Pages

22.2.14

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ မဒမ်ဟောင်းလင်းနနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အကျိုးတော်ဆောင် အတွင်းရေးမှူး ဒေါက်တာလှဖေတို့ အလှူလက်ခံရရှိမှု မှတ်တမ်းလဲလှယ်နေစဉ်


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ မဒမ်ဟောင်းလင်းနနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အကျိုးတော်ဆောင် အတွင်းရေးမှူး ဒေါက်တာလှဖေတို့ အလှူလက်ခံရရှိမှု မှတ်တမ်းလဲလှယ်နေစဉ်

photo: RFA/ Kyaw Myo Min

စစ်တွေတွင် မလေးနိုင်ငံသား စေတနာ့ ဝန်ထမ်း သုံးဦး လူအုပ်ဖြင့် ခြိမ်းခြောက်ခံရမှု မိခင် အဖွဲ့အစည်း MAPIM မှ သတင်းထုတ်ပြန်


================================
ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄
M-Media

ဖေဖော်ဝါရီလ (၂၀) ရက်နေ့က ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်ခံ ပြည်သူများကို လူမှု ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ရန် အတွက် ရောက်ရှိနေသော မလေးရှားနိုင်ငံသား စေတနာ့ ဝန်ထမ်း (၃) ဦးကို ရခိုင် လူမျိုးများမှ လူအုပ်ဖြင့် ဝိုင်းကာ စစ်တွေမြို့မှ ထွက်သွားရန် ခြိမ်းခြောက် ဖိအားပေး လုပ်ဆောင်ခဲ့မှုဖြစ်ပွား ခဲ့ပါသည်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး စေတနာ့ဝန်ထမ်း(၃) ဦး၏ မိခင် အဖွဲ့အစည်းဖြစ်သော မလေးရှား အစ္စလာမ့် အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (MAPIM) မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့စွဲဖြင့် သတင်းကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက် အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါသည်။

ကျူးကျော်တဲတွေ မဖျက်ဖို့ ရန်ကုန်မြို့လယ်မှာ ဆန္ဒပြ



ဖေဖေါ်ဝါရီ ၂၂ ရက် ၂၀၁၄ ခုနှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် ၆၇ ရပ်ကွက်က ရာနဲ့ချီတဲ့ ဒေသခံတွေဟာ သူတို့နေထိုင်နေတဲ့ ကျူးကျော်တဲတွေ မဖျက်သိမ်းဖို့နဲ့ တရားဝင်မြေကွက်တွေ ချထားပေးဖို့ ဒီကနေ့ မြို့တော်ခန်းမရှေ့ မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

တရုတ်ကြက်ခြေနီအသင်းရဲ့ ကူညီရေးပစ္စည်းတွေ ရောက်ရှိ



22-2-2014

ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည် အိမ်ထောင်စုငါးထောင်အတွက် ထောက်ပံ့ရေးပစ္စည်းတွေကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကြက်ခြေနီအသင်းက တရုတ်မြန်မာနယ်စပ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီးမြို့မှာ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက တာဝန်ရှိသူတွေကို ဒီနေ့မနက်ပိုင်းက လွှဲပြောင်းလှူဒါန်းလိုက်ပါတယ်။

လမ်းဖောက်ရာမှ ရှေးဟောင်းဆင်းတုတော်များ တွေ့ရှိ



22-2-2014

မကွေးတိုင်းဒေသကြီး ဆောမြို့နယ် လောင်းရှည်ကျေးရွာတွင် လမ်းဖောက်လုပ်ရာမှ ရှေးဟောင်းဆင်းတု ရုပ်ပွားတော်များ တွေ့ရှိခဲ့ကြောင်း အဆိုပါကျေးရွာ ဒေသခံ များထံမှ သိရှိရသည်။

"လမ်းဖောက်လုပ်တဲ့ နေရာက ရှေးဟောင်းဘုရားတွေ ရှိခဲ့တဲ့နေရာမှာ ဖြစ်နေတော့ ဘုရားဌာပနာ သွင်းခဲ့တဲ့ ဆင်းတုတွေ ပြန်တွေ့တာပါ၊ အားလုံးပေါင်း ၃၀ လောက်တွေ့ရပါတယ်" ဟု ဒေသခံ တစ်ဦးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြောပြသည်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ကို စစ်တွေမှာဆန္ဒပြ








ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေပေးနေတဲ့ MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့ဟာ မွတ်စလင်တွေကို အဓိကထားကူညီနေပြီး၊ ရခိုင်တိုင်းရင်းသားတွေကို အကြမ်းဖက်သမားတွေအဖြစ် ပုံဖော်နေတာကြောင့်ဆိုပြီး MSFအဖွဲ့ ရခိုင်ပြည်နယ်ကနေ ချက်ချင်းထွက်ခွာသွားပေးဖို့ ဒေသခံ ၆၀၀ ဝန်းကျင်လောက်က စစ်တွေမြို့မှာရှိတဲ့ MSF ရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အလားတူဆန္ဒပြပွဲကို မနက်ဖြန်မှာလည်း စစ်တွေမြို့ MSF ရုံးရှေ့မှာ ဆက်လက်ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

photo: RFA/Min Thein Aung
RFA Burmese

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောဆွေးနွေးပွဲ တရားဝင်ခွင့်ပြုချက်ရရှိ


