လမ်းဘေးဈေးဆိုင် အချို့၌ ရောင်းချနေသည့် အစားအစာများတွင် အူလမ်းကြောင်းနှင့် ၀မ်းရောဂါကို ဖြစ်စေသော အဆိပ်ထွက်သည့်ပိုးများ လေ့လာတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လေ့လာတွေ့ရှိချက်ကို ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)ရှိ
အမျိုးသား အဆိပ်ထိန်းချုပ်မှုဌာန၊ ဇီဝအဆိပ်ဗေဒ သုတေသန ဌာနခွဲမှ သုတေသီများက
ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်ငါးမြို့နယ်တွင် သုတေသန ပြုလုပ်ခဲ့ခြင်း
ဖြစ်ကြောင်းနှင့် မြို့နယ်တစ်ခုစီမှ အစာနမူနာ ၃၀ စီ ကောက်ယူခဲ့ပြီး
စုစုပေါင်း အစာနမူနာ ၁၅၀ ကို စမ်းသပ်လေ့လာ ခဲ့ခြင်းဖြစ်သည်။
Pages
▼
14.1.14
Nokia Android ဖုန်း ပုံစံ ထွက်ရှိလာ
Nokia ရဲ့  ပထမဆုံး Android ဖုန်းပါဆိုပြီးတော့ Weibo social network မှာ
လူသိများလာတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ဈေးသက်သာ Android စမတ် ဖုန်း
ဖြစ်လာနိုင်ချေ များပါတယ်။
Android 4.4.1 KitKat ကို အသုံးပြုထားပြီး ကင်မရာက 5 Megapixel ပဲ ရှိပါတယ်။ မျက်နှာပြင် အရည်အသွေးက 854x540 resolution ရှိပါ တယ်။အရွယ်အစားကတော့ ၄ လက်မနဲ့ ၅ လက်မကြားမှာသာ ရှိမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။
Android 4.4.1 KitKat ကို အသုံးပြုထားပြီး ကင်မရာက 5 Megapixel ပဲ ရှိပါတယ်။ မျက်နှာပြင် အရည်အသွေးက 854x540 resolution ရှိပါ တယ်။အရွယ်အစားကတော့ ၄ လက်မနဲ့ ၅ လက်မကြားမှာသာ ရှိမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။
ရန်ကုန်စက်မှုဇုန်များ လျှပ်စစ်မရ၍ လုပ်ငန်းလည်ပတ်ရေး အခက်ကြုံခြင်း ယခုနှစ်တွင်လည်း ဖြေရှင်းနိုင်ဖွယ်မရှိ
၂၀၁၃ ခုနှစ်တွင် ရန်ကုန်စက်မှုဇုန်များကြုံတွေ့ခဲ့ ရသည့် လျှပ်စစ်မီးမလုံလောက်မှုပြဿနာအား ယခု ၂၀၁၄ ခုနှစ်တွင် ဖြေရှင်းနိုင်ဖွယ်မရှိသေးဟု စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ၀င်များနှင့် စီးပွားရေးလုပ် ငန်းရှင်များက ဇန်န၀ါရီ ၁၃ ရက်တွင် မဇ္ဈိမသို့ ပြောကြားလိုက်သည်။
ဧရာဝတီတိုင်း အစိုးရဌာနများ၏ သတင်းအချက်အလက်များဝက်ဘ်ဆိုဒ် တင်မည်
ဧရာဝတီတိုင်းဒေသကြီး အစိုးရဌာနဆိုင်ရာများ၏ သတင်းအချက်အလက်များ ကြည့်ရှုနိုင်မည့် Webportal ကို ဖေဖော်ဝါရီလအတွင်း စတင်လွှင့်တင်သွားမည်ဖြစ်သည်ဟု e-ayeyarwady Society မှ ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက မဇ္ဈိမကို ပြောသည်။
အမေရိက ရဲ့ အထူးဆန်းဆုံး ဥပဒေများ
အမေရိကအနှံ့က ပြည်နယ်နဲ့မြို့ အတော်များများမှာ
ဝက်ဝံနပန်းလုံးတာနဲ့ပတ်သက်တဲ့ ဥပဒေကစပြီး ရှေးရိုးစွဲ ဥပဒေတွေရှိနေပါတယ်။
တချို့ဥပဒေတွေဆိုရင် ၁၈၀၀ပြည့်လွန်နှစ်တွေဆီ ကို ခေတ်နောက်ပြန်ဆွဲနေသလိုပါပဲ။ အဲ့ဒီ့ဥပဒေတွေကို နဂိုကတည်းက ယုတ္တိရှိမရှိ ဘာလို့များ မစဉ်းစားခဲ့ကြတာလည်းဆိုတာ မတွေးနိုင်တော့ပါဘူး။
ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေကို လွှတ်တော်က ပြင်ဆင်ပြဌာန်းလျှင် ပြည်ထဲရေးဝန်ကြီးဌာနက လိုက်နာမည်ဟုဆို
ငြိမ်း ချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကို ပြည်ထောင်စု
လွှတ်တော်မှ ပြင် ဆင်ပြဋ္ဌာန်းမည်ဆိုပါက ပြည် ထဲရေးဝန်ကြီးဌာနအနေဖြင့်
လိုက်နာဆောင်ရွက်သွား မည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနမှ
ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က ပြောကြားသည်။ ဇန်နဝါရီ၁၃ရက်က
ဒုတိယအကြိမ် တောင်ကြီးဖိတ်ခေါ်တင်းနစ်ပြိုင်ပွဲ အကယ်ဒမီပြေတီဦး ၀င်ရောက်ယှဉ်ပြိုင်မည်
ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီပြေတီဦးသည် မတ်လအတွင်း ကျင်းပမည့် တောင်ကြီးမြို့ ဖိတ် ခေါ်တင်းနစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
“အစ်ကို ဒီပြိုင်ပွဲတွေကို ၀င်ပြိုင်တာက ၀ါသနာပါလို့ပါ။ ဒီတင်းနစ်ကို ငယ်ငယ်လေးကတည်းက ၀ါသနာ ပါခဲ့တာပါ။ အထက်တန်းကျောင်းကတည်းက
“အစ်ကို ဒီပြိုင်ပွဲတွေကို ၀င်ပြိုင်တာက ၀ါသနာပါလို့ပါ။ ဒီတင်းနစ်ကို ငယ်ငယ်လေးကတည်းက ၀ါသနာ ပါခဲ့တာပါ။ အထက်တန်းကျောင်းကတည်းက
ဖုန်း တက်ပလက် နှစ်မျိုးစလုံး သုံးလို့ရမယ့် Nokia စမတ်ဖုန်း
ဖုန်း တက်ပလက် နှစ်မျိုးစလုံး သုံးလို့ရမယ့် Nokia စမတ်ဖုန်း ဖုန်း
တက်ပလက် နှစ်မျိုးစလုံး သုံးလို့ရမယ့် Nokia စမတ်ဖုန်း ကမ္ဘာ့အကြမ်းခံ
ဖုန်းတစ်လုံး ဖြစ်တဲ့ Nokia မှ ဖုန်း တက်ပလက် နှစ်မျိုးစလုံး သုံးလို့ရမယ့် NNokia Lumia 1320 နှင့် 1520 နှစ်မျိုးကို ထုတ်လုပ် လိုက်ကြောင်း သိရပါတယ်။
အမေရိကန်၏ ရွှေ့ လျားနေသော စစ်တပ် သို့မဟုတ် USS Ronald Reagan
ရွှေ့ လျားနေသော စစ်တပ်ကြီးပါပဲ။ တိုက်ယာဉ် အစင်း ၉၀၊ စစ်သည်ပေါင်း ၅၀၀၀၊
တင့်ကား၊ လောင်ချာ၊ တာပီဒို ပြောမကုန်အောင် စစ်လက်နက် စုံစုံလင်လင်
ပါရှိတော့ သူ့ကိုမှ ရွှေ့ လျားနေတဲ့ စစ်တပ်လို့ မခေါ်ရင် အခြား နာမည်မရှိတော့ပါဘူး။
လှိုင်သာယာကျူးကျော်များကို အင်အားသုံးဖယ်ရှား.
လှိုင်သာယာမြို့နယ် ဘီအိုစီထိပ်၊ အတွင်းပဒံအနီး လှိုင်မြစ်ကမ်း
တလျှာက်ရှိ အိမ်ခြေနှစ်ထောင်နီးပါးရှိသည့် ကျူးကျော်များကို
ဇန်န၀ါရီ ၁၄ ရက်၊ နံနက် ၃ နာရီခန့်အချိန်မှစ၍ ပူးပေါင်းအဖွဲ့က အင်အားသုံးကာ ဖယ်ရှားမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံ
များနှင့် အဆိုပါနေရာသို့ ရောက်ရှိနေသည့် people power သတင်းထောက် ထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ်သွားမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည်
ဇန်န၀ါရီ ၁၈ ရက်နေ့တွင် ကရင်ပြည်နယ် ဖားအံမြို့၌ ကျင်းပမည့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒရယူပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
၎င်းနေ့နံနက်တွင် နေပြည်တော်နေအိမ်မှ ကားဖြင့်ထွက်ခွါပြီး ကျိုက်ထိုမြို့တွင် နေ့လည်စာ စားသုံးကာ ညနေ ၄:၃၀ နာရီတွင် ကရင်ပြည်နယ် ဖားအံမြို့ အောင်သံလွင်ဘောလုံးကွင်းတွင်

မြန်မာသံရုံး ဗုံးဖောက်ခွဲရန် ကြံစည်သူကို ထောင် ၆ နှစ် ပြစ်ဒဏ်ချ
ယမန်နှစ် မေလက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့ရှိ မြန်မာသံရုံကို ဗုံးဖောက်ခွဲ တိုက်ခိုက်ရန် ကြံစည်သူ Rokhadi ခေါ် Abu Jannanh ဆိုသူအား ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
အိန္ဒိယ-မြန်မာ နယ်စပ် လုံခြုံရေး MoU ကိစ္စ တပ်မတော်ကို တာဝန်ပေးရန် အစိုးရစီစဉ်
မြန်မာ- အိန္ဒိယ နှစ်နိုင်ငံနယ်စပ် လုံခြုံရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ ( MoU ) ရေးထိုးရေးအတွက် တပ်မတော်ကို တာဝန်ပေးအပ်ရန် စီစဉ်ထားကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ သဝဏ်လွှာ ပေးပို့သည်။
ကမ္ဘောဒီးယား အလုပ်သမားပြဿနာ မြန်မာဝင်ဖြေရှင်းပေးရန် တောင်းဆို
၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မြန်မာအစိုးရအနေနှင့်
ကမ္ဘောဒီးယား နိုင်ငံတွင် ဇန်နဝါရီ လဆန်းပိုင်းက စတင်ဖြစ်ပွားနေသည့်
အလုပ်သမား ဆန္ဒပြမှုများကို ကမ္ဘောဒီးယား
အစိုးရက အင်အားသုံး ဖြေရှင်းမှုအပေါ် ညှိနှိုင်းဖြေရှင်းပေးရန်
ကမ္ဘောဒီးယားနှင့် အရှေ့တောင်အာရှ အခြေစိုက် လူမှုအဖွဲ့အစည်း အချို့က
တောင်းဆိုလိုက်သည်။
မဟော်ဘုန်းအောင်နှင့် တေးသံရှင် N ကိုင်ရာ တို့၏မင်္ဂလာလက်ထပ်ပွဲ.
တေးသံရှင် N ကိုင်ရာ နှင့် သူမ၏ ချစ်သူ မဟော်ဘုန်းအောင် တို့ ၏
ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲကို ယနေ့ ဇန်န၀ါရီလ ၁၄ ရက် နံနက် ၁၀ နာရီ အချိန်က
စမ်းချောင်းမြို့ နယ် ရွှေပြည်အေးလမ်းရှိ ရန်ကုန်
ကချင်နှစ်ခြင်းခရစ်ယာန်ဗိမာန်တော်တွင် ခရစ်ယာန်အိမ်ထောင်ပြု မဂ်လာအခမ်းအနား
ကျင်းပပြုလုပ်ခဲ့သည်။
ရဲရဲ ။ဓာတ်ပုံ အောင်ဇော်မင်း
Popular Journal
ရဲရဲ ။ဓာတ်ပုံ အောင်ဇော်မင်း
Popular Journal
ရန်ကုန်တိုင်းဒေသကြီးတစ်ရက်အတွင်းမီးလောင်မှုငါးကြိမ်ဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး၌ ယမန်နေ့တွင် တစ်ရက်တည်း အသေးစား
မီးလောင်ကျွမ်းမှုအဖြစ် သုံးခွ၊ ကမာရွတ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ အလုံ၊
မရမ်းကုန်းမြို့နယ်တို့တွင် ငါးကြိမ်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အထက်တန်းလွှာများကြား ရွှေဖုန်း ကာဗာများ ရေပန်းစား
ယနေ့ခေတ်တွင် မိုဘိုင်းဖုန်းများ ကို ဆက်သွယ်မှုအတွက် အပြင် ခေတ်ပေါ်ဖန်စီ
အသုံးအဆောင် ပစ္စည်းတစ်ခုအဖြစ်လည်း ကိုင် ဆောင်လာကြရာ ရွှေဖြင့်ပြုလုပ်
ထားသည့် ဖုန်းကာဗာများမှာ ဈေးကွက် တွင် နေရာရ လာပြီး အထက်တန်း လူတန်းစားများ ကြားတွင် အသုံးပြုသူများပြား လာကြောင်း သိရသည်။
လက်မောင်း ကြွက်သားများ ဗလ တောင့်စေဖို့
အားကစားရုံ (gym) သွားပြီး လေ့ကျင့်ဖို့ အချိန်မပေး နိုင်ဘူးလား။
အလေးမဖို့ ပစ္စည်းပစ္စယ အကုန်အကျ မခံချင်ဘူးလား၊ လက်မောင်း ကြွက်သားတွေ တောင့်တင်းအောင် အိမ်မှုကိစ္စ လေးတွေ ပြုလုပ် ရင်း လေ့ကျင့် နိုင်ပါတယ်။
အလေးမဖို့ ပစ္စည်းပစ္စယ အကုန်အကျ မခံချင်ဘူးလား၊ လက်မောင်း ကြွက်သားတွေ တောင့်တင်းအောင် အိမ်မှုကိစ္စ လေးတွေ ပြုလုပ် ရင်း လေ့ကျင့် နိုင်ပါတယ်။
ပရိသတ် အသက်ရှူမှားလောက်စရာ အာဆင်နယ် ကစားသမားသစ်
အာဆင်နယ်က အေဂျက်စ်အမ်စတာဒမ် အသင်းမှ နယ်သာလန် လက်ရွေးစင် ခံစစ်သမား အေနွတ်ခ်ဟူဂန်ဒစ်ခ် ကို ခေါ်ယူနိုင်ခဲ့ပြီဟု ကြေညာသည်
အာဆင်နယ် အသင်းသည် ပရိသတ် အသက်ရှူမှားလောက်စရာ ကစားသမားသစ် တစ်ဦးကို အခိုင်အမာ စာချုပ် ခေါ်ယူလိုက်ပြီ ဖြစ်သည်။ သို့သော်လည်း ယင်းမှာ မန်နေဂျာ အာစင်ဝင်းဂါး ကိုင်တွယ်နေသည့် အမျိုးသား အသင်းအတွက် မဟုတ်ဘဲ အောင်မြင်မှုများစွာ ရရှိထားသည့် အာဆင်နယ် အမျိုးသမီး အသင်းအတွက်သာ ဖြစ်သည်။ အာဆင်နယ် က အေဂျက်စ်အမ်စတာဒမ် အသင်းမှ နယ်သာလန် လက်ရွေးစင် ခံစစ်သမား အေနွတ်ခ်ဟူဂန်ဒစ်ခ် ကို ခေါ်ယူနိုင်ခဲ့ပြီဟု ကြေညာသည်။ ဟူဂန်ဒစ်ခ်သည် ဘောလုံးစွမ်းရည်ကောင်းများကြောင့်သာ မကဘဲ ဆွဲဆောင်မှု ပြည့်ဝသည့် မိန်းမချောလေး တစ်ဦးအဖြစ်နှင့်ပါ ပရိသတ် အားပေးမှုကို ရရှိနေသူ ဖြစ်သည်။

မိုးကောင်း-ဖားကန့်လမ်းဖောက်ရန်အတွက် ကချင်ဝန်ကြီးချုပ်၏ ကျောက်မျက်လုပ်ကွက်တစ်ခုလျှင် ကျပ်သိန်း ၁ဝဝအလှူငွေသတ်မှတ်မှုအပေါ် ကျောက်မျက်လုပ်ငန်းရှင်များ အခက်အခဲဖြစ်နေဟုဆို
ကချင် ပြည်နယ် ဖားကန့်မြို့ အတွင်းရှိ မိုးကောင်း-ဖားကန့်လမ်းဖောက်
လုပ်မှုတွင် ကျောက်မျက်လုပ် ငန်းရှင်များထံမှ လုပ်ကွက်တစ်ခု လျှင်
ကျပ်သိန်း၁၀၀ အလှူငွေ ကောက်ခံသတ်မှတ်မှုအတွက် လုပ်ငန်းရှင် များ အခက်
အခဲများ ဖြစ်ပေါ်နေကြောင်း ကျောက် မျက်လုပ်ငန်းရှင်များထံမှ သိရ သည်။