျိုးရေး၊ ငါးလုပ်ငန်း ပျက်စီးသွားနိုင်သည်ဟု နိုင်ငံတကာ ပညာရှင်များက ထောက်ပြခဲ့ကြောင်း၊ ဆက်လက် လုပ်ဆောင်ရန် မသင့်ကြောင်း ဝေဖန်ထောက်ပြ ခဲ့ကြောင်း သိရသည်။ မြစ်ဆုံဆည်မှာ ဧရာဝတီမြစ်ဖျားပိုင်းတွင် တည်ဆောက်မည့် ဆည်ကြီး ခုနစ်ခု ဆင့်သော ရေအားလျှပ်စစ် လုပ်ငန်းကြီး၏ ပထမဦးဆုံး အစိတ်အပိုင်းဖြစ်ပြီး ကျန်ဆည် ခြောက်ခု မှာ မေခမြစ်တွင် ငါးခု၊ မလိခမြစ်တွင် တစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

EMG

စာရွက်စာတမ်းအတုများဖြင့် ပွဲစားများမှတစ်ဆင့်လျှောက်ထားခြင်းကို စစ်ဆေးတွေ့ရှိပါက ဗီဇာကိုရာသက်ပန်ပိတ်ပင်သွားမည်ဟု ထိုင်းသံရုံးမှသတိပေးချက်ထုတ်ပြန်

ထိုင်းသံရုံးတွင် ဗီဇာရရှိရန် စောင့်ဆိုင်းနေကြသူများအား ဇွန်လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

ထိုင်းဗီဇာ လျှောက်ထားခြင်းကို ကိုယ်တိုင်လာရောက် လျှောက်ထားရန်နှင့် စာရွက်စာတမ်း အတုများဖြင့် ဗီဇာပွဲစားများမှတစ်ဆင့် လျှောက်ထားခြင်းကို စစ်ဆေးတွေ့ရှိရပါက ထိုင်းနိုင်ငံသို့ ၀င်ရောက်ခြင်းကို ရာသက်ပန် ပိတ်ပင်သွားမည်ဟု ထိုင်းသံရုံးမှ ကြေညာချက် ထုတ်ပြန်ထားသည်။ ယင်းသို့ ကြေညာချက် ထုတ်ပြန်ထား ရခြင်းမှာ ထိုင်းဗီဇာ လျှောက်ထားမှု များပြားနေချိန်၌ ထိုင်းဗီဇာ ပြုလုပ်ပေးနေသော ပွဲစား အချို့ ရှိနေသည်ကို စစ်ဆေးတွေ့ရှိရခြင်းကြောင့် ဖြစ်သည်ဟု ထိုင်းသံရုံးမှတာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

ထိုင်းနိုင်ငံသို့ အလည်အပတ်သွားရောက်ရန်မှာ ငွေကြေးများစွာမကုန်ကျတော့ခြင်းကြောင့် အချို့ပြည်တွင်း ခရီးစဉ်များပင်မသွားတော့ဘဲ ထိုင်းနိုင်ငံသို့ အလည်အပတ်သွားရောက်ခြင်းကို ပိုမိုစိတ်ဝင်စားလာ ကြခြင်း ဖြစ်သည်ဟု သိရသည်။ ထိုင်းသံရုံးမှ ဗီဇာအား ပွဲစားများဖြင့် လျှောက်ထားခြင်း မပြုရန် ထုတ်ပြန် သည့် ကြေညာချက်တွင် ဗီဇာအား ကိုယ်တိုင်ဝင်ရောက် လျှောက်ထားနိုင်ကြောင်း၊ ဗီဇာအား လွယ်ကူစွာ ရရှိပါမည်ဟု ပြော၍ အပိုကြေး ယူဆောင်ပြုလုပ် ပေးနေသော ဗီဇာပွဲစားများအား အသိပြု ရှောင်ရှား ကြ ရန်နှင့် ဗီဇာပွဲစား များမှတစ်ဆင့် လျှောက်ထားခြင်းသည် အလွန်အန္တရာယ် များပြားကြောင်း အသိပေး ထားသည်။ စာရွက်စာတမ်း အတုများဖြင့် ဗီဇာပွဲစားများမှ တစ်ဆင့် လျောက်ထားခြင်းကို စစ်ဆေးတွေ့ရှိ ရပါက ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ခြင်းကို ရာသက်ပန် ပိတ်ပင်တားမြစ် ခံရမည်ဖြစ်ကြောင်း၊ ပွဲစား များသည်လည်း တည်ဆဲဥပဒေအရ ထိရောက်ကြီးလေးသော ပြစ်ဒဏ် ကျခံရနိုင်ကြောင်းလည်း ထိုင်းသံရုံး က သတိပေးချက် ထုတ်ပြန်ထားသည်။

ထို့ပြင် ဗီဇာလျှောက်ထားခြင်းနှင့် ပတ်သက်၍ ပွဲစားများမှ သော်လည်းကောင်း၊ သံရုံးဝန်ထမ်းများမှ သော် လည်းကောင်း မလျော်ကန်သော အကြောင်းအရာများကို သိရှိရပါက အီးမေးလ်လိပ်စာ thaiembassyygn@gmail.com သို့ ပေးပို့ အကြောင်းကြားစေ လိုကြောင်း ထိုင်းသံရုံးက အသိပေး ကြေ ညာထားသည်။ ယခုအချိန်တွင် တစ်နေ့လျှင် ထိုင်းဗီဇာအား ဦးရေ ၃၀၀ မှ ၄၀၀ ကြားအထိ ထုတ်ပေးနေကြောင်းလည်း ထိုင်းသံရုံးမှ သိရသည်။

