Pages
▼
21.2.14
•ပါးစပ်ချင်းတေ့မှုတ်ပြီး တူလေးရဲ့အသက်ကိုကယ်ခဲ့တဲ့တီတီ•
ကလေးက ငါးလပဲရှိပါသေးတယ်။ ဖလော်ရီဒါက အဝေးပြေးလမ်းမှာ ယာဉ်ကြောပိတ်ဆိုမှုနဲ့ကြုံရချိန် ကလေးက တစ်ကိုယ်လုံးပြာနှမ်းပြီး အသက်ရှူရပ်သွားပါတယ်။
မြန်မာ့ရေပိုင်နက်အတွင်း တရားမ၀င် ငါးခိုးဖမ်းသည့် ထိုင်းနှင့်အင်ဒို ငါးဖမ်းသင်္ဘော ငါးစင်းအား ဖမ်းဆီး
မြန်မာနိုင်ငံရေပိုင်နက် သီးသန့်စီးပွားရေးဇုန်အပြင်ဘက် စူလာကျွန်း၏ မြောက်ဘက်ရေပြင်တွင် တရားမ၀င် ငါးခိုးဖမ်းနေသည့် ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံအခြေစိုက် ကျူနာ (Tuna) ငါးဖမ်းသင်္ဘော ငါးစင်းအား တနင်္သာရီရေတပ်စခန်းမှ စစ်သင်္ဘောများက ဖမ်းဆီးနိုင်ခဲ့သည်။
အောင်မြင်ကျော်ကြားသူ မိတ်ကပ်ခင်စန်းဝင်းရဲ့ ဘဝဇာတ်ခုံနောက်ကွယ်က ဖြတ်သန်းမှုများ
February 21, 2014 at 4:28pm
အောင်မြင် ထင်ရှားကျော်ကြားကြသူများရဲ့ ဘဝနောက်ကွယ်ဇာတ်ခုံများဟာ အများအားဖြင့် ခက်ခဲမှုများ၊ ရင်နာမှုများ၊ နာကြည်းချက်များ၊ မခံချင်သည့်စိတ်ဓာတ်များ၊ ရည်ရွယ်ချက်များနဲ့ဘဝကို အံတုကာ ဖြတ် သန်းကြရင်း လိမ္မာပါးနပ်မှုများစွာဖြင့် သူတို့ဘဝကို ခိုင်မာအောင်တည်ဆောက် ဖြတ်သန်းခဲ့ကြသူတွေက များလှပါတယ်။ ယခုလို အရာတွေကလည်းသူတို့ ဘဝအောင်မြင်မှုတွေကို ရရှိလာစေဖို့ တွန်းအားများ ပေးခဲ့ကြတယ်ဆိုရင်လည်း မမှားပါဘူး။ အများက သူတို့ကို အားကျကြပေမယ့် သူတို့ ဘဝရဲ့ နောက်ခံ ဖြတ်သန်းမှုများကိုတော့ ဘယ်သူကမှသတိမထားခဲ့မိကြတာ အမှန်ပါပဲ။ ဒါကြောင့်မို့ လက်ရှိမြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားနေတဲ့ အောင်မြင်သူတွေထဲမှာမှ မိတ်ကပ်ဖန်တီးမှုများနဲ့ နေရာတစ် နေရာအဖြစ် ရပ်တည်လို့နေတဲ့ ခင်စန်း ဝင်းရဲ့ ဘဝဖြတ်သန်းမှုအချိုးအကွေ့များနဲ့ မိန်းမလျာတစ်ယောက်ရဲ့ ရုန်းကန် ဖြတ်သန်းမှုများကို ဖွင့်ဟကြည့်တော့။
အသားအရေ အတွက် ထောပတ်သီး ဖျော်ရည်
21 February 2014 |
အသားအရေ အတွက် ထောပတ်သီး ဖျော်ရည်ထောပတ်သီး ဖော်ရည်ကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် သတင်းကောင်း တစ်ခုလို့ ဆိုရမှာပါ။
ထောပတ်သီး ဖျော်ရည်ဟာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ရုံသာ မကဘဲ အသားအရေ အတွက်လည်း များစွာပင် အထောက်အကူ ပြုနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ခွန်အားကိုလည်း ဖြစ်စေတာကြောင့် မောပန်းနေချိန် သောင်သင့်တဲ့ ဖော်ရည် တစ်မျိုး ဖြစ်ပါတယ်။
မလေးရှားနိုင်ငံသား သုံးဦးနှင့် စစ်တွေ ဒေသခံများ ရုန်းရင်း ဆန်ခတ်ဖြစ်
21-02-2014
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အနီးတွင် တည်ရှိသော မြတည်းခိုရိပ်သာတွင် တည်းခိုနေသည့် မလေးရှား နိုင်ငံသားသုံးဦးအနက် နှစ်ဦးသည်ဘင်္ဂါလီများ နေထိုင်သည့်
အောင်မင်္ဂလာ (အင်ဘာလာ)ရပ်ကွက်သို့ ဝင်ထွက်မှုများ ပြုလုပ်ခဲ့သဖြင့် ၎င်းတို့ကိုစစ်ဆေးရန် မြို့ခံ၁၀၀ဝန်းကျော်က လူစုလူဝေးဖြင့်
တောင်းဆိုမှု ဖေဖော်ဝါရီ ၂၀ ရက်ည ၆နာရီမှ ၁၁ နာရီကျော် အထိ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။
