Pages
▼
26.9.13
မြန်မာနိုင်ငံတွင် လေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်ထောင်ချီ ထုတ်လုပ်မည်
ထိုင်း Gunkul Engineering Co., နှင့် တရုတ် China Three Gorges Co., တို့က ပြည်တွင်းရှိ ဒေသအချို့တွင် လေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်... ထောင်ချီ ထုတ်လုပ်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြောင်း လျှပ်စစ်ဓာတ်အား ဝန်ကြီးဌာန လျှပ်စစ်စွမ်းအားဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဝင်းက ပြောကြားသည်။
မိုင်းနင်းမိ၍ အပြစ်မဲ့ပြည်သူများ ဒဏ်ရာရ
ရှမ်းပြည်နယ်
တောင်ပိုင်း လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲ၊ ဟဲနန်းကျေးရွာအုပ်စု၊
ကျူပေါ်ကျေးရွာ၏ အနောက်ဘက် ၃ ဖာလုံခန့်အကွာတွင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၂)
ရက်နေ့၊ မွန်းလွဲ ၂း၃၀ နာရီ အချိန်ခန့်၌ SSA (RCSS) (ရွက်ဆစ်) အဖွဲ့မှ
ရွက်ဖ ဦးစီးသည့် (အင်အား (၃၀) ဦးခန့်) အဖွဲ့မှ ထောင်ထားသည့်
တိုက်မိုင်းဟု ယူဆရသော မိုင်း (ဗုံး) တစ်လုံး ပေါက်ကွဲသည့် ဖြစ်စဉ်
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါဖြစ်စဉ်တွင် ကျူပေါ် ကျေးရွာသူ/သား အပြစ်မဲ့ပြည်သူ ကျား (၁) ဦး၊ မ (၂) ဦး၊ ထိခိုက်ဒဏ်ရာရ ခဲ့ပြီး ၄င်းတို့ (၃) ဦးသည် လက်ဖက်ခူးသွားရာမှ SSA (RCSS) (ရွက်ဆစ်) အဖွဲ့မှ ထောင်ခဲ့သော မိုင်းအား ထိတိုက်မိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၄င်းအပြစ်မဲ့ ရွာသားများမှာ -
(က) ဒေါ်နန်းယွန် (၅၇) နှစ်၊ (ဘ) ဦးတမောင် ၊ ပအိုဝ်း/ဗုဒ္ဓ၊ ၀ဲဘက်လက်ကောက် (၁) ချက်၊ ၀ဲဘက်ကျော (၂) ချက်၊ ဘယ်လက်မောင်း (၂) ချက် (မစိုးရိမ်ရ)
(ခ) ခွန်သိန်းဇော် (၈) နှစ်၊ (ဘ) ဦးတဆန်း၊ ပအိုဝ်း/ ဗုဒ္ဓ၊ ကျောကုန်း (၆) ချက်၊ ညာပေါင်အောက် (၁) ချက်၊ ညာလက်ညိုးထိပ် (၁) ချက် (မစိုးရိမ်ရ)
(ဂ) မနန်းမိ (ခ) မမေသူ (၇) နှစ်၊ (ဘ) ဦးခွန်ရှမ်းမောင်း၊ ပအိုဝ်း/ ဗုဒ္ဓ၊ ညာပေါင် (၂) ချက်၊ ညာဦးချိုစောင်း (၁) ချက်၊ ညာပခုံး ကျောဘက် (၁) ချက် (မစိုးရိမ်ရ)
၎င်း ဒဏ်ရာရ အပြစ်မဲ့ပြည်သူ (၃) ဦးတို့အား ဆေးကုသမှု ခံယူနိုင်ရေး ပင်လုံမြို့နယ်ခွဲ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့၊ ညနေ ၅း၁၅ နာရီ အချိန်ခန့်တွင် ရောက်ရှိ၍ ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရှိရပါသည်။
by Myanmar News Now
ကိုယ်ထူကိုယ်ထလမ်းအား ပါတီတခုမှ ဝင်ရောက်နာမည်ကောင်းယူသဖြင့် ဒေသခံများ မကျေမနပ်ဖြစ်
မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ်၊
အေးဇရပ်ရက်ကွက်အတွင်း ရပ်ကွက်သူ ရပ်ကွက်သားများမှ အလှုငွေထည့်ဝင်ကာ
ကိုယ်ထူကိုယ်ထ ပြုပြင်ထားသော
ထောင့်ငါးရာပေအရှည်ရှိ လမ်းဖွင့်ပွဲတွင် ပါတီတခုမှ ဝင်ရောက်နာမည်ကောင်းယူ၊ ဆိုင်းဘုတ်တပ်သွားသဖြင့် ဒေသခံများ မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။
ထောင့်ငါးရာပေအရှည်ရှိ လမ်းဖွင့်ပွဲတွင် ပါတီတခုမှ ဝင်ရောက်နာမည်ကောင်းယူ၊ ဆိုင်းဘုတ်တပ်သွားသဖြင့် ဒေသခံများ မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။
နမူနာပေးပို့ သော ရေကျိုငါးပိအချို့ ယူရီးယားပါဝင်ကြောင်း FDA အတည်ပြုပြီ
ဆူဒန်ဆန္ဒပြမှုတွေအတွင်း လူ၂၄ဦး သေဆုံး
လွှတ်တော်အမတ်ဦးဆောင်သည့် ရေလွှမ်းမိုးမှုပြဿနာဖြေရှင်းရေးလုပ်ငန်း တိုက်ပွဲကြောင့် ရပ်နားထားရ
လယ်မြေဧကပေါင်းများစွာ ရေလွှမ်းမိုးမှုပြဿနာ၊
ရေလွှဲမြောင်းပိတ်ဆို့မှု ပြဿနာအား ကျားဖြူပါတီ လွှတ်တော် အမတ် (ဒေါ်)
နန်းခမ်းအေး ဦးဆောင်ကူညီဖြေရှင်းပေးနေချိန် အစိုးရတပ် နှင့် တိုင်းရင်းသား
လက်နက် ကိုင်တပ်ဖွဲ့ကြားတိုက်ပွဲကြောင့် လုပ်ငန်းအားလုံး
ရပ်နားထားရသည်ဟုဆိုသည်။
အခြေခံဥပဒေပါ တရားမျှတမှု မရှိသည့် ကိစ္စ အသက်နှင့်လဲ ကာကွယ် သူများရှိနေပါက အသက်နှင့် လဲ ပြင်ဆင်မည့် အင်အားစုလည်း ရှိလာနိုင်
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့ နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ရန် ဆွေးနွေးမည်
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး
လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲများ လာမည့် လပိုင်းအတွင်း
စတင်တော့မည်ဟု ဆိုထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီသည် ကရင် အမျိုးသား အစည်းအရုံး KNU အပါအဝင်
လက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန် အကြို
လုပ်ငန်းစဉ်များကို ဆွေးနွေးမည် ဖြစ်ကြောင်း နှစ်ဖက် အဖွဲ့အစည်းများထံမှ
သိရှိရသည်။
တရုတ် စစ်တပ်အရာရှိကြီးတွေ စစ်ဆေးခံရမယ်
တရုတ်နိုင်ငံမှာ စစ်တပ်အရာရှိကြီးတွေဟာ ရာထူးမတက်ခင်မှာပဲ ဖြစ်ဖြစ်၊
အငြိမ်းစားယူတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ ပိုင်ဆိုင်မှု စာရင်းတွေ
အစစ်ဆေးခံရတော့မယ်လို့ အစိုးရပိုင် မီဒီယာမှာ ရေးသား ထုတ်ပြန် ခဲ့ပါတယ်။
? မိတ္ထီလာမြို့၌ ညအချိန်အတော် အိမ်ပေါ်တက် ခြိမ်းခြောက် လုယက်မှုဖြစ်ပွား
မန္တလေးတိုင်း ဒေသကြီး ၊ မိတ္ထီလာမြို့ ၊ စက်မှုဇုန် (၃)လမ်းရှိ ဦးစိုးမြင့်
နေအိမ်၌ စက်တင်ဘာလ ၂ဝ ရက် ည ၁၁ နာရီ အချိန်တွင် ခေါင်းစွပ်အနက် နှင့်
ပုဆိုးခြုံ ထားသူ တစ်ဦးမှ အိမ်ပေါ် တက်၍ စာကျက်နေသူ မဖြိုးအိအိသိမ့် အား
နောက်မှ သိုင်းဖက်၍ ငြိမ်းခြောက် လုယက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်များ နို့သောက်ပေးခြင်းက ရင်သွေးငယ် အရပ်ရှည်စေနိုင်
ကိုယ်ဝန်ဆောင်ကာလမှာ နွား နို့သောက်သုံးပေးတဲ့ မိခင်တွေက မွေးဖွားတဲ့
ရင်သွေးငယ်တွေဟာ နွား နို့မသောက်တဲ့ မိခင်တွေရဲ့ ရင်သွေး
ငယ်တွေထပ်ပိုအရပ်ရှည် တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါ
တယ်။ယခင်လေ့လာမှုများအရ မိခင် လောင်းတွေ နွားနို့သောက်သုံးပေးရင် ကလေးငယ်ကို
အလေးချိန်တိုးပြီး လျင် လျင်မြန်မြန်ကြီးထွားနိုင်တယ်ဆိုတာကို
ဖော်ထုတ်နိုင်ခဲ့ပြီး ဖြစ်ပါ တယ်။
လူမင်းနှင့် ရိုက်ကူးမည့်ကားတွင် သရုပ်ဆောင်ရသည့်အခန်း နည်းသဖြင့် အခက်အခဲမရှိဟု နန်းခင်ဇေယျာကဆို
ဧည့်သည်သရုပ်ဆောင်အဖြစ် ပထမဆုံးရိုက်ကူးနေသော Anubis ရုပ်ရှင်ကားတွင်
ပါဝင်ရသည့်အခန်း နည်းသည့်အတွက် သရုပ်ဆောင်ရာတွင် အခက်အခဲမရှိကြောင်း
နန်းခင်ဇေယျာက ပြောသည်။
အသက်(၁၅)အရွယ် သမီးအရင်းဖြစ်သူကို ဖခင်ဖြစ်သူမှ သားမယားအဖြစ်ပြုကျင့်
ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ဇီးပင်ကွင်းကျေးရွာ၌ စက်တင်ဘာ ၂၁ ရက်နေ့ ညနေ
၇ နာရီအချိန်ခန့်က အသက်(၁၅)နှစ်အ ရွယ် သမီးအရင်းဖြစ်သူကို ဖခင်ဖြစ်သူမှ
သားမယားအဖြစ်ပြုကျင့်ခဲ့သည့် ပြစ်မှုဖြစ်စဉ် တစ်ရပ်ပေါ်ပေါက်ခဲ့ကြောင်း
စုံစမ်းသိရှိ ရသည်။
ကြက်တောင်ရိုက်အားကစားနှင့်ခင်ဝင့်ဝါ
ကြက်တောင်ရိုက် အားကစားနည်းနဲ့ ခင်ဝင့်ဝါ၂၇ ကြိမ်မြောက် အရှေ့တောင်
အာရှဆီးဂိမ်း အားကစားပြိုင်ပွဲ အတွက် ပေါ်ပြူလာ ဂျာနယ်က တင်ဆက်နေကျဖြစ်တဲ့
ဆီးဂိမ်းလှုံ့ဆော်ရေး အားကစား ကဏ္ဍအနေနဲ့ ဒီတစ်ပတ်မှာတော့