EMG

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် ပညာရေးညီလာခံ ကျင်းပရေး ကော်မတီမှ အဆိုပြုထားသည့် အမျိုးသား ပညာရေးမူဝါဒ (မူကြမ်း)အား ပြည်သူ့လွှတ်တော်သို့ ပေးပို့

မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ပညာရေးလှုပ်ရှား ဆောင်ရွက်သည့် အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ပညာရေး ညီလာခံ ကျင်းပရေး ကော်မတီမှ အဆိုပြုထားသည့် အမျိုးသား ပညာရေးမူဝါဒ (မူကြမ်း)အား ပြည်သူ့လွှတ်တော်သို့ ၂၀၁၃ ခုနှစ်၊ ဇွန် ၁၈ ရက်၌ တင်သွင်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အကြံပြုချက်များ ပါဝင်သည့် အဆိုပါ အမျိုးသား ပညာရေးမူဝါဒ (မူကြမ်း)တွင် ကလေးသူငယ်များ၏ ရှေးဦးသင် ပညာရေး၊ မသင်မနေရ အခြေခံပညာရေး၊ အခြေခံအထက်တန်း ပညာရေး၊ အဆင့်မြင့် ပညာရေး၊ ကျောင်းပြင်ပ ပညာရေး၊ ပုဂ္ဂလိကကျောင်းနှင့် ပုဂ္ဂလိက တက္ကသိုလ်များ၊ ဘုန်းတော်ကြီးသင်ကျောင်းများ၊ ဘာသာရေး အသင်းအဖွဲ့များမှ ဖွင့်လှစ်သောကျောင်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ဖွင့်လှစ်သော အခမဲ့ ပညာဒါန ကျောင်းများ၊ ဆရာ/ဆရာမများ၏ အခန်းကဏ္ဍ၊ ပညာရေး အထူးလိုအပ်ချက်၊ တိုင်းရင်းသား ဘာသာစကား သင်ကြားရေး၊ စစ်ပြေး ဒုက္ခသည်နှင့် ရွှေ့ပြောင်းကလေးများ၏ ပညာရေး စသည့်ကဏ္ဍ ၁၃ ရပ်နှင့် သက်ဆိုင်သည့် အကြံပြုချက်များ ပါဝင်ကြောင်း သိရသည်။


ဘာသာရေး အသင်းအဖွဲ့များမှ ဖွင့်လှစ်သောကျောင်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ဖွင့်လှစ်သော အခမဲ့ ပညာဒါန ကျောင်းများ၊ ဆရာ/ဆရာမများ၏ အခန်းကဏ္ဍ၊ ပညာရေး အထူးလိုအပ်ချက်၊ တိုင်းရင်းသား ဘာသာစကား သင်ကြားရေး၊ စစ်ပြေး ဒုက္ခသည်နှင့် ရွှေ့ပြောင်းကလေးများ၏ ပညာရေး စသည့်ကဏ္ဍ ၁၃ ရပ်နှင့်...


''အမျိုးသား ပညာရေးမူဝါဒ(မူကြမ်း)က ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီကို ဇွန် ၁၈ ရက်က တင်သွင်းလိုက်ပါပြီ။ NLD ရဲ့ အလုပ်အမှုဆောင် အဖွဲ့ကနေတစ်ဆင့် တင်သွင်းလိုက်တာ ဖြစ်ပါတယ်'' ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်က ဆိုသည်။

အဆိုပါ အမျိုးသား ပညာရေးမူဝါဒ (မူကြမ်း)ပါ အကြံပြုချက်များကို တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ ကိုယ်စားလှယ်များ၊ အငြိမ်းစား ပါမောက္ခများ၊ ပညာရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ပုဂ္ဂိုလ်များ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ ခရစ်ယာန် ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာမှ ပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများ၊ နိုင်ငံရေး ပါတီများမှ ပုဂ္ဂိုလ်များနှင့် ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီမှ တာဝန်ရှိသူများက ပါဝင်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
Ref: EMG

ဈေးကျနေသော်လည်း ထပ်မံထိုးကျမည်စိုး၍ ရွှေကစားသူများ ပြန်လည်ရောင်းချမှုများပြား

နိုင်ငံတကာရွှေဈေးမှာ အကျကြမ်းနေသည့် အတွက် ပြည်တွင်းရွှေဈေးမှာလည်း ယခုထက်ပို၍ထပ်မံ ထိုးဆင်းမည် စိုးသည့်အတွက် ရွှေဈေးကွက်အတွင်း ကစားနေသူများမှာ လက်ရှိအကျ ဈေးဖြင့်ပင် ပြန် လည် ရောင်းချမှုများ ရှိနေသည်ဟု သတင်းရရှိသည်။ ယခင်က ပြည်တွင်းရွှေဈေး ကျဆင်းသည် ဆိုပါ က ရွှေဝယ်စုသူများ အနေဖြင့် အကျဈေးဖြင့် ၀ယ်ယူထားလေ့ ရှိသော်လည်း ယခုအခါတွင်မူ ဈေးကျနေ သည့်တိုင် ကျသည့်aဈးဖြင့်ပင် ပြန်လည်ရောင်းချ နေခြင်းဖြစ်သည်။ နိုင်ငံတကာ ရွှေဈေးမှာ တစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ ၁၃၀၀ အောက် ရောက်သည် အထိ စံချိန်တင်ထိုးဆင်းလျက်ရှိပြီး ပြည် တွင်းရွှေဈေးမှာလည်း တစ်ကျပ်သားလျှင် ကျပ် ၁၀၀၀၀ ကျော် အထိ ကျဆင်းလာခဲ့သည်။