အဆိုပါ မလေးရှားနိုင်ငံသား သုံးဦးအနက် နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညလေးနာရီခန့်တွင် အင်ဘာလာ ရပ်ကွက်သို့ ဝင်သွား သည်ကို ဝင်သွားခဲ့ပြီး ညခြောက်နာရီ သုံးဆယ် မိနစ်ခန့်တွင် ပြန်ထွက်လာကြောင်း၊ ယင်းလုပ်ရပ်သည် မလေးရှားနိုင်ငံတွင် ရခိုင်ပါတီခေါင်းဆောင်များ လုပ်ကြံခံရမှုနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု သံသယဖြစ်ပွားကာ လူစုလူဝေးဖြင့် တေင်းဆိုသည် အထိ ဖြစ်ပွားသွားခြင်းဖြစ်ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။
ကျူးကျော်ဖယ်ရှားခြင်းများ ဥပဒေနှင့်ညီစေရန် ညွှန်ကြား
၂၁.၂.၂၀၁၄၊ သောကြာနေ့
တိုင်းဒေကြီးများအတွင်းရှိ ကျူးကျော်များ ဖယ်ရှားခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရများကို တာဝန်ပေးထားပြီးဖြစ်သည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေဖော်ဝါရီလ ၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။
စွန့်လွှတ်လယ်ယာမြေများအတွက် စုံစမ်းနိုင်ရန် ရုံးခန်းများ တစ်နိုင်ငံလုံး ဖွင့်ပေးမည်
၂၁.၂.၂၀၁၄၊ သောကြာနေ့
လယ်ယာမြေ သိမ်းဆည်းခံထားရသော လယ်သမားများအတွက် ပြန်လည်စွန့်လွှတ်မည့် လယ်ယာမြေ များထဲတွင် မိမိအသိမ်းခံထားရသည့် လယ်ယာမြေများကို ပိုင်ဆိုင်မှု အထောက်အထားများဖြင့် စုံစမ်း လျှောက်ထားနိုင်ရေးအတွက် မြေအသုံးချမှုစီမံခန့်ခွဲရေးရုံး
အနုပညာရှင်များ ယာဉ်တန်းများဖြင့် သန်းခေါင်စာရင်း ကောက်ယူရေး မြို့ပေါင်း ၁၀၀ ကျော်တွင် လှုံ့ဆော်မည်
၂၁.၂.၂၀၁၄၊ သောကြာနေ့
မြန်မာတစ်နိုင်ငံလုံး လာမည့် မတ်လတွင် တစ်ပြိုင်တည်း ဆောင်ရွက်မည့် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် တစ်နိုင်ငံလုံး လူထု အသိပညာပေး လုပ်ငန်းများကို အများပြည်သူများ စိတ်ပါဝင်စားမှု ရှိစေရန် နိုင်ငံကျော် အနုပညာရှင်များ ပါဝင်သော ယာဉ်တန်းဖြင့် မြို့ပေါင်း ၁၀၀ ကျော်ကို လှည့်လည် လှုံ့ဆော်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်မည့်ရက် ရွှေ့ဆိုင်းပေးရန် တိုင်းရင်းသား အဖွဲ့အစည်း ၃ဝ ကျော်က သဘောထားထုတ်ပြန်
၂၁.၂.၂၀၁၄၊ သောကြာနေ့
လာမည့်မတ်လအတွင်း ပြုလုပ် မည့် ပြည်လုံးကျွတ် သန်းခေါင်စာ ရင်းကောက် ယူမည့် အစီအစဉ်အား သတ်မှတ်ရက်ရွှေ့ ဆိုင်းပေးရန် တိုင်းရင်းသားအဖွဲ့အစည်း ၃ဝ ကျော်က သဘောထား ကြေညာချက်ထုတ် ပြန်လိုက်ကြောင်း သိရသည်။
မတ်လအတွင်း ပြုလုပ်မည့် ပြည်လုံး ကျွတ်သန်းခေါင်စာရင်းကောက်ယူမည်
ပြည်တွင်း မတည်ငြိမ်သေးစဉ် ဂျိုက်ကာဖွံ့ဖြိုးရေးလုပ်ငန်းကို စိုးရိမ်
၂၁.၂.၂၀၁၄၊ သောကြာနေ့
မွန်နှင့် ကရင်ဒေသတို့အတွက် ရေးဆွဲထားသော “မြန်မာပြည်အရှေ့တောင်ပိုင်းအတွ
ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်မည့်ရက် ရွှေ့ဆိုင်းပေးရန် တိုင်းရင်းသား အဖွဲ့အစည်း ၃ဝ ကျော်က သဘောထားထုတ်ပြန်
၂၁.၂.၂၀၁၄၊ သောကြာနေ့
လာမည့်မတ်လအတွင်း ပြုလုပ် မည့် ပြည်လုံးကျွတ် သန်းခေါင်စာ ရင်းကောက် ယူမည့် အစီအစဉ်အား သတ်မှတ်ရက်ရွှေ့ ဆိုင်းပေးရန် တိုင်းရင်းသားအဖွဲ့အစည်း ၃ဝ ကျော်က သဘောထား ကြေညာချက်ထုတ် ပြန်လိုက်ကြောင်း သိရသည်။
မတ်လအတွင်း ပြုလုပ်မည့် ပြည်လုံး ကျွတ်သန်းခေါင်စာရင်းကောက်ယူမည်
မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင်တိုးစေမည့် နည်းများ
မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။ ရိုးစင်းတဲ့ ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါလိမ့်မယ်။
မဲဇလီရေလှောင်တမံ ထပ်တိုးမှုသည်ရေနစ်မြှပ်မည့် ကျေးရွာ၂၀ အထိ တိုးလာမည်ကို ဒေသခံများစိုးရိမ်
၂၁.၂.၂၀၁၄၊ သောကြာနေ့
စေတုတ္တရာမြို့နယ်နှင့်ပွင့်ဖြူ
ထပ်မံတည်ဆောက်နေသော မဲဇလီ ရေလှောင်တမံသည် ပွင့်ဖြူမြို့နယ်ရှိ ကျွဲခြံရွာနှင့် လယ်မရွာများကိုပါ ရေနစ်မြှပ်နိုင်သော အခြေအနေများ ဖြစ်ပေါ်နေသောကြောင့် ထိုဒေသခံရွာသူရွာသားများ အနေဖြင့် ယခင်ကတည်ဆောက်ခဲ့သော မုန်းချောင်းအထက်ဆည်များနည်းတူ ရေနစ်မြှပ်ခဲ့သော ကျေးရွာ၁၈ရွာအပြင် ယင်းတို့ရွာများသည်လည်း ရေနစ်မည့် အန္တရာယ်ရှိနေကြောင်း အဆိုပါကျေးရွာနှစ်ရွာ၏ ပညာရေးနှင့်လူမှုလုပ်ငန်းများ လုပ်ဆောင်ပေးနေသူ ဦးမျိုးမင်းစိုးက ဆိုသည်။
ရန်ကုန်သို့တစ်လမီးသွေးအိတ်၁သောင်းခန့်အလွန်အကျွန် သစ်တောပြုန်းတီး မည့်အန္တရာယ်ရှိနေပြီး ဒေသတွင်းမီးသွေးဈေးနှုန်းအဆမတန်မြင့်တက်
၂၁.၂.၂၀၁၄၊ သောကြာနေ့
မြန်မာနိုင်ငံလူဦးရေ၏၁၀ရာခိုင်
မီးသွေးဈေးနှုန်းမှာ တစ်အိတ်လျင်ကျပ်၂၇၀၀အထိ အဆမတန်မြင့်တက်လာနေကြောင်း မီးသွေးဈေးကွက်နှင့် သစ်တောပြုန်းတီးရန် အန္တရာယ်ကျရောက်နေသော ဆင်လူးကျေးရွာမှ သိရသည်။
“မီးသွေးဖုတ်သူတွေက တစ်အိမ်သားလုံး တောထဲမှာနေပြီး တစ်နေကုန်ခုတ်ကြတော့ တောမပြုန်းဘဲ ရှိနိုင်မှာလား အခုလည်းဆင်လူးကျေးရွာနာကို ရောက်လာပြီး အရမ်းမြန်ပါတယ်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ဆင်လူးရွာသားတစ်ဦးက ပြောဆိုသည်။
ခရမ်းချဉ်သီးက လေဖြတ် နိုင်ခြေကို လျှော့ချနိုင်
ခရမ်းချဉ်သီးဟာ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း လေ့လာမှု အသစ်အရ တွေ့ရှိခဲ့တာကို အာရုံကြော ဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ခေါ်တဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ များစွာ ပါဝင်ပါတယ်။
မြန်မာအရှေ့တိုင်းဘဏ်အား ကမ္ဘာ့ဘဏ်အုပ်စုဝင် အိုင်အက်ဖ်စီအဖွဲ့က ကန်ဒေါ်လာငါးသန်း ပေးအပ်
ကုန်သွယ်ရေးဘဏ္ဍာငွေ ပံ့ပိုးနိုင်ရန် အတွက် မြန်မာအရှေ့တိုင်းဘဏ်ကို ကမ္ဘာ့ ဘဏ်အုပ်စုဝင် အဖွဲ့တစ်ခုဖြစ်သော အိုင် အက်ဖ်စီအဖွဲ့မှ အမေရိကန်ဒေါ်လာ ငါးသန်း ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်လုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံခြားငွေ များ ပိုမိုရရှိအောင် စွမ်းဆောင်နိုင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး ရေးတို့ကို ဆောင်ရွက်နိုင်ရန်အတွက် ယင်း သို့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
စာကြည့်တိုက်မှူးများ ညီလာခံ ကျင်းပမည်
စာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စာကြည့်တိုက်မှူးများ ညီလာခံကို မတ် ၂၂ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့ သူနာပြု တက္ကသိုလ်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ယင်း ညီလာခံတွင် စာကြည့်တိုက်ဝန်ဆောင်မှု ဆိုင်ရာ လုပ်ငန်းများ၊ e-library အဆင့်တက်လှမ်းနိုင်ရေး လုပ်ငန်းများ၊ နိုင်ငံတကာ ပြည်သူ့ စာကြည့်တိုက်များက ဆောင်ရွက် လျက်ရှိသော စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများအကြောင်းကို အဓိက ဆွေးနွေးသွားမည် ဖြစ်သည်။
ဝန်ကြီးကို တစ်ကိုယ်တော်ဆန္ဒပြသူ ရုံးတင်မည်
ပြည်သူများကိုယ်စား ပါးအချက်သန်းခြောက်ဆယ် အရိုက်ခံမည်ဟုဆိုကာ ၀န်ကြီးဦးအုန်းမြင့်ကို တစ် ကိုယ်တော်ဆန္ဒပြခဲ့သည့် ပဲခူးတိုင်း၊ ပြည်မြို့မှ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးကို မြို့နယ်တရားရုံး တွင် ဖေဖော်ဝါရီလ ၂၄ ရက်၌ ရုံးတင်စစ်ဆေးမည်ဟု ကာယကံရှင်က ပြောသည်။
လိုင်စင်မဲ့ယာဉ် ဟုတ်မဟုတ် စစ်ရသည့်ယာဉ် တစ်လ ၄၀ ခန့်ရှိ
မန္တလေးတိုင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၌ လိုင်စင်မဲ့ယာဉ် ဟုတ်၊ မဟုတ် စစ်ဆေး ပေးရသည့် ယာဉ်အစီးရေ တစ်လလျှင် ၄၀ ခန့်ရှိကြောင်း ၎င်းဌာနမှ တိုင်းဦးစီးမှူး ဦးသိန်းဦးက ပြော သည်။
“ကားတစ်စီးကို လမ်းဘေးမှာ တွေ့တယ်။ Without (လိုင်စင်မဲ့)ဟုတ်မဟုတ်ကိုတော့ ယာဉ်မှတ်ပုံတင် ဌာနမှာ သေချာအောင် Confirm လုပ်တဲ့(အတည်ပြုတဲ့) သဘောပါ၊ without ဖြစ်တယ်ဆိုရင်တော့ တ ရားရုံးမှာ ယာယီသိမ်းပြီး တွေ့ရှိတဲ့အရာရှိက တရားလိုပြုပြီး အမှုဖွင့်တယ်”ဟု ၎င်းက ရှင်းပြသည်။
ရုံးလုပ်ငန်းသုံးစရိတ်များ တိုးမြှင့်ခွင့်ပြုမည်ဟု သူရဦးရွှေမန်း ပြောကြား
21/2/2014
အစိုးရဝန်ကြီးဌာန ၃၆ ခု လက်အောက်ခံ ရုံးဌာနများ ရုံးလုပ်ငန်း အသုံးစရိတ်များကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် တိုးမြှင့်ခွင့်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။
အိုင်အက်ဖ်စီက ပြည်တွင်း ငွေကြေးအဖွဲ့အစည်းများကို ကူညီပေးမည်
၂၁.၂.၂၀၁၄၊ သောကြာနေ့
အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုေ
ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်း ၀တ်ထားသူကို လူဝတ်လဲပြီး အမှုဖွင့်
Friday, February 21, 2014
သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားပွဲတော်တွင် ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်းဝတ်ထားသူတစ်ဦး ကို သံဃနာယကအဖွဲ့က လူဝတ်လဲပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် မြို့နယ်ရဲစခန်းက အမှုဖွင့်အရေး ယူလိုက်သည်။
ဖေဖော်ဝါရီ ၁၉ ရက် ည ၁၀ နာရီခွဲတွင် သတင်းအရ ဘုရားပွဲ လုံခြုံရေးဆောင်ရွက်နေသည့် သင်္ဃန်းကျွန်း ရဲစခန်းမှ ရဲတပ်အဖွဲ့က သွားရောက်စစ်ဆေးရာ ဓားကိုင်အလှူခံနေသူသည် ရန်ကင်းမြို့နယ် (၁၂) ရပ် ကွက်၊ မဟာစန္ဒာသူရိယကျောင်းမှ ဦးပညာသီဟ (ခ) အောင်သန်း (၄၂)နှစ် သုံးဝါရှိသူဖြစ်ပြီး ၎င်းင်းတွင် သာသနာဝင်ကတ် မရှိပေ။
အမေရိကန်ဘဏ် အကြွေးပေးမှု မြန်မာ မျှော်လင့်ချက် ပိုမြင့်
၂၁.၂.၂၀၁၄၊ သောကြာနေ့
ပြည်တွင်း စီးပွားရေးလုပ်ငန်းများက မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် မျှော်လင့်နေသည့် အချိန်တွင် အမေရိကန် ထုတ်ကုန်/သွင်းကုန်ဘဏ် (Export and Import Bank of United States) က မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးအတွက် စတင်၍ လုပ်ငန်းလည်ပတ်ရန် ကိုယ်စားလှယ်ရုံးခွဲကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
ကျုံပျော်မြို့ပေါ်တွင် ညအချိန်မတော်အိမ်ပေါ်တက် ဓားခုတ်မှုဖြစ်
၂၁.၂.၂၀၁၄၊ သောကြာနေ့
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့၊ ပင်လုံ ရပ်ကွက်၊ ထောင်လုံပိုင်း၊ ကမ်း နားလမ်းတွင် ညသန်းခေါင်ကျော် အချိန်၊ အိမ်ပေါ်တက်၍ ခြင် ထောင်ထဲတွင် အိပ်နေသူကို ဓား ဖြင့် ခုတ်မှုတစ်ခုဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။
အော်ရီဒူးကုမ္ပဏီမှဖုန်းဆင်းမ်ကတ်များကိုယခုနှစ်လယ်တွင် စတင်ရောင်း ချမည်
Friday, February 21, 2014
ယခင်နှစ်အတွင်းဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းလုပ်ကိုင်ခွင့် တင်ဒါအောင်မြင်ခဲ့သောအော်ရီဒူးမြန်မာကုမ္ပဏီမှ မိုဘိုင်းလ်ဖုန်းဆင်းမ် ကတ်များကို ယခုနှစ်နှစ်လယ်တွင်စတင်ဖြန့်ဖြူးရောင်းချ
သွားမည်ဖြစ် ကြောင်းသိရသည်။
အမျိုးသမီးများလုံခြုံမှုအတွက် တရားဝင်အေဂျင်စီများဖြင့်သာ ဆက်သွယ်ဆောင်ရွှက်သင့်ဟု ရဲမှူးပြော
Friday, February 21, 2014
စင်ကာပူနှင့် ဟောင်ကောင်နိုင်ငံများသို့ အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်
ပဲမျိုးစုံရောင်းဝယ်ရာတွင် တစ်လအတွင်း ပစ္စည်း ပေးသွင်းရမည်
Friday, February 21, 2014
ပဲအရောင်းအ၀ယ်လောကတွင် လေရောင်းလေ၀ယ်ဖြင့် ရောင်းဝယ်ကြလေ့ရှိခြင်းကြောင့် ငွေကြေး ပြဿနာများဖြစ်ပေါ်လေ့ရှိရာ လေရောင်းလေ၀ယ်စနစ်ကို လုံးဝခွင့်ပြုမည်မဟုတ်တော့ဘဲ ကြိုရောင်းကြိုဝယ် ဆောင်ရွက်ခြင်းကိုလည်း စရန်ငွေ၊ စာချုပ်တို့ဖြင့် ဆောင်ရွက်စေမည်ဖြစ်ကာ တစ်လအတွင်း ပစ္စည်းသွင်း ပေးရမည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးမင်းကိုဦးက မဇ္ဈိမကိုပြောသည်။
“ပဲလုပ်ငန်းသဘောက ပဲပေါ်တဲ့အချိန်မှာ နိုင်ငံခြားကနေ လာဝယ်မှာဖြစ်တဲ့အတွက် ကုန်သည်ဘက်က ပဲလိုအပ်ချက်ရှိတယ်ဆိုရင် ကြိုရောင်းကြိုဝယ်ကိုတော့ ခွင့်ပြုပေးမှာပါ။ လေရောင်းလေ၀ယ်ကိုတော့ တင်းတင်းကျပ်ကျပ် တားမြစ်သွားမှာပါ” ဟု ပြောသည်။
တရားဝင်ထုတ်ပြန်မှုရှိထားပြီးဖြစ
ပြည်တွင်း၌ ပဲအရောင်းအ၀ယ်ကိစ္စများ ဖောင်းပွခြင်းမရှိရစေရန် ကုန်ပို့လွှာ ဒီအို (Delivery Order) စနစ်ဖြင့် ရောင်းဝယ်ခြင်းကိုလည်း လုံးဝခွင့်ပြုမည်မဟုတ်ဘဲ စာချုပ်ဖြင့် ရောင်းဝယ်ရမည်ဖြစ်ကာ အရောင်းအ၀ယ်ဖြစ်ပြီး တစ်လအတွင်း ပြည်ပသို့တင်ပို့ရမည်ဟု ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် ဘုရင့်နောင် ကုန်စည်ဒိုင်မှ တရားဝင်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်ဟ
အခုအချိန်က ပဲမျိုးစုံစပေါ်တဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် စာချုပ်စနစ်ကို အသက်ဝင်အောင် အဓိကထား ဆောင်ရွက်နေပါတယ်။ ဒီအိုနဲ့မလုပ်ဖို့ စည်းကမ်းထုတ်တဲ့အချိန်က မနှစ်က ရှစ်လပိုင်း လောက်ဆိုပေမယ့် အခုချိန်က ပဲစပေါ်တဲ့ အချိန်ဖြစ်တော့ စည်းကမ်းအတိုင်း လိုက်လုပ်ကြဖို့ ဒီအချိန်က ပိုအရေးကြီးနေပါ တယ်။ စာချုပ်နဲ့ဆောင်ရွက်ရင် ငွေကြေးအရှုပ်အရှင်းဖြစ်တာတွေ လျော့နည်းသွားမှာပါ” ဟု ဦးမင်းကိုဦးက ပြောသည်။
လေရောင်းလေ၀ယ်စနစ်သည် ကုန်ပစ္စည်းနှင့် ငွေကိုချက်ချင်းပေးချေရန် မလိုဘဲ နောက်လာမည့် လအပိုင်း အခြားအလိုက် ဖြစ်ပေါ်မည့်ဈေးနှုန်းကို ကြိုတင်သတ်မှတ်ကာ ရောင်းဝယ်ကြခြင်းဖြစ်ပြီး၊ ဒီအိုစနစ်သည် ပဲသိုလှောင်ရုံအတွင်း ပဲမည်မျှရှိသည်ကို ဖော်ပြထားသည့် သက်သေခံလက်မှတ်သဘောဖြစ်ကာ ကုန် သည်အချင်းချင်း လက်လွှဲရောင်းဝယ်နေကြ ခြင်းဖြစ်သည်ဟု ပဲကုန်သည်ကြီးတစ်ဦးက ရှင်းပြသည်။
ပြီးခဲ့သည့်လအတွင်း၌ ပဲမျိုးစုံ ပြည်ပသို့တင်ပို့သည့် မြန်မာကုမ္ပဏီတစ်ခုက အိနိ္ဒယအခြေစိုက် ကုမ္ပဏီများ ထံသို့ ပဲမျိုးစုံတင်ပို့နိုင်ရန် ၎င်းကုမ္ပဏီများထံမှ အမေရိကန်ဒေါ်လာ နှစ်သန်းကျော် ရယူထားသော်လည်း တင်ပို့နိုင်ခြင်းမရှိသဖြင့် ငွေကြေးပြဿနာများဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းနှင့် UMFCCI တို့က ၀င်ရောက်ညှိနှိုင်းပေးခဲ့ရကာ ရယူထားသည့်ငွေများကို လအလိုက် ပြန်လည်ပေးချေရန် သဘောတူညီမှုရခဲ့သည်ဟု ပဲနှမ်းကုန်သည်များက ပြောသည်။
ပြည်တွင်း ပဲအရောင်းအ၀ယ်လောကအတွင်း လေရောင်းလေ၀ယ်လုပ်ခြင်းကြောင့် အထက်ပါဖြစ်စဉ် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ပဲပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲမျိုးစုံတင်ပို့ရောင်းချမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။
Mizzima - News in Burmese
မော်တော်ယာဉ်အလုံးစုံ အာမခံထားရှိမှုနည်းပါးနေ
Friday, February 21, 2014
ပြည်တွင်းရှိ မော်တော်ယာဉ်အရေအတွက်နှင့် နှိုင်းယှဉ်ပါက အလုံးစုံမော်တော်ယာဉ်အာမခံထားရှိသည့် မော်တော်ယာဉ်အရေ အတွက်မှာ နည်းပါးနေသေးကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဒုချီးရားတန်းကျေးရွာစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ မြို့မိမြို့ဖများနှင့်တစ်ဦးချင်းတွေ့ဆုံမေးမြန်းလျက်ရှိ
Friday, February 21, 2014
မောင်တောမြို့သို့ရောက်ရှိနေသည့် ဒုချီးရားတန်း(အလယ်)ကျေးရွာနှင့် ဒုချီးရားတန်း(အနောက်)ကျေးရွာများတွင် ယခုနှစ်ဇန်နဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များနှင့်ဇန်နဝါရီ ၂၈ ရက်တွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ် နှင့်ပတ်သက်၍ အမှန်ဖော်ထုတ်ရေးစုံစမ်းရေးကော်မရှင်အဖွဲ့သည် မောင်တောမြို့မှမြို့မိမြို့ဖများအား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသို့ တစ်ဦးချင်းဖိတ်ခေါ်၍ စုံစမ်းမေးမြန်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရေကြောင်းပညာ တက္ကသိုလ် သင်ထောက်ကူပစ္စည်း လိုအပ်ချက်ကြောင့် ရေကြောင်း လျှပ်စစ် အင်ဂျင်နီယာများ အလုပ်လက်မဲ့ဖြစ်ဟုဆို
Friday, February 21, 2014
အစိုးရ၏ သင်ထောက်ကူ ပစ္စည်းများ ဖြည့်တင်းမှု မလုံလောက်ခြင်းကြောင့် ရေကြောင်း လျှပ်စစ် အင်ဂျင်နီယာ ကျောင်းသားများ အလုပ်လက်မဲ့နှင့် ရင်ဆိုင်နေရကြောင်း ရေကြောင်းပညာ တက္ကသိုလ်မှ ကျောင်းသားများက ပြောကြားသည်။
ဥသမနိသကုမ္ပဏီမှဖုန်းဆင်းမ်ကတ်များကို ယခုနှစ်လယ်တွင်စတင်ရောင်းချမည်
ယခင်နှစ်အတွင်းဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းလုပ်ကိုင်ခွင့် တင်ဒါအောင်မြင်ခဲ့သောအော်ရီဒူးမြန်မာကုမ္ပဏီမှ မိုဘိုင်းလ်ဖုန်းဆင်းမ် ကတ်များကို ယခုနှစ်နှစ်လယ်တွင်စတင်ဖြန့်ဖြူးရောင်းချ
သွားမည်ဖြစ် ကြောင်းသိရသည်။
ရထားနှင့်ဆိုင်ကယ်တိုက်မိ၍ ၂ ဦးသေ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၉)ရပ်ကွက်၊ ထီးလှိုင်လမ်းနှင့်ရထားသံလမ်းဆုံ၊ ရန်ကုန်-မန္တလေးရထားလမ်း၊ ကြေးနန်း မိုင်တိုင်အမှတ်(၁၆၇/၉-၁၀)ကြားတွင် ရထားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ တောင်ငူမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ တောင်ငူမြို့၊ (၁၇)ရပ်ကွက်နေ မြန်မာ့မီးရထားဂိတ်စောင့်လုပ်သား မြင့်ဦး(၃၄)နှစ်မှ ရထားလာမည်ဖြစ်၍ ရထားသံလမ်းဂိတ်မောင်းတံ အားပိတ်နေစဉ် တောင်ငူမြို့တွင်းမှ တောင်ငူမြို့၊ ပေါက်ကြီးရွာနေ သိန်းနိုင်(၃၀)နှစ် မောင်းနှင်ပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လောကဓမ္မရပ်ကွက်နေ ကျော်နိုင်ဝင်း(၃၄)နှစ်လိုက်ပါ လာသည့်ဆိုင်ကယ်သည် ရထားသံလမ်းဂိတ်မောင်းတံအောက်မှ ဖြတ်သန်းမောင်းနှင်ခဲ့ရာ တောင်ငူ ဘူတာမှထွက်ခွာလာသော အမှတ်(၃)အဆန် ရန်ကုန်-မန္တလေးရထားဖြင့် တိုက်မိခဲ့ကြောင်းတွေ့ရှိ ရသည်။ ထိုသို့ တိုက်မိမှုကြောင့် သိန်းနိုင်နှင့် ကျော်နိုင်ဝင်းတို့တွင် ဦးခေါင်းပေါက်ပြဲ၊ ပါးစပ်/နား သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားသောကြောင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ သိန်းနိုင်အား တောင်ငူမြို့မ ရဲစခန်း (ပ)၅၁/၂၀၁၄၊ မီးရထားအက်ဥပဒေပုဒ်မ ၁၂၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၉)ရပ်ကွက်၊ ထီးလှိုင်လမ်းနှင့်ရထားသံလမ်းဆုံ၊ ရန်ကုန်-မန္တလေးရထားလမ်း၊ ကြေးနန်း မိုင်တိုင်အမှတ်(၁၆၇/၉-၁၀)ကြားတွင် ရထားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ တောင်ငူမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ တောင်ငူမြို့၊ (၁၇)ရပ်ကွက်နေ မြန်မာ့မီးရထားဂိတ်စောင့်လုပ်သား မြင့်ဦး(၃၄)နှစ်မှ ရထားလာမည်ဖြစ်၍ ရထားသံလမ်းဂိတ်မောင်းတံ အားပိတ်နေစဉ် တောင်ငူမြို့တွင်းမှ တောင်ငူမြို့၊ ပေါက်ကြီးရွာနေ သိန်းနိုင်(၃၀)နှစ် မောင်းနှင်ပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လောကဓမ္မရပ်ကွက်နေ ကျော်နိုင်ဝင်း(၃၄)နှစ်လိုက်ပါ လာသည့်ဆိုင်ကယ်သည် ရထားသံလမ်းဂိတ်မောင်းတံအောက်မှ ဖြတ်သန်းမောင်းနှင်ခဲ့ရာ တောင်ငူ ဘူတာမှထွက်ခွာလာသော အမှတ်(၃)အဆန် ရန်ကုန်-မန္တလေးရထားဖြင့် တိုက်မိခဲ့ကြောင်းတွေ့ရှိ ရသည်။ ထိုသို့ တိုက်မိမှုကြောင့် သိန်းနိုင်နှင့် ကျော်နိုင်ဝင်းတို့တွင် ဦးခေါင်းပေါက်ပြဲ၊ ပါးစပ်/နား သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားသောကြောင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ သိန်းနိုင်အား တောင်ငူမြို့မ ရဲစခန်း (ပ)၅၁/၂၀၁၄၊ မီးရထားအက်ဥပဒေပုဒ်မ ၁၂၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ဒေါက်တာအေးမောင်လုပ်ကြံခံရမှု အာဆီယံအပါအဝင် အင်တာပိုနှင့် မလေးရှားရဲ ပူးပေါင်းဖော်ထုတ်မည်
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်လုပ်ကြံခံရမှု၊ ၈၈မျိုး ဆက်နှင့် မျိုးဆက်သစ်လူ့အဖွဲ့အ စည်း(မလေးရှား)မှ မူဝါဒရေးရာ ခေါင်းဆောင် ကိုအောင်ကြီးတို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် မလေးရှားနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် မူဆလင်များအကြား မကျေလည်မှုမဖြစ်ပေါ်စေရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အနီးကပ်လုပ်ဆောင်သွားမည်ဟု မလေးရှား ရဲထောက်လှမ်းရေးမှူးချုပ် ဘေကာ၏ ပြောကြားချက်ကို မလေးရှား သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြထားသည်။
ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပွဲ KNU/KNLA PC ပါဝင်နိုင်ဖွယ်မရှိကြောင်း စာနယ်ဇင်းရှင်းအမျိုးသားရေးအခြေခံပြဿနာများကိုမဖြေရှင်းဘဲ အပစ်ရပ်ရေးကိုဆောင်ရွက်နေပါက ငြိမ်းချမ်းရေးဝေးနေဦးမည်ဟုဆို
တိုင်းရင်းသားလက်နက်ကိုင်အားလုံးနှင့် ပြည်ထောင်စုအစိုးရတို့ ရေးထိုးမည့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးမှုတွင်KNU/KNLA PC အနေဖြင့်ပါဝင်နိုင်ဖွယ်မရှိကြောင်း KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ထိပ်တန်းဗဟိုကော်မတီဝင် ဗိုလ်မှူးချုပ်ဒေါက်တာတီမိုသီ က ယနေ့ရန်ကုန်မြို့ My Garden စားသောက်ဆိုင်၌ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင်ပြောသည်။
သားရဲ့ လီဂို အရုပ်ကြောင့် အမေ မီလျံနာ ဖြစ်လာ
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီယားပြည်နယ်မှာ နေထိုင်တဲ့ အသက် ၄၄ နှစ်အရွယ် Marcy Mckenna ဟာ သန်းကြွေသူဌေး ဖြစ်လာပါတယ်။ အကြောင်းကတော့ သူ့ရဲ့ ၇ နှစ်အရွယ် သားလေး ဆက်ပေးလိုက်တဲ့ Lego အရုပ်ကြောင့်မို့ ဖြစ်ပါတယ်။
အီရတ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား
တနင်္လာနေ့က အီရတ်နိုင်ငံတစ်ဝန်း အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အ နည်းဆုံး ၁၆ ဦးသေဆုံးပြီး ၄၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ပြည်ထောင်စုညီလာခံပေါ်ပေါက်ရေး တပ်မတော်က ပူပေါင်းဆောင်ရွက် ရန်လိုဟု ဦးကိုကိုကြီး ထောက်ပြ
အမျိုးသားအင်အားစု အားလုံးပါဝင်သည့် ပြည်ထောင်စုညီလာခံ တစ်ရပ် ပေါ်ပေါက်ရေးကြိုးပမ်းမှုတွင် တပ်မတော်မှ ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း မှ ဦးကိုကိုကြီးက ပြောသည်။
အိတ်ခ်ျအိုင်ဗွီပိုးရှိသူအမျိုးသမီးများအနှင့် အလုပ်ရှင်များအကြား အလုပ်ခန့်ပေးရေး ဆွေးနွေးမည်
အိတ်ခ်ျအိုင်ဗွီပိုးရှိသူအမျိုးသမီး များကို အလုပ်ခန့်ပေးရန်နှင့် ယင်းတို့ နှင့် အလုပ်ရှင်များအကြားနားလည်မှု ရှိစေရန် Myanmar Positive Women Network က ဆွေးနွေးမှုများလုပ်ဆောင် သွားမည်ဖြစ်ကြောင်း အဆိုပါ Net-work မှ သိရသည်။
" University of British Columbia (UBC)မှ ဒေါက်တာ အောင်ထွန်းသက်အား ဂုဏ်ထူး ဆောင်ပါမောက္ခရာထူးနှင်းအပ် "
Friday, February 21, 2014
ကြီးမားသည့် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်း လဲမှု ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံတွင် လိုအပ်နေသောစီးပွားရေးပညာ၊ စီမံခန့်ခွဲမှုပညာ ဘာသာရပ်များကို သင်ကြားပို့နေ သူ ဒေါက်တာ အောင်ထွန်းသက်အား University of British Columbia (UBC) မှ ဂုဏ်ထူးဆောင် ပါမောက္ခရာထူး Honarary Professorship နှင်း အပ်ပွဲအခမ်းအနားကို ယနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချုပ် (UMFCCI) ဇုန်၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
မလေးရှားနိုင်ငံသား သုံးဦးနှင့် စစ်တွေ ဒေသခံများ ရုန်းရင်း ဆန်ခတ်ဖြစ်
21-2-2014
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အနီးတွင် တည်ရှိသော မြတည်းခိုရိပ်သာတွင် တည်းခိုနေသည့် မလေးရှား နိုင်ငံသားသုံးဦးအနက် နှစ်ဦးသည်ဘင်္ဂါလီများ နေထိုင်သည့်
အောင်မင်္ဂလာ (အင်ဘာလာ)ရပ်ကွက်သို့ ဝင်ထွက်မှုများ ပြုလုပ်ခဲ့သဖြင့် ၎င်းတို့ကိုစစ်ဆေးရန် မြို့ခံ၁၀၀ဝန်းကျော်က လူစုလူဝေးဖြင့်
တောင်းဆိုမှု ဖေဖော်ဝါရီ ၂၀ ရက်ည ၆နာရီမှ ၁၁ နာရီကျော် အထိ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။