Saturday, February 22, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ခြင်းအခန်း (၁၂)တွင် ပါဝင်သည့် ပုဒ်မ ၄၃၆(က) ပြင်ဆင်ရေးကို အဓိကထားဟောပြောမည့်ဆွေးနွေး ပွဲကို ဗဟန်းမြို့ ဗိုလ်စိန်မှန်ကွင်း တွင် ယခုလ ၂၃ရက်၌ပြုလုပ်ရန် တရားဝင် ခွင့်ပြုချက်ရရှိပြီဖြစ် ကြောင်း ဦးဆောင်ကျင်းပသူ တစ်ဦးဖြစ်သည့်လယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုက ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။

ကြက်ဥ စားခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချနိုင်



ကြက်ဥ တစ်နေ့ တစ်လုံး စားခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက်အကူ ပြုဖွယ်ရှိ ကြက်ဥအား အထူး အစားအစာ အဖြစ် ထည့်သွင်း စဉ်းစား သင့်ကြောင်း၊ အကြောင်းမှာ ကြက်ဥကို စားသုံးခြင်း အားဖြင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး အဝလွန်ခြင်းကို ကာကွယ် တားဆီး ပေးနိုင်ဖွယ် ရှိသည်ဟု သုတေသန ပညာရှင်တို့က ထုတ်ဖော် ပြောကြား ခဲ့ကြောင်း သိရသည်။

ညီညွှတ်မှသာ တိုင်းပြည် တိုးတက်နိုင်မယ်လို့ သမ္မတ ဦးသိန်းစိန်ပြောကြား



လက်ရှိ အစိုးရက အကောင်အထည်ဖေါ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကနေ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး တည်ဆောက်မှု အောင်မြင်မှသာ အနာဂတ်မှာ လွတ်လပ်ပွင့်လင်းပြီး သာယာဝပြောတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် တက်လှမ်းနိုင်မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောလိုက်ပါတယ်။

လူတစ်ဦးချင်းစီ၏ ဆေးကုသမှု ကုန်ကျစရိတ် ၂၀ ရာခိုင်နှုန်းသာ အစိုးရကျခံ



၂၂.၂.၂၀၁၄၊ စနေနေ့

မြန်မာနိုင်ငံရှိ လူတစ်ဦးချင်းစီသည် ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ်အတွက် ငွေကြေး စိုက်ထုတ်သုံးစွဲမှု များပြားပြီး အစိုးရက ကျန်းမာရေး ကုန်ကျစရိတ် အားလုံးထဲမှ ၂၀ ရာခိုင်နှုန်းကိုသာ အကုန်အကျခံကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်က ပြောကြားသည်။


ဆိုမာလီ သမ္မတကို လုပ်ကြံရန် ကြိုးစားမှုတွင် လူ ၁၁ ဦး သေဆုံး


======================================

ဆိုမာလီနိုင်ငံက စစ်သွေးကြွတွေဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က သမ္မတအိမ်တော်ကို ချိုးဖျက်ဝင်ရောက်ပြီး သမ္မတကို လုပ်ကြံဖို့ ကြိုးစားမှုမှာ လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုကို စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ အယ်ရှာဘတ်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ကေတီဗီနှင့် စင်တင်တေးဂီတ စားသောက်ဆိုင်များကို အခွန်အဖွဲ့ စတင်စစ်ဆေး



Saturday, February 22, 2014

အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က ကေတီဗီနှင့် စင်တင်တေးဂီတ စားသောက်ဆိုင်များ၏ နေ့စဉ် ရောင်းချရသည့် အမြတ်ငွေများနှင့် သတ်မှတ်ထားသည့် အခွန်ဥပဒေများအတိုင်း အတိအကျ ပေးဆောင်ခြင်း ရှိ မရှိကို လိုက်လံ စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ဘုတ်အဖွဲ့ထံမှ သိရသည်။

သမ္မတတင်သွင်းသည့် လာဘ်ပေးလာဘ်ယူပပျောက်ရေးကော်မရှင် အဖွဲ့စာရင်း အရည်အချင်းမပြည့်က သက်သေပြ၍ ကန့်ကွက်နိုင်


22-1-2014

လာဘ်ပေးလာဘ်ယူပပျောက်ရေးကော်မရှင် ဖွဲ့ စည်းရာတွင် တာဝန်ပေးရန် နိုင်ငံတော်သမ္မတက အဆိုပြုထားသော ပုဂ္ဂိုလ်များသည် သတ်မှတ်ထားသောအရည်အချင်း နှင့်မပြည့်စုံကြောင်း သက်သေအ ထင်အရှားပြ၍ ကန့်ကွက်လိုက ယခုလ ၂၄ ရက်နောက်ဆုံးထား၍ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အသိပေးကြေညာသည်။

ဆံပင်ဆိုးဆေး အန္တရာယ်



ဆံပင် ဆိုးဆေးကို အသုံးပြုများတာကြောင့် သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေးကင်ဆာတွေ ဖြစ်နိုင် တယ်လို့ ယခင်က လေ့လာမှုတွေ အရ သိရှိခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဆံပင် ဆိုးဆေးကို အသုံးပြု သူတွေ များပြားလျက် ရှိတယ်လို့ သိရှိ ရပါတယ်။

တရုတ်နိုင်ငံဘက်သို့မီးသွေးများ နေ့စဉ်ကားအစီး ၅၀ ထက်မနဲတင်ပို့နေ


Friday, February 22, 2014

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှ တရုတ်နိုင်ငံဘက်သို့မီးသွေးများ နေ့စဉ်ကားအစီး ၅၀ ထက်မနဲ တင်ပို့နေကြောင်း သျှမ်းသံတော်ဆင့်မှစုံစမ်းသိရှိရသည်။

စစ်တွေမြို့တွင်း ၀င်ရောက်သည့် မလေးရှား ၃ ဦးကို ပြန်ပို့


Saturday, February 22, 2014

စစ်တွေမြို့ရှိ အစ္စလမ် ဘာသာဝင်များ နေထိုင်သော အောင်မင်္ဂလာ ရပ်ကွက် အတွင်းသို့ ဖေဖော်ဝါရီ ၂၀ ရက်က ၀င်ရောက်ခဲ့ သည့် မလေးရှား နိုင်ငံသား ၃ ဦးကို ရန်ကုန်မြို့သို့ ပြန်ပို့လိုက်ကြောင်း သိရသည်။

ဘန်ကောက်ဗုံးကွဲ လူ၆ယောက် ဒဏ်ရာရ



22 ဖေဖေါ်ဝါရီလ 2014

နိုင်ငံရေး တင်းမာမှုတွေ ဖြစ်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့ညက ဗုံးပေါက်ကွဲခဲ့လို့ ၆ ဦးဒဏ်ရာရ သွားပါတယ်။ ဒီလို နိုင်ငံရေး တင်းမာ မှုတွေ ရှိနေတဲ့ ကြားက လယ်သမားတွေကလည်း ဆန္ဒပြနေကြပါတယ်။ ထိုင်းအစိုးရကို ဆန့်ကျင် ဆန္ဒပြနေတဲ့ ဘန်ကောက်မြို့ ရတ်ပစုမ် သပိတ်စခန်း အနီး ပတူနမ့်လမ်းစုံမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ၆ ဦးဒဏ်ရာ ရသွားခဲ့ပါတယ်။

ယူကရိန်း သဘောတူညီချက်ရသွားတဲ့အပေါ် အိမ်ဖြူတော် ကြိုဆို



၂၂.၂.၂၀၁၄၊ စနေနေ့

ယူကရိန်းအစိုးရနဲ့အတိုက်အခံတွေ သဘောတူညီမှုရ ယူကရိန်း နိုင်ငံမှာ လနဲ့ချီကြာနေတဲ့ နိုင်ငံရေး အကျပ်အတည်းကို အဆုံးသတ်စေနိုင်မယ့် သဘောတူညီချက်တရပ်ကို သမ္မတ ယာနုကိုဗစ်ခ်ျနဲ့ အတိုက်အခံတွေကြား လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သိမ်းဆည်းခံမြေတွေ ပြန်ပေးရေး မြို့နယ်အဆင့် ရုံးများဖွင့်



22/2/2014

စစ်အာဏာရှင်အစိုးရ လက်ထက်က မူလ မြေပိုင်ရှင်တွေဆီကနေ သိမ်းဆည်း ထားတဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့အတွက် မြေအသုံးချမှု စီမံ ခန့်ခွဲရေးကော်မတီရုံးတွေကို နေပြည်တော်မှာ စတင် ဖွင့်လှစ်ပေး လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် လယ်သမားတွေအနေနဲ့ မိမိတို့ လယ်ယာ မြေပါတယ်ဆိုရင် အထောက်အထားတွေနဲ့ ပြန်လည်ထုတ်ယူနိုင်ပြီလို့ အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြမှာပါ။

တရုတ်သူဌေး မာဖီးယားခေါင်းဆောင် အဖြစ် တရားစွဲခံရ



၂၂.၂.၂၀၁၄၊ စနေနေ့

တန်ဖိုးကြီး ဖရာရီ (Ferrari) ပြိုင်ကားမောင်းတဲ့ သန်းကြွယ်သူဋ္ဌေးကို အာဏာပိုင်တွေက မာဖီးယားလူဆိုးဂိုဏ်း ခေါင်းဆောင်အဖြစ် ဖမ်းဆီးလိုက်တာမျိုးကို ရုပ်ရှင်တွေထဲမှာပဲ တွေ့ရလေ့ရှိပေမယ့် အခု တရုတ်နိုင်ငံမှာ ဒီပုံစံအတိုင်းတကယ် တွေ့ကြုံလာရပြီဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၁၅၇ စုအား ရန်ကုန်တိုင်းဒေသကြီး မင်းကုန်းကျေးရွာအုပ်စု ၀ါးယားကုန်းကျေးရွာအနီးတွင် မြေကွက်များ ပေးမည်



၂၂.၂.၂၀၁၄၊ စနေနေ့

ပဲခူးတိုင်းဒေသကြီးအတွင်း အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေသည့် ဖျက်သိမ်းခံသမီးကလေး ကျေးရွာမှ အိမ်ထောင်စု ၁၅၇ စုအား ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ မင်းကုန်းကျေးရွာအုပ်စု ဝါးယားကုန်းကျေးရွာ အနီးတွင် လာမည့် မတ်လလယ်လောက်တွင် မြေကွက်များ ပြန်လည် ချပေးသွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ လှည်းကူးမြို့နယ် အမှတ် (၂) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးလှသန်းက ဖေဖော်ဝါရီ ၂၁ ရက် ကThe Daily Eleven သတင်းစာသို့ ပြောကြားသည်။

အခြေခံပညာကျောင်းများ၌ ဘက်စုံထူးချွန်လူရည်ချွန်များအား ရွေးချယ်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် လူရည်ချွန် ၅၂၀ ဦးကျော် ထွက်ပေါ်



22/2/2014

အခြေခံပညာ ကျောင်းများ၌ ဘက်စုံထူးချွန် လူရည်ချွန်များ ရွေးချယ်ရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်၌ လူရည်ချွန် ၅၂ဝ ဦးကျော် ထွက်ပေါ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ သိရသည်။

ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်များနှင့် ဌာနဆိုင်ရာအချို့ ကျူးလွန်နေသည့် သစ်ခိုးထုတ်မှုများကို ပြည်ထောင်စုလွှတ်တော်၌ အချိန်မီဆွေးနွေးရန် မိုးကောင်းအမျိုးသား လွှတ်တော်ကိုယ်စားလှယ် တင်ပြမည်



၂၂.၂.၂၀၁၄၊ စနေနေ့

ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံသို့ သစ်ခိုးထုတ်မှုများ နေရာအနှံ့ ဆက်တိုက်ဖြစ်ပေါ်နေပြီး လက်နက်ကိုင်တစ်ခုတည်း ကြောင့်မဟုတ်ဘဲ သက်ဆိုင်ရာဌာနနှင့် အစိုးရ၏ ပေါင်းစပ် လုပ်ဆောင်မှုကြောင့်ဟု မိုးကောင်းမြို့နယ် အမျိုးသား လွတ်တော်ကိုယ်စားလှယ် ဦးစံပြည့်က ဝေဖန်ပြောကြားလိုက်ပြီး သစ်ခိုးထုတ်မှုများကို ပြည်ထောင်စုလွှတ်တော်၌ အချိန်မီဆွေးနွေးရန် တင်ပြသွားမည်ဟု ပြောကြားခဲ့သည်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့ ထွက်ခွာရန် စစ်တွေတွင် ထိုင်သပိတ် ယနေ့စတင်မည်



၂၂.၂.၂၀၁၄၊ စနေနေ့

နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ရခိုင်ပြည်နယ်က ထွက်ခွာသွားရန် စစ်တွေမြို့ရှိ MSF ရုံးရှေ့တွင် ဒေသခံ ၂၀ က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ စတင်ကာ နှစ်ရက်ကြာ ထိုင်သပိတ်ဆင်နွှဲမည် ဖြစ်ကြောင်း စစ်တွေမြို့ရှိ ရခိုင်လူမှု ကွန်ရက်မှ နာယကတစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် မြန်မာကအဆင့်(၆)နေရာတွင်ရှိနေ



၂၂.၂.၂၀၁၄၊ စနေနေ့

လက်ရှိတွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အဆင့် (၆)တွင်ရှိနေပြီး ယခုလ ၁၈ ရက်က ကျင်းပသော (၂၅)ကြိမ် မြောက် အာဆီယံစီးပွားရေးပေါင်း စည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့အစည်းမှ ဆက်၍ ရှေ့သို့တက် လှမ်းနိုင်ရေးအတွက် ဆွေးနွေးညှိ နှိုင်းနေ
ဆဲဖြစ်ကြောင်း သိရသည်။

ဆန်စပါး ဝယ်ယူရေး အစီအစဉ်နှင့် ပတ်သက်၍ လာဘ်စားမှု ရှိသည်ဟူသော စွပ်စွဲချက် ယင်လပ် ငြင်းဆို



22/2/2014

ထိုင်းအစိုးရ၏ ဆန်ဝယ်ယူရေး အစီအစဉ်တွင် လာဘ်စားမှုများ ရှိကြောင်း လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ စွပ်စွဲချက်ကို ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က ပယ်ချလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အပစ်အခတ်ရပ်စဲရေး ‘ဝ’ သွေးစည်းညီညွတ်ရေး အဖွဲ့နှင့် နိုင်ငံတော်သမ္မတ နေပြည်တော်တွင် ပထမဆုံးအကြိမ် တွေ့ဆုံမည်


၂၂.၂.၂၀၁၄၊ စနေနေ့

အပစ်အခတ် ရပ်စဲရေးအတွက် UWSA (‘ဝ’ သွေးစည်း ညီညွတ်ရေးအဖွဲ့) နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့သည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် နေပြည်တော်၌ ပထမဆုံးအကြိမ် တွေ့ဆုံမည် ဖြစ်ကြောင်း ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်က The Voice သို့ ဆက်သွယ် ပြောကြားသည်။
“ခုလို တွေ့ဆုံညှိနှိုင်းဖို့ ဖိတ်ခေါ်တာဟာ ပထမဆုံးပါ။ သမ္မတရုံးမှာ ဖြစ်ဖို့များပါတယ်” ဟု ၎င်းကဆိုသည်။

အရပ် နှစ်ပေရှစ်လက်မသာ ရှိသော ဗြိတိန်နိုင်ငံ၏ အသေးဆုံး ဆယ်ကျော်သက် မိန်းကလေး


Saturday, February 22, 2014

အင်္ဂလန်နိုင်ငံ ချီရှိုင်းယားဒေသ တွင် နေထိုင်သော အသက် ၁၅ နှစ် အရွယ် ဂျော်ဂျီယာရီကန် ဆိုသူ ဆယ် ကျော်သက် အမျိုးသမီးငယ်လေး သည် အရပ်နှစ်ပေ ရှစ်လက်မ သာ ရှိပြီး ဗြိတိန် နိုင်ငံ၏ အသေးဆုံး ဆယ်ကျော်သက် ဖြစ်ကြောင်း သိရသည်။

ကွယ်လွန်သူ စန်္ဒီ(၁၅ဝဝ)၏ ဒုတိယစီးရီးအဖြစ် “စန်္ဒီ(၁၅ဝဝ)အမှတ်တရ” ကို မိခင်ဖြစ်သူက ထုတ်လုပ်မည်


Saturday, February 22, 2014

ရန်ကုန်၊ မဇ္ဈိမ။ ။ ကွယ်လွန်သွားရှာပြီဖြစ်သည့် အဆိုတော်စန်္ဒီ(၁၅ဝဝ)၏ ဒုတိယတေးစီးရီးကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ချိုကြည်သာ တေးသံသွင်းမှ ဖြန့်ချိမည်ဖြစ်သည်။ ယင်း စီးရီးသည် စန်္ဒီ(၁၅ဝဝ) မကွယ်လွန်မီအချိန်က စီစဉ်ခဲ့ခြင်းဖြစ်ပြီး သမီးဖြစ်သူ၏ဆန္ဒအရ မိခင်ဖြစ်သူ ဒေါ်မြတ်မြတ်က ထုတ်ဝေရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

အမှိုက်မှ စွမ်းအင်ထုတ်မည့်စက်ရုံ မတ်လစဆောက်မည်


Saturday, February 22, 2014

တစ်ရက်လျှင် အမှိုက်တန်ချိန် ၈၀၀ ကျော် စွန့်ပစ်လျက်ရှိသည့် လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံတွင် အမှိုက်မှတစ်ဆင့် စွမ်းအင်ထုတ်လုပ်ရန် မီးစက် (Generator) အပါအဝင် စွမ်းအင်ထုတ် စက်ရုံကို မတ်လအတွင်း စတင်ဆောက်လုပ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

မနက်တိုင်း ဇနီးကို နမ်းသော အမျိုးသားက သာမန် အမျိုးသားထက် ငါးနှစ် အသက်ပိုရှည်


Saturday, February 22, 2014

ဂျာမနီ နိုင်ငံမှ ဆရာနဲ့ စိတ်ပညာရှင်တို့ ပူးပေါင်းလို့ ရှာဖွေတွေ့ရှိ ထားတဲ့ လေ့လာချက် တစ်ခု ဖြစ်ပါတယ်။ ယင်း လေ့လာချက် အရ မနက်တိုင်း ချစ်သူ ဇနီးမယားကို အနမ်းပေးလေ့ ရှိတဲ့ အမျိုးသားက သာမန် အမျိုးသားများထက် ပျမ်းမျှအားဖြင့် အသက် ၅ နှစ် ပိုရှည်ကြောင်း သိရ ပါတယ်။ 

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောဆွေးနွေးပွဲ တရားဝင်ခွင့်ပြုချက်ရရှိ


Saturday, February 22, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ခြင်းအခန်း (၁၂)တွင် ပါဝင်သည့် ပုဒ်မ ၄၃၆(က) ပြင်ဆင်ရေးကို အဓိကထားဟောပြောမည့်ဆွေးနွေး ပွဲကို ဗဟန်းမြို့ ဗိုလ်စိန်မှန်ကွင်း တွင် ယခုလ ၂၃ရက်၌ပြုလုပ်ရန် တရားဝင် ခွင့်ပြုချက်ရရှိပြီဖြစ် ကြောင်း ဦးဆောင်ကျင်းပသူ တစ်ဦးဖြစ်သည့်လယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုက ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။

ဂလက်စဂို တက္ကသိုလ်၏ ပါမောက္ခချုပ် အဖြစ် စနိုဒန်အား ရွေးချယ်ခန့်အပ်


Saturday, February 22, 2014

အမေရိကန် ပြည်ထောင်စု၏ လျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ် များနှင့် အင်တာနက် ဆက်သွယ်ရေး အစီအစဉ် များကို လူသိရှင်ကြား ထုတ်ဖော်ခဲ့သည့် အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီမှ အမှုထမ်းဟောင်း တစ်ဦးဖြစ်သူ အက်ဒ်ဝပ် စနိုဒန်အား စကော့တလန် နိုင်ငံ ဂလက်စဂို တက္ကသိုလ်၏ ပါမောက္ခချုပ် အဖြစ် ဖေဖော်ဝါရီ ၁၈ ရက်က ရွေးချယ်ခန့်အပ် ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ကွာခြားယူနစ် ကောက်ခံခြင်းအတွက် မြစ်ခြေဒေသခံ ၁၀၀ ကျော် ဒုတိယအကြိမ် ဆန္ဒပြ


Saturday, February 22, 2014

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် သရက်တောအုပ်စု ဒေသခံ ၁၀၀ ကျော်တို့က ကွာခြားယူနစ် ဝန်ပိုပြစ်ဒဏ် ပပျောက်ရန် ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် မြစ်ခြေ လျှပ်စစ်ရုံးနှင့် ပခုက္ကူခရိုင် လျှပ်စစ်ရုံးသို့ သွားရောက်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သရက်တောအုပ်စု ဒေသခံများထံမှ သိရသည်။
“ကွာခြားယူနစ် ဝန်ပိုတွေဖြစ်တာ ဘယ်သူတွေ တာဝန်ရှိလဲ၊ လျှပ်စစ်ဝန်ထမ်းနဲ့ နီးစပ်တဲ့ အိမ်တွေမှာ မီတာမတပ်ဘဲ မီးကြိုး သွယ်သုံးကြတယ်” ဟု အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးညွန့်အောင် ကဆိုသည်။

အပြည်ပြည်ဆိုင်ရာပါလီမန်များသမဂ္ဂ(IPU)မှမြန်မာလွှတ်တော်သို့ Server နှင့်ကွန်ပျူတာများလှူဒါန်း


Saturday, February 22, 2014

အပြည်ပြည်ဆိုင်ရာပါလီမန် များသမဂ္ဂ(IPU)မှမြန်မာလွှတ်တော် သို့ Server သုံးလုံးနှင့် ကွန်ပျူတာ ၁၈ လုံး ပေးအပ်လှူဒါန်းပွဲ အခမ်း အနားကို လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင် လွှတ်တော် စာ ကြည့်တိုက်၌ ယနေ့မွန်းလွဲ ၂နာရီ တွင်ကျင်းပသည်။

၁၃၀၀ ပြည့်အရေးတော်ပုံ အာဇာနည် ၁၇ ဦးကို မန္တလေးမှာ ဂုဏ်ပြု


Saturday, February 22, 2014

၁၃၀၀ ပြည့် အရေးတော်ပုံ ၇၅ နှစ်မြောက် စိန်ရတုအခမ်းအနားနဲ့ အဲဒီအရေးတော်ပုံကာလအတွင်းက မန္တလေးမြို့မှာ ကျဆုံးသွားတဲ့ အာဇာနည် ၁၇ ဦးကို ဂါရ၀ပြုတဲ့ အခမ်းအနားကို မန္တလေးမြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

မြို့မိမြို့ဖများ လှူဒါန်းထားသော ပျဉ်းမနားရှိ ပေါင်းလောင်းအားကစားကွင်း ကို အားကစားဝန်ကြီး ဦးတင့်ဆန်းက နေပြည်တော်FCအသင်း ကွင်းပိုင် အဖြစ် သိမ်းယူထားမှုကြောင့် ဒေသခံအားကစားသမားများ ဆန္ဒပြတောင်း ယူမည်


Saturday, February 22, 2014

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ ပေါင်းလောင်း အားကစားကွင်းကို အားကစားဝန်ကြီး ဦးတင့်ဆန်းက နေပြည်တော်FC အသင်းကွင်းပိုင်အဖြစ် သိမ်းယူထားမှုကြောင့် ဒေသခံအားကစားများ ဆန္ဒပြတောင်းယူ သွားမည်ဖြစ်ကြောင်း ဒေသခံ အားကစားသမားဟောင်း အဖွဲ့အစည်းထံမှ သိရသည်။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ထိုင်းတွင် ဖုန်းရောင်းအားကျဆင်း


Saturday, February 22, 2014

နိုင်ငံရေးတည်ငြိမ်မှု ကင်းမဲ့နေသော ထိုင်းနိုင်ငံ၏ စမတ်ဖုန်းဈေးကွက်ရောင်း အားမှာ ရာခိုင်နှုန်း ၃ဝ အထိ ကျဆင်း သွားခဲ့ကြောင်း သိရသည်။
နိုင်ငံရေး မတည်ငြိမ်မှုကို ထိန်းချုပ် နိုင်ခြင်းမရှိပါက နိုင်ငံအတွင်းရှိ မိုဘိုင်းလ် အရောင်းဆိုင် ၁ဝဝ နီးပါး ပိတ်ပစ်ဖွယ်ရှိ နေကြောင်း သတင်းများအရ သိရသည်။

ဒလိုင်းလားမားကို သမ္မတ အိုဘားမား အိမ်ဖြူတော်တွင် လက်ခံ တွေ့ဆုံ၊ တရုတ်အစိုးရ ပြင်းထန်စွာ ကန့်ကွက်


Saturday, February 22, 2014

တိဘက်ဒေသ လွတ်လပ်ရေး အတွက် တက်ကြွစွာ လှုပ်ရှားသည့် ပုဂ္ဂိုလ်နှင့် ဘာသာရေး ခေါင်းဆောင်ဖြစ်သူ ဒလိုင်းလားမားကို အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အိမ်ဖြူတော်တွင် လက်ခံ တွေ့ဆုံမည် ဖြစ်သည်ဟု အမေရိကန် အစိုးရ အရာရှိကြီးများက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသား ဖော်ပြသည်။ 

CNN သတင်းအဖွဲ့ကို နှင်ထုတ်ပစ်မည်ဟု ဗင်နီဇွဲလား သမ္မတ ခြိမ်းခြောက်


Saturday, February 22, 2014

အမေရိကန် သတင်းအေဂျင်စီ CNN က ဗင်နီဇွဲလား အကြောင်း သတင်း တင်ပြ ထားပုံများကို ပြန်မပြင် ပေးပါက ယင်းသတင်း အဖွဲ့ကို မောင်းထုတ် ပစ်မည်ဟု ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုက ပြောကြားခဲ့သည်။

သန်းခေါင်စာရင်း ကောက်ယူမှု ဒုက္ခသည်တွေ နစ်နာနိုင်


Saturday, February 22, 2014

မြန်မာနိုင်ငံမှာ မကြာခင် ကောက်ယူတော့မယ့် လူဦးရေ သန်းခေါင်စာရင်းဟာ IDP ဒုက္ခသည်တွေ အတွက်တော့ နစ်နာမှုတွေ ရှိတယ်လို့ ကချင်ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးကော်မတီက ပြောပါတယ်။ အခု ဒါနဲ့ပတ်သက်ပြီးတော့ ထိုင်းရောက် မြန်မာအလုပ်သမားတွေကြားမှာရော ဒီသန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ ပြောဆိုနေကြသလဲ ဆိုတာကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပေးပါ။

တစ်ကိုယ်တော်တေးစီးရီးအတွက် ပြင်ဆင်နေပြီဖြစ်တဲ့ မော်ဒယ်လ်၊ သရုပ်ဆောင်နေခြည်လင်းလဲ့


Saturday, February 22, 2014

ချစ်စဖွယ်ကောင်းတဲ့ မျက်နှာပေါက်ဟန်ပန်လေးကို ပိုင်ဆိုင်ထားတဲ့
မော်ဒယ်လ်၊ သရုပ်ဆောင်နေခြည်လင်းလဲ့ကို လတ်တလော သူ့ရဲ့အနု
ပညာလှုပ်ရှားမှုတွေကို မေးမြန်းဖြစ်ခဲ့တာကတော့ ‘အခုလက်ရှိမှာ ညီမဟောက်စ်ဆင်းနေရတဲ့အတွက် အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး လုပ်ဖြစ်နေတာ နည်းပါတယ်။ အလုပ်သင်ဆရာဝန်ကို ဇွန်လအထိ လုပ်ကိုင်သွားရမှာပါ။ ပညာရေးပြီးဆုံးသွားပြီဆိုရင်တော့ အနုပညာ
အလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်သွားမယ်။ ပြီးတော့ ညီမရဲ့
တစ်ကိုယ်တော် တေးစီးရီးအတွက်လည်း အကောင်အထည်ဖော်ဖြစ်သွား
မှာပါ။ ညီမအခု တေးရေးဆရာတွေ နဲ့သီချင်းတွေ အပ်ထားပါတယ်။ ရတဲ့သီချင်းတွေကိုလည်း အသံသွင်းဖြစ်နေပါတယ်။ 

နိုင်ငံတော် သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ


Saturday, February 22, 2014

အမျိုးသားအဆင့် စီးပွားရေးလုပ်ငန်းများ အကောင်ထည်ဖော်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ အခက်အခဲများ အားသိရှိစေရန်အတွက် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် စီးပွားရေးလုပ်ငန်း ရှင်များနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ တွေဆုံခဲ့ကြသည်။

မင်းဂွတ်သီးနှင့် ကင်ဆာရာဂါအကြောင်း ကိုယ်တွေ့ဖြစ်ရပ်များ


Saturday, February 22, 2014

ကျွန်တော့်ကျန်းမာရေးအတွက် Kaiser Insurance ရှိပါသည်။ ၂၀ဝ၈ ဒီဇင်ဘာလတွင် ပုံမှန်နှစ်စဉ် ကျန်းမာရေးဆေးစစ်ရာတွင် လက်ညှိုး ဖြင့် စမ်းသပ်ခြင်းပြုစဉ် (Rectal Examination) ဆရာဝန်က ဆီးကျိတ် ရောဂါ သံသယရှိသဖြင့် ဆီးပါရဂူသို့ လွှဲပြောင်းစမ်းသပ်စေခဲ့ပါသည်။

ဖယ်ရှားခံရမည့် (၆၇) ရပ်ကွက်နေ ပြည်သူများ ဆန္ဒပြ





Saturday, February 22, 2014

ပြောင်းရွှေ့ဖယ်ရှားပေးရန် ကြေညာချက်ထုတ်ထားသော ဒဂုံမြို့သစ်
(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၇) ရပ်ကွက်ရှိ ကျူးကျော်အိမ်ရာများမှ ပြည်သူများ၏ ဆန္ဒပြခြင်းကို မြို့တော်ခန်းမရှေ့တွင် ညနေ (၃း၀၀) နာရီ၌ ပြုလုပ်ခဲ့ပြီး ဆင်းရဲသားကျူးကျော်တဲများ မဖျက်သိမ်းရေး - ဒို့အရေး၊ တရားဝင်မြေကွက်များ ချပေးရေး - ဒို့အရေး၊ မတရားအာဏာပြသော ဒဂုံဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူး - အလိုမရှိ စသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။

ဓါတ်ပုံ - သီဟသစ်

ဂျပန်နိုင်ငံကနေ ဧည့်လမ်းညွှန်ဘဝအကြောင်း ရိုက်ကူးဖို့ ကမ်းလှမ်းခြင်းခံရတဲ့ နန်းခင်ဇေယျာ



မြန်မာအလှမယ်တစ်ယောက်ဖြစ်တဲ့ နန်းခင်ဇေယျာက အနုပညာ၊ ပရဟိတ နှင့် ဧည့်လမ်းညွှန်အစရှိတဲ့ ကဏ္ဍမျိုးစုံအလုပ်တွေကို ကျွမ်းကျင်စွာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးပဲဖြစ်ပါတယ်။ ဒါကြောင့် သူမကို လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဘယ်လိုတွေလုပ်ဆောင်သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီးမေးမြန်းဖြစ်ခဲ့တဲ့အခါ ‘နန်းခင် လက်ရှိရုပ်သံဇာတ်လမ်းတွဲနဲ့ ဗီဒီယိုဇာတ်ကားတွေကို လက်ခံရိုက်ကူးသွားဖို့တော့ရှိပါတယ်။ ပြီးတော့ နန်းခင်ရဲ့ဧည့်လမ်းညွှန်ဘဝအကြောင်းကို ရိုက်ကူးဖို့အတွက် ဂျပန်ရုပ်သံလိုင်းတစ်ခုက ရိုက်ကူးချင်တယ်ဆိုပြီးတော့ ကမ်းလှမ်းထားတာရှိတယ်။ အဲဒီ့အတွက် နန်းခင်တို့ ဒုတိယအကြိမ်မြောက် ညှိုနှိုင်းဆောင်ရွက်မှုတွေ စီစဉ်နေပါပြီ။

ဓာတ်ရှင်ရိုက်သူများ ဇာတ်ကားကြီးဟာ ထူးထူးခြားခြား မျှော်လင့်နေကြ သူတွေအတွက် ထူးခြားမှုတွေ ယူဆောင်လာလိမ့်မယ်လို့ ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်


Saturday, February 22, 2014

ပရိသတ်တွေအတွက် လျှို့ဝှက်မှုနဲ့ အံ့သြဆန်းကြယ်မှုတွေကို ယူဆောင်လာ
မယ့် ဓာတ်ရှင်ရိုက်သူများဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အတွေးအခေါ်အယူ
အဆ ထူးခြားလှပါတယ်ဆိုတဲ့ ဒါရိုက်တာညိုမင်းလွင်က ပုံဖော်ရိုက်ကူးနေပြီး ဇာတ်ကားအရေအတွက် အထွက်ကြဲပေမဲ့ ရိုက်သမျှဇာက်ကားတိုင်းကလဲ ပရိသတ်ရင်ထဲ ထင်မှတ်ကျန်နေစေခဲ့တဲ့ ကားတွေကိုသာ ရွေးချယ်ရိုက်ကူး
တတ်တဲ့ ဒိတ်ဒိတ်ကြဲအဆိုတော်စိုင်းစိုင်းခမ်းလှိုင်အပြင် မကြာသေးခင်ကမှ ပူပူနွေးနွေး အကယ်ဒမီရရှိထားတဲ့ ဖွေးဖွေးနဲ့ ဒီဇာတ်ကားကြီး အတွက်
ပေါင်းစပ်လိုက်တဲ့အခါ သူတို့ရဲ့ ဖန်တီးမှုသဘောတရားတွေဟာ ပရိသတ်ကို ဘယ်လောက်ထိ ဆွဲဆောင်နိုင်မလဲ ဆိုတဲ့အကြောင်း စိုင်းစိုင်းကို
မေးကြည့်ဖြစ်တဲ့အခါ ‘အခုရိုက်နေတဲ့ ကားလေးက ဓာတ်ရှင်ရိုက်သူ
များတဲ့။ ဒါရိုက်တာ ကိုညိုမင်းလွင်၊ မင်းသမီးကဖွေးဖွေးပါ။ 

သူမရဲ့ အယ်လ်ဘမ်အသစ် “Crush” အတွက် သီချင်းသုံးပုဒ် ရေးသားဖြစ် ခဲ့တယ်ဆိုတဲ့ CL


Saturday, February 22, 2014

2NE1 ရဲ့ ရှေ့ဆောင်တစ်ဦးဖြစ်တဲ့ CL ဟာ သူမအဖွဲ့အတွက် သီချင်းအသစ် သုံးပုဒ် ရေးသားဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အဖြေကတော့ အနည်းငယ် အထူးတဆန်းဖြစ်နေပါတယ်။ အခုထွက်မယ့် “Crush” အယ်လ်ဘမ်ထဲမှာ သူမရေးသားထားတဲ့ သီချင်း သုံးပုဒ်ပါဝင်မှာဖြစ်ပြီး သီချင်းရေးရတဲ့ အကြောင်းကတော့ “သူမပျင်းနေလို့ပါတဲ့”။