သို့သော် ရွှေဝယ်စုထားသူ၊ ဈေးကွက်အတွင်း ရွှေကစားသူများမှာ နိုင်ငံတကာ ရွှေဈေးအကျ ကြမ်းနေသည့် အတွက် ပြည်တွင်းရွှေဈေးမှာလည်း ယခုထက်ပို၍ ထိုးဆင်းနိုင်သည့် အနေအထားများ ရှိနေရာ ရွှေများကို အကျဈေးဖြင့် ပြန်လည်ထုတ်ရောင်း နေခြင်းဖြစ်သည်။ လက်ရှိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၆၉၄၅၀၀ ၀န်းကျင် ပေါက်ဈေးရှိနေပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အတွင်းက တစ်ကျပ်သား ကျပ် ၇၆၂၀၀၀ ဈေးနှုန်းမှ ပြုတ်ကျလာခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတကာ ရွှေဈေးမှာလည်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အတွင်းက တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၅၆ ဒသမ ၄၇ ပေါက်ဈေးရှိရာမှ ယခု ဇွန် ၂၄ ရက် တွင် တစ်အောင်စလျှင် ဒေါ်လာ ၁၂၈၆ ဒသမ ၀၃ အထိထိုးဆင်းလာခဲ့ခြင်း ဖြစ်သည်။ ''နိုင်ငံတကာဈေးက အကျကြမ်းနေတော့ ပြည်တွင်းဈေးကလည်း အခုထက် ပိုပြီး ထပ်ဆင်းနိုင်တဲ့ အတွက် ရွှေစုထားတဲ့ သူတွေ ပြန်ရောင်းတာများလာတယ်။ အကျဈေးနဲ့ပဲ ပြန်ရောင်းကြတာ။ နိုင်ငံတကာ ရွှေဈေးပြုတ်ကျ တဲ့နှုန်း ကလည်း တော်တော်ဆိုးတယ်လေ'' ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

EMG

အင်းလေးကန်အား ဇီဝကြိုးဝိုင်း (Biosphere Reserve) အဖြစ် သတ်မှတ်ထိန်းသိမ်းရန် ယူနက်စကို စတင်လေ့လာ

အင်းလေးကန် တစ်နေရာအား မေလပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရှမ်းပြည်နယ်တောင်ပိုင်းရှိ အင်းလေးကန်အား ဇီဝအ၀န်းကြိုးဝိုင်း (Biosphere Reserve) အဖြစ် သတ်မှတ် ၍ ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းရန် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) မှ စတင်လေ့လာမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ဇီဝအ၀န်းကြိုးဝိုင်း (Biosphere Reserve) သည် ယူနက်စကို၏ Man and the Biosphere (MAB) Programme အရ နိုင်ငံအလိုက် အသိအမှတ်ပြု တည်ထောင်ထားသော ဒေသများဖြစ်ပြီး လူထု၏ ကြိုးပမ်းမှုပေါ်တွင် အခြေပြုကာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

''Biosphere Reserve ရဲ့ သဘောသဘာဝက ဇီဝထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ လူမှုရေး အနေနဲ့ ဒေသခံတွေရဲ့ လိုအပ်ချက်၊ အသက်မွေးဝမ်းကျောင်းနဲ့ ဆက်စပ်ရာကို ပူးပေါင်းဖြေရှင်းဖို့ ဖြစ် ပါ တယ်။ ဌာနတစ်ခုတည်း အနေနဲ့ မဟုတ်တော့ဘဲ ဆက်စပ်တဲ့ ဌာနတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ၊ အသုံးချသူတွေ၊ ဒေသခံတွေ၊ စေတနာ့ဝန်ထမ်းတွေပါဝင်ပြီးတော့ ဟန်ချက်ညီညီ ရေရှည် တည်တံ့အောင် ဆောင်ရွက်မယ့် သဘောပါ။ အခုတော့ ယူနက်စကိုက လေ့လာပြင်ဆင်နေပါ ပြီ'' ဟု အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးဦးစိန်ထွန်း ကပြောကြားသည်။ အင်းလေး ကန် ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေများထိန်းသိမ်းရေး ကော်မတီအစည်းအဝေး ကို ပြီးခဲ့သည့် ဇွန် ၁၃ ရက်က နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန တွင် ပြုလုပ်ခဲ့ရာ၌လည်း ယူနက်စကိုမှ ဇီဝအ၀န်းကြိုးဝိုင်း (Biosphere Reserve) ဖွဲ့စည်းရန် ဆောင် ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့သည်။ အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေး မဲ့တောသည် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် အတွင်းရှိ ညောင်ရွှေမြို့နယ်၊ ပင်လောင်း မြို့နယ်နှင့် ဖယ်ခုံမြို့နယ် တို့အတွင်း တည်ရှိပြီး အာဆီယံ အမွေအနှစ် ဥယျာဉ်တစ်ခုလည်း ဖြစ်သည်။
အင်းလေးကန်သည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးအင်းအိုင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၅၀ တွင် တည်ရှိသည်။ အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် အကျယ်အ၀န်းအားဖြင့် ၂၄၇ ဒသမ ၄၃၅ စတုရန်းမိုင် (၁၅၈၃၇၀ ဧက) ကျယ်ဝန်းသည်။ အဆိုပါ ဘေးမဲ့တောကို ၁၉၈၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အရှေ့တောင်အာရှရှိ အကြီးဆုံး ကုန်းတွင်း ရေတိမ်ဒေသများ၌ အပါအ၀င်ဖြစ် သည်။

