မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသ
ပညာတက္ကသိုလ် စက်နှင့်ပျံသန်းယာဉ်
Pages
▼
16.10.13
ပုံတူရုပ်ထုပြုလုပ်ရန်ဖျော်ဖြေပွဲ ပြုလုပ်မည်
ရန်ကုန် စက်မှုဇုန်ရှိ ဖိုက်ဘာ တိုင်ကီဂိုဒေါင် မီးလောင်
ဇေ ကမ္ဘာကုမ္ပဏီ ဂေါက်ကွင်းအနီး ရန်ကုန်စက်မှုဇုန်ရှိ ဖိုက်ဘာတိုင်ကီ ဂိုဒေါင်တစ်ခုတွင် အောက်တိုဘာ ၁၅ရက်က မီးလောင်မှုတစ်ခုဖြစ် ပွားခဲ့ကြောင်း သိရသည်။
လွှတ်တော်ပြင်ပ အင်အားစုအားလုံးနှင့် ၈၈ငွေရတုကော်မတီ ယခုလအတွင်း တွေ့ဆုံမည်
ရှစ်လေးလုံးငွေရတု အခမ်းအနားတွင် ထုတ်ပြန် ကြေညာခဲ့သော ကြေညာချက်များကို
မုန်တိုင်းကြောင့် ဂျပန်တွင် ၁၃ ဦး သေဆုံး၊ ၃၀ ကျော် ပျောက်ဆုံး
ဂျပန်နိုင်ငံ တိုကျိုမှာ တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်း ၀ီဖာကြောင့်
လူ ၁၃ ယောက် သေဆုံးသွားပြီး လူ
မန္တလေးစည်ပင်နယ်နိမိတ် လိုင်စင်သက်တမ်း မတိုးသည့် လုပ်ငန်းပေါင်း ၁၄၀၀ ကျော်ကျန်
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း သတ်မှတ်ကာလ
ကျော်လွန်သည် အထိ လိုင်စင်သက်တမ်း တိုးခြင်း မရှိသေးသည့် လုပ်ငန်းပေါင်း
၁၄၀၀ ကျော် ကျန်ရှိနေသေးကြောင်း အဆိုပါ ကော်မတီ သန့်ရှင်းရေးဌာန
စာရင်းများအရ သိရသည်။
ဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ဆိုင်များ စသည့် လုပ်ငန်းများအတွက် လိုင်စင်သက်တမ်း တိုးခြင်းနှင့် လိုင်စင်အသစ် ပြုလုပ်ခြင်းတို့ကို ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဧပြီလမှ ဇွန်လကုန်အထိ သတ်မှတ်ထားပြီး လိုင်စင်သက်တမ်း တိုးရန် ကျန်ရှိ လုပ်ငန်းများတွင် စားသောက်ဆိုင်လုပ်ငန်း အများစု ပါဝင်ကြောင်း အဆိုပါဌာန ထံမှ ထပ်မံသိရသည်။
"ကျန်နေတဲ့ လုပ်ငန်း တော်တော်များများက ဆိုင်နေရာ ပြောင်းသွားတာတို့ ဒဏ်ငွေ မဆောင်ချင်လို့ ထွက်ပြေးသွားတာမျိုး တို့ရှိတော့ အခုချိန်ထိ အရေးယူဖို့ ကြန့်ကြာနေ သေးတာပါ။ လိုက်နာမှုမရှိတဲ့ လုပ်ငန်းရှင်တွေကို သုံးကြိမ်အထိ ဒဏ်ရိုက်မယ်။ သုံးကြိမ် ပြည့်သွားရင်တော့ စည်ပင်ဥပဒေအရ တရားစွဲမယ်" ဟု အဆိုပါဌာနမှ တာဝန်ရှိသူက ဆိုသည်။
သတ်မှတ်ကာလအတွင်း မပြုလုပ်ပါက လုပ်ငန်းလုပ်ဆောင်ခွင့်ကို ရပ်ဆိုင်းမည် ဖြစ်ပြီး လုပ်ငန်းရပ် ဆိုင်းခြင်း မရှိဘဲ ဆက်လက် လုပ်ကိုင်ပါက စည်ပင်ဥပဒေ အရ ဒဏ်ကြေးငွေ ကျပ်သုံးသောင်းမှ ကျပ်သုံးသိန်းထိ သို့မဟုတ် ထောင်ဒဏ်သုံးလ၊ ဒဏ်ကြေးငွေ ကျပ်ငါးသောင်းမှ ကျပ်ငါးသိန်းထိ (သို့) ထောင်ဒဏ်တစ်နှစ် သတ်မှတ်ထားကြောင်း၊ လုပ်ငန်းပိတ်သိမ်း ခံရ၍ ပြန်လည် လုပ်ကိုင်လိုပါက လိုင်စင်အသစ် ပြန်လည် လျှောက်ထားရမည်ဖြစ်ပြီး နေ့စဉ်သတင်းစာ များတွင် အမည်ပျက်စာရင်း ထည့်သွင်းကြေညာမည်ဟု သတ်မှတ်ထားပြီး ဖြစ်ကြောင်း အဆိုပါဌာနထံမှ ထပ်မံသိရသည်။
