ဖုန်းလာဝယ်သူများသည် ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် သန်းကြွယ်သူဌေးကို
ဖုန်းအရောင်း ဝန်ထမ်းတစ်ဦးအဖြစ် တွေ့မြင်ရသည့်အခါ အလွန်အံ့ဩသွားကြသည်
ဘာစီလိုနာ ကွင်းလယ် ကစားသမား
အန်းဒရက်စ် အင်နီယေစတာ အနေဖြင့် မိုဘိုင်းလ်ဖုန်း အရောင်းသမားအဖြစ်
အလုပ်ပြောင်းသွားကြောင်း
Pages
▼
29.12.13
"Mister and Miss University Myanmar ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် အတွက် နည်းပညာ တက္ကသိုလ် (မှော်ဘီ) က ကျောင်းသားကျောင်းသူ ၁၀ဦးကို ကနဦး ရွေးချယ်"
ဒီဇင်ဘာ ၂၇ ရက်နေ့က နည်းပညာတက္ကသိုလ် မှော်ဘီမှာ Fresher Welcome King Queen ရွေးချယ်ပွဲ၊ Mister and Miss TU Hmawbi ရွေးချယ်ပွဲကို ကျင်းပခဲ့သည်။
လှိုင်သာယာ၊ ရွှေလင်ဗန်းကျေးရွာ၌ တဲထိုးနေရန် လာရောက်ပြင်ဆင်သူ ၁၀၀ ခန့်နှင့် ဒေသခံရွာသား ၃၀၀ ကျော်တို့ တုတ်၊ ခဲများ ကိုင်ဆောင်၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွား
လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းကျေးရွာအတွင်း တဲထိုးနေထိုင်ရန်လာရောက်
ပြင်ဆင်သူ ၁၀၀ ခန့်နှင့် ဒေသခံရွာသား ၃၀၀ ကျော်တို့
အငြင်းပွားရာမှတစ်ဆင့် တုတ်၊ ခဲများကိုင်ဆောင်၍ ရုန်းရင်းဆန်ခတ်
အခြေအနေတစ်ခု ဒီဇင်ဘာ ၂၈ ရက် နံနက် ၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း
သိရသည်။ ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့ခြင်းမှာ ဒီဇင်ဘာ ၂၇ ရက် ည ၈
နာရီခွဲခန့်မှစ၍
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် ဥရောပသမဂ္ဂ၏ ကူညီငွေ ယူရိုတစ်သိန်းကျော်ထဲမှ ၂၀၁၄ တွင် ယူရို လေးသောင်းကျော် သုံးစွဲမည်
ရန်ကုန်မြို့တော်၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်း
အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဥရောပသမဂ္ဂမှ
ကူညီငွေ ယူရိုတစ်သိန်းကျော်ထဲမှ လာမည့် ၂၀၁၄ တွင် ယူရိုငွေလေးသောင်းကျော်
သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးအနီးတွင် လက်လုပ်မိုင်း တွေ့ရှိမှုနှင့်ပတ်သက်၍ အထူးစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးနေ
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးအနီးတွင် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိမှုကြောင့်
အထူးစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကာ စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး လှိုင်တင့်က
ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ပြောကြားသည်။
ယင်းကဲ့သို့ လက်လုပ်မိုင်း ပြုလုပ်ထားရှိခဲ့သူကို အမြန်ဆုံးဖော်ထုတ်အရေးယူနိုင်ရန် အထူးစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ လက်လုပ်မိုင်း ပြုလုပ်ထားရှိခဲ့သူကို အမြန်ဆုံးဖော်ထုတ်အရေးယူနိုင်ရန် အထူးစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ထိုင်းဆန္ဒပြပွဲ ပစ်ခတ်မှု တဦးသေဆုံး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ စနေနေ့က အစိုးရဆန့်ကျင်သူတွေ
စုဝေးနေရာကို သေနတ်သမားတယောက်က ပစ်ခတ်ခဲ့လို့ ၁ ယောက်သေဆုံးပြီး ၃ ယောက်
ဒဏ်ရာရသွားပါတယ်။ ဝန်ကြီးချုပ်ရုံးနားမှာ ညလုံးပေါက် စခန်းချ ဆန္ဒပြနေကြတဲ့သူတွေနား ဖြတ်သွားတဲ့ ကားပေါ်ကနေ ပစ်ခတ်သွားတာလို့
မျက်မြင်တချို့ ကပြောပါတယ်။
မျက်မြင်တချို့ ကပြောပါတယ်။
၂ဝ၁၂ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ပေးပွဲ ဗန်းကိုင် ရှစ်ဦး၏ ရင်ခုန်စကားသံများ
၂ဝ၁၂ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲအခမ်း
အနားအတွက် ဆုဗန်းကိုင်သူများ၏ အရည်အချင်းစစ် ဆေးခြင်းကို ဒီဇင်ဘာ ၁၁နှင့် ၁၂ ရက်တို့က အပြီးသတ်ရွေးချယ်ခဲ့ရာ ယခုနှစ် အတွက် အကယ်ဒမီဗန်းကိုင်ရှစ်ဦး ပေါ်ထွက်လာခဲ့သည်။
အခြေခံဥပဒေပြင်ဆင်ရေး၊ ရွေးကောက်ပွဲနဲ့ NLD
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို
ဝင်မယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောလိုက်တဲ့ တစ်နေ့ထဲမှာပဲ နောက်
ပြောရေး ဆိုခွင့်ရှိသူတစ်ဦးကတော့
ဒီကိစ္စကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ဗဟို ကော်မတီ အစည်းအဝေးတွေမှာ
ဆုံးဖြတ်ချက်မချရသေးဘူးလို့ ပြောပါတယ်။ ဒါပေမဲ့လည်း
အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေးကိစ္စကို ချိတ်ဆက်မထားတဲ့
သဘောမျိုးတော့ ပြောကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့
ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
ပြည်တော်ပြန် ၁ဝ ဦး မြန်မာနိုင်ငံသား ပြန်ဖြစ်ပြီ
ပြည်ပမှာ နေထိုင်းပြီး နိုင်ငံခြားသား အဖြစ်ခံယူထားသူ သို့မဟုတ်
သက်ဆိုင်ရာနိုင်ငံရဲ့ ခိုလှုံခွင့်နဲ့ Travel Document ကိုင်ဆောင်ထားသူ
ပြည်တော်ပြန် ၄၃ ဦးထဲက ၁ဝ ဦးကတော့ မြန်မာနိုင်ငံသား ပြန်ဖြစ် ပါ
တော့မယ်တဲ့။
တော့မယ်တဲ့။
ထိုင်းတွင် ပြည်ဝင်ဗီဇာသက်တမ်းလေးနှစ်ပြည့်ပြီး တရားဝင်ဆက်လက် လုပ်ကိုင်လိုသူများအတွက် အလုပ်သမားဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်
ထိုင်းနိုင်ငံတွင် ပြည်ဝင်ဗီဇာ သက်တမ်း လေးနှစ်ပြည့်ပြီး ဆက်လက်အလုပ်လုပ်ကိုင်လိုသူများ အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များကို အလုပ်သမားဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဦးခင်ညွှန့်နိုင်ငံရေးမလုပ်ဖို့ အလိုတော်ပြည့်ဆရာတော် သတိပေး
စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်ကို နိုင်ငံရေးမလုပ်ဖို့
အလိုတော်ပြည့်ဆရာတော်က ပြင်းပြင်းထန်ထန် သတိပေးစကား မိန့်ကြားခဲ့တယ်လို့
သံတော်ဆင့် သတင်းတပုဒ်က ဆိုပါတယ်။
ကိုရီးယားလူမျိုးသုံးဦး၏ အကူအညီကြောင့် မြန်မာကလေးငယ်၏မွေးရာပါ အစာဟောင်းအိမ်မပါသည့် ရောဂါကိုကုသနိုင်ခဲ့
ဆရာဝန်နှစ်ဦးအပါအ၀င် ကျောင်းနေဖက် ကိုရီးယားလူမျိုးသုံးဦး၏အကူ အညီကြောင့် မြန်မာကလေးငယ်တစ်ဦး၏ အစာဟောင်းအိမ်မပါသည့် မွေးရာပါ ချို့ယွင်းမှု ရောဂါအားကုသနိုင်ခဲ့ကြောင်း ကိုရီးယားနိုင်ငံသတင်းစာ Korea Joongang Daily ၏ ဖော်ပြချက်အရ သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းSave Elephant Foundation Myanmar တည်ထောင်၍ ဆင်များကာကွယ်စောင့်ရှောက်ခြင်းနှင့် ဆင်ဆေးရုံဆောက် လုပ်သွားမည်
ပဲခူးတိုင်းဒေသကြီးအတွင်း Save Elephant Foundation Myanmar တည်ထောင်ပြီး ဆင်များအား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့်
ဆင်ဆေးရုံတစ်ခုတစ်ခုဆောက်လုပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း Save Elephant
Foundation Myanmar ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းကပြောကြားချက်အရ သိရသည်။
သမ္မတဖြစ်ခွင့် ပုဒ်မ- ၅၉(စ) သည် ပထဝီနိုင်ငံရေးနှင့်အညီ ဗိုလ်ချုပ်လမ်းစဉ်ဖြင့် ပြဌာန်းထားသည့်ဥပဒေဖြစ်တာမို့ မပြင်ဆင်သင့်ဘူးဟု ဒေါက်တာဆလိုင်းငွန်ကျုံးလျန် ဆိုပါသည်
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပုဒ်မ- ၅၉(စ)သည် တရုတ်၊ အိန္ဒိယကဲ့သို့ နိုင်ငံကြီးနှစ်ခုကြား ရောက်နေ သည့် မြန်မာနိုင်ငံ ရေရှည်ရပ်တည် နိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသား အကျိုးစီးပွားလို လား ရှေးရှုသည်ဆိုလျှင် မပြင်ဆင်သင့်ကြောင်း ဒေါက်တာဆလိုင်း ငွန်ကျုံးလျန် က ပြောသည်။
ဖားကန့်မြို့ ဥရုရတနာကျောက်စိမ်းတောင် တံတားကြီး ရာခိုင်နှုန်းပြည့်ပြီးစီး
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့ ဥရုရတနာကျောက်စိမ်းတောင်
တံတားတည်ဆောက်မှု ရာခိုင်နှုန်း ပြည့် ပြီးစီးပြီဖြစ်ရာ ကျန်လုပ်ငန်းများ
ဆက်လက်ဆောင်ရွက်နိုင်ရန်
တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို
ပြည်သူ့အကျိုးစီးပွားကိုကြည့်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအား သုံးသပ်ပြင်ဆင်ရာတွင် သတိကြီးစွာဖြင့် ဆောင်ရွက်ရန်လိုသလို ကောင်းရန်အတွက် ပြောင်းလဲသင့်သည်များကို ရဲဝံ့စွာဆောင်ရွက်ရန် အရေးကြီးဟု အာဏာရ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
ပြည်သူ့အကျိုးစီးပွားကိုကြည့်ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေအား သုံးသပ်ပြင်ဆင်ရာတွင် သတိကြီးစွာဖြင့် ဆောင်ရွက်ရန် လိုသလို ကောင်းရန်အတွက် ပြောင်းလဲသင့်သည်များကို ရဲ့ဝံ့စွာဆောင်ရွက်ရန် အရေး ကြီးကြောင်း အာဏာရပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
ချယ်ဆီး - လီဗာပူးလ်ပွဲ မတိုင်မီ ထူးခြားချက်များ
ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ အဖြစ် ယှဉ်ပြိုင် ကစားကြမည့် ချယ်ဆီးအသင်းနှင့်
လီဗာပူးလ်အသင်းတို့ ပွဲစဉ် မတိုင်မီ ဒါဏ်ရာရ ပွဲပါယ် ကစားသမားများ၊
ထူးခြားချက်များကို တင်ပြအပ်ပါသည်။
စီးနင်းသူနည်းပါးမှုကြောင့် တစ်လအကြာတွင် Thai Air Asia လေကြောင်းလိုင်း၏ နေပြည်တော်သို့ ပြေးဆွဲသည့် ခရီးစဉ်များ ရပ်ဆိုင်း
ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် မြန်မာနိုင် ငံ
နေပြည်တော်မြို့တော်နှစ်ခုအား တိုက်ရိုက်ပြေးဆွဲနေသည့် Thai Air Asia
လေကြောင်းလိုင်းသည် စတင်ပြေးဆွဲသည့်အချိန်မှ တစ်လအကြာတွင် လိုက်ပါစီးနင်းသူ
နည်းပါးမှုကြောင့် ခရီးစဉ်အားလုံး ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
ဖြစ်နိုင်ရင် အရင်နည်းပြဟောင်းတွေနဲ့ ထပ်မံအလုပ်တွဲလုပ်ခွင့် ရချင်တယ် (စီရော်နယ်ဒို)
ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဖြစ် တဲ့ မော်ရင်ဟိုနဲ့ နောက်ထပ်တခါထပ်မံ
အလုပ်တွဲလုပ်ခွင့်ရခဲ့မယ် ဆိုရင် ပျော်ရွှင်မိမည်ဖြစ်ကြောင်းကို စီရော်နယ်ဒိုကပြောကြားခဲ့ ပါသည်။
မော်ရင်ဟိုဘာနေဗျူးမှ ချယ်လ်ဆီးသို့ ထွက်ခွာခါနီး နောက်ဆုံးရာသီမှာ
သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးက ခပ်တန်းတန်းနဲ့ တစိမ်းဆန်ခဲ့သလို
သတင်းထွက်ပေါ်ခဲ့တာကြောင့် A Bola TVမှမော်ရင်ဟိုအပေါ် ခွင့်လွတ်
နားလည်နိုင်ပြီလားဆိုတဲ့ မေးခွန်းအပေါ်သူက
ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး မီဒီယာများ ဝင်ရောက်ခွင့် ပိတ်ပင်
နေပြည်တော်၌ ပြုလုပ်နေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ၏ အစည်းအဝေးတွင် ယင်း ပါတီက ထုတ်ဝေသော ပြည်ထောင်စု
နေ့စဉ်သတင်းစာ သတင်းထောက်မှလွဲ၍ ပြည်တွင်းပြည်ပ မီဒီယာများကို ဝင်ရောက်
သတင်းယူခွင့် ပိတ်ပင်ထားကြောင်း ပြည်တွင်း ပြည်ပ သတင်းထောက်များက
တညီတညွတ်တည်း ပြောဆိုကြသည်။