မှတ်တမ်းတင်ထားရှိသည့် ဇီဝမျိုးစုံ မျိုးကွဲများ အနေဖြင့် နို့တိုက်သတ္တ၀ါ ၁၂ မျိုး၊ ငှက်မျိုးစိတ် ၂၈၇ မျိုး (ရေပျော်ငှက် ၈၆ မျိုး၊ ကုန်းငှက် ၂၀၁ မျိုး)၊ ငါးမျိုးစိတ် ၅၉ မျိုး (ဒေသရင်းမျိုး ၁၆ မျိုးအပါအ၀င်)၊ လိပ်ပြာ ၉၄ မျိုး၊ ကုန်းနေရေနေသတ္တ၀ါ ၂၅ မျိုး၊ လိပ် သုံးမျိုးရှိနေသည်။ အင်းလေးကန်သည် ယခုနှစ်များအတွင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုများ ကြုံတွေ့နေရပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းနှင့် လူမှုစီးပွားရေးကို ယှဉ်တွဲဆောင်ရွက်နိုင်ရန် လိုအပ်နေသော ဒေသလည်းဖြစ်သည်။ Biosphere Reserve များသည် ဒေသခံလူထုနှင့် သဘာဝအကြား ဟန်ချက်ညီစွာ ဆောင်ရွက်မှုများမှ တစ်ဆင့် လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဇီဝမျိုးစုံမျိုးကွဲ စသည်တို့ ပြန်လည်သင့်မြတ် ဖွံ့ဖြိုးခြင်းကို ဖော်ဆောင်ပေးနိုင် မည် ဖြစ်သည်ဟု ယူနက်စကိုကဆိုထားသည်။ ယူနက်စကို၏ ၂၀၁၃ ခုနှစ်အတွက် အသစ်ထပ်မံသတ်မှတ် သည့် Biosphere Reserve များမှာ ကာဇက်စတန်၊ အိန္ဒိယ၊ ပြင်သစ်၊ အီကွေဒေါ၊ တောင်ကိုရီးယား၊ တရုတ်၊ အီတလီ၊ စပိန်တို့တွင် တည်ရှိသော သဘာဝနယ်မြေများ ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၁၇ နိုင်ငံတွင် Biosphere Reserve ပေါင်း ၆၂၁ ခု တည်ရှိနေသည်။

EMG

မိန်းကလေးများ၏ ညို့ချက် (၈)ချက်

(၁)တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါ
ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)

(၂)တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်
နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)

(၃)တစ်ချို့ မိန်းကလေးလေးတွေ ကျတော့ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်
ကြောက်ပြ၊ စိုးထိတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ)

(၄)တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။
လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ )

(၅)တစ်ချို့မိန်းကလေးတွေကျတော့ စကားကို
မကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက် နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့)

(၆)မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကိုကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုးခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)

(၇)မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့ မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ )

(၈)မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့)

အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။

အမျိုးသားများ လွတ်အောင်သာ ရှောင်ကြပေတော့ မရှောင်ချင်ရင်လည်း လာမယ့်ဘေး ပြေးတွေ့လိုက်တာပေါ့..........ဟဲဟဲ

Ref:Baganonline media

ပီအာစနစ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မည်သို့ဆောင်ရွက်ရန် ဆုံးဖြတ်ချက် မချမှတ်ရသေး



ပြည်ခိုင်ဖြိုးပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက မီဒီယာများ၏ မေးခွန်းများကို ဖြေကြားစဉ်

ပီအာရွေးကောက်ပွဲ စနစ်နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့နှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် မည်သည့်ဆုံးဖြတ်ချက်မျှ မချမှတ်ရသေးကြောင်း ဇွန် ၂၄ ရက်က ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။ ''ကျွန်တော်တို့ အစည်းအဝေးမှာ ပီအာ ရွေးကောက်ပွဲစနစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေး ခဲ့ကြပေမယ့် ပီအာစနစ်ကိုလက်ခံဖို့လက်မခံဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါဘယ်အချက်တွေကို ပြင်ဖို့ဆိုတာ ဆုံးဖြတ်ချက် မရသေးပါဘူး။ ပီအာစနစ်နဲ့ ပတ်သက်ပြီး ပညာရှင်တွေက စာတမ်းတွေဖတ်သွား ပါ တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုကော်မတီကိုတာဝန်ပေးအပ်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ပြည်သူ အတွက် အကျိုးရှိမယ်ဆိုရင် ပြင်သင့်တယ်ဆိုရင် ပြင်ရမှာပေါ့'' ဟု ဦးဌေးဦးက ပြောကြားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပြင်ဆင်မည့်အချက်အပေါ် မူတည်၍ ပြည်ခိုင်ဖြိုးပါတီ တစ်ခုတည်းသာမက လွှတ်တော်နှင့်ပင် မပြီးကြောင်း ပြည်သူများ၏ ဆန္ဒခံယူရမည် ဖြစ်ကြောင်း ဦးဌေးဦးက ပြောကြားသည်။