"ကိုယ့်အလုပ်နဲ့ကိုယ် ဆိုတော့ သက်တမ်းတိုးဖို့ မေ့မေ့သွားတယ်။ ပထမတစ်ကြိမ် ဒဏ်ငွေဆောင် လိုက်ရကတည်းက သက်တမ်း သွားတိုးထားလိုက် တာပါ။ လုပ်ငန်းပိတ်သိမ်း ခံရရင် ပြန်စဖို့က မလွယ်ဘူး" ဟု အောင်မြေသာစံမြို့နယ် အတွင်းရှိ စားသောက်ဆိုင် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
သတ်မှတ်ကာလ ဖြစ်သည့် ဧပြီလမှ အောက်တိုဘာလ ၁၁ရက်နေ့အထိ စာရင်းများအရ လိုင်စင်သက်တမ်း တိုးသူ ၁၂,၀၀၀ နီးပါးသာရှိပြီး အမှန်တကယ် သက်တမ်းတိုးရမည့် လုပ်ငန်းပေါင်း ၁၄,၀၀၀ ကျော်ရှိကာ လိုက်နာမှုမရှိသည့် အတွက် ပိတ်သိမ်းခံရသည့် လုပ်ငန်းပေါင်း ၉၀၀ နီးပါး ရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။
(ခန့်ခန့်)
The Voice Weekly

နေအိမ်ပေါ်အထိ တက်၍ သတ်ဖြတ်မှုတွင် လူသတ်သမားအဖြစ် သံသယရှိသူကို ဖမ်းမိပြီ
ကြည့်ုမြင်တိုင်၌ အိမ်ပျော်နေသည့် လူတစ်ဦးအား နေအိမ်ပေါ်အထိတက်၍
သတ်ဖြတ်ခဲ့မှုတွင် လူသတ်သမားအဖြစ် သံသယရှိထားသူကို ဖမ်းဆီးမိပြီဖြစ်ကြောင်း
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ် ပြန်လိုက်သည်။
အဆိုပါ လူသတ်မှုမှာ ကြည့်မြင်တိုင် အောက်ရုံရပ်ကွက်တွင် အောက်တိုဘာ ၁၃ ရက် ည ၉ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရပ်ကွက်အတွင်းနေ သိန်းတန်(ခ)သိန်းနိုင် ဆိုသူနှင့် သန်းလင်းထိုက်(ခ) မြွေပွေးတို့ စကားများ ရန်ဖြစ်ခဲ့ကြသည့် ကိစ္စအား မကျေနပ်သဖြင့် ညဘက်တွင် လူသတ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
သန်းလင်းထိုက်(ခ)မြွေပွေးက သိန်းတန် (ခ)သိန်းနိုင်၏ နေအိမ်ပေါ်သို့ အောက်တို ဘာ ၁၄ ရက် နံနက် ၃နာရီခွဲ အချိန်တွင် တက်ရောက်ပြီး ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သိန်းတန်မှာ ၀ဲဘက်လည် ပင်းထိုးသွင်း ဒဏ်ရာ တစ်ချက်ရရှိပြီး ရန်ကုန် ဆေးရုံသို့ တင်ပို့ ကုသနေစဉ် သေဆုံးသွားခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ကြောင့် လူသတ်သည်ဟု သံသယရှိ ယူဆထားသူ သန်းလင်းထိုက်(ခ) မြွေပွေး အား ကြည့်မြင့်တိုင် စက်ဆန်းနယ်မြေ ရဲစခန်း က (ပ)၃၆၃ /၂၀၁၃ဖြင့် အမှုဖွင့်ပြီး လိုက်လံ ရှာဖွေခဲ့ခြင်း ဖြစ်သည်။ မြို့နယ် ရဲတပ်ဖွဲ့ဝင်များက အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး စုံစမ်း ရှာဖွေခဲ့ရာ ယင်းနေ့ နံနက် ၆ နာရီကျော် အချိန်တွင် သန်းလင်းထိုက်(ခ)မြွေပွေးအား အလတ်ချောင်းရပ်ကွက်၊ အလတ်ချောင်း တံတား ပေါ်တွင် ဖမ်းဆီးမိသည်ဟု တိုင်းရဲ တပ်ဖွဲ့က ဆိုသည်။
ထို့ပြင် ၎င်းထံမှ အရိုးအသွား ကိုးလက် မခန့်ရှိ ဓားဦးချွန် တစ်ချောင်းကို ဖမ်းဆီးရမိခဲ့သည်ဟုဆိုထားသည်။ ၎င်းကို ကိုသိန်းတန်အား သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ စစ်ဆေးသွားမည်ဖြစ်ပြီး
ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ပုဒ်မ ၃၀၂ ဖြင့် အရေးယူသွားမည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese