Pages

3.1.14

ရန်ကုန်တိုင်းဒေသကြီး၌ ကားခိုးခံရမှု နှစ်ဆမြင့်တက်လာ


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ကားခိုးမှုဖြစ်စဉ်မှာ သုံးနှစ်တာကာလ၌ နှစ်ဆမြင့်တက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်အများစုမှာ သုံးနှစ်တာကာလအတွင်း လျော့ကျခဲ့သော်လည်း ကားခိုးခံရမှုဖြစ်စဉ်၊ ဆိုင်ကယ်ခိုးခံရမှု၊ မုဒိမ်းမှုဖြစ်စဉ်နှင့် ယာဉ်တိုက်မှုဖြစ်စဉ်များမှာ ဆက်လက်မြင့်တက်နေကြောင်း သိရသည်။

ကိုရီးယားပေါ့ပ်အဆိုတော်အဖွဲ့လေးဖွဲ့ နှင့် ဂျူမုံ လာရောက်ဖျော်ဖြေမည်


သုဝဏ္ဏ အားကစားရုံ(၁)၌ ဖေဖော်ဝါရီ ၈ရက်တွင်ကျင်းပမည့် KMF (Korea Music Festival) ဂီတ ဖျော်ဖြေပွဲတွင် ကိုရီးယားနိုင်ငံ မှ နာမည်ကြီး K-Pop အဆို တော်များဖြစ်သော Sister, After School, ZE:A, U KISS အဖွဲ့များနှင့် Songil Guk (ဂျူ မုံ) မင်းသားတို့မှ လာရောက် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရ သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ရန်အတွက် အချိန်ပိုင်း ဓာတ်အားဖြတ်တောက်မှုများ ပြုလုပ်သွားမည်


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှုအန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ်အားပြတ်တောက်မှုများ လျော့နည်းစေရန်အတွက် ဓာတ်အားလိုင်းများနှင့်မလွတ်သော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားနိုင်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

မြန်မာ့ပေါင်းဆန်ကို ရုရှားသို့ အဓိကတင်ပို့နေပြီး အီးယူသို့ တိုးချဲ့တင်ပို့ရန် စီစဉ်ထားသော်လည်း လက်ရှိတည်ဆောက်ဆဲ ပေါင်းဆန်စက်များ လည်ပတ်နိုင်မှသာ တင်ပို့နိုင်မည်


မြန်မာ့ပေါင်းဆန်ကို လက်ရှိကာလ၌ ရုရှားနိုင်ငံသို့ အဓိကတင်ပို့နေပြီး အီးယူနိုင်ငံများသို့ပါ ဈေးကွက်တိုးချဲ့တင်ပို့နိုင်ရေး စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
သို့သော် လတ်တလောတွင် ရုရှားသို့ လစဉ် ပေါင်းဆန်တန်ချိန် ၁၀၀၀ နှင့် ၁၅၀၀ အကြား တင်ပို့လျက်ရှိကြောင်း၊ ထို့ပြင်ပြည်တွင်း၌လည်း ပေါင်းဆန်ထုတ်လုပ်သည့်စက်များ တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ရေထွက်ကုန် ပြည်ပတင်ပို့မှု၌ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိရန် လျာထားရာ ဘဏ္ဍာနှစ်ကုန်ရန် သုံးလခန့်အလိုတွင် ဒေါ်လာသန်း ၄၀၀ ကျော်သာရရှိ


မြန်မာ့ရေထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိရန် လျာထားရာ ယခု ၂၀၁၃ -၂၀၁၄ဘဏ္ဍာရေးနှစ်ကုန်ရန် သုံးလခန့်အလိုတွင် အမေရိကန်ဒေါ်လာသန်း ၄၀၀ ကျော်သာ ရရှိထားသေးကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

ငါးထပ်ကြီးဘုရားသို့ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုအရေအတွက် မြင့်တက်လာ


ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားသို့ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုကို ၀င်ကြေးအခမဲ့ကောက်ခံပြီးချိန်မှစ၍ နိုင်ငံခြားသားဝင်ရောက်မှုနှုန်း မြင့်တက်လျက်ရှိကြောင်း ငါးထပ်ကြီးဂေါပက ရုံးအဖွဲ့မှ ဦးစံသိန်းက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အလိုမရှိဟု မလေးရှားရောက် မြန်မာများဆန္ဒပြ


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အလိုမရှိ၊ နိုင်ငံရေးအရ ဖိနှိပ်ထားသည့် ပုဒ်မများကို ဖျက်သိမ်းပေးရေး အပါအဝင် အချက်ငါးချက်ကို လုပ်ဆောင်ပေးရန် မလေးရှားနိုင်ငံရောက် မြန်မာ အဖွဲ့အစည်း ငါးခု ပူးပေါင်းကာ ဇန်နဝါရီလ ၃ ရက်နေ့က မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြောင်း အဆိုပါနိုင်ငံ အခြေစိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်းမှ မူဝါဒရေးရာ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအောင်ကြီးက ပြောကြားသည်။

ကမ္ဘာဂြိုဟ် ကဲ့သို့ လူသားများ နေထိုင်ရန် သင့်လျော်သည့် ဂြိုဟ်တစ်လုံးတွေ့ရှိ

နေစကြာဝဠာ၏ အလွန်တွင် ကမ္ဘာဂြိုဟ်၏ အရွယ်အစား၊ ထုထည်၊ အလေးချိန် သိပ်သည်းဆ တူညီလု နီးပါးရှိသည့် Kepler-78 အမည်ရှိ ဂြိုဟ်တစ်လုံးကို အမေရိကန် ပြည်ထောင်စုမှ သုတေသီများကရှာဖွေ တွေ့ရှိခဲ့
ကြောင်း၊ ထိုဂြိုလ်သည် ကမ္ဘာဂြိုဟ် ထက်၁ ဒသမ ၆၉ ဆ ပိုမို ကြီးမားပြီး သိပ်သည်းဆမှာလည်း

မြစ်ကြီးနားမြို့မှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ဖွင့်လှစ်

ပြည်ထဲရေးဝန်ကြီးဌာန သတင်းရဲတပ်ဖွဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ ရုံးခွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇန်န၀ါရီလ ၂ ရက်နေ့ မနေ့က စတင်ဖွင့်လှစ်လိုက်ပြီး နိုင်ငံကူးလက်မှတ် Passport တွေကို ထုတ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

အသက် ၂၄နှစ်ပြည့် ညီမလေးအတွက်

(၁) ဒီလောကမှာ မိဘတွေပဲ ကိုယ့်အပေါ် ထာဝရကောင်းတယ်ဆိုတဲ့ အမှန်တရားကို ယုံကြည်ထားရမယ်။

သင်၂၄ နှစ်ပြည့်ပြီ။ ငယ်ရွယ်ချိန်မှာ မိဘတွေအပေါ် ဆန့်ကျင်ပုန်ကန်ခဲ့၊ သူတို့စိတ်ပူအောင်လုပ်ခဲ့တာကို မှတ်မိသေးလား။

သင် ၂၄နှစ်ပြည့်ပြီ။ မိဘတွေရဲ့အသက်လည်း ရာစုနှစ်တစ်ဝက်ကျော်တော့မယ်။ သူတို့အပေါ် ကောင်းကောင်းဆက်ဆံဖို့ အချိန်သိပ်မကျန်တော့ပါဘူး။ ဆုံးရှုံးသွားမှ မိုက်မဲဆိုးသွမ်းခဲ့ပါတယ်၊ ကျေးဇူးမဆပ်လိုက်ရဘူးလို့ နောင်တမရပါနဲ့။