နိုင်ငံအပြောင်းအလဲများ ဖြစ်ပေါ်အောင် လုပ်ဆောင်ခဲ့သူများမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အနေဖြင့် အများဆုံး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သောကြောင့် တိုင်းပြည်တိုးတက်ရန် မည်သူနှင့်မဆို လက်တွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဦးဌေးဦးက ပြောကြားသည်။ သို့ရာတွင် အစိုးရဖွဲ့ရေးနှင့် ပတ်သက်၍ ပြောရန် အချိန်စောနေသေးသည်ဟု ပြောကြားသည်။ ထို့အပြင် ပါတီအနေဖြင့် မည်သည့် အချိန် မှ နောက်ကြောင်း ပြန်လှည့်ရန် လုပ်ဆောင်မည် မဟုတ်ဘဲ နောက်ကြောင်း ပြန်လိုသူများ၏ လုပ်ဆောင်ချက်များကိုလည်း ကာကွယ်သွားမည် ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။ ''ကျွန်တော်တို့ ဒီစကားကို ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်မပြုမီ ၂၀၀၆ ခုနှစ်ကတည်းက ပြောလာတာပါ'' ဟု ဦးဌေးဦး က ပြောသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို ဇွန် ၂၂ ရက်မှ ၂၄ ရက်ထိနေပြည်တော်တွင်ပြုလုပ်ခဲ့ကာ ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ပြီး ရွေးကောက် ပွဲစနစ်၊ ဖက်ဒရယ်နှင့် ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးနှင့် ပတ်သက်၍ ပညာရှင်များက စာတမ်းများ ဖတ်ကြားခဲ့ကြောင်းနှင့် ယင်းကိစ္စများနှင့် ပတ်သက်၍ ဗဟိုကော်မတီသို့ တာဝန်ပေးအပ်ခဲ့ကြောင်း သိရ သည်။ ယင်းအစည်းအဝေးသို့ ပါတီဗဟို ကော်မတီဝင်များ၊ ပါတီဝင်များနှင့် မိတ်ဖက်ပါတီ ၁၁ ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

EMG

မြန်မာနိုင်ငံ၏လယ်ယာထွက်ကုန်များ နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသည့်အတွက် ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ဇွန်၂၄ ရက်က ကျင်းပသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အား တွေ့ရစဉ်။ (ဓာတ်ပုံ-နေရိုင်း)

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များသည် အရည်အသွေးနှင့် နိုင်ငံတကာ စံချိန်စံညွှန်း ကိုက်ညီမှု မရှိ သည့် အတွက် ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း မရှိကြောင်း ၂၀၁၃ ခုနှစ် ဇွန်၂၄ ရက်တွင် ကျင်းပ သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်က ပြောကြားခဲ့သည်။''ဈေးကွက်အခြေခံစီးပွားရေး စနစ်နဲ့အညီ မြန်မာနိုင်ငံအဖို့ လယ်ယာထွက်ကုန်များ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု၊ အရည်အသွေး တိုးတက်ကောင်းမွန်မှုနဲ့ ပိုးမွှားကင်းစင်မှုများ ပြည့်စုံရန်အတွက် နည်းပညာများ လိုအပ်လျက် ရှိနေပါတယ်။ ထို့ကြောင့် သီးနှံထုတ်လုပ်မှုပိုလျှံသော်လည်း ယင်းလိုအပ်ချက်များ ရှိနေသည့်အတွက် နယ်စပ်ကုန်သွယ်မှု ကိုသာ အားထားနေရလျက် ရှိပါတယ်'' ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက် ပြောကြားခဲ့သည်။

ရိတ်သိမ်းချိန် မတိုင်မီနှင့် ရိတ်သိမ်းချိန်လွန် အပိုင်းတွင် ခေတ်နောက်ကျ ကျန်နေမှုများ ရှိနေသည့် အတွက် အရည်အသွေးပိုင်း မြှင့်တင်မှု ပြုပြင်ခြင်း လုပ်ငန်းစဉ်များမှာ လူ့စွမ်းအား အရင်းအမြစ်များ ပြည့်စုံ ဖို့ တောင်သူလယ်သမားများ အတွက် ရိတ်သိမ်းချိန် မတိုင်မီနှင့် ရိတ်သိမ်းချိန်လွန် ဆိုင်ရာ စက်ပစ္စည်း ကိရိယာများ လိုအပ်လျက်ရှိကြောင်း သိရသည်။ လယ်ယာကဏ္ဍ တိုးတက်နိုင်ရန်အတွက် သန့်စင်သော ထုပ်ပိုးမှု အပိုင်းနှင့် ပိုးမွှားရောဂါ ကာကွယ်ထိန်းချုပ်ရေး အပိုင်းများ လိုအပ်လျက်ရှိပြီး လယ်ယာထွက်ကုန် များ တင်ပို့ရာတွင် အစားအစာ အန္တရာယ်ကင်းရှင်းရေး စံနှုန်းများနှင့် ကိုက်ညီရန်အတွက် ပိုးမွှားကင်း ရှင်းကြောင်း လက်မှတ်ထုတ်ပေးခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များ Quarantine Procedures နှင့်အညီ ဆောင် ရွက်နိုင်ရန် ရေနွေးငွေ့ အပူပေးခြင်း ကိရိယာများကဲ့သို့ ပိုးမွှား ထိန်းချုပ်မှုဆိုင်ရာ ပစ္စည်းများ လိုအပ်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ရာခိုင်နှုန်း ၇၀ သည် လယ်ယာကဏ္ဍအပေါ် မှီခိုအသက် မွေးဝမ်းကျောင်း ပြုနေ ရပြီး နိုင်ငံ၏ လက်ရှိ ဆင်းရဲမှုနှုန်း ၂၅ ရာခိုင်နှုန်းအား ၂၀၁၅ ခုနှစ် တွင် ၁၆ ရာခိုင်နှုန်းအထိ လျော့ချသွား ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ မြန်မာ့လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ USAID, MSU, MDRI-CESD မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

EMG

မဲဆောက်ရှိ အခမဲ့ ကျောင်းများတွင် ယခုနှစ် ကျောင်းအပ်သူဦးရေ လျော့နည်း

ကောင်းကင်ပြာ ကျောင်းရှေ့တွင် ထိုင်းနိုင်ငံတော် သီချင်းဆိုနေသည့် ကျောင်းသားများ (ဓာတ်ပုံ – မြတ်စုမွန် / ဧရာဝတီ)

ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများအတွက် ဖွင့်လှစ် ထားသည့် အခမဲ့ စာသင်ကျောင်းများတွင် ကျောင်း အပ်နှံသူဦးရေ လျော့နည်းသွားကြောင်း မဲဆောက်မြို့ တွင် ဖွင့်လှစ်ထားသည့် ကောင်းကင်ပြာ မူလတန်းကျောင်းအုပ် ထံမှ သိရသည်။

နိုင်ငံတကာ အကူအညီဖြင့် လည်ပတ်နေရသည့် ယင်းစာသင်ကျောင်းများအတွက် ယခုနှစ်တွင် ထောက်ပံ့ မှုများ ရပ်ဆိုင်းလိုက်ရာ ကျောင်းသား မိဘများထံမှ ကျောင်းစရိတ်ကောက်ခံရန် စီစဉ်ခဲ့သဖြင့် ကျောင်း အပ်နှံသူဦးရေလျော့နည်းလာခြင်းဖြစ်ကြောင်း ကောင်းကင်ပြာ ကျောင်းအုပ်ကြီး ဦးအောင်ဇော်ဦးက ဧရာဝတီသို့ ပြောသည်။ သူက “ကျနော်တို့ကျောင်းတွေမှာ ဘတ်ဂျက်မရှိတော့ဘူး။ ဘတ်ဂျက် ရှာနေချိန် ၁ လ၊ ၂ လ အတွင်းမှာ မိဘတွေဆီက ကျောင်းစရိတ် ဘတ် ၁၀၀၊ ၂၀၀ လောက် ကောက်မယ်လို့ စီစဉ်လိုက် တာ ကလေးတွေ ကျောင်းလာမအပ်တော့ဘူး” ဟု ရှင်းပြသည်။ အကြောင်းအမျိုးမျိုးကြောင့် ထိုင်း – မြန်မာ နယ်စပ်တွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များ၏ ကလေးများကို စာသင်ကြားပေးလျှက်ရှိသော ကောင်းကင်ပြာကျောင်း၊ New Wave၊ ယူနိုက်တက် ခရစ်ယာန်၊ ပြည်ချစ်၊ Love and Care စသည့် ကျောင်း ၅ ကျောင်းအတွက် ထောက်ပံ့မှုများကို ယခုနှစ်တွင် ရပ်ဆိုင်း လိုက်ခြင်း ဖြစ် ကြာင်း သိရသည်။

“ပြည်ပက အလှူရှင်တွေက ဒီနယ်စပ်ဘက်ကို ထောက်ပံ့ဖို့ အားမသန်တော့ဘူး။ ပြည်တွင်းထဲကိုပဲ ကူညီဖို့ အားသန်ကြတော့ တယ်” ဟု မယ်တော်ဆေးခန်းမှာ ကလေးသူငယ် ဖွံ့ဖြိုးရေးတာဝန်ခံ ဦးစောနေဦး က ပြောသည်။ ကျောင်းတကျောင်းစီတွင် ပျမ်းမျှ ကလေးငယ်ဦးရေ ၁၅၀ ခန့်ရှိပြီး အလှူရှင် အဖွဲ့အစည်း များထံသို့ အဆိုပြုလွှာ ရေးသားရာတွင် အဆိုပါကလေးငယ်များ မြန်မာပြည်တွင်းသို့ ပြန် လည်ရွှေ့ပြောင်း ကျောင်း တက်နိုင်သည့် အာမခံချက် ပေးနိုင်ကြောင်း ထည့်သွင်း ဖော်ပြနိုင်မှုမရှိသည့် အတွက် ယင်းသို့ ထောက်ပံ့မှု ရပ်ဆိုင်းခြင်းဟု သိရကြောင်း ဦးအောင်ဇော်ဦးက ရှင်းပြသည်။ ထို့အပြင် မဲဆောက်ရှိ ရွှေ့ပြောင်းဆရာ၊ ဆရာမများ အစည်းအရုံးမှတဆင့် ပုဂ္ဂလိကဖြစ်စေ၊ အဖွဲ့ လိုက် ဖြစ်စေ ထောက်ပံ့မှုများ ပြန်လည် ရရှိနိုင်ရန်အတွက် အကူအညီ တောင်းထားကြောင်းလည်း သူကပြောသည်။

“ဒီကြားထဲမှာ ဆရာ၊ ဆရာမတွေ လစာမယူဘဲ ဆန်၊ ဆီ ထောက်ပံ့မှုလောက်နဲ့ တာဝန် ထမ်းဆောင်သွား မယ်။ ကလေးတွေ အတွက် စာအုပ်စာတမ်း ကတော့ မနှစ်က ကျန်တာတွေရှိသေးလို့ လောက်ငတယ်။ တချို့ ကျောင်းရောက်မလာတဲ့ ကလေး တွေကို ဘာသာရေး အဖွဲ့အစည်းတခုက ကျောင်းထားပေးဖို့ ခေါ် သွားတာလည်း ရှိတယ်” ဟု အထက်ပါ ကျောင်းအုပ်ကြီးက ဆိုသည်။ ကောင်းကင်ပြာ မူလတန်းကျောင်း သည် မဲဆောက်တမြို့လုံးမှ ထွက်ရှိသည့် အမှိုက်များ စုပုံရာနေရာတွင် စားဝတ်နေရေး အတွက် မှီခိုနေ ထိုင်သည့် မိသားစုဝင်များ၊ တောင်ယာများနှင့် စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသည့် မိသားစုဝင် ကလေး များအား အခမဲ့ ပညာ သင်ကြားပေးနေသည့် ကျောင်းတကျောင်း ဖြစ်ပြီး ကျောင်းသားပေါင်း ၁၆၀ ခန့် ရှိသည်။ ယင်းကျောင်းကို အမှိုက်ပုံကျောင်း ဟူ၍ လူသိများသည်။

ဧရာဝတီBlog

တိုင်းမ်မဂ္ဂဇင်းကို သမ္မတရုံး ဘာကြောင့် ကန့်ကွက်ရလဲ


၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 တွင် ဦးဝီရသူအား မျက်နှာဖုံးတင်၍ “THE FACE OF BUDDHIST TERROR” ဆောင်းပါးအားဖော်ပြခဲ့သည်ကို သမ္မတရုံးကကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းထုတ်ပြန်ကြေညာချက်ကို မည်သည့်အတွက်ထုတ်ပြန်ရသည်၊ ကြေညာ ချက်သည် ဦးဝီရသူနှင့် ၉၆၉ အဖွဲ့ကို ထောက်ခံအသိမှတ် ပြု မပြု၊ တိုင်းမ်မဂ္ဂဇင်းကို ပိတ်ပင်ရန် ရှိ မရှိတို့ ကို သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းထား ပါသည်။

မေး- အစိုးရအနေနဲ့ တိုင်းမ်မဂ္ဂဇင်းကို ဘာကြောင့်ကန့်ကွက်တာလဲဆိုတာ သိချင်ပါတယ်။
ဖြေ- ကျနော်တို့ ထုတ်ပြန်ချက်မှာလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ သူတို့ရဲ့ရေးသား ချက်တွေ ဟာ ကျနော်တို့ ဗုဒ္ဓသာသနာကို နိုင်ငံတကာက အထင်အမြင် လွဲမှားစေနိုင်ပါတယ်။ လက်ရှိမြန်မာနိုင်ငံ မှာဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံတို့ကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နေခြင်းကို ထိခိုက်စေနိုင်တယ်။ အဲဒါကြောင့် ကျနော်တို့ ကန့်ကွက်ရတာ ဖြစ်ပါတယ်။

မေး- တိုင်းမ်မဂ္ဂဇင်းကို အစိုးရအနေနဲ့ကန့်ကွက်လိုက်တော့ မျက်နှာဖုံးမှာ ဖော်ပြခံရတဲ့ ဦးဝီရသူဘက် ကနေပြီးတော့ ထောက်ခံရပ်တည်တဲ့ သဘောမျိုးဖြစ်နေမလား။
ဖြေ- မဆိုင်ပါဘူးဗျ။ ရေးထားတဲ့ အထဲမှာကြည့်ရင် ဦးဝီရသူဘက်ကနေမဟုတ်ဘဲနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိတယ်။ အခြေခံဥပဒေကလည်း ကာကွယ်ထားတယ်။ ဗုဒ္ဓဘာသာဟာ လည်းသိမ်မွေ့နက်နဲတဲ့ နူးညံတဲ့ ငြိမ်းချမ်းရေးကို လုပ်တဲ့ဘာသာဖြစ်တယ်။ အခုအချိန်မှာ ပဋိပက္ခတွေကို ကာကွယ်ဖို့အတွက် အားလုံးပူးပေါင်းဆောင်ရွက်နေတယ်။ အခုလိုဆောင်ရွက်နေတဲ့အချိန်မှာ ရေးသားလာ တဲ့အတွက် ကန့်ကွက်ရတာ ဖြစ်ပါတယ်ဗျ။

မေး- သမ္မတရုံးရဲ့ ကြေညာချက်က ၉၆၉ က ငြိမ်းချမ်းတဲ့သင်္ကေတ ဖြစ်တယ်ဆိုတာမျိုးရေးထားတော့ အစိုးရအနေနဲ့ ၉၆၉ ကို တရားဝင် အသိအမှတ်ပြုလိုက်တာလား။
ဖြေ- စာပိုဒ်ကို သေချာဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ်။ အဲဒီစာပိုဒ်မှာက ကျနော်တို့က ပြောတာမဟုတ်ဘူး။ ဟို သံဃာ့အစည်းအဝေးကနေပြီးတော့မှပြောတယ်လို့ ကျနော်တို့ ပြန်ကုတ်လုပ်ထားတာပါ။ တိုင်းမ်မဂ္ဂဇင်း မူရင်းဆောင်းပါးမှာက ၉၆၉ နဲ့ပတ်သက်လို့ သူရေးထားတာတွေရှိတယ်။ ဒါကြောင့်မိုလို့ ၉၆၉အမှတ်တံဆိပ် ကို အလွဲသုံးတဲ့လူ ရှိရင်ရှိမယ်။ သို့သော် မူလဆရာတော်တွေကတော့ ဒီလိုပြောထားပါတယ်ဆိုတာကို ပြန် ကုတ်လုပ်ထားတာပါ။ခင်ဗျား သေချာဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ်။

မေး- ဆိုတော့ အစိုးရအနေနဲ့ ၉၆၉ ကို အသိအမှတ်မပြုသေးဘူးလို့ ပြောချင်တာလား။
ဖြေ- ကျနော်တို့က ၉၆၉ တံဆိပ်ရှိနေတယ်။ ၉၆၉ နဲ့တံဆိပ်နဲ့ပတ်သက်လို့ ဆောင်းပါးမှာ ရေးတဲ့ဟာတွေက မူလလူတွေက ကာယကံရှင်တွေက ပြောထားတာ တစ်မျိုးဖြစ်တယ်ဆိုတာ ကျနော်တို့ပြန်ထောက်ပြတာပဲ ရှိပါတယ်။

မေး- အခု ၉၆၉နဲ့ ဦးဝီရသူတို့လုပ်နေတဲ့ မျိုးစောင့်ဥပဒေဆိုတာကိုရော သိလား။ အစိုးရကဘယ်လိုသဘော ထားလဲမသိဘူး။
ဖြေ- ဘာမှ မှတ်ချက်ပေးစရာ မရှိပါဘူး။ ဒါတွေက တစ်ဦးချင်းတစ်ယောက်ချင်းရဲ့ နိုင်ငံသားများရဲ့ ရပိုင်ခွင့် အတိုင်းပဲ သူတို့ရဲ့သဘောထားကို သူတို့ ဖော်ထုတ်ပြောဆိုနေတာပဲလေ။ အမျိုးစောင့်ဥပဒေတင် မဟုတ် ဘူး။ လယ်ယာမြေကိစ္စနဲ့ ပတ်သက်လို့လည်း အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေက ဆန္ဒဖော်ထုတ်နေကြတာ လည်း ရှိပါတယ်။ ကျနော်တို့က အဲသလိုပဲ သဘောထားပါတယ်။

မေး- အစိုးရအနေနဲ့ ဘာသာရေး လူမျိုးရေး ခွဲခြားနှိမ့်ချမှုတွေကို ဆန့်ကျင်ထိန်းချုပ်ဖို့တားဆီးကာကွယ်ပေး ဖို့ အစီအစဉ် ရှိပါသလား။
ဖြေ- ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃၆၄ မှာ အတိအကျ ဖော်ပြထားပြီးပြီပဲ။ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေကို လက်မခံဘူးဆိုတဲ့ အကြောင်းလေ။ ဘာသာတရားတိုင်းကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားတယ်။ ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆောင်ရွက်နေတာဖြစ်တဲ့ အတွက် ပြီးပြီပေါ့ဗျာ။

မေး- အခုလို အစိုးရအနေနဲ့ တိုင်းမ်မဂ္ဂဇင်းကို တရားဝင်ကန့်ကွက်လိုက်ပြီဆိုတော့ ပြည်တွင်းမှာ တရားဝင် ထုတ်ဝေခွင့် ပိတ်ပင်မှာလား။
ဖြေ- ကျနော်တို့က နံပါတ် ၁ ကတော့ ဆောင်းပါးနဲ့ ပတ်သက်လို့ ပြောတာပေါ့နော်။ ဆောင်းပါးပါတဲ့ မဂ္ဂဇင်း Issue ကိုတော့ သာသနာရေး ၀န်ကြီးဋ္ဌာနရဲ့ သဘောထားအမြင်ကိုလဲ တောင်းထားပါတယ်။

မေး- ဒါဆို တိုင်းမ်းမဂ္ဂဇင်းကို ပိတ်သင့် မပိတ်သင့်ကို သာသနာရေး ၀န်ကြီးဋ္ဌာနရဲ့ သဘောထား အကြံပြုချက်အပေါ်မှာ စဉ်းစားမှာပေါ့။
ဖြေ- မှန်ပါတယ်။

မေး- တိုင်းမဂ္ဂဇင်းကို ကန့်ကွက်ကြောင်း အစိုးရထုတ်ပြန်ချက်က အင်္ဂလိပ်လို့ ဘာလို့ မထုတ်တာလဲ။
ဖြေ- မြန်မာနိုင်ငံရဲ့ ရုံးသုံးဘာသာစကားက မြန်မာစကားကိုး။

မေး- ထုတ်ပြန်ချက်မှာလည်း ဘာသာအားလုံးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုတယ်လို့ ရေးထားပါတယ်။ အဲဒီတော့ အစိုးရအနေနဲ့ အခုဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေမှာ ဘယ်ဘက်မှ မလိုက်ဘဲနဲ့ ကြားမှာရပ်တယ်ဆိုတဲ့ အနေအထားမျိုး ပြသနိုင်အောင် ဘာလုပ်မလဲ။
ဖြေ- သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာလဲ အကြိမ်ကြိမ်ပြောပြီးပါပြီ။ ကျနော်တို့ နိုင်ငံမှာ လွတ်လပ်စွာကိုးကွယ်ခွင့် ရှိပါတယ်။ လူတိုင်းဟာ ဥပဒေနဲ့အညီ မိမိချစ်ခင်မြတ်နိုးတဲ့ ဘာသာတရားကို ကျင့်သုံးခွင့်ရှိတယ်။ ဘာသာကို ကိုးကွယ်ခွင့်ရှိတယ်။ တခြားဘာသာကိုသွားပြီးတော့ အကြမ်းဖက်ဆက်ဆံတာမျိုးကိုလည်း ကျနော်တို့က လက်ခံမှာမဟုတ်ပါဘူး။ သမ္မတကြီးလည်း ဒီအကြောင်းကို မိန့်ခွန်းအကြိမ်ကြိမ် ပြောပြီးသလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ရေးဖော်ပြထားပြီး ဖြစ်ပါတယ်။

မေး- ဘာသာရေးဆိုတာ ထိလွယ်ရှလွယ်တော့ ဘယ်လိုအခြေအနေမျိုးမှာ အကြမ်းဖက်မှုလို့ သတ်မှတ်ပြီး ဘယ်လို အရေးယူမလဲဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့ ရှိပါသလား။
ဖြေ- အခုလို နားလည်မှု တည်ဆောက်နေတဲ့အချိန်မှာ Social မီဒီယာတွေမှာလည်း အပြန်အလှန် ပုတ် ခတ်ရေးသားနေကြတယ်။ ဘာပဲပြောပြော Tension မြင့်သွားနိုင်တဲ့ အခြေအနေမိုလို့ ဒီလိုသိမ်မွေ့တဲ့ ကိစ္စမျိုးကို တစ်ဖက်သတ်မရေးဖို့ လိုတယ်ဆိုတဲ့အကြောင်း ကန့်ကွက်ရခြင်းဖြစ်ပါတယ်။

ဧရာဝတီ Blog